လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့
လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ | |
---|---|
![]() လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ လက်မောင်းတံဆိပ် (အမြောက်တပ်ဖွဲ့တံဆိပ်နှင့်တူသည်။) | |
သစ္စာခံ | ![]() |
တပ်မတော် အမျိုးအစား | ![]() |
တပ် အမျိုးအစား | စစ်လက်ရုံးတပ်ဖွဲ့ |
အစိတ်အပိုင်း | ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) |
အရာရှိချုပ်ရုံး | လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်ရုံး၊ စစ်ရုံး၊ နေပြည်တော်။ |
အမည်ပြောင် | လေကာ၊ အေဒီ |
အုပ်ချုပ်သူများ | |
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ဒု-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်/ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) | ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း |
အရာရှိချုပ် | ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် |
ဒု-အရာရှိချုပ် | ဗိုလ်ချုပ် နေမျိုးဦး |
ထင်ရှားသော အုပ်ချုပ်သူများ |
|
လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့သည် မြန်မာ့တပ်မတော်၏ စစ်လက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်သည်။ “လေကြောင်းရန်ကာကွယ်ရေး” ဟူသည့် တပ်ဖွဲ့၏ အမည်နာမ၌ပင် အဓိကထမ်းဆောင်ရသော တာဝန်မှာ ပေါ်လွင်နေလေသည်။ ဖွဲ့စည်းပုံအရ တပ်မတော်(ကြည်း)၌ ပါဝင်သော်လည်း လုပ်ငန်းတာဝန်ပိုင်း၌ သဘောသဘာဝအရ တပ်မတော်(ရေ)၊ အထူးသဖြင့် တပ်မတော်(လေ)နှင့် ပို၍ဆက်စပ်မှုရှိလေသည်။
လက်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ အရာရှိချုပ် တာဝန်ထမ်းဆောင်နေသူမှာ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် ဖြစ်ပြီး ဒုတိယအရာရှိချုပ် တာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် နေမျိုးဦး (စတသ-၃၄) ဖြစ်သည်။ ထို့နောက် လက်ထောက် အရာရှိချုပ် (၃)ဦးရှိပြီး၊ ကြည်း/ ရေ/ လေ တပ်ဖွဲ့ အသီးသီးမှ ဗိုလ်မှူးချုပ် အဆင့်ရှိသူ တစ်ဦးစီကို ခန့်အပ်ထားသည်။ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ယခင်က လေကြောင်းရန်ကာကွယ်ရေး အရာရှိချုပ်အဖြစ် ဩဂုတ် ၂၀၁၅ ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။[၁]
ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]
လေကြောင်းရန်ကာကွယ်ရေး အရာရှိချုပ်ရုံး၏ လက်အောက်တွင် လေကြောင်းရန်ကာကွယ်ရေး သင်တန်းကျောင်း (၁)ခုနှင့် လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၉)ခု ရှိသည်။ သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးများ အားလုံးသည် ဗိုလ်မှူးချုပ် အဆင့် ရှိသူများဖြစ်သည်။
လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တစ်ခုစီတွင် တပ်ဖွဲ့၏ မူလ တပ်ရင်းများဖြစ်သည့် -
- လေကြောင်းရန်ကာကွယ်ရေးသတိပေးတပ်ရင်း (၁)ရင်း၊
- လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း ( ၁၀ )ရင်း
စသည်တို့ ပါဝင်ဖွဲ့စည်းထားသည့်အပြင် အထောက်အကူပြု တပ်များအဖြစ် အခြားတပ်ဖွဲ့များမှ တွဲဖက်ပေးထားသည့် -
- လေကြောင်းရန်ကာကွယ်ရေး ဆက်သွယ်မှုတပ်ရင်း (၁)ရင်း၊
- လေကြောင်းရန်ကာကွယ်ရေး အီလက်ထရွန်းနစ်စစ်ဆင်မှုတပ်ရင်း (၁)ရင်း၊
- လေကြောင်းရန်ကာကွယ်ရေး ယန္တရားတပ်ရင်း (၁)ရင်း၊
- လေကြောင်းရန်ကာကွယ်ရေး အလုပ်ရုံတပ် (၁)တပ်
စသည်တို့ကိုလည်း ပါဝင်ဖွဲ့စည်းထားသည်။
ကွပ်ကဲမှုဌာနချုပ်များ[ပြင်ဆင်ရန်]
- အမှတ်(၁)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
- အမှတ်(၂)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
- အမှတ်(၃)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
- အမှတ်(၄)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
- အမှတ်(၅)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
- အမှတ်(၇)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
- အမှတ်(၈)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
- အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
လက်ရှိ လေကြောင်းရန်ကာကွယ်ရေး လက်နက်ကြီးများ[ပြင်ဆင်ရန်]
-
ရုရှားနိုင်ငံထုတ် Pechora-2M လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်
-
ယူနိုက်တက်ကင်းဒမ်းနိုင်ငံထုတ် BAe Dynamics Bloodhound Mk.II
-
ဆိုဗီယက်ယူနီယံထုတ် SA-2
-
တရုတ်ပြည် ထုတ် KS-1A လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်
-
ဆိုဗီယက်ယူနီယံထုတ် SA-6
-
ဆိုဗီယက်ယူနီယံထုတ် 9K38 Igla
-
ဆိုဗီယက်ယူနီယံထုတ် SA-19
-
ဆိုဗီယက်ယူနီယံထုတ် Type-74
-
လေယာဉ်ပစ်သေနတ်များ
-
ဆိုဗီယက်ယူနီယံထုတ် KPV စက်သေနတ်
အခြားလေ့လာရန်[ပြင်ဆင်ရန်]
ကိုးကား[ပြင်ဆင်ရန်]
- ↑ Interesting story behind the article ‘Who will be a new military chief?’ | Eleven Myanmar။ 3 October 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 December 2021 တွင် ပြန်စစ်ပြီး။
![]() | ဤ တပ်မတော်နှင့် သက်ဆိုင်သည့် ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |