အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
| အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် | |
|---|---|
| ရလခ | |
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တံဆိပ် | |
| နိုင်ငံ | |
| ပင်မတပ်ဖွဲ့ အမျိုးအစား | |
| တပ် အမျိုးအစား | တိုင်းစစ်ဌာနချုပ် |
| အခန်းကဏ္ဍ | နယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း |
| အမည်ပြောင် | ပန်းပွင့်ဝါ |
| အုပ်ချုပ်သူများ | |
| တိုင်းမှူး | ဗိုလ်ချုပ် စိုးမြတ်ထွဋ် |
| ဒုတိယတိုင်းမှူး | ဗိုလ်မှူးကြီး အောင်ကိုဝင်း |
| တိုင်းဦးစီးချုပ် | ဗိုလ်မှူးချုပ် သန်းထွန်းအောင် |
| အဆောင်အယောင်များ | |
| အလံတော် | |
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် ရလခ) သည် ခိုလမ်မြို့တွင် အခြေစိုက်သည့် တပ်မတော်တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း နယ်နိမိတ်အလယ်ရှိ ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။
ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။
လက်ရှိ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် စိုးမြတ်ထွဋ် ဖြစ်ပြီး ၎င်းသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလမှစ၍ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ်မှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခြင်း ဖြစ်သည်။
သမိုင်း
[ပြင်ဆင်ရန်]အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) ကို ၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော်လည်း ကွပ်ကဲမှုနယ်မြေကျယ်ပြန့်လှသည်ဖြစ်၍ ဝေးလံသောနေရာများကို ထိရောက်သော ကွပ်ကဲမှုမပေးနိုင်ခဲ့ပေ။ ထို့ကြောင့် ၁၉၇၂ ခုနှစ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လည်းကောင်း၊ ၁၉၉၆ ခုနှစ်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကို လည်းကောင်း၊ ရပခ နယ်မြေအတွင်းမှ ခွဲထုတ်ကာ သီးခြားစစ်တိုင်းများအဖြစ် ဖွင့်လှစ်ခဲ့ရသည်။ ၂၀၁၁ ခုနှစ်၊ဇန်နဝါရီ ၁ရက် တွင် စစ်နယ်ဝှန်းလိုအပ်မှုအခြေအနေအရ ရပခ လက်အောက်ရှိ နယ်မြေအချို့အား ထပ်မံထုတ်နုတ်ကာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သီးခြားစစ်တိုင်းအဖြစ် ဖွဲ့စည်းခဲ့သည်။[၁]
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
စစ်ဗျူဟာများ
[ပြင်ဆင်ရန်]အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အား ရှမ်းပြည်နယ်၊ ခိုလမ်မြို့[၂] တွင်အခြေပြုကာ တိုင်းစစ်ဌာနချုပ်လက်အောက်ခံအဖြစ် အခြေချ စစ်ဗျူဟာ (ကွန်ဟိန်း)၊ အခြေချ စစ်ဗျူဟာ (လင်းခေး)၊ လှုပ်ရှား စစ်ဗျူဟာများနှင့် ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်း (၁၆) ရင်းရှိသည်။
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ
[ပြင်ဆင်ရန်]အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ
[ပြင်ဆင်ရန်]- ဗိုလ်မှူးကြီး ထွန်းထွန်းနောင်[၃] (ကြည်း - ၁၈၁၃၁) (စတသ - ၂၅) ( သား ဇင်မောင်ထွန်း ၊ သမီး ခင်မြင့်မြတ်ထက်)
- ဗိုလ်ချုပ် သန်းလှိုင် ( သမီး ဆုရတီစံ)
- ဗိုလ်ချုပ် မင်းနောင်(ဝန်ကြီး) (ကြည်း - ၁၈၂၈၀) (ဗသက - ၆၆) ( သား ဘိုဘ်ိုကျော်၊ သား ဇေယျာမင်း၊ သား သူရှိန်လှိုင်)
- ဗိုလ်ချုပ် လှမိုး (သမီး နော်လှလှမိုး ၊ သား သူရထက်)
- ဗိုလ်ချုပ် နီလင်းအောင် [၄] (ကြည်း - ၂၇၁၆၀) (စတသ - ၃၇) ( သား သွင်ထူးအောင် ၊ သမီး ကြည်စင်နှင်းသန့် ၊ သမီး ကြည်စင်ရှင်းသန့်)
- ဗိုလ်ချုပ် မျိုးမင်းထွန်း (ကြည်း - ၂၇၈၉၄) (တေဇ - ၂၃) ( ယခင် တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး) (လက်ရှိ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်)
- ဗိုလ်ချုပ် ကျော်နိုင်ဦး (ယခင် မကွေးအခြေစိုက် အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး)[၅](စတသ ၄၁)
- ဗိုလ်ချုပ် စိုးမြတ်ထွဋ် (ယခင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး)[၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၁၂)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ ကျင်းပ ပြုလုပ်။ MWD Webportal (၁ ဇန်နဝါရီ ၂၀၂၃)။ ၇ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ "အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများနှင့် ပညာသင် စရိတ် ထောက်ပံ့ပေးအပ်"။
- ↑ "ဒုတိယ ဗိုလ်ချုပ်ကြီး ၆ ဦး တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ ခံရ"။
- ↑ "စစ်တိုင်းမှူး ၅ ဦးကို နေရာပြောင်းရွှေ့"။
- ↑ ထိပ်တန်းစစ်ဘက်ရာထူးတွေ အပြောင်းအလဲဖြစ်။ BBC (၂၃ စက်တင်ဘာ ၂၀၂၅)။ ၂၄ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နမ့်စန်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ပေးအပ်။ MOI Myanmar (၆ နိုဝင်ဘာ ၂၀၂၅)။ ၇ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။