ကာကွယ်ရေးဦးစီးချုပ် (ကြည်း)
ပုံပန်းသွင်ပြင်
(ကာကွယ်ရေးဦးစီးချုပ်(ကြည်း) မှ ပြန်ညွှန်းထားသည်)
ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ အလံတော် | |
| ကက(ကြည်း) | |
| အမျိုးအစား | စစ်ဘက်ဆိုင်ရာ ရာထူး |
| အဖွဲ့ဝင် | ကာကွယ်ရေးဌာနကောင်စီ |
| အစီရင်ခံရသူ | |
| စံအိမ် | စစ်ရုံး၊ နေပြည်တော် |
| ရုံးတည်နေရာ | ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး/ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ရုံး၊ နေပြည်တော် |
| ယခင်လူ | ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်းတပ်) |
| ဖွဲ့စည်းခြင်း | ၄ ဇန်နဝါရီ ၁၉၄၈ |
| ပထမဆုံး ထမ်းဆောင်သူ | ဗိုလ်မှူးချုပ် စောကြာဒိုး |
| လက်ထောက် | စစ်ဦးစီးအရာရှိချုပ်(ကြည်း) |
| အဆင့်/တံဆိပ် အဆောင်အယောင်များ | |
ဒုတိယဗိုလ်ချုပ်မှူးကြီး | |
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) (အင်္ဂလိပ်: Commander-in-Chief (Army)) သည် တပ်မတော် (ကြည်း)၏ အကြီးအကဲဖြစ်ပြီး အစဉ်အလာအားဖြင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးနှင့်အတူ ပူးတွဲထမ်းဆောင်ရသော ရာထူးတာဝန်ဖြစ်သည်။ ထို့ကြောင့် တပ်မတော် (ကြည်း)၏ ပြန်တမ်းဝင်အရာရှိများကို ခန့်အပ်သော ရာထူးများထဲ၌ “ဒုတိယ အဆင့်အမြင့်ဆုံး” ဖြစ်ပြီး တပ်မတော်တစ်ရပ်လုံးတွင် ၎င်း၏အထက်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးသာရှိသည်။ အဆင့်သတ်မှတ်ချက်မှာ “ဒုတိယဗိုလ်ချုပ်မှူးကြီး” ဖြစ်သည်။ လက်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် / ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ရာထူးတာဝန်ထမ်းဆောင်နေသူမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဖြစ်သည်။[၁]
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) များစာရင်း
[ပြင်ဆင်ရန်]| စဉ် | ဓာတ်ပုံ | ပြန်တမ်းဝင်အမှတ် | ရာထူးအဆင့်နှင့်အမည် | တာဝန်သက်တမ်း | မှတ်ချက် |
|---|---|---|---|---|---|
| ကြည်းတပ်ဦးစီးချုပ် | |||||
| ၁။ | ကြည်း ၅၁၀၇ | ဗိုလ်မှူးချုပ် စောကြာဒိုး | ၄ ဇန်နဝါရီ ၁၉၄၈ – ၁ ဩဂုတ် ၁၉၄၈ | ကရင်လူမျိုးဖြစ်ပြီး ကရင်ပြည်တွင်းစစ်ကြောင့် အငြိမ်းစားပေးခံခဲ့ရသည်။ | |
| ၂။ | ကြည်း ၃၅၀၂ | ဗိုလ်မှူးချုပ် နေဝင်း | ၁ ဩဂုတ် ၁၉၄၈ – ၁ ဖေဖော်ဝါရီ ၁၉၄၉ | နောင်တွင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။ | |
| ၃။ | ကြည်း ၃၄၅၈ | ဗိုလ်မှူးချုပ် အောင်ကြီး | ၁ ဖေဖော်ဝါရီ ၁၉၄၉ – ၂၈ စက်တင်ဘာ ၁၉၅၅[၃] | ||
| ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်းတပ်) | |||||
| (၃) | ကြည်း ၃၄၅၈ | ဗိုလ်မှူးချုပ် အောင်ကြီး | ၂၈ စက်တင်ဘာ ၁၉၅၅ – ၁၅ ဖေဖော်ဝါရီ ၁၉၆၃ | ||
| ၄။ | ကြည်း ၃၅၆၇ | ဗိုလ်ချုပ် စန်းယု | ၁၅ ဖေဖော်ဝါရီ ၁၉၆၃ – ၂၀ ဧပြီ ၁၉၇၂ | နောင်တွင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။ | |
| ၅။ | ကြည်း ၃၅၆၁ | ဒုတိယဗိုလ်ချုပ်ကြီး သူရ တင်ဦး | ၂၀ ဧပြီ ၁၉၇၂ – ၈ မတ် ၁၉၇၄ | နောင်တွင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။ | |
| ၆။ | ကြည်း ၅၃၂၂ | ဒုတိယဗိုလ်ချုပ်ကြီး သူရကျော်ထင် | ၈ မတ် ၁၉၇၄ – ၆ မတ် ၁၉၇၆ | နောင်တွင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။ | |
| ၇။ | ကြည်း ၆၁၃၃ | ဒုတိယဗိုလ်ချုပ်ကြီး အေးကို | ၆ မတ် ၁၉၇၆ – ၁၃ မတ် ၁၉၈၁ | ||
| ၈။ | ကြည်း ၅၈၉၆ | ဒုတိယဗိုလ်ချုပ်ကြီး ထွန်းရီ | ၁၃ မတ် ၁၉၈၁ – ၁၉၈၃ | ||
| ၉။ | ကြည်း ၆၁၈၇ | ဒုတိယဗိုလ်ချုပ်ကြီး စောမောင် | ၁၉၈၃ – ၄ နိုဝင်ဘာ ၁၉၈၅ | နောင်တွင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။ | |
| ၁၀။ | ကြည်း ၆၇၁၀ | ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေ | ၄ နိုဝင်ဘာ ၁၉၈၅ – ၁၀ မေ ၁၉၈၉ | ||
| ကာကွယ်ရေးဦးစီးချုပ် (ကြည်း) | |||||
| (၁၀) | ကြည်း ၆၇၁၀ | ဗိုလ်ချုပ်ကြီး သန်းရွှေ | ၁၀ မေ ၁၉၈၉ – ၂၃ ဧပြီ ၁၉၉၂ | ၁၉၉၀ တွင် ဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။ နောင်တွင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။ | |
| ၁၁။ | ကြည်း ၇၈၇၅ | ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး | ၂၃ ဧပြီ ၁၉၉၂ – ၃၀ မတ် ၂၀၁၁ | ||
| ၁၂။ | ကြည်း ၁၆၄၈၉ | ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း | ၃၀ မတ် ၂၀၁၁ – လက်ရှိ | ||
ဆက်စပ်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Tatmadaw Deputy Commander-in-Chief - Regime Watch - ALTSEAN Burma။ Alternative ASEAN Network (ALTASEAN)။ 19 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ ကျော်ဇော၊ မောင် (ဇန်နဝါရီ ၂၀၂၂)။ အထွေထွေဗဟုသုတ (၂၀၂၂–၂၀၂၃)။ ရန်ကုန်: ကြယ်စင်စာပေ။ p. ၁၆၃။
- ↑ Sabry၊ Fouad (2024-05-30)။ Military Staff: Strategizing the Nexus, Command, Coordination, and 21st Century Warfare (အင်္ဂလိပ်ဘာသာစကားဖြင့်)။ One Billion Knowledgeable။