၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေး၌ ကျဆုံးသွားသူများ စာရင်း
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံ အာဏာသိမ်းခံရသည့်အတွက် မခံမရပ်နိုင်သော လူထုမှ မြန်မာ့နွေဦးတော်လှန်ရေးအမည်ဖြင့် ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်းများ ပြုလုပ်လျက် ရှိကြသည်။ ဆန္ဒပြပွဲများတွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခြင်းများ၊ ထိုင်သပိတ်ပြုလုပ်ခြင်းများစွာ ပါဝင်သော်လည်း အာဏာပိုင်များဘက်က နှိမ်နင်းမှုများကြောင့် မတ်လ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် ၅၁၀ ဦးခန့် သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်သည်။ [၁] လွတ်လပ်သောသတင်းမီဒီယာများက သတင်းရယူရန်ခက်ခဲသောကြောင့်လည်းကောင်း မြန်မာနိုင်ငံတွင် မိုဘိုင်းလ်အင်တာနက်များပိတ်ပင်ခံထားရမှုကြောင့်လည်းကောင်း တော်လှန်ရေး၌ ကျဆုံးသူ (သို့) သေဆုံးသူ ဦးရေကို ထုတ်ပြန်ရာ၌ သတင်းအဖွဲ့များတွင် တစ်ခုနှင့်တစ်ခု ကွဲလွဲနိုင်ပေသည်။ ဤဆောင်းပါးတွင် ကျဆုံးသူစာရင်းပါပုဂ္ဂိုလ်များ၏ နာမည်များကို နေ့ရက်၊ ကျဆုံးရာနေရာများနှင့်တကွ ဖော်ပြထားသည်။

ကျဆုံးသွားခဲ့သူများ စာရင်း
[ပြင်ဆင်ရန်]| စဉ် | ရက်စွဲ | နာမည် | ကျဆုံးသည့်နေရာ | မှတ်ချက် |
|---|---|---|---|---|
| ၁ | ဖေဖော်ဝါရီ ၈ ရက် | ကိုဦး (ခ) နပွား | မန္တလေးမြို့ | |
| ၂ | ဖေဖော်ဝါရီ ၈ ရက် | တူးအောင် (ခ) မာတူး | မန္တလေးမြို့ | |
| ၃ | ဖေဖော်ဝါရီ ၁၆ ရက် | နေနေဝင်းထက် | မြိတ် | |
| ၄ | ဖေဖော်ဝါရီ ၁၉ ရက် | မြသွဲ့သွဲခိုင် | နေပြည်တော် | |
| ၅ | ဖေဖော်ဝါရီ ၂၀ ရက် | တင်ထွဋ်ဟိန်း | ရွှေပြည်သာ | |
| ၆ | ဖေဖော်ဝါရီ ၂၀ ရက် | ဝေယံထွန်း | မန္တလေးမြို့ | |
| ၇ | ဖေဖော်ဝါရီ ၂၀ ရက် | ကြည်စိုး | မန္တလေးမြို့ | |
| ၈ | ဖေဖော်ဝါရီ ၂၀ ရက် | သက်နောင်ဝင်း (ခ) ကိုမင်းမင်း | မန္တလေးမြို့ | |
| ၉ | ဖေဖော်ဝါရီ ၂၄ ရက် | ရာဇာအောင် | မန္တလေးမြို့ | |
| ၁၀ | ဖေဖော်ဝါရီ ၂၈ ရက် | တင်နွဲ့ရီ | ကြည့်မြင်တိုင် | |
| ၁၁ | ဖေဖော်ဝါရီ ၂၈ ရက် | ညီညီအောင်ထက်နိုင် | လှည်းတန်း၊ ကမာရွတ် | |
| ၁၂ | ဖေဖော်ဝါရီ ၂၈ ရက် | ဇင်လင်းထက် | လှည်းတန်း၊ ကမာရွတ် | |
| ၁၃ | ဖေဖော်ဝါရီ ၂၈ ရက် | ဟိန်းထွဋ်အောင် | သင်္ဃန်းကျွန်း | |
| ၁၄ | ဖေဖော်ဝါရီ ၂၈ ရက် | နေမျိုးဦး (ခ) နေလင်းအောင် | ပခုက္ကူ | |
| ၁၅ | ဖေဖော်ဝါရီ ၂၈ ရက် | ရမ္မာဇန်ဘီ (ခ) ဒေစီ (ခ) အပု | မန္တလေးမြို့ | |
| ၁၆ | ဖေဖော်ဝါရီ ၂၈ ရက် | မောင်မောင်ဦး | မန္တလေးမြို့ | |
| ၁၇ | ဖေဖော်ဝါရီ ၂၈ ရက် | ကျော်ထက်ခေါင် | မန္တလေးမြို့ | |
| ၁၈ | ဖေဖော်ဝါရီ ၂၈ ရက် | စည်သူစိုး (ခ) ကိုစိုး | ပဲခူး | |
| ၁၉ | ဖေဖော်ဝါရီ ၂၈ ရက် | ကြည်လှိုင်မင်း (ခ) ခေါင်းကြီး | ပဲခူး | |
| ၂၀ | ဖေဖော်ဝါရီ ၂၈ ရက် | ဇင်မျိုးသူ (ခ) ရှရစ်ဘိုင် | မော်လမြိုင် | |
| ၂၁ | ဖေဖော်ဝါရီ ၂၈ ရက် | ဖေသန်း (ခ) နော်ငို | ထားဝယ် | |
| ၂၂ | ဖေဖော်ဝါရီ ၂၈ ရက် | လွင်လွင်ဦး | ထားဝယ် | |
| ၂၃ | ဖေဖော်ဝါရီ ၂၈ ရက် | ဗညားအောင် | ထားဝယ် | |
| ၂၅ | မတ်လ ၂ ရက် | သီဟဇော် (ခ) နောင်နောင် | တောင်တွင်းကြီး | |
| ၂၆ | မတ်လ ၃ ရက် | ဇင်ကိုကိုဇော် | မြင်းခြံ | |
| ၂၇ | မတ်လ ၃ ရက် | မျိုးနိုင်လင်း (ခ) ဖိုးလင် | ချမ်းအေးသာဇံ၊ မန္တလေး | |
| ၂၈ | မတ်လ ၃ ရက် | ကြယ်စင် (ခ) တိန့်ကျားရှီး | ချမ်းအေးသာဇံ၊ မန္တလေး | |
| ၂၉ | မတ်လ ၃ ရက် | နေမျိုးအောင် (ခ) ကုလား | ပြည်ကြီးတံခွန်၊ မန္တလေး | |
| ၃၀ | မတ်လ ၃ ရက် | မြင့်မြင့်ဇင် | မုံရွာ | စာရေးဆရာမ ကြည်လင်အေး |
| ၃၂ | မတ်လ ၃ ရက် | ကျော့နန္ဒာအောင် | မုံရွာ | |
| ၃၃ | မတ်လ ၃ ရက် | မင်းခန့်ကျော် (ခ) ဖိုးသဲ | မုံရွာ | |
| ၃၅ | မတ်လ ၃ ရက် | နိုင်ဝင်း | မုံရွာ | |
| ၃၆ | မတ်လ ၃ ရက် | ချမ်းသာဆွေ | မုံရွာ | ကဗျာဆရာ ကေဇဝင်း |
| ၃၇ | မတ်လ ၃ ရက် | ဝေယံ (ခ) ကံချွန် | မုံရွာ | |
| ၃၈ | မတ်လ ၃ ရက် | ဇင်မျိုးမောင် | ကလေး | |
| ၃၉ | မတ်လ ၃ ရက် | ထက်ဝေထူး | မော်လမြိုင် | |
| ၄၀ | မတ်လ ၃ ရက် | အောင်မြင့်မြတ် | စလင်း | |
| ၄၁ | မတ်လ ၃ ရက် | ထက်အောင် | မြောက်ဥက္ကလာပ၊ ရန်ကုန် | |
| ၄၂ | မတ်လ ၃ ရက် | မင်းဦး | မြောက်ဥက္ကလာပ၊ ရန်ကုန် | |
| ၄၃ | မတ်လ ၃ ရက် | ဇွဲထက်စိုး | မြောက်ဥက္ကလာပ၊ ရန်ကုန် | |
| ၄၄ | မတ်လ ၃ ရက် | ရာဇာမင်း | မြောက်ဥက္ကလာပ၊ ရန်ကုန် | |
| ၄၅ | မတ်လ ၃ ရက် | ဖိုးချစ် | မြောက်ဥက္ကလာပ၊ ရန်ကုန် | |
| ၄၆ | မတ်လ ၃ ရက် | အာကာမိုး | မြောက်ဥက္ကလာပ၊ ရန်ကုန် | |
| ၄၇ | မတ်လ ၄ ရက် | စည်သူရှိန် (ခ) မြတ်သူရှိန် | မြောက်ဥက္ကလာပ၊ ရန်ကုန် | |
| ၄၈ | မတ်လ ၄ ရက် | ထွန်းမောင် | မြောက်ဥက္ကလာပ၊ ရန်ကုန် | |
| ၄၉ | မတ်လ ၅ ရက် | ဇော်မျိုး | ချမ်းမြေ့သာစည်၊ မန္တလေး | |
| ၅၀ | မတ်လ ၅ ရက် | နိုင်မင်းကို | ချမ်းအေးသာဇံ၊ မန္တလေး | |
| ၅၁ | မတ်လ ၅ ရက် | သိန်းလွင် | မူဆယ် | |
| ၅၂ | မတ်လ ၆ ရက် | ဝေယံမောင်မောင် (ခ) မန်ဆွမ်းခိုင် | မြောက်ဥက္ကလာပ၊ ရန်ကုန် | |
| ၅၃ | မတ်လ ၇ ရက် | ခင်မောင်လတ် (ခ) မုဟမ္မဒ်ရိုရှန် | ပန်းဘဲတန်း၊ ရန်ကုန် | |
| ၅၅ | မတ်လ ၈ ရက် | ကိုကိုလေး (ခ) ချိုတား | မြစ်ကြီးနား | |
| ၅၆ | မတ်လ ၈ ရက် | ဇင်မင်းထက် (ခ) ဖိုးလုံး | မြစ်ကြီးနား | |
| ၅၇ | မတ်လ ၈ ရက် | သီဟဦး | ဖျာပုံ | |
| ၅၈ | မတ်လ ၉ ရက် | ဇော်မြတ်လင်း | ရွှေပြည်သာ၊ ရန်ကုန် | |
| ၅၉ | မတ်လ ၁၁ ရက် | အောင်ဆန်းဦး (ခ) ချစ်စမ်းအောင် | မုံရွာ | |
| ၆၀ | မတ်လ ၁၁ ရက် | ထူးအောင်ကျော် | မြင်းခြံ၊ မန္တလေး | |
| ၆၁ | မတ်လ ၁၁ ရက် | ချစ်မင်းသူ | မြောက်ဒဂုံ၊ ရန်ကုန် | |
| ၆၂ | မတ်လ ၁၁ ရက် | လင်းထက် | ချမ်းအေးသာဇံ၊ မန္တလေး | |
| ၆၃ | မတ်လ ၁၁ ရက် | ဇော်အောင်လေး (ခ) ရွှေအ | ပဲခူး | |
| ၆၅ | မတ်လ ၁၁ ရက် | ကြည်ဖြိုးဝေ | မြိုင် | |
| ၆၆ | မတ်လ ၁၁ ရက် | ဉာဏ်ဝင်း | မြိုင် | |
| ၆၇ | မတ်လ ၁၁ ရက် | သက်ဇော်ဦး | မြိုင် | |
| ၆၈ | မတ်လ ၁၁ ရက် | တိုက်ပေါ် | မြိုင် | အတည်ပြုနေဆဲ |
| ၆၉ | မတ်လ ၁၁ ရက် | သိန်းဇော် | မြိုင် | |
| ၇၀ | မတ်လ ၁၁ ရက် | သိုက်စိုး | မြိုင် | |
| ၇၁ | မတ်လ ၁၂ ရက် | အောင်သန်း | သာကေတ | |
| ၇၂ | မတ်လ ၁၂ ရက် | စည်သူ | သာကေတ | |
| ၇၃ | မတ်လ ၁၂ ရက် | ကျော်ဇင်လတ် | မင်္ဂလာဒုံ | |
| ၇၄ | မတ်လ ၁၂ ရက် | ဇော်မင်းထွန်း | မင်္ဂလာဒုံ | |
| ၇၅ | မတ်လ ၁၂ ရက် | ဇော်ဇော်မိုး | မြောက်ဥက္ကလာပ၊ ရန်ကုန် | |
| ၇၆ | မတ်လ ၁၃ ရက် | ဝင်းဖြိုးအောင် | ချောက်မြို့ | |
| ၇၇ | မတ်လ ၁၃ ရက် | ထူးမွန်နိုင် | ရန်ကုန်မြို့ | |
| ၇၈ | မတ်လ ၁၃ ရက် | ထက်မြတ်အောင် | ပြည်မြို့ | |
| ၇၉ | မတ်လ ၁၃ ရက် | အောင်ပိုင်ဦး | လှိုင် | |
| ၈၀ | မတ်လ ၁၃ ရက် | ထွန်းလင်းအောင် | တွံတေး | |
| ၈၁ | မတ်လ ၁၃ ရက် | ဟန်မင်းထွန်း | တွံတေး | |
| ၈၂ | မတ်လ ၁၃ ရက် | ကေသီ | စိန်ပန်း | |
| ၈၃ | မတ်လ ၁၃ ရက် | မျိုးသန့်စိုး | စိန်ပန်း | |
| ၈၄ | မတ်လ ၁၃ ရက် | စောရန်နိုင် | စိန်ပန်း | |
| ၈၅ | မတ်လ ၁၃ ရက် | ဝင်းဌေး | စိန်ပန်း | |
| ၈၆ | မတ်လ ၁၃ ရက် | စောပြည့်နိုင် | စိန်ပန်း | |
| ၈၇ | မတ်လ ၁၃ ရက် | မင်းမင်းထွန်း | စိန်ပန်း | |
| ၈၈ | မတ်လ ၁၄ ရက် | ပြုံးပြုံး | စိန်ပန်း | |
| ၈၉ | မတ်လ ၁၉ ရက် | ရဲဆွေဦး | စိန်ပန်း | |
| ၉၀ | မတ်လ ၁၄ ရက် | လင်းလင်းကျော် | သင်္ကန်းကျွန်း | |
| ၉၁ | မတ်လ ၁၄ ရက် | ထက်ဝေယံဟိန်း | ပြည် | |
| ၉၂ | မတ်လ ၁၄ ရက် | ခန့်အောင်ဖြိုး | တောင်ဥက္ကလာပ | |
| ၉၂ | မတ်လ ၁၄ ရက် | ကျော်လင်းထိုက် | ဖားကန့် | |
| ၉၃ | မတ်လ ၁၄ ရက် | မောင်ပိုင် | တွံတေး | |
| ၉၄ | မတ်လ ၁၄ ရက် | လှမင်းသူ | တွံတေး | |
| ၉၅ | မတ်လ ၁၄ ရက် | ထက်နိုင်ရှိန်း | ပဲခူး | |
| ၉၆ | မတ်လ ၁၄ ရက် | လှမင်းဦး | သင်္ကန်းကျွန်း | |
| ၉၇ | မတ်လ ၁၄ ရက် | ကျော်မင်းသူ | သင်္ကန်းကျွန်း | |
| ၉၈ | မတ်လ ၁၄ ရက် | မျိုးမင်းထွန်း | သင်္ကန်းကျွန်း | |
| ၉၉ | မတ်လ ၁၄ ရက် | ရဲထွဋ်အောင် | သင်္ကန်းကျွန်း | |
| ၁၀၀ | မတ်လ ၁၄ ရက် | ရှယ်ရီဝင်း | မန္တလေးမြို့ | |
| ၁၀၁ | မတ်လ ၁၄ ရက် | ဝင်းနိုင် | သင်္ကန်းကျွန်း | |
| ၁၀၂ | မတ်လ ၁၄ ရက် | မင်းဝေယံမောက် | ကြည့်မြင်တိုင် | |
| ၁၀၃ | မတ်လ ၁၄ ရက် | စန်းဒီမား | ပဲခူး | |
| ၁၀၄ | မတ်လ ၁၄ ရက် | ခန့်ညားဟိန်း | ရန်ကုန် | |
| ၁၀၅ | မတ်လ ၁၄ ရက် | ကျော်ဇေယျာထွန်း | ရွှေပြည်သာ | |
| ၁၀၆ | မတ်လ ၁၄ ရက် | မောင် | လှိုင်သာယာ | |
| ၁၀၇ | မတ်လ ၁၄ ရက် | ဝေဖြိုးအောင် | လှိုင်သာယာ | |
| ၁၀၈ | မတ်လ ၁၄ ရက် | ဝေဖြိုး | လှိုင်သာယာ | |
| ၁၀၉ | မတ်လ ၁၄ ရက် | မင်းခန့်စိုး | သင်္ကန်းကျွန်း | |
| ၁၁၀ | မတ်လ ၁၄ ရက် | ဟိန်းထက်ထွေး | သင်္ကန်းကျွန်း | |
| ၁၁၁ | မတ်လ ၁၄ ရက် | ကျော်လင်းခိုင် | သင်္ကန်းကျွန်း | |
| ၁၁၂ | မတ်လ ၁၄ ရက် | လှိုင်းဂျက်မောင် | ရွှေပြည်သာ | |
| ၁၁၃ | မတ်လ ၁၄ ရက် | ကျော်ကျော်ဝင်း | လှိုင်သာယာ | |
| ၁၁၄ | မတ်လ ၁၄ ရက် | ဇူးဝင့်ဝါ | ရန်ကုန်မြို့ | |
| ၁၁၅ | မတ်လ ၁၄ ရက် | ဟန်ထက်အောင် | မြောက်ဥက္ကလာပ | |
| ၁၁၆ | မတ်လ ၁၅ ရက် | မုဟမ္မဒ်ယူစွဖ် | အောင်လံ | |
| ၁၁၇ | မတ်လ ၁၅ ရက် | ပန်းမြတ်ချယ် | မြင်းခြံ၊ မန္တလေး | |
| ၁၁၈ | မတ်လ ၁၅ ရက် | မောင်ဇော် | မုံရွာမြို့၊ စစ်ကိုင်း | |
| ၁၁၉ | မတ်လ ၁၅ ရက် | ဂွမ်ကြီး | မြိတ်၊ တနင်္သာရီ | |
| ၁၂၀ | မတ်လ ၁၅ ရက် | ကျော်သူဝင်း | ပဲခူး၊ ပဲခူးတိုင်း | |
| ၁၂၁ | မတ်လ ၁၅ ရက် | သူရနိုင် | ပဲခူး၊ ပဲခူးတိုင်း | |
| ၁၂၃ | မတ်လ ၁၅ ရက် | သူရကျော် | ပဲခူး၊ ပဲခူးတိုင်း | |
| ၁၂၄ | မတ်လ ၁၅ ရက် | မင်းမင်းဌေး (ခ) နန်းကို | မကွေး၊ မကွေးတိုင်း | |
| ၁၂၅ | မတ်လ ၁၅ ရက် | ကျော်ခင် | မကွေး၊ မကွေးတိုင်း | |
| ၁၂၆ | မတ်လ ၁၅ ရက် | ဝေဖြိုးသိန်း (အမည်စိစစ်ဆဲ) | ချမ်းမြသာစည်၊ မန္တလေး | |
| ၁၂၇ | မတ်လ ၁၅ ရက် | မြမွှေး | ချမ်းမြသာစည်၊ မန္တလေး | |
| ၁၂၈ | မတ်လ ၁၅ ရက် | သန်းထိုက်ဦး | ချမ်းမြသာစည်၊ မန္တလေး | |
| ၁၂၉ | မတ်လ ၁၅ ရက် | ကောင်းမြတ်ဟိန်း (ခ) ဘိုကောင်း | ပဲခူး၊ ပဲခူးတိုင်း | |
| ၁၃၀ | မတ်လ ၁၅ ရက် | သက်နိုင်အောင် | မဟာအောင်မြေ၊ မန္တလေး | |
| ၁၃၁ | မတ်လ ၁၅ ရက် | ရန်မျိုးအောင် (ခ)ဉာဏ်ကြွယ် | မြင်းခြံ၊ မန္တလေး | |
| ၁၃၂ | မတ်လ ၁၅ ရက် | လှစိုး | မြင်းခြံ၊ မန္တလေး | |
| ၁၃၃ | မတ်လ ၁၅ ရက် | ရတနာထွန်း (ခ) ဆိုမိုင်ယာ | မြင်းခြံ၊ မန္တလေး | |
| ၁၃၄ | မတ်လ ၁၅ ရက် | အောင်ကျော်ဇော | မြင်းခြံ၊ မန္တလေး | |
| ၁၃၅ | မတ်လ ၁၅ ရက် | တင်ထွန်းအောင် | မြင်းခြံ၊ မန္တလေး | |
| ၁၃၆ | မတ်လ ၁၅ ရက် | အောင်မျိုးဇော် | မြင်းခြံ၊ မန္တလေး | |
| ၁၃၇ | မတ်လ ၁၅ ရက် | မျိုးမင်း (အမည်စိစစ်ဆဲ) | သပိတ်ကျင်း၊ စဉ့်ကူး | |
| ၁၃၈ | မတ်လ ၁၅ ရက် | ရဲမျိုးအောင် | သပိတ်ကျင်း၊ စဉ့်ကူး | |
| ၁၃၉ | မတ်လ ၁၅ ရက် | ကောင်းမြတ်ဟိန်း | မဟာအောင်မြေ | |
| ၁၄၀ | မတ်လ ၁၅ ရက် | သီတာအေး (ခ) မီးမီး | သပိတ်ကျင်း၊ စဉ့်ကူး | |
| ၁၄၁ | မတ်လ ၁၅ ရက် | ကျော်ကျော်ဝင်း (ခ) သူရိန် | လှိုင်သာယာ | |
| ၁၄၂ | မတ်လ ၁၅ ရက် | ပလတ်စတစ်ကောက်သမားလေး | လှိုင်သာယာ | |
| ၁၄၃ | မတ်လ ၁၅ ရက် | ထွန်းထွန်းနိုင် | လှိုင်သာယာ | |
| ၁၄၄ | မတ်လ ၁၅ ရက် | အောင်ဖြိုးထက် | ဒဂုံဆိပ်ကမ်း | |
| ၁၄၅ | မတ်လ ၁၅ ရက် | ခန့်အောင်ဖြိုး | ဒဂုံဆိပ်ကမ်း | |
| ၁၄၆ | မတ်လ ၁၅ ရက် | နန္ဒဖြိုး | ဒဂုံဆိပ်ကမ်း | |
| ၁၄၇ | မတ်လ ၁၅ ရက် | ကျော်ကျော်အောင် | ဒေါပုံ | |
| ၁၄၈ | မတ်လ ၁၅ ရက် | ကျော်သီဟအေး | ရန်ကုန် | |
| ၁၄၉ | မတ်လ ၁၆ ရက် | ကျော်မင်းထွန်း | ကောလင်း | |
| ၁၅၀ | မတ်လ ၁၆ ရက် | ကျော်ခိုင် | ချောင်းဦး | |
| ၁၅၁ | မတ်လ ၁၆ ရက် | ထွန်းမြတ်လင်း | ဘုတ်ပြင်း | |
| ၁၅၂ | မတ်လ ၁၆ ရက် | ကိုဇော်မင်းဦး (ခ) မာမွတ်ဘိုင် | ချမ်းမြသာစည် | |
| ၁၅၃ | မတ်လ ၁၆ ရက် | တောက်ထွန်း | မော်လမြိုင် | |
| ၁၅၄ | မတ်လ ၁၆ ရက် | မြဝင်း | လှိုင်သာယာ | |
| ၁၅၅ | မတ်လ ၁၆ ရက် | စည်သူအောင် | တောင်ဒဂုံ | |
| ၁၅၆ | မတ်လ ၁၇ ရက် | ဆလိုင်းကျုံးလျန်ကျဲအို | ကလေး | |
| ၁၅၇ | မတ်လ ၁၇ ရက် | ကျင့်ခန်မာန် | ကလေး | |
| ၁၅၈ | မတ်လ ၁၇ ရက် | တာန်ဒိုဆွမ်းကိမ်း | ကလေး | |
| ၁၅၉ | မတ်လ ၁၇ ရက် | ကျော်မြင့်ဝင်း | ကလေး | |
| ၁၆၀ | မတ်လ ၁၇ ရက် | အောင်မင်းထွန်း | မြောက်ဒဂုံ | |
| ၁၆၁ | မတ်လ ၁၇ ရက် | ကိုဖြိုးကျော်သူ (ခ) မုဟမ္မဒ်ဆွာလေဟ် | မင်္ဂလာတောင်ညွန့် | |
| ၁၆၂ | မတ်လ ၁၇ ရက် | မိုက်ကယ် | လှိုင် | |
| ၁၆၃ | မတ်လ ၁၇ ရက် | အေးကျော် | တောင်ဥက္ကလာပ | |
| ၁၆၄ | မတ်လ ၁၈ ရက် | ထွန်းထက်အောင် (ခ) ဖိုးငယ် | မုံရွာ | |
| ၁၆၅ | မတ်လ ၁၈ ရက် | အေးအေးခိုင် (ခ) ရိုဇာဘီ | မြောက်ဥက္ကလာပ | |
| ၁၆၆ | မတ်လ ၁၈ ရက် | သီဟဖြိုး | အောင်မြေသာဇံ၊ မန္တလေး | |
| ၁၆၇ | မတ်လ ၁၉ ရက် | စိုးသူ | မဟာအောင်မြေ | |
| ၁၆၈ | မတ်လ ၁၉ ရက် | အောင်ကိုကိုခန့် | မြင်းခြံမြို့ | |
| ၁၆၉ | မတ်လ ၁၉ ရက် | ရွှေဥ (ခ) စန်းပု (ခ) ခန့်အောင် | လွိုင်ကော် | |
| ၁၇၀ | မတ်လ ၁၉ ရက် | နိုင်လင်းအောင် | မိုးကုတ် | |
| ၁၇၁ | မတ်လ ၁၉ ရက် | မျိုးလေး | တောင်ဒဂုံ | |
| ၁၇၂ | မတ်လ ၁၉ ရက် | ဇော်အောင် | ပေါင်မြို့ | |
| ၁၇၁ | မတ်လ ၁၉ ရက် | မာလာဝင်း (ခ) မျိုးလွင် | ပခုက္ကူမြို့ | |
| ၁၇၂ | မတ်လ ၁၉ ရက် | မျိုးမြင့်အောင် | လှိုင် | |
| ၁၇၃ | မတ်လ ၁၉ ရက် | ခွန်ကျော်စွာလင်း | လှိုင် | |
| ၁၇၄ | မတ်လ ၁၉ ရက် | ကျော်သူဝင်း | အောင်ပန်း | |
| ၁၇၅ | မတ်လ ၁၉ ရက် | ဇော်မြတ်ကို (ခ)ဖိုးဇော် | အောင်ပန်း | |
| ၁၇၆ | မတ်လ ၁၉ ရက် | ချမ်းလေး (အမည်စိစစ်ဆဲ) | အောင်ပန်း | |
| ၁၇၇ | မတ်လ ၁၉ ရက် | မြတ်စိုး | အောင်ပန်း | |
| ၁၇၈ | မတ်လ ၁၉ ရက် | ဖိုးသားအို (အမည်စိစစ်ဆဲ) | အောင်ပန်း | |
| ၁၇၉ | မတ်လ ၁၉ ရက် | ရဲထက် (အမည်စိစစ်ဆဲ) | အောင်ပန်း | |
| ၁၈၀ | မတ်လ ၁၉ ရက် | အသေးလေး (အမည်စိစစ်ဆဲ) | အောင်ပန်း | |
| ၁၈၁ | မတ်လ ၁၉ ရက် | မင်းမင်းဦး | မန္တလေး | |
| ၁၈၂ | မတ်လ ၂၀ ရက် | သက်ပိုင်စိုး | တာမွေ | |
| ၁၈၃ | မတ်လ ၂၀ ရက် | အောင်ကောင်းထက် (ခ) ကောင်းကောင်း | သာကေတ | |
| ၁၈၄ | မတ်လ ၂၀ ရက် | မျိုးမင်းဌေး | ပဲခူးမြို့ | |
| ၁၈၅ | မတ်လ ၂၁ ရက် | မော်စီ | ကျော်မြို့ | |
| ၁၈၆ | မတ်လ ၂၁ ရက် | မင်းမင်းဇော် (ခ) ငယ်လေး | မုံရွာမြို့ | |
| ၁၈၇ | မတ်လ ၂၁ ရက် | တုတ်ကြီး | ချမ်းမြသာစည်၊ မန္တလေးတိုင်းဒေသကြီး | |
| ၁၈၈ | မတ်လ ၂၁ ရက် | မိုးဇော်ထွေး (ခ) မောင်ဆန်း | ချမ်းမြသာစည်၊ မန္တလေးတိုင်းဒေသကြီး | |
| ၁၈၉ | မတ်လ ၂၁ ရက် | ဇော်မျိုးထက် | ချမ်းအေးသာစံ၊ မန္တလေးတိုင်းဒေသကြီး | |
| ၁၉၀ | မတ်လ ၂၁ ရက် | ဇော်မျိုးဦး | ချမ်းအေးသာစံ၊ မန္တလေးတိုင်းဒေသကြီး | |
| ၁၉၁ | မတ်လ ၂၁ ရက် | ဖြိုးမောက်မောင် | ချမ်းအေးသာစံ၊ မန္တလေးတိုင်းဒေသကြီး | |
| ၁၉၂ | မတ်လ ၂၁ ရက် | ဖြိုးဝေထွန်း | ပြည်ကြီးတခွန်၊ မန္တလေးတိုင်းဒေသကြီး | |
| ၁၉၃ | မတ်လ ၂၁ ရက် | မင်းသူအောင် (ခ) ပြောင်ကြီး | ပြည်ကြီးတခွန်၊ မန္တလေးတိုင်းဒေသကြီး | |
| ၁၉၄ | မတ်လ ၂၁ ရက် | လှိုင်မျိုးထက် | ပြည်ကြီးတခွန်၊ မန္တလေးတိုင်းဒေသကြီး | |
| ၁၉၅ | မတ်လ ၂၁ ရက် | ဘေဘီစိုးမြင့် | ပြည်ကြီးတခွန်၊ မန္တလေးတိုင်းဒေသကြီး | |
| ၁၉၆ | မတ်လ ၂၁ ရက် | ဖိုးငယ် | ပြည်ကြီးတခွန်၊ မန္တလေးတိုင်းဒေသကြီး | |
| ၁၉၇ | မတ်လ ၂၁ ရက် | လွမ်းဇာအီ | မင်္ဂလာတောင်ညွန့် | |
| ၁၉၈ | မတ်လ ၂၂ ရက် | ဇော်ဇော် | ချမ်းမြသာစည်၊ မန္တလေးတိုင်းဒေသကြီး | |
| ၁၉၉ | မတ်လ ၂၂ ရက် | ဝေထွန်းဦး | ချမ်းမြသာစည်၊ မန္တလေးတိုင်းဒေသကြီး | |
| ၂၀၀ | မတ်လ ၂၂ ရက် | ထွန်းထွန်းအောင် | ချမ်းမြသာစည်၊ မန္တလေးတိုင်းဒေသကြီး | |
| ၂၀၁ | မတ်လ ၂၂ ရက် | မင်းသုခ | ချမ်းမြသာစည်၊ မန္တလေးတိုင်းဒေသကြီး | |
| ၂၀၂ | မတ်လ ၂၂ ရက် | နေမျိုးကျော် | ချမ်းမြသာစည်၊ မန္တလေးတိုင်းဒေသကြီး | |
| ၂၀၃ | မတ်လ ၂၂ ရက် | အေးချမ်းမိုး | ချမ်းမြသာစည်၊ မန္တလေးတိုင်းဒေသကြီး | |
| ၂၀၄ | မတ်လ ၂၂ ရက် | ဇော်လင်းထိုက် | ချမ်းမြသာစည် | |
| ၂၀၅ | မတ်လ ၂၂ ရက် | ထင်လင်း | ချမ်းမြသာစည် | |
| ၂၀၆ | မတ်လ ၂၂ ရက် | အောင်တင့် | ချမ်းမြသာစည် | |
| ၂၀၇ | မတ်လ ၂၂ ရက် | အင်ဇန်ဘို (အမည်စိစစ်ဆဲ) | ချမ်းမြသာစည် | |
| ၂၀၈ | မတ်လ ၂၂ ရက် | စိုးအောင်မြင့် (ခ) တွတ်ပီ | ချမ်းမြသာစည် | |
| ၂၀၉ | မတ်လ ၂၂ ရက် | မြင့်သိန်း | ချမ်းမြသာစည် | |
| ၂၁၀ | မတ်လ ၂၂ ရက် | ဝေလွင် | ချမ်းမြသာစည် | |
| ၂၁၁ | မတ်လ ၂၂ ရက် | ချစ်ကိုကိုဇော် (ခ) ဇော် | ချမ်းမြသာစည် | |
| ၂၁၂ | မတ်လ ၂၂ ရက် | မိုးကျော်ဇင် | ချမ်းမြသာစည် | |
| ၂၁၃ | မတ်လ ၂၂ ရက် | မျိုးဟိန်းကျော် | ချမ်းမြသာစည် | |
| ၂၁၄ | မတ်လ ၂၃ ရက် | ဇင် (အမည်စိစစ်ဆဲ) | ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး | |
| ၂၁၅ | မတ်လ ၂၃ ရက် | ချမ်းသာထွေး | ချမ်းမြသာစည်၊ မန္တလေးတိုင်းဒေသကြီး | |
| ၂၁၆ | မတ်လ ၂၃ ရက် | ခင်မျိုးချစ် | ချမ်းမြသာစည်၊ မန္တလေးတိုင်းဒေသကြီး | |
| ၂၁၇ | မတ်လ ၂၃ ရက် | တင်စိုးဦး (အမည်စိစစ်ဆဲ) | ချမ်းမြသာစည်၊ မန္တလေးတိုင်းဒေသကြီး | |
| ၂၁၈ | မတ်လ ၂၃ ရက် | မိုးထက်ဝိုင်း (အမည်စိစစ်ဆဲ) | ချမ်းမြသာစည်၊ မန္တလေးတိုင်းဒေသကြီး | |
| ၂၁၉ | မတ်လ ၂၃ ရက် | ဝေယံထက်နိုင် (ခ) ဖိုးသား | ချမ်းမြသာစည်၊ မန္တလေးတိုင်းဒေသကြီး | |
| ၂၂၀ | မတ်လ ၂၃ ရက် | စိန်နောင်နောင် | ဒဂုံဆိပ်ကမ်း | |
| ၂၂၁ | မတ်လ ၂၇ ရက် | သန့်ဇော် | ဖားကန့် | |
| ၂၂၂ | မတ်လ ၂၇ ရက် | ရွှေမြင့် | ဗန်းမော် | |
| ၂၂၃ | မတ်လ ၂၇ ရက် | ဝင်းကျော်စိုး | ဟိုပင် | |
| ၂၂၄ | မတ်လ ၂၇ ရက် | အာကာ | စစ်ကိုင်း | |
| ၂၂၁ | မတ်လ ၂၇ ရက် | ချမ်းမြေ့ကျော် | စစ်ကိုင်း | |
| ၂၂၁ | မတ်လ ၂၇ ရက် | ဘော်ဘော် | စစ်ကိုင်း | |
| ၂၂၂ | မတ်လ ၂၇ ရက် | ကျော်သိန်း | မုံရွာ | |
| ၂၂၃ | မတ်လ ၂၇ ရက် | ထွန်းဦး | မုံရွာ | |
| ၂၂၄ | မတ်လ ၂၇ ရက် | ချမ်းမြေ့ကျော် | ယင်းမာပင်မြို့ | |
| ၂၂၅ | မတ်လ ၂၇ ရက် | ခိုင်ဇင်ဦး | ကော့သောင်းမြို့ | |
| ၂၂၆ | မတ်လ ၂၇ ရက် | ဇော်မင်းဦး | ကော့သောင်းမြို့ | |
| ၂၂၇ | မတ်လ ၂၇ ရက် | ကျော်ဌေး | ထားဝယ်မြို့ | |
| ၂၂၈ | မတ်လ ၂၇ ရက် | မျိုးဇော်အောင် (ခ) မိုဟာမတ်အီဗရာဟင် | မြိတ်မြို့ | |
| ၂၂၉ | မတ်လ ၂၇ ရက် | နန်းဦး | ဒိုက်ဦးမြို့ | |
| ၂၃၀ | မတ်လ ၂၇ ရက် | ဖိုးလုံး | ဒိုက်ဦးမြို့ | |
| ၂၃၁ | မတ်လ ၂၇ ရက် | ကျော်ကျော် | ဖဒိုရွာ | |
| ၂၃၂ | မတ်လ ၂၇ ရက် | ရေဂျင် | မိုးညို | |
| ၂၃၃ | မတ်လ ၂၇ ရက် | ကောင်းမြတ်သူ | ပခုက္ကူမြို့ | |
| ၂၃၄ | မတ်လ ၂၇ ရက် | မင်းနိုင် | ပခုက္ကူမြို့ | |
| ၂၃၅ | မတ်လ ၂၇ ရက် | မင်းဇော်ထွေး | ကျောက်ပန်းတောင်းမြို့ | |
| ၂၃၆ | မတ်လ ၂၇ ရက် | ဝင်းဇော် | ကျောက်ပန်းတောင်းမြို့ | |
| ၂၃၇ | မတ်လ ၂၇ ရက် | ဝင်းမင်းထွန်း | ကျောက်ပန်းတောင်းမြို့ | |
| ၂၃၈ | မတ်လ ၂၇ ရက် | ဝင်းမျိုးဦး | စဉ့်ကိုင်မြို့ | |
| ၂၃၉ | မတ်လ ၂၇ ရက် | ဝေမောင် | ညောင်ဦး | |
| ၂၄၀ | မတ်လ ၂၇ ရက် | ဝေဇင် | ညောင်ဦး | |
| ၂၄၁ | မတ်လ ၂၇ ရက် | မြင့်ထွန်းအောင် | ပြင်ဦးလွင်မြို့ | |
| ၂၄၂ | မတ်လ ၂၇ ရက် | ဟိန်းမင်းသိန်း | ပြင်ဦးလွင်မြို့ | |
| ၂၄၃ | မတ်လ ၂၇ ရက် | ဟိန်းထက် | ပြင်ဦးလွင်မြို့ | |
| ၂၄၄ | မတ်လ ၂၇ ရက် | စိုးစိုးရီ | ပြင်ဦးလွင်မြို့ | |
| ၂၄၅ | မတ်လ ၂၇ ရက် | ရဲဇင်ဝင်း | ပြင်ဦးလွင်မြို့ | |
| ၂၄၆ | မတ်လ ၂၇ ရက် | အောင်မင်းလွင် | ပြင်ဦးလွင်မြို့ | |
| ၂၄၇ | မတ်လ ၂၇ ရက် | အောင်ထွှဋ် | ပြင်ဦးလွင်မြို့ | |
| ၂၄၈ | မတ်လ ၂၇ ရက် | အောင်နိုင်ဝင်း | မတ္တရာမြို့ | |
| ၂၄၉ | မတ်လ ၂၇ ရက် | ကျော်ဝင်းမောင် | မန္တလေးမြို့ | |
| ၂၅၀ | မတ်လ ၂၇ ရက် | စိုးမိုး | မန္တလေးမြို့ | |
| ၂၅၁ | မတ်လ ၂၇ ရက် | လင်းလင်း | မန္တလေးမြို့ | |
| ၂၅၂ | မတ်လ ၂၇ ရက် | ရာဇာလင်း | မန္တလေးမြို့ | |
| ၂၅၃ | မတ်လ ၂၇ ရက် | မိုဟာမတ်အဇာခမ်ဟ် | မန္တလေးမြို့ | |
| ၂၅၄ | မတ်လ ၂၇ ရက် | မောင်မောင် | မန္တလေးမြို့ | |
| ၂၅၅ | မတ်လ ၂၇ ရက် | ဘိုးအောင် | မန္တလေးမြို့ | |
| ၂၅၆ | မတ်လ ၂၇ ရက် | သီဟကျော် | မန္တလေးမြို့ | |
| ၂၅၇ | မတ်လ ၂၇ ရက် | အောင်ဇင်ဖြိုး | ချမ်းမြသာစည် | |
| ၂၅၈ | မတ်လ ၂၇ ရက် | ဂျူမွှေး | အမရပူရမြို့ | |
| ၂၅၉ | မတ်လ ၂၇ ရက် | ပန်းအိဖြူ | မိတ္ထီလာမြို့ | |
| ၂၆၀ | မတ်လ ၂၇ ရက် | ထွန်းနိုင်ဝင်း | မိတ္ထီလာမြို့ | |
| ၂၆၁ | မတ်လ ၂၇ ရက် | ရဲရင့်အောင် | မိုးကုတ်မြို့ | |
| ၂၆၂ | မတ်လ ၂၇ ရက် | ထူးမြတ်ဝင်း | ရွှေဘိုမြို့ | |
| ၂၆၃ | မတ်လ ၂၇ ရက် | ဇင်ထွန်းလွင် | ရွှေဘိုမြို့ | |
| ၂၆၄ | မတ်လ ၂၇ ရက် | ဖြိုးသန့်ဝေ | ဝမ်းတွင်းမြို့ | |
| ၂၆၅ | မတ်လ ၂၇ ရက် | သန့်ဇင်ထွန်း | စမ်းချောင်းမြို့နယ် | |
| ၂၆၆ | မတ်လ ၂၇ ရက် | ဝေယံမင်းထင် | ဒလ | |
| ၂၆၇ | မတ်လ ၂၇ ရက် | ရဲမြတ်သူ (ခ) ရေချမ်း | ဒလ | |
| ၂၆၈ | မတ်လ ၂၇ ရက် | ကျော်ထက်အောင် (ခ) ဖိုးဓမ္မ | ဒလ | |
| ၂၆၉ | မတ်လ ၂၇ ရက် | ဝင်းမြင့် | ဒလ | |
| ၂၇၀ | မတ်လ ၂၇ ရက် | အောင်ဇင်မြင့် | ဒလ | |
| ၂၇၁ | မတ်လ ၂၇ ရက် | မင်းမင်း (ခ)မိုဟာမတ်နအီနမ် | ဒလ | |
| ၂၇၂ | မတ်လ ၂၇ ရက် | စိုးဝေယံ | မင်္ဂလာတောင်ညွန့် | |
| ၂၇၃ | မတ်လ ၂၇ ရက် | ဝေလူ | သမိုင်း၊ မရမ်းကုန်းမြို့နယ် | |
| ၂၇၄ | မတ်လ ၂၇ ရက် | ဥမ္မာစိန် | သမိုင်း၊ မရမ်းကုန်းမြို့နယ် | |
| ၂၇၅ | မတ်လ ၂၇ ရက် | ထီဆမ်ဝမ်ဖီးထွန်း | သင်္ကန်းကျွန်းမြို့နယ် | |
| ၂၇၆ | မတ်လ ၂၇ ရက် | တေဇာထွန်း | အင်းစိန်မြို့နယ် | |
| ၂၇၇ | မတ်လ ၂၇ ရက် | ဇော်လေး | အင်းစိန်မြို့နယ် | |
| ၂၇၈ | မတ်လ ၂၇ ရက် | ချစ်ဘိုငြိမ်း | အင်းစိန်မြို့နယ် | |
| ၂၇၉ | မတ်လ ၂၇ ရက် | ချစ်လင်းသူ | အင်းစိန်မြို့နယ် | |
| ၂၈၀ | မတ်လ ၂၇ ရက် | စိုးညီ | မူဆယ်မြို့ | |
| ၂၈၁ | မတ်လ ၂၇ ရက် | စိုင်းလှထွန်း | လားရှိုးမြို့ | |
| ၂၈၂ | မတ်လ ၂၇ ရက် | ရဲထက်နောင် (ခ) မင်းနောင် | လားရှိုးမြို့ | |
| ၂၈၃ | မတ်လ ၂၇ ရက် | ထွန်းတင့်ခိုင် | လားရှိုးမြို့ | |
| ၂၈၄ | မတ်လ ၂၇ ရက် | ဝေလွင်ဦး | ပုသိမ်မြို့ | |
| ၂၈၅ | မတ်လ ၂၇ ရက် | ထက်မြတ်သွင် (ခ) မိုဟာမတ်သွလ်ဟ | ပုသိမ်မြို့ | |
| ၂၈၆ | မတ်လ ၂၇ ရက် | လွင်ကို | ပုသိမ်မြို့ | |
| * အတည်ပြုနေဆဲ၊ အတည်မပြုနိုင်သေးသူများလည်းရှိသေးသည်။ | ||||
နေနေဝင်းထက်
[ပြင်ဆင်ရန်]မြိတ်မြို့မှ ၁၈ နှစ်ရွယ် ၎င်းလူငယ်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁၄ ညတွင် မီးကင်းစောင့်ရာ ခေါင်းကို ပြင်းထန်စွာ ရိုက်နှက်ခံရပြီး နောက်တနေ့ ရန်ကုန်သို့ ဆေးကုရန် ပို့အလာ လမ်းခုလတ်ဝယ် အသက်မမီခဲ့ပေ။[၃]
မြသွဲ့သွဲ့ခိုင်
[ပြင်ဆင်ရန်]ဝေယံထွန်း
[ပြင်ဆင်ရန်]ဖေဖော်ဝါရီ ၂၀ တွင် မန္တလေး၊ ရတနာပုံသင်္ဘောကျင်းအနီး ဆန္ဒပြလူထုကို ရဲနှင့်စစ်သားများက တစ်နေ့လုံး အကြမ်းဖက် ဖြိုခွဲရာ ညနေ ၄ နာရီတွင် ၁၆ နှစ်အရွယ် မောင်ဝေယံထွန်းသည် ခေါင်းကျည် ထိမှန်ကာ ပွဲချင်းပြီး ဆုံးပါးသည်။ နာရေးအခမ်းအနားကို မြစ်သားမြို့ရှိ နေအိမ်တွင် ပြုလုပ်သည်။ မန္တလေး ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံမှ အလောင်း ထုတ်ယူခွင့် ရရှိသည့် ဖေဖော်ဝါရီ ၂၁ ညနေ လေးနာရီခွဲတွင်ပင် ကျေးရွာသုဿာန်၌ ဂူသွင်းသည်။ ဆန္ဒပြပွဲတွင် ၎င်းအပြင် အခြားလူတဦးပါ ကျဆုံးခဲ့ပြီး၊ ၁၄ ဦးခန့် ဒဏ်ရာရသည်။ [၄]
ဝေယံထွန်းသည် သင်္ဘောကျင်းအနီးရှိ ၄၁ လမ်း ညဈေးသို့ လွန်ခဲ့သော သုံးနှစ်က ရောက်ရှိလာပြီး၊ တွန်းလှည်း ဆွဲ၍ အသက်မွေးသည်။ ဖုန်းနှင့် ဆိုင်ကယ် လိုချင်သည်ဟု ဆိုကာ သံဗူးဖြင့် ငွေစုနေသူ ဖြစ်သည်။ သေနတ်ပစ်ခံရသော သူ့ကို တွန်းလှည်းပေါ် တင်နေစဉ် သူပြောလိုက်သည့် "သား မရတော့ဘူး" ဟူသော စကားသည် နိုင်ငံကျော်သွားသည်။ [၅]
ညီညီအောင်ထက်နိုင်
[ပြင်ဆင်ရန်]Myanmar Net ၏ နက်ဝပ်အင်ဂျင်နီယာ အဖြစ် လုပ်ကိုင်သော ညီညီအောင်ထက်နိုင်သည် ပြည်လုံးကျွတ်ပါဝင်ဆင်နွှဲသည့် နို့လက်ဖက်ရည်မဟာမိတ် စုပေါင်းဆန္ဒပြပွဲနေ့လယ်း ဖြစ်ပြီး နိုင်ငံတကာက သွေးစွန်းသော တနင်္ဂနွေဟု သမုတ်သော ဖေဖော်ဝါရီ ၂၈ တွင် ရန်ကုန်၊ လှည်းတန်း အကြမ်းဖက်မှု၌ နံနက် ၉:၂၀ တွင် ဝမ်းဗိုက်၌ ကျည်သင့်ကာ ကျဆုံးသွားသည်။ မတ်လ ၂ ရက်နေ့ မွန်းတည့်ချိန်တွင် သိန်းချီသော လူအုပ်က လိုက်ပါပို့ဆောင်ခဲ့ပြီး လူငယ်ကို လှော်ကားသုဿာန်၌ ဂူသွင်းခဲ့သည်။ ယင်းတွင် ကိုကိုအောင်ထက်နိုင်ဟူသော အမြွှာအစ်ကို ရှိသည်။[၆]
ကျဆုံးသွားရာ ကမာရွတ်၊ အထက ၅ ရှေ့တွင် ပြည်သူများက လွမ်းသူ့ပန်းစည်းများ၊ ပန်းခြင်းများ ချကာ ညတွင် ဖယောင်းမီးထွန်းညှိပြီး အောက်မေ့အခမ်းအနား ပြုလုပ်သည်။[၇]
ကြယ်စင် (ခ) တိန့်ကျားရှီး
[ပြင်ဆင်ရန်]မန္တလေး၊ ၈၄ လမ်းနှင့် လမ်း ၃၀ ထောင့်တွင် မတ် ၃ အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲအတွင်း အသက် ၁၈ နှစ် အဆိုအက ဝါသနာပါသူ တိုက်ကွမ်ဒို အားကစားသမား ကြယ်စင်သည် ခေါင်းကျည် ထိမှန်ကာ ကျဆုံးသွားသည်။ ဝတ်ဆင်ထားသော အနက်ရောင်တီရှပ်ပေါ်တွင် Everything will be OK ဟူသော စာတန်းဖြူ ရိုက်နှိပ်ထားသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများကို လှူဒါန်းသည်ဟု ကြိုတင်စာရေးသားခဲ့ရာ လူမှုကွန်ယက်များတွင် ပြန့်နှံ့သွားပြီး၊ နိုင်ငံတကာသတင်းဌာနများစွာက သတင်းဖော်ပြခဲ့ကြသည်။[၈]
ခင်မျိုးချစ်
[ပြင်ဆင်ရန်]မတ်လ ၂၃ ညနေပိုင်း လေးနာရီခန့်၌ စစ်ကောင်စီ၏ လက်နက်ကိုင်စစ်သားများက မန္တလေးမြို့၊ အောင်ပင်လယ်အရပ်တွင် ကား၊ ဆိုင်ကယ်များဖြင့် ဝင်ရောက်လာခဲ့ကြသည်။ နေအိမ်တစ်ခုအတွင်းသို့ တံခါးများကိုကန်ကျောက်၍ ဝင်ရောက်လာခဲ့ကာ လူအကုန်လုံးအား ထိုင်ရန်အမိန့်ပေးခဲ့သည်။ ထိုအချိန်မတိုင်မီကတည်းက ၇ နှစ်အရွယ် မိန်းကလေးတစ်ဦးက ထိုအကြမ်းဖက်စစ်သားများကို ကြောက်၍ ဖခင်၏ရင်ခွင်တွင်ခိုဝင်ခဲ့၏။ အိမ်ရှိလူအကုန် ဟုတ်မဟုတ် မေးမြန်းခဲ့ပြီး လိမ်လည်ဖြေဆိုသည်ဟုဆိုကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ခင်မျိုးချစ် ခေါ် အသက် ၇ နှစ်အရွယ် မိန်းကလေးကို (ဝမ်းဗိုက်နေရာ) ကျည်ဆန်ထိမှန်ခဲ့သည်။ ထို့နောက် အသက် ၁၉ နှစ်အရွယ်ရှိ မိန်းကလေး၏ အစ်ကိုကိုလည်း ရိုက်နှက်ကာ ခေါ်ဆောင်သွားကြသည့်အပြင် ခင်မျိုးချစ်ကိုပါ ၎င်းတို့တို့ဆီသို့ ပေးရန်အမိန့်ပေး၏ ။ ဖခင်ဖြစ်သူကငြင်းဆိုခဲ့ပြီး စစ်သားများပြန်သွားသောအခါ ထိုမိန်းကလေးကို ဆေးရုံသို့သွားရောက်ပြသခဲ့သော်လည်း ကယ်ဆယ်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။[၉]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Daily Briefing in Relation to the Military Coup (29 March 2021)။ 29 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 March 2021 တွင် ပြန်စစ်ပြီး။
- ↑ https://nwayooheroes.org/ မှ ပြုစုထားသော ကျဆုံးသူစာရင်း။ 13 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 March 2021 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 8 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 March 2021 တွင် ပြန်စစ်ပြီး။
- ↑ https://www.myanmar-now.org/mm/news/5851
- ↑ https://www.myanmar-now.org/mm/news/5851
- ↑ လူပင်လယ်ကြီး ဂုဏ်ပြုကြသည့် လူငယ်လေး၏နောက်ဆုံးခရီး | Myanmar NOW
- ↑ လှည်းတန်း ပစ်ခတ်မှုတွင်သေဆုံးသွားသည့် ကိုညီညီအောင်ထက်နိုင်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ် – DVB
- ↑ https://www.bbc.com/burmese/burma-56285340.amp
- ↑ "စစ်ကောင်စီလက်ချက်ကြောင့် မန္တလေး၌ ၇ နှစ်အရွယ်မိန်းကလေးတစ်ဦးအပါအဝင် ၃ ဦးကျဆုံး"၊ မြန်မာနောင်း၊ ၂၃ မတ် ၂၀၂၁။
ပြင်ပလင့်ခ် များ
[ပြင်ဆင်ရန်]- နွေဦးသူရဲကောင်းများ ဝက်ဆိုဒ် 11 March 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .