မဇ္ဈိမ သတင်းဌာန
အယ်ဒီတာ | စိုးမြင့် |
---|---|
ကဏ္ဍ | အွန်လိုင်းသတင်း |
တည်ထောင်သည့်နှစ် | ၁၉၉၈ |
နိုင်ငံ | မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ |
အခြေစိုက်သည့်နေရာ | ရန်ကုန်၊ ပုဇွန်တောင်မြို့နယ် |
ဘာသာစကား | မြန်မာ၊ အင်္ဂလိပ် |
ဝက်ဘ်ဆိုဒ် | mizzima.com |
မဇ္ဈိမ သတင်းဌာန (အင်္ဂလိပ်: Mizzima News) သည် မြန်မာနိုင်ငံမှ သတင်းဌာန တစ်ခုဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် ပြည်ပ ရောက်နေသော မြန်မာ သတင်းစာဆရာ တစ်စုတို့က စတင်ခဲ့သည်။[၁] နိုင်ငံတကာ သတင်း အင်စတီကျုမှ မဇ္ဈိမ သတင်းဌာန အား ၂၀၀၇ ခုနှစ်တွင် ဖရီး မီဒီယာ ပိုင်အိုးနီးယားဆုကို ချီးမြှင့်ခဲ့သည်။[၂]
အဖွဲ့အစည်း[ပြင်ဆင်ရန်]
မဇ္ဈိမ သတင်းဌာန၏ ရုံးချုပ်မှာ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ တွင် ရှိပြီး သတင်းဌာနခွဲတစ်ခုမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ရှိသည်။ မဇ္ဈိမ သတင်းဌာနတွင် ဝန်ထမ်းပေါင်း ၆၀ ကျော် ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့မှ သတင်းပေးပို့ကြသည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် မဇ္ဈိမ သတင်းဌာန၏ အယ်ဒီတာချုပ် စိုးမြင့်မှ ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းကို တိုးချဲ့ရန် မဇ္ဈိမ သတင်းဌာန၏ ရုံးခွဲတစ်ခုကို ရန်ကုန်တွင် ဖွင့်လှစ်မည်ဟု ကြေညာခဲ့သည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ Jeremy Wagstaff (2010)။ Southeast Asian Media: Patterns of Production and Consumption။ Open Society။
- ↑ IPI (International Press Institute)။ 26 September 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 September 2021 တွင် ပြန်စစ်ပြီး။