ပြည်ထောင်စုတော်လှန်ရေးကောင်စီအဖွဲ့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ပြည်ထောင်စု တော်လှန်ရေး ကောင်စီ အဖွဲ့
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၂ မတ် ၁၉၆၂ (၂ မတ် ၁၉၆၂)
ဖျက်သိမ်းခြင်း၃ မတ် ၁၉၇၄
အဖွဲ့အစည်းအမျိုးအစားကောင်စီ
ဌာနချုပ်ရန်ကုန်မြို့
ဌာနအကြီးအမှူးများဦးနေဝင်း၊ ဥက္ကဋ္ဌ

ပြည်ထောင်စု တော်လှန်ရေး ကောင်စီ အဖွဲ့ (အင်္ဂလိပ်: Union Revolutionary Council; အတိုကောက် URC; တော်လှန်ရေးကောင်စီ ဟုလည်း သိကြ) သည် မြန်မာနိုင်ငံ၏ အမြင့်ဆုံး အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်ပြီး ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဦးနု၏ အရပ်သားအစိုးရထံမှ အာဏာသိမ်းခဲ့ကာ ၁၉၇၄ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ၁၉၇၄ ခုနှစ် မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထုတ်ပြန်ကြေငြာချိန်အထိ အုပ်ချုပ်ခဲ့သည်။ ထို့နောက် အုပ်ချုပ်ရေးအာဏာကို လွှတ်တော်နှစ်ရပ်ပေါင်း ဥပဒေပြုလွှတ်တော်ဖြစ်သော ပြည်သူ့လွှတ်တော်သို့ လွှဲပြောင်းပေးခဲ့သည်။[၁][၂]

တော်လှန်ရေးကောင်စီ၏ ခံယူချက်သည် ၁၉၆၂ ခုနှစ် ဧပြီ ၃၀ ရက်တွင် ချမှတ်ခဲ့သော မြန်မာနိုင်ငံအား ဆိုရှယ်လစ် ဒီမိုကရက်တစ်စနစ် ပြောင်းလဲရန် ရည်ရွယ်သော မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ် ကို အခြေခံသည်။[၂] ၁၉၆၂ ခုနှစ် ဇူလိုင် ၄ ရက်နေ့တွင် တော်လှန်ရေးကောင်စီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို တည်ထောင်ခဲ့သည်။[၃] ၁၉၆၂ ခုနှစ်မှာ ၁၉၇၁ ခုနှစ်အထိ မဆလသည် တော်လှန်ရေးကောင်စီ၏ အမာခံအဖွဲ့ဝင်များအပါအဝင် အမြုတေအဖွဲ့ဝင်များအား ပါတီဝင်အဖြစ် ပြောင်းလဲခဲ့သည်။[၃] ပါတီ၏ ပထမအကြိမ် ညီလာခံတွင် ပါတီဝင်ပေါင်း ၃၄၄,၂၂၆ ဦး ရှိခဲ့သည်။[၃] ၁၉၈၁ ခုနှစ်တွင် မဆလပါတီဝင်ဦးရေမှာ ၁.၅ သန်းအထိ ရှိခဲ့သည်။[၃]

ဦးဆောင်မှု[ပြင်ဆင်ရန်]

ပြည်ထောင်စု တော်လှန်ရေးကောင်စီအဖွဲ့ကို ဥက္ကဋ္ဌဖြစ်သူ ဦးနေဝင်းနှင့် အဖွဲ့ဝင် ၁၆ ဦးမှ ဦးဆောင်သည်။[၄]

တော်လှန်ရေးကောင်စီအဖွဲ့ တည်ထောင်သူ အဖွဲ့ဝင်များအားလုံးသည် တပ်မတော်အရာရှိများ ဖြစ်ကြပြီး ယင်းတို့မှာ[၁][၅][၆][၇]

  1. ဗိုလ်ချုပ်ကြီး နေဝင်း BC-3502 (ပေါင်းစပ်ညှိနှိုင်းရေး အရာရှိချုပ်)
  2. ဗိုလ်မှူးချုပ် အောင်ကြီး BC-5458 (ဒုတိယ ပေါင်းစပ်ညှိနှိုင်းရေး အရာရှိချုပ်) (ကြည်း)
  3. Commodore သန်းဖေ (၁၉၆၂ တွင် ကွယ်လွန်) (ဒုတိယ ပေါင်းစပ်ညှိနှိုင်းရေး အရာရှိချုပ်) (ရေ)
  4. ဗိုလ်မှူးချုပ် Thomas 'Tommy' Cliff (ဒုတိယ ပေါင်းစပ်ညှိနှိုင်းရေး အရာရှိချုပ်) (လေ) (၁၉၆၄ တွင် နုတ်ထွက်)
  5. ဗိုလ်မှူးချုပ် တင်ဖေ (၁၉၇၀ တွင် နုတ်ထွက်) BC-3508 (စစ်ထောက်ချုပ်)
  6. ဗိုလ်မှူးကြီး သန်းစိန် BC-3574 (Colonel-General Staff)
  7. ဗိုလ်မှူးကြီး ကျော်စိုး (၁၉၇၄ တွင် အငြိမ်းစားယူ) BC-3526 (စစ်ရာထူးခန့်ချုပ်)
  8. ဗိုလ်မှူးကြီး ချစ်မြိုင် (၁၉၆၄ တွင် အနားပေး) BC-3520 (ဒုတိယစစ်ထောက်ချုပ်)
  9. ဗိုလ်မှူးကြီး ခင်ညို (၁၉၆၅ တွင် အနားပေး) BC-3537 (တပ်မတော်လေ့ကျင့်ရေးညွှန်ကြားရေးမှူးချုပ်)
  10. ဗိုလ်မှူးကြီး လှဟန် (ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးချုပ်)
  11. ဗိုလ်မှူးချုပ် စန်းယု BC-3569 (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး)
  12. ဗိုလ်မှူးချုပ် စိန်ဝင်း BC-3525 (အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး)
  13. ဗိုလ်မှူးကြီး သောင်းကြည် BC-3523 (အရှေ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်]] တိုင်းမှူး)
  14. ဗိုလ်မှူးကြီး ကြည်မောင် (၁၉၆၃ တွင် ထုတ်ပယ်) BC-3516 (အနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး)
  15. ဗိုလ်မှူးကြီး မောင်ရွှေ (၁၉၇၂ တွင် နုတ်ထွက်) BC-3575 (အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး)
  16. ဗိုလ်မှူးကြီး စောမြင့် (၁၉၆၄ တွင် ထုတ်ပယ်) BC-3518 (Administrator of Border Regions)
  17. ဗိုလ်မှူးကြီး တန်ယုဆိုင် (၁၉၆၈ တွင် နုတ်ထွက်) BC-5090 (Vice-Commissioner of General of People's Police)

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Heinz၊ L.C. (6 March 1962)။ An Analysis of the Current Situation in BurmaUS Department of State။ 11 October 2012 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Moscotti, Albert D. (1977). Burma's Constitution and Elections of 1974. Institute of Southeast Asian Studies, 171–172။ 
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ Seekins, Donald M. (2006). Historical Dictionary of Burma. Scarecrow Press. ISBN 9780810854765 
  4. Historical BackgroundBurma Yearbook 2000 (2000)။ 11 October 2012 တွင် ပြန်စစ်ပြီး။
  5. "A Voluntarily abdicated Majesty" or "A Usurper": A Brief Political History of Ne Win။ 11 October 2012 တွင် ပြန်စစ်ပြီး။
  6. Mya Maung (1991). The Burma Road to Poverty. Praeger, 119. ISBN 9780275936136 
  7. Nakanishi, Yoshihiro (2013). Strong Soldiers, Failed Revolution : The State and Military in Burma. NUS Press, 102. ISBN 9789971697020။ “Table 4.1”