ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ကလေး)
အညွှန်းသို့ ခုန်ကူးရန်
ရှာဖွေရန် ခုန်ကူးမည်
အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ဝေးလံသောဒေသများကို ကွပ်ကဲနိုင်ရန်နှင့် အိန္ဒိယနိုင်ငံနှင့်ထိစပ်နေသဖြင့် မဟာဗျူဟာအရအရေးပါသည့် ဒေသကို ထိန်းချုပ်နိုင်ရန်အလို့ငှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး) ကို စတင်ဖွင့်လှစ်ခဲ့သည်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး)၏ လက်ရှိ ဌာနချုပ်မှူးမှာ ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီးဖြိုးသန့် (အလုပ်သင်ဗိုလ်လောင်း အပတ်စဉ်-၂၃) ဖြစ်သည်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး)၏ တိုက်ရိုက်ကွပ်ကဲလက်အောက်ခံ တပ်ရင်း (၄) ရင်းသာရှိသော်လည်း ကွပ်ကဲမှု နယ်မြေအတွင်းရှိ လက်ရုံး/ဝန်ထမ်းတပ်ရင်း/တပ်ဖွဲ့များ၊ နမခ လက်အောက်ခံ စစ်ဗျူဟာအခြေချ (ခန္တီး) နှင့် လက်အောက်ခံတပ်များ၊ စကခ (၁၀) (ကလေး) နှင့် လက်အောက်ခံတပ်များကိုပါ အုပ်ချုပ်ကွပ်ကဲရသည်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)၏ တိုက်ရိုက်ကွပ်ကဲလက်အောက်ခံ တပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
- ခလရ(၈၇)-ကလေး
- ခလရ(၈၉)-ကလေး
- ခလရ(၂၂၈)-ကလေး
- ခလရ(၂၆၈)-ဖလမ်း
![]() | ဤ တပ်မတော်နှင့် သက်ဆိုင်သည့် ဆောင်းပါးမှာ ဆောင်းပါးတို တစ်ပုဒ်ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |