အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်

ဝီကီပီးဒီးယား မှ
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
နပခ
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တံဆိပ်
နိုင်ငံ မြန်မာ
တပ်မတော်
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
တိုင်းစစ်ဌာနချုပ်
အခန်းကဏ္ဍနယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း
အမည်ပြောင်ကိုးမြှောင့်ကြယ်၊ ရခိုင်သား
အုပ်ချုပ်သူများ
တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး
အဆောင်အယောင်များ
အလံတော်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် နပခ) သည် အမ်းမြို့အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် တောင်ဘက်ရှိ ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံ တပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ကြည်း ၂၅၀၉၉၊ ဗိုလ်ချုပ် ထင်လတ်ဦး ဖြစ်သည်။[၁] သူသည် ယခင်က တပ်မတော်၏ ထိပ်တန်းကျောင်းကြီးဖြစ်သော စစ်တက္ကသိုလ် ၏ ကျောင်းအုပ်ကြီးလည်း ဖြစ်ခဲ့ဖူးသည်။

သမိုင်း[ပြင်ဆင်ရန်]

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရခိုင်ပြည်နယ်စစ်တွေမြို့၌ ၁၉၇၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ရခိုင်ပြည်နယ်၊ အမ်းမြို့ သို့ ၂၀၀၀ ပြည့်နှစ်တွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ကွပ်ကဲမှုနယ်မြေများမှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ဘင်္ဂလားပင်လယ်အော်ရှိ မြန်မာနိုင်ငံပိုင် ရေပိုင်နက်များ အထိ ပါဝင်သည်။[ကိုးကားချက်လိုသည်] လက်အောက်ခံ တပ်ရင်း/တပ်ဖွဲ့များကို ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့တွင် ဖြန့်ခွဲထားရှိသည်။

ပထမဆုံးတိုင်းမှူးအဖြစ် ကြည်း-၅၄၉၇၊ ဗိုလ်မှူးကြီးလှထွန်း(ဗိုလ်လောင်းသင်တန်းအပတ်စဉ်-၁)မှ တာဝန်ယူခဲ့သည်။

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

(ကွပ်ကဲမှုဌာနချုပ် ၆ခု. ခြေလျင် ခြေမြန် ၄၃ခု. လက်ရုံးဝန်ထမ်း ၂၆ခု. ကက(ရေ) ၁၂ခု. စုစုပေါင်း ၈၇တပ် အကြမ်းဖျင်းအနည်းဆုံးရှိသည်။)

နပခ နယ်မြေအတွင်း တည်ရှိသော စစ်ဌာနချုပ်များ၊ ၎င်း၏ကွပ်ကဲမှုအောက်ရှိ စစ်ဌာနချုပ်၊ စစ်ဗျူဟာများနှင့် လက်အောက်ခံ ခြေလျင်/ခြေမြန်တပ်ရင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (စစ်တွေ)

စစ်ဗျူဟာများ[ပြင်ဆင်ရန်]

အခြေချစစ်ဗျူဟာ (၁) ခု၊ လှုပ်ရှားစစ်ဗျူဟာ (၃) ခု နှင့် ခြေလျင်/ခြေမြန်တပ်ရင်း (ဒကစ-စစ်တွေလက်အောက်ခံ တပ်ရင်းများအပါအဝင်) ရှိသည်။[ကိုးကားချက်လိုသည်]

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ[ပြင်ဆင်ရန်]

အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

နောက်ထပ်ကြည့်ရန်[ပြင်ဆင်ရန်]