တိုင်းစစ်ဌာနချုပ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

တိုင်းစစ်ဌာနချုပ် ဆိုသည်မှာ မြန်မာ့တပ်မတော်တပ်မ​တော်(ကြည်း)၏ စစ်ဘက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့ ဖြစ်သည်။ တိုင်းစစ်ဌာနချုပ်၏ အဓိက လုပ်ငန်းတာဝန်မှာ ၎င်း၏ အခြေစိုက် နယ်မြေဧရိယာ နှင့် ထိုနယ်မြေနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိသော ၎င်း၏ လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း နှင့် စစ်ရုံးရှိ အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့်ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လုပ်ပိုင်ခွင့်အာဏာအနေဖြင့် စစ်ဘက်တရားစီရင်ရေးအာဏာပါ ရရှိထားသည်။ တိုင်းစစ်ဌာနချုပ် ၏ အမြင့်ဆုံး ရာထူးတာဝန်မှာ “တိုင်းမှူး” ဖြစ်ပြီး ခန့်အပ်သော အဆင့် မှာ “ဗိုလ်ချုပ်” ဖြစ်သည်။

နပတနှင့်ရလခတို့ မဖွဲ့စည်းမီကတပ်မတော် (ကြည်း) တိုင်းစစ်ဌာနချုပ်များမြေပုံ

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးချိန်ဖြစ်သော ၁၉၄၈ခုနှစ်တွင် တပ်မတော်၌ မြောက်ပိုင်းနှင့် တောင်ပိုင်းဟူ၍ စစ်တိုင်း(၂)ခုသာရှိခဲ့သည်။ ထိုစဉ်က တပ်မတော်အကြီးအကဲများအဖြစ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လကျ်ာ၊စစ်ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်း၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် နေဝင်း၊တောင်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် စောကြာဒိုးတို့ဖြစ်သည်။ လွတ်လပ်ရေးရပြီး ၄လအကြာ ၁၄.၄.၁၉၄၈ခုနှစ်တွင် စစ်ဦးစီးချုပ်ရုံး (စစ်ရုံး)ကို စတင်ဖွဲ့စည်းခဲ့ရာ ဗိုလ်ချုပ်စမစ်ဒွန်းမှာ စစ်ဦးစီးချုပ်၊ ဗိုလ်မှူးချုပ်စောကြာဒိုးမှာ ဒုစစ်ဦးစီးချုပ်၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်နေဝင်း၊ တောင်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်အောင်သင်းတို့က အကြီးအကဲများဖြစ်သည်။ဩဂုတ်လ ၁ရက်နေ့တွင် ပြည်သူ့ရဲအပါအဝင် အစိုးရလက်နက်ကိုင်အားလုံး တပ်မတော်အောက်ရောက်ရှိလာပြီး ဗိုလ်ချုပ်စမစ်ဒွန်းမှာ စစ်သေနာပတိ၊ဗိုလ်မှူးချုပ်နေဝင်းမှာ ဒုစစ်သေနာပတိ၊ ဗိုလ်မှူးချုပ်အောင်သင်းမှာ တောင်ပိုင်းတိုင်းမှူး၊ ဗိုလ်မှူးချုပ် လဇွန်တန်မှာ မြောက်ပိုင်းတိုင်းမှူးဖြစ်လာခဲ့သည်။၁၉၄၉ခုနှစ် ဖေဖော်ဝါရီတွင် နိုင်ငံရေးအခြေအနေများအရ ဒုဗိုလ်ချုပ်ကြီးနေဝင်းမှာ စစ်ဦးစီးချုပ်ဖြစ်လာခဲ့သည်။ တောင်ပိုင်းတိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ်ကျော်ဇော၊ မြောက်ပိုင်းတိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် အေဒီဘလိတ်တို့က ဆောင်ရွက်သည်။၁၉၅၃ခုနှစ် ကူမင်တန်ကျူးကျော်မှုတွင် တိုင်းမှူးများကို နေရာပြောင်းရွှေ့ခဲ့သည်။[၁]၁၉၅၆ခုနှစ်တွင် ဗိုလ်မှူးချုပ်ကျော်ဇောအား ဗကပနှင့် ဆက်သွယ်သည်ဟုဆိုကာ အနားပေးလိုက်ပြီး[၂][၃] ၎င်းနေရာဖြစ်သော မြောက်ပိုင်းတိုင်းမှူးနေရာတွင် ဗိုလ်မှူးချုပ်အောင်ရွှေကို ခန့်ထားခဲ့သည်။ [၄]

၁၉၅၉ခုနှစ် အိမ်စောင့်အစိုးရဖွဲ့စည်းထားချိန်တွင် ကာကွယ်ရေးဦးစီးချုပ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း၊ဒုကာကွယ်ရေးဦးစီးချုပ်မှာ ဗိုလ်မှူးချုပ်အောင်ကြီး၊ မြောက်ပိုင်းတိုင်းမှူးမှာ ဗိုလ်မှူးချုပ်စန်းယု၊ တောင်ပိုင်းတိုင်းမှူးမှာ ဗိုလ်မှူးချုပ်အောင်ရွှေတို့ဖြစ်သည်။၁၉၆၀ရွေးကောက်ပွဲအပြီး၁၉၆၁ခုနှစ်တွင် ဗိုလ်မှူးချုပ်အောင်ရွှေကို ထုတ်ပယ်လိုက်ကာ ၎င်းနေရာတွင် ဗိုလ်မှူးချုပ် စိန်ဝင်းကို ခန့်ထားလိုက်သည်။

အိမ်စောင့်အစိုးရမှ ရွေးကောက်ခံ ဦးနုအစိုးရကို အာဏာပြန်လွှဲပြီးနောက် တပ်မတော်ကို အင်အားတိုးချဲ့ရန်အတွက် ၁၉၆၁ခုနှစ် အောက်တိုဘာလတွင် စစ်တိုင်း(၂)ခုအား စစ်တိုင်း (၅)ခုသို့ တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ထိုစစ်တိုင်းများနှင့် တိုင်းမှူးများမှာ

၁၉၆၂ခုနှစ်တွင် တပ်မတော်သည် နိုင်ငံတော်အာဏာကို အာဏာရဦးနုအစိုးရထံမှ  သိမ်းယူခဲ့ပြီး တော်လှန်ရေးကောင်စီအနေဖြင့် စတင်အုပ်ချုပ်ခဲ့သည်။၁၉၇၂ခုနှစ်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဝန်ကြီးချုပ်ဦးနေဝင်းက ၎င်း၏ ကာကွယ်ရေးဦးစီးချုပ်နေရာကို ဗိုလ်ချုပ်ကြီးစန်းယုအား လွှဲပြောင်းပေးခဲ့ပြီး ဗိုလ်မှူးကြီးစိန်လွင်မှာ နမခတိုင်းမှူးဖြစ်လာခဲ့သည်။ ထို့အပြင် တပ်မတော်စစ်တိုင်း (၄)ခုကို အသစ်ထပ်မံဖွဲ့စည်းရာ စုစုပေါင်း (၉)ခုဖြစ်လာခဲ့သည်။ အရပ်သတင်းများကမူ ဗိုလ်ချုပ်ကြီးနေဝင်းသည် ၎င်း၏ အကြိုက်ဆုံး (၉)ဂဏန်းကို ဗေဒင်ကိန်းဂဏန်းများအရ ဖွဲ့စည်းသည်ဟု ပြောဆိုခဲ့ကြသည်။ စစ်တိုင်းများအပြင် တပ်မ(၇၇)တပ်မ(၈၈)တပ်မ(၉၉) စသည့် တပ်မ(၃)ခုကိုပါ စတင်ဖွဲ့စည်းခဲ့သည်။၁၉၇၂ခုနှစ်တွင် တပ်မတော် စစ်တိုင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁၉၈၈ခုနှစ် တပ်မတော်အာဏာသိမ်းမှုအပြီးတွင် စစ်တိုင်းမှူး (၉)ဦးမှာ အာဏာသိမ်း နဝတအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ကြသည်။၁၉၉၀ခုနှစ်[၅]တွင် မန္တလေးအခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား ၂ပိုင်းခွဲကာ နမခအား မုံရွာမြို့သို့ ပြောင်းရွှေ့အခြေစိုက်သည်။တောင်ငူအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အား မန္တလေးသို့ ပြောင်းရွှေ့အခြေစိုက်သည်။ တောင်ငူတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟူ၍ အသစ်တဖန်ဖွဲ့စည်းခဲ့သည်။[၆][၇][၈] ၁၉၉၇ နဝတမှ နအဖသို့ ကူးပြောင်းချိန်တွင် စစ်တိုင်းမှူးများသည် တိုင်းနှင့်ပြည်နယ်ကောင်စီများ၏ ဥက္ကဋ္ဌများ ဖြစ်ကြသည်။ ကာချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၉၉၆ခုနှစ်တွင် ကျိုင်းတုံအခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊၂၀၁၂ခုနှစ်တွင် ခိုလမ်မြို့အခြေစိုက်အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်များဖြင့် ခွဲထုတ်ကာ တိုးချဲ့ဖွဲ့စည်းခဲ့သည်။မြိတ်မြို့အခြေစိုက် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်များကိုလည်း ထပ်မံဖွဲ့စည်းခဲ့သည်။ ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ရုံးထိုင်ပြီးနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပျဉ်းမနားဒေသအားလည်း နေပြည်တော်တိုင်းစစ်ဌာနချုပ်အဖြစ် ခွဲထုတ်ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် ၁၉၄၈ခုနှစ်တွင် တပ်မတော်၌ တိုင်းစစ်ဌာနချုပ် (၂)ခုသာရှိခဲ့ရာမှ ၂၀၂၁ခုနှစ်တွင် တိုင်းစစ်ဌာနချုပ် (၁၄)ခုအထိရှိလာခဲ့သည်။

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

တိုင်းစစ်ဌာနချုပ် ၏ ယေဘူယျဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည် -

  1. တိုင်းစစ်ဌာနချုပ်ရုံး
    1. တိုင်းမှူးရုံး
    2. ဒုတိုင်းမှူးရုံး
    3. တိုင်းဦးစီး(ဗိုလ်မှူးချုပ်) ရုံး
      1. စစ်ဦးစီးမှူး(ဗိုလ်မှူးကြီး) ရုံး
        1. စစ်ဦးစီးမှူး(ပထမတန်း)
          1. စစ်ဆင်ရေးဌာနခွဲ
          2. တာဝန် နှင့် လေ့ကျင့်ရေးဌာနခွဲ
        2. စစ်ဦးစီးမှူး(ပထမတန်း၊ စစ်ဘက်ရေးရာလုံခြုံရေးဌာနခွဲ)
        3. စစ်ဦးစီးမှူး(ပထမတန်း၊ ပြည်သူ့စစ်ဌာနခွဲ)
      2. ဦးစီးအရာရှိ(ဗိုလ်မှူးကြီး၊ စစ်ရေးဌာန)ရုံး
        1. ဦးစီးအရာရှိ(ပထမတန်း၊ ငွေစာရင်းဌာနခွဲ)ရုံး
        2. ဦးစီးအရာရှိ(ပထမတန်း၊ မှတ်တမ်းဌာနခွဲ)ရုံး
      3. ဦးစီးအရာရှိ(ဗိုလ်မှူးကြီး၊ စစ်ထောက်ဌာန)ရုံး
        1. ဦးစီးအရာရှိ(ပထမတန်း) (ဖြည့်တင်းရေးနှင့် ထိန်းသိမ်းရေးဌာနခွဲ) ရုံး
        2. ဦးစီးအရာရှိ(ပထမတန်း) (ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲ) ရုံး
    4. စခန်းရုံး
  2. ဒေသကွပ်ကဲမှုစစ်ဌာနချုပ်
    1. ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံး
    2. ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်းများ
  3. အခြေချ စစ်ဗျူဟာအဖွဲ့များ
    1. အခြေချ စစ်ဗျူဟာအဖွဲ့ရုံး
    2. ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်းများ
  4. စစ်ဗျူဟာအဖွဲ့များ (သို့) လှုပ်ရှား စစ်ဗျူဟာအဖွဲ့များ
    • လက်အောက်ခံ ခြေလျင်/ခြေမြန်တပ်ရင်းများ

ဖွဲ့စည်းထားပြီးသော တိုင်းစစ်ဌာနချုပ်များ[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ်အထိ ဖွဲ့စည်းထားပြီးသော တိုင်းစစ်ဌာနချုပ်(၁၄)ခု ရှိပြီး အောက်တွင်ဖော်ပြထားသည့်အတိုင်းဖြစ်သည် -

တိုင်းစစ်ဌာနချုပ်များ နှင့် ၎င်းတို့၏ အခြေစိုက်နေရာ
စဉ် တံဆိပ် တိုင်းစစ်ဌာနချုပ် တည်နေရာ
၁။ Mm-northern-rmc.svg မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်

(မပခ)

ကချင်ပြည်နယ်မြစ်ကြီးနားမြို့
၂။ Mm-north-eastern-rmc.svg အရှေ့မြောက်တိုင်းစစ်ဌာနချုပ်

(ရမခ)

ရှမ်းပြည်နယ်လားရှိုးမြို့
၃။ Eastern Central Command.png အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်

(ရလခ)

ရှမ်းပြည်နယ်ခိုလမ်မြို့
၄။ Mm-eastern-rmc.svg အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်

(ရပခ)

ရှမ်းပြည်နယ်တောင်ကြီးမြို့
၅။ Mm-south-eastern-rmc.svg အရှေ့တောင်တိုင်းစစ်ဌာနချုပ်

(ရတခ)

မွန်ပြည်နယ်မော်လမြိုင်မြို့
၆။ Mm-southern-rmc.svg တောင်ပိုင်းတိုင်းစစ်ဌာနချုပ်

(တပခ)

ပဲခူးတိုင်းဒေသကြီးကေတုမတီမြို့
၇။ Mm-south-western-rmc.svg အနောက်တောင်တိုင်းစစ်ဌာနချုပ်

(နတခ)

ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့
၈။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်.jpg အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်

(နပခ)

ရခိုင်ပြည်နယ်အမ်းမြို့
၉။ Mm-north-western-rmc.svg အနောက်မြောက်တိုင်းစစ်ဌာနချုပ်

(နမခ)

စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့
၁၀။ Mm-central-rmc.svg အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်

(လပခ)

မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့
၁၁။ Myanmar Army’s Nay Pyi Daw Command Arm Badge.jpg နေပြည်တော်တိုင်းစစ်ဌာနချုပ်

(နပတ)

နေပြည်တော် ပြည်ထောင်စုနယ်မြေနေပြည်တော်မြို့
၁၂။ Mm-yangon-rmc.svg ရန်ကုန်တိုင်းစစ်ဌာနချုပ်

(ရကတ)

ရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့
၁၃။ Mm-triangle-rmc.svg တြိဂံဒေသတိုင်းစစ်ဌာနချုပ်

(တသခ)

ရှမ်းပြည်နယ်ကျိုင်းတုံမြို့
၁၄။ Mm-coastal-rmc.svg ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်

(ကရခ)

တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့

လက်ရှိ တာဝန်ထမ်းဆောင်နေသော တိုင်းမှူးများ[ပြင်ဆင်ရန်]

၂၀၂၁ခုနှစ်တွင် စစ်တိုင်းမှူးများမှာ အောက်ပါအတိုင်းဖြစ်သည်။[၉]

  • မပခ - ဗိုလ်မှူးချုပ် မြတ်သက်ဦး
  • နမခ - ဗိုလ်မှူးချုပ် ဖြိုးသန့်
  • နပခ - ဗိုလ်ချုပ် ထင်လတ်ဦး
  • ရမခ - ဗိုလ်မှူးချုပ် နိုင်နိုင်ဦး
  • တသခ - ဗိုလ်မှူးချုပ် မျိုးမင်းထွန်း
  • ရလခ - ဗိုလ်မှူးချုပ် လှမိုး
  • ရပခ - ဗိုလ်မှူးချုပ် နီလင်းအောင်
  • လပခ - ဗိုလ်ချုပ် ကိုကိုဦး
  • နပတ - ဗိုလ်ချုပ် ဇော်ဟိန်း
  • တပခ - ဗိုလ်ချုပ်မျိုးဝင်း
  • ရကတ - ဗိုလ်ချုပ် ညွန့်ဝင်းဆွေ
  • နတခ - ဗိုလ်ချုပ် အောင်အောင်
  • ရတခ - ဗိုလ်ချုပ် ကိုကိုမောင်
  • ကရခ - ဗိုလ်ချုပ် စောသန်းလှိုင်

ကိုးကား[ပြင်ဆင်ရန်]

  1. Freedom, Peace & Justice: ဗိုလ်မှူးချုပ် ကျော်ဇော ၉၀ ပြည့်ပြီ၊ တပ်မတော်သားများကို ပြည်သူ့ဘက် ရပ်တည်ရန် မွေးနေ့တွင် တိုက်တွန်း
  2. "တော်လှန်ရေးနယ်မြေမှာ အနှစ် ၄ဝ ကျော်တဲ့ ဗိုလ်ကျော်ဇော မိသားစု"။ 
  3. "ဗိုလ်မှူးချုပ်ကျော်ဇော၏ ဈာပနကို အကျဉ်းချုပ်ပြုလုပ်"။ 
  4. တပ်မတော်သားများ ပြည်သူကို ရန်သူလို သဘော မထားရန် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော တိုက်တွန်း | ဒီရေ သတင်းများ
  5. "အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏(၃၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်း အမှတ် ဆုပေးပွဲ ပြုလုပ်"။ 
  6. "ဗိုလ်ချုပ်မှူးကြီးစောမောင်ကို နဝတဥက္ကဋ္ဌရာထူးကနေ ဖယ်ရှားခဲ့စဉ်က"။ 
  7. ကိုဝင်း(အမရပူရ)။ အကွဲအပြဲနှင့် မသဲမကွဲမြန်မာပြည်
  8. မြဝင်း။ တပ်မတော်ခေါင်းဆောင်များသမိုင်းအကျဉ်း (၁၉၄၁-၁၉၉၈)
  9. "နေပြည်တော် စစ်တိုင်းမှူး အပြောင်းအလဲ ဖြစ်"။ 

နောက်ထပ်ကြည့်ရန်[ပြင်ဆင်ရန်]