အရှေ့တောင်အာရှနိုင်ငံများအသင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
အာဆီယံ
Asean.jpeg
Map of the Association of Southeast Asian Nations.svg
အသုံးပြုသည့်ဘာသာ အင်္ဂလိပ်ဘာသာ
တည်ထောင်ခုနှစ် ဩဂုတ်၈ ၁၉၆၇
အဖွဲ့ဝင်နိုင်ငံပေါင်း ၁ဝနိုင်ငံ
အမျိုးအစား ဒေသတွင်း စီးပွားရေး၊ နိုင်ငံရေး မဟာမိတ်အဖွဲ့
ခေါင်းဆောင်များ

အတွင်းရေးမှူးချုပ် - ဆူရင်း ပစ်ဆုဝမ်(Surin Pitsuwan)(ထိုင်း)


ဧရိယာ ၁၇၂၃၆၈၄ sq mi

၄၄၆၄၃၂၂ km²

လူဦးရေ
  • စုစုပေါင်း ၅၇၅.၅ သန်း
  • လူဦးရေအထူအထပ် ၁၂၉/km²
GDP(PPP) ၁၂၈၁.၉ ဘီလျံဒေါ်လာ
GDP(PPP) per capita ၅၉၆၂ ဒေါ်လာ
HDI ၀.၇၄၂ (အဆင့် - ၁၀၀)
ကွန်ယက် http://www.asean.org/
အာဆီယံ
Asean.jpeg
Map of the Association of Southeast Asian Nations.svg
အသုံးပြုသည့်ဘာသာ အင်္ဂလိပ်ဘာသာ
တည်ထောင်ခုနှစ် ဩဂုတ်၈ ၁၉၆၇
အဖွဲ့ဝင်နိုင်ငံပေါင်း ၁ဝနိုင်ငံ
အမျိုးအစား ဒေသတွင်း စီးပွားရေး၊ နိုင်ငံရေး မဟာမိတ်အဖွဲ့
ခေါင်းဆောင်များ

အတွင်းရေးမှူးချုပ် - ဆူရင်း ပစ်ဆုဝမ်(Surin Pitsuwan)(ထိုင်း)


ဧရိယာ ၁၇၂၃၆၈၄ sq mi

၄၄၆၄၃၂၂ km²

လူဦးရေ
  • စုစုပေါင်း ၅၇၅.၅ သန်း
  • လူဦးရေအထူအထပ် ၁၂၉/km²
GDP(PPP) ၁၂၈၁.၉ ဘီလျံဒေါ်လာ
GDP(PPP) per capita ၅၉၆၂ ဒေါ်လာ
HDI ၀.၇၄၂ (အဆင့် - ၁၀၀)
ကွန်ယက် http://www.asean.org/

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (Association of Southeast Asian Nations (ASEAN) သည် အရှေ့တောင်အာရှ ၁၀ နိုင်ငံ ပေါင်းစည်းဖွဲ့စည်းထားသော နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အသင်းဖြစ်သည်။ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများသည် ၁၉၆၇ ခုနှစ်တွင် အာဆီယံကြေငြာချက် (ဘန်ကောတ်ကြေငြာစာတမ်း)ကို လက်မှတ်ရေးထိုး၍ ဖွဲ့စည်းခဲ့ကြသည်။ နောင်တွင်မှ ဘရူနိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စသော နိုင်ငံများပါဝင်လာခဲ့ပြီး ၁၀ နိုင်ငံအထိဖြစ်လာခဲ့သည်။ အာဆီယံသည် အကျယ်အဝန်းအားဖြင့် ကမ္ဘာမြေမျက်နှာပြင် ဧရိယာစုစုပေါင်း၏ ၃% ရှိပြီး စတုရန်း ကီလိုမီတာ ၄.၄၆ သန်း ရှိသည်။ ကမ္ဘာလူဦးရေး စုစုပေါင်း၏ ၈.၈ ရာခိုင်နှုန်း ရှိပြီး ခန့်မှန်းခြေ သန်း ၆၀၀ ရှိပါသည်။ အာဆီယံ၏ အဓိကရည်ရွယ်ချက်မှာ ငြိမ်းချမ်း၍ ကြွယ်ဝသော အသိုင်းအဝန်းတစ်ခုအဖြစ် ရေရှည်တည်တံ့ခိုင်မြဲစွာ ရပ်တည်ရေးတည်ဆောက်ရာ၌ ပူးပေါင်းဆောင်ရွက်မှုနှင့် ညီညွတ်သော စိတ်ဓါတ်များမှတဆင့် ဒေသတွင်း စီးပွားရေး၊ လူမှုရေး တိုးတက်မှုနှင့် ယဉ်ကျေးမှု ဖွံဖြိုးတိုးတက်မှုများကို အရှိန်အဟုန်ဖြင့် မြှင့်တင်ရန် ဖြစ်ပါသည်။

အာဆီယံဖြစ်ပေါ်လာပုံ[ပြင်​ဆင်​ရန်​]

အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ Association of Southeast Asian Nations (ASEAN)(အာဆီယံ) ကို ၁၉၆၇ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဗန်ကောက်ကြေညာစာတမ်းဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများအဖြစ် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်း စသည့် အဖွဲ့ဝင် နိုင်ငံ(၅)နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် နိုင်ငံသစ်များ အဖြစ် ဘရူနိုင်း (၁၉၈၄ခုနှစ် ၊ ဇန်န၀ါရီလ ၈ရက် )၊ ဗီယက်နမ် (၁၉၉၅ ခုနှစ် ၊ ဇူလိုင်လ ၂၈ရက်)၊ လာအိုနှင့် မြန်မာ(၁၉၉၇ခုနှစ် ၊ ဇူလိုင်လ ၂၃ရက် )၊ ကမ္ဘောဒီးယား (၁၉၉၉ခုနှစ် ၊ ဧပရယ်လ ၃၀ရက် ) တို့ပါဝင်လာသဖြင့် ယခုအခါ အဖွဲ့ဝင်(၁၀)နိုင်ငံ ရှိပါသည်။ အတွင်းရေးမှူးချုပ်မှာ ထိုင်းနိုင်ငံမှ Surin Pitsuwan ဖြစ်သည်။ ၁၉၉၁ ခုနှစ်အတွင်း အာဆီယံအနေဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် တက်ကြွစွာလှုပ်ရှား ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသည်။

အဖွဲ့ဝင်နိုင်ငံများမှာ -

ရည်ရွယ်ချက်[ပြင်​ဆင်​ရန်​]

အာဆီယံဖွဲ့စည်းရသည့် ရည်ရွယ်ချက်မှာ -

  • (က)ကမ္ဘာ့ကုလသမဂ္ဂ၏မူအရ တရားမျှတရေး၊ ဥပဒေများနှင့်အညီ အရှေ့တောင်အာရှ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရရှိရေးကို မြှင့်တင်နိုင်ရန်အတွက် အရှေ့တောင်အာရှ နိုင်ငံများ အနေဖြင့်စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နည်းပညာ၊ ပညာရေးနယ် ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန်။
  • (ခ)ထို့ကြောင့် လွတ်လပ်၍ငြိမ်းချမ်းသည့် သယံဇာတပြည့်စုံသော ဘဝသို့ရောက်ရှိရန် ဆန္ဒတစ်ရပ်အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများရှိ လူထုတစ်ရပ်လုံးနှင့် သားစဉ်မြေးဆက် အကျိုးခံစားနိုင်ရေးပူးပေါင်းဆောင်ရွက်ရန်။

ရည်ရွယ်ချက်သုံးရပ်[ပြင်​ဆင်​ရန်​]

  • (က) ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှ တစ်ဆင့် ဒေသတွင်း စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု တိုးတတ်ဖြစ်ပေါ်လာမှု မြှင့်တင်ရန်
  • (ခ) အင်အားကြီး ပြိုင်ဆိုင်မှု ဒေသအတွင်း စိမ့်ဝင်ပျံ့နှံ မလာအောင် ဒေသတွင် နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှုကို ကာကွယ်ရန်
  • (ဂ) ဒေသအတွင်း နိုင်ငံအချင်းချင်း ဖြစ်ပေါ်လာသည့် သဘောထား ကွဲလွဲမှုများကို ထိန်းသိမ်းဖြေရှင်း ပေးနိုင်ရန် တို့ဖြစ်ကြသည်။

အာဆီယံ၏ အခြေခံ စည်းမျဉ်း(၆) ရပ်[ပြင်​ဆင်​ရန်​]

  • ၁။ နိုင်ငံအားလုံး၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာညီမျှမှု နယ်မြေပိုင်ဆိုင်မှုနှင့် အမျိုးသားရေး လက္ခဏာများကို အပြန်အလှန်လေးစားရေး
  • ၂။ နိုင်ငံတစ်နိုင်ငံ၏ တည်ရှိခွင့်သည် အခြားနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်ခြင်း၊ နိုင်လိုမင်းထက် ပြုခြင်းများ ခြိမ်ခြောက် ခြင်းတို့မှ ကင်းလွတ်စေရန်
  • ၃။ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်ခြားနိုင်ငံများမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန်
  • ၄။ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်
  • ၅။ အာဏာသုံး၍ ခြိမ်းခြောက်မှုများ မပြုလုပ်ရန်
  • ၆။ နိုင်ငံအချင်းချင်း ထိထိရောက်ရောက် ပူးပေါင်းကူညီဆောင်ရွက်ရန် တို့ဖြစ်ကြပါသည်။

အာဆီယံ၏ဆောင်ရွက်ချက်များ[ပြင်​ဆင်​ရန်​]

  1. ရင်းနှီးမြုပ်နှံမှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်မှုများ
  2. အာဆီယံဒေသတွင်း ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ
  3. အစားအစာ လယ်ယာနှင့်သစ်တောကဏ္ဍများဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
  4. ကုုန်စည်ရောင်းဝယ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
  5. ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
  6. စက်မှုကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
  7. လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ
  8. ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ
  9. အာဆီယံနိုင်ငံများအကြား သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းများ
  10. သတင်းနှင့်ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ
  11. ဆက်သွယ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ
  12. စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ
  13. ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းရပ်များ
  14. ဘဏ္ဍရေးလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ

အာဆီယံပူးပေါင်းဆောင်ရွက်ရေး အဆင့်(၃)ဆင့်[ပြင်​ဆင်​ရန်​]

အာဆီယံသည် ၄င်း၏ရည်ရွယ်ချက်အောင်မြင်စေရန် အဖွဲ့ဝင်နိုင်ငံများသည် ကဏ္ဍအသီးသီး ၌ပူးပေါင်း ဆောင်ရွက်လျှက်ရှိရာ အောက်ပါအတိုင်းအဆင့်(၃)ဆင့်ဖြင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိ ကြောင်းသိရှိရပါသည်-

  • တစ်ဦးနှင့်တစ်ဦးထိတွေ့ပြီး ယုံကြည်မှုတည်ဆောက်ခြင်း
  • အရေးအခင်းတစ်ခုဖြစ်ပေါ်မလာမီသံတမန်နည်းအရကြိုတင် ဝင်ရောက်ကာကွယ်ခြင်း
  • ပဋိပက္ခဖြစ်စေမည့်နည်းလမ်းများကို သတိပြုရှောင်ရှားဖြေရှင်းစေခြင်း

အာဆီယံဆွေးနွေးဘက်နိုင်ငံများ[ပြင်​ဆင်​ရန်​]

အာဆီယံဆွေးနွေးဘက်နိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • ဩစတြေးလျ
  • အိန္ဒိယ
  • ကနေဒါ
  • ဂျပန်
  • ရုရှား
  • တရုတ်
  • တောင်ကိုရီးယား
  • ဥရောပသမဂ္ဂ
  • နယူးဇီလန်
  • အမေရိကန်

အာဆီယံဆိုင်ရာ အစည်းအဝေးများ[ပြင်​ဆင်​ရန်​]

အာဆီယံ၏အဆင့်မြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းမှာ အာဆီယံထိပ်သီးအစည်းအဝေး ဖြစ်ပြီး (၁၉၆၇) ခုနှစ်မှစတင်ကျင်းပလာပြီး ၂၀၀၅ခုနှစ်အထိ (၁၁)ကြိမ်အထိကျင်းပ ပြုလုပ်ခဲ့ပြီး ဖြစ်ပါ သည်။ (၁၂)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ၂၀၀၆ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဖိလစ်ပိုင်နိုင်ငံ၊ စီဗူးမြို့၌ကျင်းပပြုလုပ်ပြီး ဖြစ်ပါသည်။ အာဆီယံ တွင်အောက်ဖော်ပြပါ အစည်းအဝေး များ ကိုကျင်းပပြုလုပ်လေ့ရှိပါသည်။

  • အာဆီယံထိပ်သီးအစည်းအဝေး
  • အာဆီယံထိပ်သီးအဆင့် အလွတ်သဘောအစည်းအဝေး
  • အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံများအစည်းအဝေး (အာဆီယံ+၃၊ အာဆီယံ+တရုတ်၊ အာဆီယံ+ဂျပန်၊ အာဆီယံ+တောင်ကိုရီးယား၊ အာဆီယံ+အိန္ဒိယ၊ အာဆီယံ+ဩစတြေးလျ၊ နယူးဇီလန်၊ အာဆီယံ+အမေရိကန်)
  • အာဆီယံ ဝန်ကြီးအဆင့် အစည်းအဝေး (နိုင်ငံခြားရေးဝန်ကြီးများ)
  • အာဆီယံ အမြဲတမ်းကော်မတီ အစည်းအဝေး (နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတစ်ခု နှင့် တစ်ခုအကြား မူဝါဒရေးရာကိစ္စများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း)
  • အာဆီယံ စီးပွားရေးဝန်ကြီးအဆင့် အစည်းအဝေး (အာဆီယံဒေသတွင်း စီးပွားရေးတိုးတက်မှု အခြေအနေ၊ အာဆီယံ စီးပွားရေး အသိုက်အဝန်း ဖြစ်ပေါ်ရေးဆိုင်ရာ ကိစ္စရပ်များ လွတ်လပ် သော ကုန်သွယ်မှု ဒေသဖြစ်ပေါ်ရေးနှင့် စပ်လျဉ်းသောကိစ္စများ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကိစ္စများနှင့် ဝန်ဆောင်မှုကုန်သွယ်ရေးကို ဆက်လက်အကောင်အထည်ဖော်ရေး ကိစ္စများ ဆွေးနွေးညှိနှိုင်းခြင်း)
  • အာဆီယံအဆင့်မြင့် အရာရှိကြီးများအစည်းအဝေး
  • အာဆီယံ ဒေသဆိုင်ရာ အစည်းအဝေး (အဖွဲ့ဝင် (၁၀)နိုင်ငံ၊ ဆွေးနွေးဘက် (၁၀)နိုင်ငံနှင့် လေ့လာသူ (၂)နိုင်ငံ၊ စုစုပေါင်း (၂၂)နိုင်ငံ တက်ရောက်ကြသဖြင့် အာဆီယံသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံများပါ တွေ့ဆုံရာ နိုင်ငံရေးနှင့်လုံခြုံရေးကိစ္စများကို ဆွေးနွေးနိုင်သည့် တစ်ခုတည်းသော စည်းမျဉ်းဖြစ်ပါသည်)

အာဆီယံ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူညီချက်များ[ပြင်​ဆင်​ရန်​]

အာဆီယံ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်သဘောတူညီချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • အာဆီယံဒေသအတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် မူဘောင် သဘောတူညီချက်
  • အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံ အချင်းချင်း အကျိုးတူ ခံစားခွင့်ရှိသော အကောက်အခွန် အခွင့်အရေးပေးသည့် အစီအစဉ်ဆိုင်ရာ သဘောတူညီချက်

ဗီယင်ကျန်း လုပ်ငန်းအစီအစဉ်[ပြင်​ဆင်​ရန်​]

(၁၀) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့ရာ ယင်းမှ ဗီယင်ကျန်းလုပ်ငန်း အစီ အစဉ် (VIENTIANE ACTION PROGRAMME- VIP) ကို အတည်ပြုခဲ့ပါသည်။

e-ASEAN[ပြင်​ဆင်​ရန်​]

အာဆီယံ၏ သတင်းအချက်အလက် နည်းပညာ (Information and Communication Technology -ICT) ယှဉ်ပြိုင်မှု ဖွံ့ဖြိုးရန်၊ အားဖြည့်ရန်နှင့် မြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်ပြီး၊ အဖွဲ့ဝင် နိုင်ငံများအကြား ICT ကွာဟမှု ကျဉ်းမြောင်းရန်၊ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် ICT ကုန်ပစ္စည်းများ ကုန်သွယ်မှု ဝန်ဆောင်မှု နှင့် ရင်းနှီးမြှုပ်နှံမှု များအပေါ် ကန့်သတ် ချက်များကို ဖြေလျော့မြှင်တင်ရေးအတွက် ဆောင်ရွက်ရန်တို့ဖြစ်ပါသည်။

ASEAN Investment Area-AIA[ပြင်​ဆင်​ရန်​]

အာဆီယံဒေသအတွင်း ပိုမိုလွတ်လပ်စွာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်သည့် ဒေသတစ်ခုအဖြစ် ထူထောင်ရန်ဖြစ်ပါသည်။

SEAN Chamber of Commerce and Industry- ASEAN CCI[ပြင်​ဆင်​ရန်​]

ASEAN CCI ကို ၁၉၇၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအား ကိုယ်စားလှယ်ပြုသည့် CCI များ ပါဝင်ကြကာ UMFCCI သည် ၁၄-၁၀-၁၉၉၇ တွင် ASEAN CCI အဖွဲ့ဝင်ဖြစ်လာပါသည်။

ဖိလစ်ပိုင်နိုင်ငံရှိ အမေရိကန်စစ်စခန်းများ တဖြည်းဖြည်းချင်း ပိတ်ပစ်ရတော့မည့်အခြေအနေများကြောင့် ဒေသဆိုင်ရာလုံခြုံရေးသဘောတူညီမှု တညီတညွတ်တည်းရှိရန် လိုအပ်လာတော့သည်။ ဖိလစ်ပိုင်ရှိ အမေရိကန်စစ်စခန်းများအနေဖြင့် ပစိဖိတ်ဒေသကာကွယ်ရေးအတွက် အဓိကကျသည့်နေရာမှ ပါဝင်နေရာ ဂျပန်၊ တောင်ကိုရီးယားအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၏ လုံခြုံရေးအတွက် အထောက် အကူပြုနေပေသည်။

ဖိလစ်ပိုင်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အမေရိကန်စစ်စခန်းများ ဆက်လက်ထားရှိရေးစာချုပ်သစ်အတွက် စေ့စပ်ညှိနှိုင်းလျက်ရှိရာ လျော်ကြေးပေးရမည့်ငွေပမာဏနှင့် စစ်စခန်းများ သက်တမ်းသတ်မှတ်ရေးနှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာ သဘောတူညီမှုမရရှိဘဲ သောင်မတင်ရေမကျဖြစ်နေခဲ့သည်။ အမေရိကန်စစ်စခန်းများ ဆက်လက်ထားရှိရေး၊ မထားရှိရေး ပြဿနာမှာ အာဆီယံ နိုင်ငံများနှင့်မသက်ဆိုင်ဘဲ ဖိလစ်ပိုင်နှင့်အမေရိကန်နှစ်နိုင်ငံ အကြား ဖြေရှင်းရမည့် ပြဿနာဖြစ်သည်ဟု အာဆီယံ နိုင်ငံများက ခံယူထားသည်။

၁၉၉၁ ခုနှစ်ဧပြီလအတွင်းက စင်ကာပူဝန်ကြီးချုပ် ဂိုချုပ်တောင်သည် ဖိလစ်ပိုင်နိုင်ငံသို့ အလည်အပတ် ရောက်ရှိ လာရာ ဒေသအတွင်းအမေရိကန် စစ်အင်အား လျှော့ချမှုနှင့် စပ်လျဉ်း၍ ၎င်း၏ သဘောထားအမြင်ကို တင်ပြခဲ့သည်။ ဖိလစ်ပိုင် သမ္မတအကီနိုနှင့် တွေ့ဆုံဆွေးနွေးရာတွင် ဖိလစ်ပိုင်နိုင်ငံ၌ အမေရိကန်စစ်အခြေစိုက် စခန်းများ ဆက်လက်တည်ရှိနေမှုကို ထောက်ခံကြောင်းပြောကြားခဲ့သည်။ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်သည် မတ်လ ၁ ရက်နေ့မှစ၍ အင်ဒိုနီးရှားနိုင်ငံသို့ အလည်အပတ် ရောက်ရှိခဲ့ရာတွင် အင်ဒိုနီးရှားသမ္မတ ဆူဟာတိုနှင့်တွေ့ဆုံပြီး အနောက်ဥရောပတွင်ရှိ စီးပွားရေးအုပ်စုများနှင့် ယှဉ်၍ တန်ပြန် လုပ်ဆောင်နိုင်စေရန်အတွက် အရှေ့အာရှစီးပွားရေးအုပ်စု ဖွဲ့စည်းရန်ကို ဆွေးနွေးခဲ့ပြီး မဟာသီယာက ယင်းစီးပွားရေး အုပ်စုကို ဖွဲ့စည်းရခြင်းမှာ နိုင်ငံတကာဈေးကွက်တွင် နောက်ထပ် လမ်းဖွင့်ပေးမှုများ ဖြစ်ပေါ်စေရန် အခြေခံအားဖြင့် ရည်ရွယ်သည်ဟု ပြောကြားသည်။ သမ္မတဆူဟာတိုက ယင်းအဆိုပြုချက်ကို အာဆီယံအဖွဲ့ဝင်ခြောက်နိုင်ငံက အပြန်အလှန်စိစစ်သုံးသပ်ရန်လိုအပ်သည်ဟု အလေးအနက်ထား ပြောကြားသည်။

မလေးရှားဝန်ကြီးချုပ် မဟာသီယာ တင်ပြခဲ့သည့် အရှေ့အာရှ စီးပွားရေးအုပ်စု ဖွဲ့စည်းရေးအဆိုနှင့်စပ်လျဉ်း၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အထက်တန်းအရာရှိကြီးများသည် မေလ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ကွာလာလမ်ပူမြို့၌ တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ၁၉၉ဝ ပြည့်နှစ် နှစ်ကုန်ပိုင်းက ဘရပ်ဆယ်မြို့တွင်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီမှုအသစ်ဆိုင်ရာ ဆွေးနွေးပွဲပျက်ပြားသွားပြီးနောက် မလေးရှားဝန်ကြီးချုပ် မဟာသီယာက အာဆီယံအဖွဲ့ဝင် နိုင်ငံများအပါအဝင် ဂျပန်၊ တရုတ် တောင်ကိုရီးယား၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် အခြားအာရှနိုင်ငံများသည် အရှေ့အာရှစီးပွားရေးအုပ်စု ဖွဲ့စည်းသင့်ကြောင်း အဆိုပြုခဲ့ခြင်းဖြစ်သည်။

ဤသို့ စီးပွားရေးအုပ်စုဖွဲ့စည်းခြင်းမှာ ကုန်သွယ်ရေးပိတ်ဆို့မှု သဘောမျိုး ပြုလုပ်ခြင်းမဟုတ်ဘဲ လွတ်လပ်သော ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများရှာဖွေကာ နိုင်ငံတကာကုန်သွယ်မှု စေ့စပ်ညှိနှိုင်းမှုများတွင် စီးပွားရေးအုပ်စု တွင်ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံငယ်ကလေးများအား တန်ပြန် ထိုးနျက်ချက် ပိုမိုရရှိစေရန်ဖြစ်သည်ဟု ဆိုသည်။ မလေးရှားနိုင်ငံ၏ စီးပွားရေးအုပ်စုဖွဲ့ရန် တင်ပြချက်မှာ ထောက်ခံမှုအပြည့်အဝမရရှိခဲ့ပေ။ ဤအာဆီယံနိုင်ငံများ အနေဖြင့် စီးပွားရေးအုပ်စု ဖွဲ့စည်းမည်ဆိုပါက ယင်းအဖွဲ့ကလက်ရှိအာဆီယံကို လွှမ်းမိုးသွားစေနိုင်ခြင်းနှင့် အာဆီယံက ပါဝင်ဆောင်ရွက်မည့် အာရှ·ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များနှင့် ပဋိပက္ခ ဖြစ်စေနိုင်ခြင်းတို့ကို မလိုလားချေ။ သို့ဖြစ်ရာ အရှေ့အာရှ စီးပွားရေးအုပ်စုဖွဲ့စည်းရန် ကိစ္စကို ဇူလိုင်လတွင်ကျင်းပမည့် အာဆီယံနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ၏ နှစ်ပတ်လည် အစည်းအဝေးတွင် တင်ပြ၍ စဉ်းစားဆုံးဖြတ်ရန် သဘော တူခဲ့သည်။

အထက်ပါအာဆီယံနိုင်ငံများမှ အထက်တန်းအရာရှိကြီးများ၏ အစည်းအဝေးတွင် သက်တမ်း ၁၂ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည့် ကမ္ဘောဒီးယား ပဋိပက္ခပြဿနာနှင့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပရန်ရှိသည့် ကမ္ဘာဒီးယားပြိုင်ဘက် အုပ်စုများ၏ ဆွေးနွေးပွဲကိစ္စကိုလည်းကောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးတက်စေရန်အတွက် အဆိုပြုထားပြီး ဖြစ်သည့် အာဆီယံ စီးပွားရေးစာချုပ်နှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဆိုဗီယက်နှင့် တရုတ်နိုင်ငံတို့အား အာဆီယံနှစ်ပတ်လည် အစည်းအဝေးသို့ဆွေးနွေးဖက်နိုင်ငံများအဖြစ် လက်ခံတက်ရောက်ခွင့်ပြုရန်ကိုလည်း ထောက်ခံခဲ့သည်။ ဥရောပဘုံဈေးအဖွဲ့ဝင်နိုင်ငံများ (အီးစီ) နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် မေလ ၃ဝ နှင့် ၃၁ ရက်နေ့များက လူဇင်ဘတ် မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ ခေတ်မမီတော့သည့် ၁၉၈ဝ ပြည့်နှစ် အီးစီ·အာဆီယံ သဘောတူစာချုပ်ကို အစားထိုးရန် အတွက် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အသစ်ကို ရေးဆွဲရန် အီးစီအဖွဲ့က အဆိုပြုခဲ့သည်။

၁၉၈ဝ ပြည့်နှစ် ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စာချုပ်ဟောင်းမှာ ကမ္ဘာ့ကုန်သွယ်ရေးတွင် လက်ရှိဖြစ်ပေါ်တိုးတက်လျက်ရှိသည့် အခြေအနေများနှင့် ကိုက်ညီမှုမရှိတော့ရုံမျှမက အီးစီနှင့်အာဆီယံအကြား စီးပွားရေးဆက်ဆံမှုများကိုလည်း ကိုယ်စားပြုခြင်းမရှိတော့ဟု ဆိုသည်။

အီးစီနှင့် အာဆီယံအကြား အပြန်အလှန်ကုန်သွယ်မှုမှာ ၁၉၈ဝ ပြည့်နှစ်နောက်ပိုင်း တစ်နှစ်လျှင် ၃၅ ဘီလီယံကျော် ရှိခဲ့သည်။ အီးစီသည် အာဆီယံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သည်။ ၁၉၈၃ ခုနှစ်နှင့် ၁၉၈၉ ခုနှစ်အတွင်း အီးစီက အာဆီယံမှ ကုန်တင်သွင်းမှုမှာ ၉၂ ရာခိုင်နှုန်း မြင့်တက်သွားပြီး အီးစီမှ အာဆီယံသို့ ကုန်တင်ပို့မှုမှာ ၅၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ သို့ရာတွင် ကြာသေးမီကာလအတွင်း အရှေ့တောင်အာရှ ဖွံ့ဖြိုးစနိုင်ငံများတွင်အီးစီ၏ ရင်းနှီးမြုပ်နှံမှုမှာ ဂျပန်နှင့်အမေရိကန်တို့ နောက်သို့ ရောက်သွားပြီး တတိယနေရာမှ လိုက်နေသဖြင့် ဤသို့ ရင်းနှီးမြုပ်နှံမှုကို အီးစီက အားမပေးခြင်းအတွက် အာဆီယံက ပြစ်တင်ဝေဖန်ခဲ့သည်။

ယခုရေးဆွဲမည့် ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မည့် စာချုပ်သစ်တွင် ရင်းနှီးမြုပ်နှံမှု၊သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုအလေးပေးထားပြီး အီးစီ၏ဖွံ့ဖြိုးမှုအကူအညီအပေါ် အလေးပေးမှု ကို လျှော့ချထားသည်။ ၁၉၉၃ ခုနှစ် အရောက်တွင်တစ်ခုတည်းသော ဈေးကွက်ဖြစ်လာသည့်အခါ အီးစီအနေဖြင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို ကျင့်သုံးသွားလိမ့်မည်ဟု အာဆီယံ၏စိုးရိမ်ပူပန်မှုများကိုလည်း အီးစီ ကိုယ်စားလှယ်များက ချေဖျက်ခဲ့သည်။ ဤအာဆီယံနိုင်ငံခြားရေးဝန်ကြီးများ နှစ်ပတ်လည်အစည်းအဝေးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ဇူလိုင်လ ၁၉ ရက်မှ ၂ဝ ရက်နေ့အထိ ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးပွဲအပြီး ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၄ရက်နေ့အထိ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံနှင့်ဆွေးနွေးဘက်နိုင်ငံများဖြစ်ကြသည့် အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ကနေဒါ၊ ဥရောပဘုံဈေးအဖွဲ့၊ သြစတေးလျ၊ နယူးဇီလန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၏ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့သည်။

ယခုနှစ်အာဆီယံနှစ်ပတ်လည် အစည်းအဝေးတွင် ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျန်ကျိချင်နှင့် ဆိုဗီယက် ဒုတိယဝန်ကြီးချုပ် ယူရီမာဆလီယူကော့ဗ် တို့သည် မလေးရှားအစိုးရ၏ ဧည့်သည်များအဖြစ် တက်ရောက်ခဲ့သည်။ ၎င်းတို့နှစ်ဦးသည် အာဆီယံဝန်ကြီးများနှင့် သီးခြားစီတွေ့ဆုံပြီး အနာဂတ်တွင်အာဆီယံနှင့် ဆက်ဆံမည့် နှစ်နိုင်ငံ ဆက်ဆံရေးပုံစံနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ အာဆီယံမှ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ရေနံ ပေါကြွယ်ဝသော ဘရူနိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၊ ဆိုဗီယက်နိုင်ငံတို့နှင့် လည်းကောင်း၊ အခြားမည်သည့် ကွန်မြူနစ်အစိုးရနှင့် လည်းကောင်း၊ သံတမန် ဆက်သွယ်မှုမရှိပေ။ သို့ရာတွင် တရုတ်၊ ဆိုဗီယက်နိုင်ငံတို့နှင့် သံတမန်ဆက်ဆံရေး ထူထောင်မည် ဖြစ်ကြောင်း ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

အာဆီယံနှစ်ပတ်လည်အစည်းအဝေး စတင်ကျင်းပသည့်နေ့တွင် ထုတ်ပြန်ကြေငြာချက်တစ်ရပ်၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ကမ္ဘောဒီးယားစင်ပြိုင်အုပ်စုများ၏ ပီကင်းတွင်ကျင်းပခဲ့သော အစည်းအဝေး ရလာဒ်ကောင်းများကြောင့် အားရဝမ်းသာဖြစ်မိကြောင်းနှင့် မင်းသားကြီး သီဟာနုအား အဖွဲ့ဝင် ၁၂ ဦးပါဝင်သော ကမ္ဘောဒီးယားအမျိုးသား ဦးစီးကောင်စီ (အက်စ်အင်စီ)၏ ဥက္ကဋ္ဌအဖြစ် တညီတညွှတ်တည်း ရွေးချယ်တင်မြှောက်လိုက်ခြင်းအတွက် အထူးနှစ်ထောင်းအားရ ဝမ်းသာမိကြောင်း ဖော်ပြသည်။ ထို့ပြင် အစည်းအဝေးအပြီးတွင် ထုတ်ပြန်သည့် ကြေငြာချက်တစ်ရပ်၌ ယခုရာစုနှစ် ကုန်ဆုံးချိန်တွင် အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးဒေသထူထောင်ရန် ထိုင်းနိုင်ငံ၏ အဆိုပြုချက်ကို ထောက်ခံကြောင်း၊ အာဆီယံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုလေ့လာချက် စာတမ်းတစ်ရပ်ကို ၁၉၉၂ ခုနှစ် ဇန်နဝါရီလတွင် စင်ကာပူ၌ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့တင်သွင်းမည် ဖြစ်ကြောင်း၊ အရှေ့အာရှစီးပွားရေးအုပ်စု ထူထောင်ရေးကို ဒုတိယအကြိမ်ဆွေးနွေးပြီး အစီရင်ခံစာကို အောက်တိုဘာလတွင် ကွာလာလမ်ပူမြို့၌ ကျင်းပမည့် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တင်သွင်းမည်ဖြစ်ကြောင်း၊ ၁၂ နှစ်ကြာ ကမ္ဘောဒီးယားပြဿနာနှင့် ပတ်သက်သည့် သဘောတူညီချက်နှင့် ဖနွမ်းပင်နှင့်ပြောက်ကျားသုံးအုပ်စုတို့ ပါဝင်သော အမျိုးသားဦးစီးကောင်စီ ထူထောင်ခြင်းကို အာဆီယံဝန်ကြီးများက ကြိုဆိုကြောင်း အစရှိသဖြင့် ဖော်ပြထားသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)