ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)

ဝီကီပီးဒီးယား မှ
တပ်မတော် ၏ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်
ဗိုလ်ချုပ်ကြီး မောင်မောင်အေး

၂၀၂၁ မှစ၍
စံအိမ်နေပြည်တော်
ဖွဲ့စည်းခြင်း၂၀၀၁

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) (အင်္ဂလိပ်: Chief of General Staff (Army, Navy and Air)) သည် တပ်မတော် ၏ ရာထူးအဆင့်အတန်းတစ်ခုဖြစ်သည်။ တပ်မတော် တွင် နံပါတ်(၃) အဆင့် ရာထူးတာဝန် ဟု သတ်မှတ်သည်။ ၂၀၀၁ ခုနှစ်တွင် ဤရာထူးကို ဗိုလ်ချုပ်ကြီး သူရရွှေမန်း အား စတင်ခန့်အပ်သည်။

တာဝန်နှင့်လုပ်ပိုင်ခွင့်[ပြင်ဆင်ရန်]

ဗိုလ်ချုပ်ကြီး အဆင့် သတ်မှတ်သည်။သူသည် တပ်မတော် တွင် အရေးပါ အရာရောက်ပြီး ကြည်း၊ ရေ၊ လေ တပ်များအား ညှိနှိုင်းကွပ်ကဲဆောင်ရွက်ပေးရသည့် တာဝန် ကို ယူရသည်။

တာဝန်ထမ်းဆောင်ခဲ့သူများ[ပြင်ဆင်ရန်]

စဉ် ဓာတ်ပုံ အမည် စတင်ရက် ပြီးဆုံးရက် မှတ်ချက်
ဗိုလ်ချုပ်ကြီး သူရရွှေမန်း [၁] ၂၀၀၁ ၂၀၁၀ နောင်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာသည်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ၂၀၁၀ ၂၀၁၀ နောင်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသည်။
ဗိုလ်ချုပ်ကြီး လှဌေးဝင်း[၂] ၂၀၁၀ ဇူလိုင် ၂၀၁၅ နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာသည်[၃]
ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် [၄]

[၅]

ဇူလိုင် ၂၀၁၅ ၂၆ ဩဂုတ် ၂၀၁၆ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ)
ဗိုလ်ချုပ်ကြီး မြထွန်းဦး[၆] ၂၆ ဩဂုတ် ၂၀၁၆ ၁ ဖေဖော်ဝါရီ ၂၀၂၁ နောင်တွင် မြန်မာနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် ဖြစ်လာသည်
ဗိုလ်ချုပ်ကြီး မောင်မောင်အေး[၇] ၃ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖြစ် ပူးတွဲ တာဝန် ယူသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. ဘယ်သူ့ဩဇာမှ မခံဘူးလို့ သူရဦးရွှေမန်း ထုတ်ဖော်ပြောကြားMyanmar Now (၁၁ ဇူလိုင် ၂၀၂၀)။ ၂၇ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. တပ်မတော်အနေဖြင့် ရွေးကောက်ပွဲကြီး အောင်မြင်ရန် ပြည်သူတို့နှင့်အတူ လက်တွဲဆောင်ရွက်မည်Myanmar Digital News (၂၇ မတ် ၂၀၁၅)။ ၂၇ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှဌေးဝင်း မဲဆွယ်ဟောပြောစဉ်The Irrawaddy (၂၀၂၀)။ ၂၇ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးလောင်းတွေ အမည်စာရင်းသွင်းBBC Burmese။ ၂၉ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေ စည်သူ မင်းအောင်လှိုင် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ် (၁၃) သင်တန်း ဆင်းဂုဏ်ပြု စစ်ရေးပြ အခမ်းအနား တက်ရောက် အမှာစကား ပြောကြားMyanmar Digital News (၂၃ ဒီဇင်ဘာ ၂၀၁၅)။ ၂၉ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. ဗိုလ်ချုပ်ကြီးမြထွန်းဦး နောက်ကြောင်းVOA Burmese (၂၇ ဩဂုတ် ၂၀၁၆)။ ၂၇ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဖြစ်လာThe Irrawaddy (၄ ဖေဖော်ဝါရီ ၂၀၂၁)။ ၂၇ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။