ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်

ဝီကီပီးဒီးယား မှ
မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်
တည်ထောင်သည့်နှစ်ဖေဖော်ဝါရီ ၁၉၉၀ (၁၉၉၀-၀၂)
တည်ထောင်သူများကာကွယ်ရေး ဝန်ကြီးဌာန
ဌာနချုပ်ရန်ကုန်မြို့, မြန်မာနိုင်ငံ
ပိုင်ရှင်များတပ်မတော်သားများ (၆၀%)
ကာကွယ်ရေးဝန်ကြီးဌာန (၄၀%)
ကုမ္ပဏီခွဲမြဝတီဘဏ်
မြဝတီခရီးသွားလုပ်ငန်း
မြဝတီအင်တာပရိုက်စ်

ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက် (အင်္ဂလိပ်: Union of Myanmar Economic Holdings Limited; အတိုကောက်၊ ဦးပိုင်) သည် မြန်မာ့တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းစု ဖြစ်သည်။ ၁၉၉၀ ခုနှစ်တွင် စတင်ထည်ထောင်ခဲ့ရာ ယခုအချိန်၌ လုပ်ငန်းကြီးငယ် (၅၀) ခန့်ဖြင့် လည်ပတ်လျက်ရှိသည်။ ကနဦးတွင် အထူးကုမ္ပဏီအဖြစ် ဖွဲ့စည်းခဲ့သော်လည်း ၂၀၁၆ ခုနှစ်မှစ၍ ဦးပိုင်နှင့် လက်ခွဲလုပ်ငန်း (၂၈) ခုကို အများပိုင်ကုမ္ပဏီအဖြစ် စာရင်းပြောင်းပြီးဖြစ်သည်။

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

၁၉၅၀ အစောပိုင်းတွင် တပ်မတော်သားများအတွက် စားသုံးကုန်များ အဖိုးနှုန်းချိုသာစွာရောင်းချနိုင်ရန် DSI (Defence Services Institute) ကို တည်ထောင်သည်။ ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နိုင်ရန် လုပ်ငန်းများတိုးချဲ့ရာ ၁၉၅၀ နှောင်းပိုင်းတွင် မြန်မာနိုင်ငံ၏ အကြီးဆုံး စီးပွားရေးလုပ်ငန်း ဖြစ်လာသည်။ ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီဥပဒေအရ ကုန်သွယ်ရေးအခွင့်ထူးများလည်း ရရှိသည်။ ဘဏ်လုပ်ငန်း၊ သင်္ဘောလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းများအား လည်ပတ်သည်။

အချို့မှာ နိုင်ငံရေးအစီအစဉ်များ၏ ရှေ့ပြေးလုပ်ငန်းများဖြစ်သည်။ ဥပမာအားဖြင့် မြဝတီပုံနှိပ်လုပ်ငန်းမှ မြဝတီစာစောင်ကို ထုတ်ဝေရာမှ ၁၉၅၂ ခုနှစ်တွင် ဖြန့်ချိသော မြဝတီမဂ္ဂဇင်းမှာမူ တပ်မတော်၏ စိတ်ဓာတ်စစ်ဆင်ရေးလက်နက်တစ်ခု ဖြစ်လာသည်။ ဂါဒီးယန်း (Guardian) သတင်းစာနှင့် ဂါဒီးယန်း မဂ္ဂဇင်းတို့ကိုလည်း ထုတ်ဝေခဲ့ရာ တပ်မတော်အားထောက်ခံသည့် စီးပွားရေးအခြေပြုစာနယ်ဇင်းများ ဖြစ်ခဲ့သည်။

၁၉၆၀ အစောပိုင်းတွင် လုပ်ငန်းအများစုကို အသစ်ဖွဲ့စည်းသော မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုကော်ပိုရေးရှင်း (Burma Economic Development Corporation) (အတိုခေါ် ဘီအီးဒီစီ) အောက်သို့ ထားရှိလိုက်သည်။ ၎င်းကော်ပိုရေးရှင်းကို ထိထိရောက်ရောက်စီမံခဲ့ရာ သွင်းကုန်ထုတ်ကုန်လုပ်ငန်း၊ အင်းဝဘဏ်၊ အင်းဝ စာအုပ်တိုက်မှသည် ဘီအီးအရက်ဆိုင်များအထိ ပါဝင်ခဲ့သည်။

လုပ်ငန်းများမှာလည်း အာဏာနှင့်ပေါင်းစပ်သည့် စီးပွားရေးလုပ်ငန်းများဖြစ်လေရာ အခွင့်ထူးများ ခံစားရသည်။ ဥပမာအားဖြင့် တပ်မတော်အရာရှိများ၏လစာကို အင်းဝဘဏ်မှသာ ထုတ်ယူစေခြင်း၊ စပါးစက်နှင့် စပါးများကို အုပ်ဝယ်၍ ပြည်ပပို့ခွင့် ရခြင်း၊ သွင်းကုန်လိုင်စင်များ အလွယ်တကူတောင်းနိုင်ခြင်း စသည်တို့ ဖြစ်သည်။

၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ တက်လာရာ မြန်မာ့ ဆိုရှယ်လစ်စီးပွားရေးစနစ်အောက်တွင် ဘီအီးဒီစီပိုင် လုပ်ငန်းအားလုံး ပြည်သူပိုင်ဖြစ်သွားသည်။ ပြည်သူပိုင်သိမ်းချိန်၌ ဘီအီးဒီစီအောက်တွင် လုပ်ငန်း (၄၂) ခုရှိပြီး ဒီအက်စ်အိုင် အောက်တွင် လုပ်ငန်း (၅) ခု ရှိသည်။

စတင်ပေါ်ပေါက်လာခြင်း[ပြင်ဆင်ရန်]

၁၉၉၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရ၊ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက် (The Union of Myanmar Economic Holdings Limited) ကို ၁၉၅၀ ခုနှစ်၊ အထူးကုမ္ပဏီအက်ဥပဒေအရ ဖွဲ့စည်းကြောင်း ကြော်ငြာစာအမှတ် ၇/၉၀ ဖြင့် ကြေညာသည်။ ၁၉၈၈ ခုနှစ်၊ အာဏာလွှဲယူပြီးနောက် တပ်မတော်မှတည်ထောင်သည့် ပထမဆုံး စီးပွားရေးလုပ်ငန်းဖြစ်သည်။ ဖရစ်ဝါနာ၊ ဒေဝူး (Daewoo) တို့နှင့် ဖက်စပ်လုပ်ကာ စတင်ခဲ့သည်။

ကနဦး ရင်းနှီးမှုပမာဏ[ပြင်ဆင်ရန်]

ကနဦးအရင်းမှာ ကျပ် ကုဋေတစ်ထောင် ဖြစ်သည်။ ထိုပမာဏကို ကာကွယ်ရေးဝန်ကြီးဌာနက (၄၀) ရာခိုင်နှုန်း၊ တပ်မတော်သားများက (၆၀) ရာခိုင်နှုန်း ထည့်ဝင်ရမည်ဖြစ်ကြောင်း ကြော်ငြာစာတွင် ဖော်ပြထားသည်။ တပ်ရင်းတပ်ဖွဲ့များကို အင်အားကိုလိုက်၍ တပ်ကြီး သိန်း (၅၀၀)၊ တပ်လတ် သိန်း (၃၀၀)၊ တပ်ငယ် သိန်း (၂၀၀) အစုရှယ်ယာ ဝယ်ယူရန် သတ်မှတ်ထားသည်။

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

ဘုတ်အဖွဲ့ဝင် (၁၀) ဦးဖြင့် ခန့်ခွဲသည်။ တာဝန်ယူခဲ့သော ဥက္ကဋ္ဌနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့မှာ -

ခုနှစ် ဥက္ကဋ္ဌ ဦးဆောင် ညွှန်ကြားရေးမှူး
၁၉၉၀ - ၁၉၉၆ ဒုတိယဗိုလ်ချုပ်ကြီး မျိုးညွန့် ဗိုလ်မှူးချုပ် ဒေးဗစ် အေဘယ်
၁၉၉၆ - ၁၉၉၈ ဗိုလ်ချုပ် သန်းဦး ဗိုလ်မှူးချုပ် ဝင်းလှိုင်
၁၉၉၈ - ၂၀၀၂ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းမြင့်
၂၀၀၂ - ၂၀၁၀ ဒုတိယဗိုလ်ချုပ်ကြီး တင်အေး
၂၀၁၀ - ? ဗိုလ်ချုပ် ခင်ဇော်ဦး ဗိုလ်ချုပ် ဝင်းသန်း

လုပ်ငန်းများ[ပြင်ဆင်ရန်]

ဦးပိုင်နှင့် တွဲဖက်လုပ်ကိုင်သည့် လုပ်ငန်းများကို အောက်ပါအတိုင်း ခွဲခြားနိုင်သည်။

  • ဦးပိုင်က အပြည့်အဝပိုင်သည့် လုပ်ငန်း
  • ဦးပိုင်နှင့် ဖက်စပ်ပိုင်သည့် လုပ်ငန်း
  • ဦးပိုင်၏ လုပ်ငန်းခွဲများ
  • ဦးပိုင်နှင့် တွဲဖက်လုပ်ကိုင်သည့် လုပ်ငန်း
  • ဦးပိုင်နှင့် ချိတ်ဆက်ထားသော (ဝါ) ဦးပိုင်မှ ငွေကြေးထောက်ပံ့ထားသော လုပ်ငန်း
ခုနှစ် အပြည့်ပိုင် ဖက်စပ်ပိုင် လုပ်ငန်းခွဲ တွဲဖက် ချိတ်ဆက်
၁၉၉၉-၂၀၀၀ ၁၅ ၁၈
၂၀၀၁-၂၀၀၂ ၁၆ ၂၁ ၁၁
၂၀၀၃-၂၀၀၄ ၁၇ ၁၁
၂၀၀၆-၂၀၀၇ ၃၅ ၁၉

အစုရှယ်ယာအမျိုးအစားများ[ပြင်ဆင်ရန်]

က-အဆင့် နှင့် ခ-အဆင့် ဟူ၍ နှစ်မျိုးခွဲခြားထားသည် -

  • က-အဆင့် သိန်း (၁၀၀) နှင့်အထက် ထည့်ဝင်သူများ၊ တပ်ရင်း၊ တပ်ဆွယ်များ။
  • ခ-အဆင့် သိန်း (၁၀၀) အောက် ထည့်ဝင်သူများ

နှစ်အလိုက် အမြတ်ငွေ ခွဲဝေမှုများ[ပြင်ဆင်ရန်]

ဘဏ္ဍာရေးအနှစ် အစုရှယ်ယာရှင်များအား အမြတ်ငွေ ခွဲပေးမှုများမှာ အောက်ပါအတိုင်း ဖြစ်သည် -

နှစ် အမြတ်ငွေ

(သန်း)

က-အဆင့် ရှယ်ယာရှင် ခ-အဆင့် ရှယ်ယာရှင်
အမြတ် ရာခိုင်နှုန်း ကျပ် (သန်း) အမြတ် ရာခိုင်နှုန်း ကျပ် (သန်း)
၁၉၉၀-၁၉၉၁ ၀.၆၁
၁၉၉၁-၁၉၉၂ ၆.၆၇ ၁၀ ၁၀ ၂.၁၂
၁၉၉၂-၁၉၉၃ ၅.၅၉ ၄၀ ၂.၄၇ ၁၀ ၃.၆၂
၁၉၉၃-၁၉၉၄ ၂၅.၁၂ ၄၀ ၅.၄၇ ၁၅ ၇.၅၈
၁၉၉၄-၁၉၉၅ ၅၂.၈၉ ၄၀ ၁၀.၁၁ ၁၅ ၁၉.၆၆
၁၉၉၅-၁၉၉၆ ၂၁၈.၆၂ ၁၂.၅ ၄၁.၂၅ ၃၀ ၁၀၇.၉
၁၉၉၆-၁၉၉၇ ၇၃၃.၁၇ ၃၀ ၉၉ ၃၀ ၃၁၆.၆၇
၁၉၉၇-၁၉၉၈ ၁၂၂၅.၈၃ ၃၀ ၆၄ ၃၀ ၆၅၀.၈၃
၁၉၉၈-၁၉၉၉ ၁၁၈၄.၁၉ ၃၀ ၂၈ ၃၀ ၉၄၉.၄
၁၉၉၉-၂၀၀၀ ၂၆၃၄.၈၆ ၁၂.၅ ၄၁.၂၅ ၃၀ ၁၄၂၉.၆၅
၂၀၀၀-၂၀၀၁ ၃၄၃၃.၁၇ ၁၂.၅ ၄၁.၂၅ ၃၀ ၂၁၃၃.၆၉
၂၀၀၁-၂၀၀၂ ၃၂၅၄.၁၈ ၁၂.၅ ၄၁.၂၅ ၃၀ ၂၈၈၉.၃၅
၂၀၀၂-၂၀၀၃ ၄၄၉၂.၄၁ ၁၂.၅ ၄၁.၂၅ ၃၀ ၃၉၆၀.၄၈
၂၀၀၃-၂၀၀၄ ၆၉၅၉.၁၆ ၁၂.၅ ၄၁.၂၅ ၃၀ ၅၀၄၀.၅
၂၀၀၄-၂၀၀၅ ၈၉၄၃.၉၇ ၁၂.၅ ၄၁.၂၅ ၃၀ ၇၂၂၆.၅၄
၂၀၀၅-၂၀၀၆ ၉၉၈၁.၁၂ ၁၂.၅ ၁၄၂.၂၉ ၃၀ ၈၈၃၇.၉၇
၂၀၀၆-၂၀၀၇ ၁၂၀၀၀.၇၀ ၁၂.၅ ၁၄၂.၂၉ ၃၀ ၁၀၂၆၈.၆၅
၂၀၀၇-၂၀၀၈ ၁၉၃၆၄.၅၈ ၁၂.၅ ၁၄၂.၂၉ ၃၀ ၁၂၁၆၉.၅၉
၂၀၀၈-၂၀၀၉ ၂၀၄၄၉.၇၄ ၁၂.၅ ၁၄၂.၂၉ ၃၀ ၁၃၈၆၃.၈၇
၂၀၀၉-၂၀၁၀ ၂၁၇၀၀.၇၅ ၁၂.၅ ၁၄၂.၂၉ ၃၀ ၁၆၁၆၈.၆၁
၂၀၁၀-၂၀၁၁ ၄၈၂၃၅.၃၂ ၁၂.၅ ၁၄၂.၂၉ ၃၀ ၂၀၄၂၃.၁
၂၀၁၁-၂၀၁၂ ၈၁၁၃.၄၆ ၁၂.၅ ၁၄၂.၂၉ ၃၀ ၂၃၁၄၀.၁၅

လက်ပံတောင်းတောင် အရေးအခင်း[ပြင်ဆင်ရန်]

အများပိုင်ကုမ္ပဏီသို့ ကူးပြောင်းခြင်း[ပြင်ဆင်ရန်]

၂၀၁၆ ခုနှစ်၊ မတ်လတွင် အထူးကုမ္ပဏီအဖြစ်မှ ဦးပိုင်နှင့် အောက်ပါလုပ်ငန်း (၂၈) ခုကို မြန်မာနိုင်ငံကုမ္ပဏီများဥပေဒနှင့်အညီ ပြောင်းလဲလိုက်သည်။[၁][၂]

  • မြဝတီကုန်သွယ်ရေး
  • အဓိပတိ စိုက်ပျိုးကုန် ကုန်သွယ်ရေး
  • မြဝတီဘဏ်
  • မြန်မာဘရူဝါရီ
  • မြန်မာ အင်ပီရီရယ် ကျောက်စိမ်း ကုမ္ပဏီ
  • ငွေပင်လယ် မွေးမြူရေးနှင့် ရေလုပ်ငန်း
  • မြန်မာ ပတ္တမြား လုပ်ငန်းစု
  • ရွှေဂန္ဓမာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး
  • မဏိဘောဂ
  • ဗန္ဓုလ ပို့ဆောင်ရေး
  • မြန်မာ့မြေယာနှင့် ဖွံ့ဖြိုးရေး
  • လမ်းပြည် ရေကြောင်း
  • နဝဒေး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း
  • မြန်မာ ကြယ်ငါးပွင့် သင်္ဘော
  • စိုက်ပျိုးရေးဝန်ဆောင်မှု ကုမ္ပဏီ
  • အောင်သစ္စာဦး
  • မြဝတီ ခရီးသွားပို့ဆောင်ရေး
  • အီဂါ အိမ်သုတ်ဆေးထုတ်လုပ်မှု လုပ်ငန်း
  • မြန်မာ ရော်ဘာသား ကုမ္ပဏီ
  • ဟံသာဝတီ ဂေါက်ကွင်းနှင့် မြို့ပြအဖွဲ့ ကုမ္ပဏီ
  • Myanmar Innoline
  • ဗာဂျီးနီးယားဆေးရွက်ကြီး
  • Myanmar Posco Steek
  • Myanmar Wise-Pacific Apparel Yangon
  • Myanmar Inno Int’l
  • The First Locomotive
  • ဆင်မင်း ဘိလပ်မြေနှင့် စက်မှုလုပ်ငန်းစု
  • ရမ္မာ ကားထုတ်လုပ်ရောင်းချရေး

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 27 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 August 2018 တွင် ပြန်စစ်ပြီး။
  2. https://www.irrawaddy.com/news/burma/military-linked-umehl-transitions-into-public-company.html