မာတိကာသို့ ခုန်သွားရန်

ကာကွယ်ရေးဦးစီးချုပ်(ရေ)

ဝီကီပီးဒီးယား မှ
 တပ်မတော် (ရေ) ၏ ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ်(ရေ)၏ အလံတော်
တာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ်
ဗိုလ်ချုပ်ကြီး ထိန်ဝင်း
ကက(ရေ)
အမျိုးအစားစစ်ဘက်ဆိုင်ရာ ရာထူး
အဖွဲ့ဝင်ကာကွယ်ရေးဌာနကောင်စီ
အစီရင်ခံရသူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
စံအိမ်စစ်ရုံး၊ နေပြည်တော်
ရုံးတည်နေရာကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)၊ စစ်ရုံး၊ နေပြည်တော်
ခန့်အပ်သူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဖွဲ့စည်းခြင်း
  • ၂၄ ဒီဇင်ဘာ ၁၉၄၇ (ရေတပ်ဦးစီးမှူး အဖြစ်)
  • ၁၀ မေ ၁၉၈၉ (ကာကွယ်ရေးဦးစီးချုပ်(ရေ) အဖြစ်)
ပထမဆုံး ထမ်းဆောင်သူ
  • ဗိုလ်မှူးကြီး ခင်မောင်ဘို (ရေတပ်ဦးစီးမှူး အဖြစ်)
  • ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင် (ကာကွယ်ရေးဦးစီးချုပ်(ရေ) အဖြစ်)
အခြားအမည်ရေချုပ်၊ ရေချုပ်ကြီး
လက်ထောက်စစ်ဦးစီးအရာရှိချုပ်(ရေ)
အဆင့် / တံဆိပ် အဆောင်အယောင်များ
  • ရေတပ်ဗိုလ်ချုပ်ကြီးအဆင့်တံဆိပ်
  • ရေတပ်ဦးစီးချုပ်အသုံးပြုသော ရေတပ်သုံးအဆောင်အယောင် အလံ

ကာကွယ်ရေးဦးစီးချုပ်(ရေ) (အင်္ဂလိပ်: Commander-in-Chief (Navy)) သည် တပ်မတော် (ရေ)၏ ပြန်တမ်းဝင်အရာရှိများကိုသာ ခန့်အပ်သော အဆင့်အမြင့်ဆုံးရာထူးဖြစ်ပြီး၊ အဆင့် သတ်မှတ်ချက်မှာ ဗိုလ်ချုပ်ကြီး ဖြစ်သည်။ ဤရာထူးခန့်အပ်ခံရသည့် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိသူ ပြန်တမ်းဝင် ရေတပ်အရာရှိသည် ရာထူးအားလက်ခံရယူပြီး တစ်နှစ်အတွင်း ဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခံရသည်။

ကြည်း၊ရေ၊လေ ဗမာ့တပ်မတော်များပေါင်းစည်းပြီးနောက်[]:၁၂၈ ၁၉၅၅ခုနှစ်မှ ၁၉၈၉အထိ တပ်မတော်(ကြည်း)၊ ​တပ်မတော်(ရေ)၊ တပ်မတော်(လေတပ်) တို့ကို သက်ဆိုင်ရာ ဒုတိယကာကွယ်ရေးဦးစီးချုပ် တစ်ဦးစီက အုပ်ချုပ်ခဲ့ကာ ၁၉၈၉ခုနှစ်တွင် ထို ဒုတိယကာကွယ်ရေးဦးစီးချုပ်များကို သက်ဆိုင်ရာတပ်များ၏ ကာကွယ်ရေးဦးစီးချုပ်များ အဖြစ် တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။[] လက်ရှိကာကွယ်ရေးဦးစီးချုပ်(ရေ) ရာထူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ်ကြီး ထိန်ဝင်း ဖြစ်သည်။[][]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဗမာ့ရေတပ်မတော် ၏ အကြီးအကဲမှာ ရေတပ်ဦးစီးမှူး (Commanding Officer, Burma Navy) ဖြစ်ခဲ့ပြီး ၁၉၄၈ခုနှစ် မေလ ၈ရက်နေ့တွင် စစ်ရုံးဖွဲ့စည်းပြီးသောအခါ ရေတပ်ဦးစီးချုပ် (Chief of Naval Staff) ဟုပြောင်းလဲခေါ်ဝေါ်ခဲ့သည်။[]

ဗမာ့တပ်မတော်၊[မှတ်စု ၁] ဗမာ့ရေတပ်မတော်နှင့် မြန်မာ့လေတပ်မတော်[မှတ်စု ၂] တို့ကို တစ်ခုတည်းသောတပ်မတော်အဖြစ်ပေါင်းစည်းသောအခါ ၁၉၅၅ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့မှ စ၍ ရေတပ်ဦးစီးချုပ် သည် ဒုတိယကာကွယ်ရေးဦးစီးချုပ် (ရေတပ်) (Vice Chief of Staff (Navy)) ဖြစ်လာခဲ့သည်။[] ၁၉၈၉ခုနှစ် မေလ ၁၀ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) (Commander-in-Chief (Navy)) အဖြစ်​ ပြောင်းလဲခဲ့သည်။[]

တာဝန်ထမ်းဆောင်ခဲ့သူများ စာရင်း

[ပြင်ဆင်ရန်]
စဉ် ပြန်တမ်းဝင်အမှတ် ဓာတ်ပုံ ရာထူးအဆင့်နှင့်အမည် တာဝန်သက်တမ်း မှတ်ချက် ကိုးကား
ရေတပ်ဦးစီးမှူး[]
၁။ ရေ ၄၀၁၇[] ဒုတိယဗိုလ်မှူးကြီး ခင်မောင်ဘို ၂၄ ဒီဇင်ဘာ ၁၉၄၇ – ၈ မေ ၁၉၄၈ []
ရေတပ်ဦးစီးချုပ်[]
(၁) ရေ ၄၀၁၇ ဒုတိယဗိုလ်မှူးကြီး ခင်မောင်ဘို ၈ မေ ၁၉၄၈ – ၁၃ ဇွန် ၁၉၅၂ []
၂။ ရေ ၁၀၀၁[] ဗိုလ်မှူးချုပ် သန်းဖေ ၁၄ ဇွန် ၁၉၅၂ – ၂၈ စက်တင်ဘာ ၁၉၅၅ []
ဒုတိယကာကွယ်ရေးဦးစီးချုပ် (ရေတပ်)[]
(၂) ရေ ၁၀၀၁[] ဗိုလ်မှူးချုပ် သန်းဖေ ၂၈ စက်တင်ဘာ ၁၉၅၅ – ၂၁ မေ ၁၉၆၂ []
၃။ ရေ ၁၀၂၅[] ဗိုလ်မှူးချုပ် သောင်းတင် ၃၀ မေ ၁၉၆၂ – ၇ မတ် ၁၉၇၄ []
၄။ ရေ ၃၀၁၁[] ဗိုလ်ချုပ် ချစ်လှိုင် ၈ မတ် ၁၉၇၄ – ၁၅ အောက်တိုဘာ ၁၉၈၀ []
၅။ ရေ ၃၀၂၁[] ဗိုလ်ချုပ် မောင်မောင်ဝင်း ၁၆ အောက်တိုဘာ ၁၉၈၀ – ၄ နိုဝင်ဘာ ၁၉၈၅ []
၆။ ရေ ၁၀၃၈[] ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင် ၅ နိုဝင်ဘာ ၁၉၈၅ – ၁၀ မေ ၁၉၈၉ []
ကာကွယ်ရေးဦးစီးချုပ်(ရေ)[]
(၆) ရေ ၁၀၃၈[] ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင် ၁၀ မေ ၁၉၈၉ – ၄ ဖေဖော်ဝါရီ ၁၉၉၂ []
၇။ ရေ ၃၁၁၀[] ဒုတိယဗိုလ်ချုပ်ကြီး သန်းညွန့် ၅ ဖေဖော်ဝါရီ ၁၉၉၂ – ၁၅ ဇွန် ၁၉၉၅ []
၈။ ရေ ၃၁၄၅[] ဒုတိယဗိုလ်ချုပ်ကြီး တင်အေး ၁၆ ဇွန် ၁၉၉၅ – ၁၃ နိုဝင်ဘာ ၁၉၉၇ []
၉။ ရေ ၁၀၈၇[] ဒုတိယဗိုလ်ချုပ်ကြီး ညွန့်သိန်း ၂၄ နိုဝင်ဘာ ၁၉၉၇ – ၂၉ ဇူလိုင် ၂၀၀၀ []
၁၀။ ရေ ၁၁၀၇[] ဒုတိယဗိုလ်ချုပ်ကြီး ကြည်မင်း ၉ ဩဂုတ် ၂၀၀၀ – ၁ ဇန်နဝါရီ ၂၀၀၄ []
၁၁။ ရေ ၁၁၈၁[] ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်း ၂ ဇန်နဝါရီ ၂၀၀၄ – ၂၀ ဇွန် ၂၀၀၈ []
၁၂။ ရေ ၁၁၉၆[] ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ၂၁ ဇွန် ၂၀၀၈ – ၁၅ ဩဂုတ် ၂၀၁၂ []
၁၃။ ရေ ၁၂၈၂[] ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ ၃၁ ဩဂုတ် ၂၀၁၂ – ၁၀ ဩဂုတ် ၂၀၁၅ []
၁၄။ ရေ ၁၂၈၇[] ဗိုလ်ချုပ်ကြီး တင်အောင်စန်း ၁၁ ဩဂုတ် ၂၀၁၅ – ၁ ဖေဖော်ဝါရီ ၂၀၂၁ []
၁၅။ ရေ ၁၃၇၄[] ဗိုလ်ချုပ်ကြီး မိုးအောင် ၂ ဖေဖော်ဝါရီ ၂၀၂၁ – ၉ ဇန်နဝါရီ ၂၀၂၄ []
၁၆။ ရေ ၃၄၇၄ [] ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ၈ ဇန်နဝါရီ ၂၀၂၄ – ၁၃ ဇူလိုင် ၂၀၂၄ နုတ်ထွက်စာတင်ခိုင်းခံရသည်။[] []
၁၇။ ဗိုလ်ချုပ်ကြီး ထိန်ဝင်း [] ၁၄ ဇူလိုင် ၂၀၂၄ - လက်ရှိ []

မှတ်စု

[ပြင်ဆင်ရန်]
  1. ကြည်းတပ်ကို "ကြည်း"ထည့်မခေါ်ဘဲ "ဗမာ့တပ်မတော်"ဟုသာခေါ်ခဲ့သည်။
  2. "Burma"ကို မြန်မာဘာသာပြန်ရာတွင် ကြည်းတပ်နှင့်ရေတပ်က "ဗမာ့"ဟုသုံးစွဲခဲ့သော်လည်း လေတပ်က "မြန်မာ့"ဟုသုံးစွဲခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 5 6 7 တပ်မတော်သမိုင်း စတုတ္ထတွဲ [လင့်ခ်သေ]
  2. 1 2 3 ၁၉၅၉ ခုနှစ်၊ တပ်မတော်နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ[လင့်ခ်သေ] The Rules Amending the Defence Services Rules, 1959[လင့်ခ်သေ]
  3. ရေချုပ် အပါအဝင် ဗိုလ်ချုပ်တချို့ အပြောင်းအလဲဖြစ် BBC Burmese (၈ ဇန်နဝါရီ ၂၀၂၄)။ ၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. https://burma.irrawaddy.com/news/2021/02/04/237628.html
  5. 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 ကျော်ဇော၊ မောင် (ဇန်နဝါရီ ၂၀၂၂)။ အထွေထွေဗဟုသုတ (၂၀၂၂–၂၀၂၃)။ ရန်ကုန်: ကြယ်စင်စာပေ။ p. ၁၇၃-၁၇၄။
  6. 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 DSMuseum (30 March 2026)။ ဒုတိယကာကွယ်ရေးဦးစီးချုပ်(ရေ)/ ကာကွယ်ရေးဦးစီးချုပ်(ရေ) တာဝန်ထမ်းဆောင်ခဲ့သူများ တပ်မတော်(ကြည်း၊ရေ၊လေ) သတင်းနည်းပညာဌာန။ ၂၂ ဧပြီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  7. စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်းခြင်း၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၂) MOI Myanmar (၄ ဇန်နဝါရီ ၂၀၂၂)။ ၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  8. ကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့် ဒုစစ်ထောက်ချုပ်တို့ အစားထိုးခန့် DVB (၁၂ ဇူလိုင် ၂၀၂၄)။ ၁၄ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  9. ရေတပ်ဦးစီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ် The Irrawaddy (၁၃ ဇူလိုင် ၂၀၂၄)။ ၁၅ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။