ထွန်းအောင်
ပုံပန်းသွင်ပြင်
ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်[၁] ထွန်းအောင် | |
|---|---|
ကာကွယ်ရေးဦးစီးချုပ် (လေ) | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၀ ဇန်နဝါရီ ၂၀၂၂ | |
| ယခင်လူ | ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် |
စစ်ဦးစီးအရာရှိချုပ်(လေ) | |
| ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၉၆၇ (အသက် ၅၉) |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| ရာထူး | |
| တပ် | ကာကွယ်ရေးဦးစီးချုပ် (လေ) |
| ကိုယ်ပိုင်အမှတ် | လေ ၁၉၈၂ |
ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထွန်းအောင် (၁၉၆၇ မွေးဖွား) သည် မြန်မာ့တပ်မတော်(လေ)၏ ကာကွယ်ရေးဦးစီးချုပ်(လေ) အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။[၂] လုပ်သက်ပြည့်သွားသည့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၏ နေရာတွင် စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးထွန်းအောင်အား ဗိုလ်ချုပ်ကြီးရာထူးတိုးမြှင့်၍ ကာကွယ်ရေးဦးစီးချုပ်(လေ)အဖြစ် တာဝန်ပေးခြင်းခံရသည်။[၃][၄]
ဗိုလ်ချုပ်ကြီးထွန်းအောင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၉ ကို တက်ရောက်ခဲ့သူဖြစ်ပြီး ၁၉၈၇ ခုနှစ်တွင် ကျောင်းဆင်းခဲ့သည်။[၂] သူသည် MiG - 29 ဂျက်တိုက်လေယာဉ်များ ရရှိရေးအတွက် ရုရှားနိုင်ငံသို့ ဦးစွာ သွားရောက်ခဲ့သူများအနက် တစ်ယောက်ဖြစ်သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက် | အမျိုးသားလွှတ်တော်။ ၁၉ ဇွန် ၂၀၂၂ တွင် ပြန်စစ်ပြီး။
- 1 2 3 ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် လေတပ်ဦးစီးချုပ်ရာထူးမှ အနားပေးခံရ (in my)။ ၁၉ ဇွန် ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် လုပ်သက်ပြည့်သွားပြီးနောက် စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီးထွန်းအောင်အား ကာကွယ်ရေးဦးစီးချုပ် (လေ)အဖြစ် တာဝန်ပေးအပ် (in my) (၁၁ ဇန်နဝါရီ ၂၀၂၂)။ ၁၉ ဇွန် ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ရာထူးမှ အနားပေးခံရ (၁၁ ဇန်နဝါရီ ၂၀၂၂)။ ၁၉ ဇွန် ၂၀၂၂ တွင် ပြန်စစ်ပြီး။
| ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |