မကွေး လေတပ်စခန်းဌာနချုပ်
| မကွေး လေတပ်စခန်းဌာနချုပ် | |
|---|---|
| မြန်မာနိုင်ငံ ရှိ မကွေးမြို့နယ်၊ မကွေးတိုင်းဒေသကြီး မကွေးမြို့ အနီး | |
မကွေးလေတပ်စခန်းဌာနချုပ် အဝင် | |
| ကိုဩဒိနိတ် | 20°09′20″N 94°58′10″E / 20.15556°N 94.96944°Eကိုဩဒိနိတ်: 20°09′20″N 94°58′10″E / 20.15556°N 94.96944°E[၁] |
| အမျိုးအစား | လေတပ်စခန်းဌာနချုပ် |
| နေရာအချက်အလက် | |
| ပိုင်ဆိုင်သူ | တပ်မတော် |
| အော်ပရေတာ | တပ်မတော် (လေ) |
| လေယာဉ်ကွင်း အချက်အလက်များ | |
| Identifiers | ICAO: VYMW |
မကွေးလေတပ်စခန်း ဌာနချုပ် သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် တည်ရှိသည်။ မကွေးလေဆိပ် ကို အရပ်ဖက်နှင့် တွဲဖက် အသုံးပြုသည်။
မတော်တဆမှုများ
[ပြင်ဆင်ရန်]၂၀၁၄ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် MiG-29 လေယာဉ်သည် လေ့ကျင့်ပျံသန်းနေစဉ် မကွေးမြို့အနီးတွင် ပျက်ကျခဲ့ကာ လေယာဉ်မှူးနှစ်ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။[၂]
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် အက်ဖ်- ၇ လေယာဉ် လေးစီးသည် လေ့ကျင့်ပျံသန်းမှုများပြုလုပ်ပြီး ပြန်လာစဉ် ရာသီဥတုဆိုးရွားမှုနှင့် ကြုံတွေ့ကာ မင်းဘူးမြို့၏ တောင်ဘက်ဆားဗွက်ချောင်းတံတားအနီးတွင် ၁ စီး၊ မင်းဘူးမြို့၊ သနပ်ပင်စုကျေးရွာ၏ အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ လယ်ကွင်းအနီးတွင် ၁ စီး ပျက်ကျခဲ့သည်။ ယင်းပျက်ကျမှုများကြောင့် လေယာဉ်မှူး ဗိုလ်ကြီးနှစ်ဦးနှင့် ပဉ္စမတန်းကျောင်းသူတစ်ဦး သေဆုံးခဲ့သည်။[၃][၄]
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် MiG-29 လေယာဉ်တစ်စီးသည် လေယာဉ်ပြန်ဆင်းစဉ် လေထီးမပွင့်ခဲ့သည့်အတွက် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑
- ↑ မကွေးလေတပ်စခန်းက MIG 29 တိုက်လေယာဉ်ပျက်ကျ (in en)။ ၁၆ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ မကွေးလေတပ်စခန်းဌာနချုပ်မှ အက်ဖ်- ၇ လေယာဉ်နှစ်စီး လေ့ကျင့်ပျံသန်းစဉ် ပျက်ကျမှုဖြစ်ပွား | CINCDS Myanmar။ ၁၆ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- 1 2 မကွေးလေတပ်စခန်းက တပ်မတော် တိုက်လေယာဉ် ၁ စီးပြေးလမ်းချော် (in en)။ ၁၆ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
| ဤ တပ်မတော် (လေ)နှင့် သက်ဆိုင်သည့် ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
| ဤ မြန်မာနိုင်ငံရှိ လေဆိပ်တစ်ခု ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |