ပျော်ဘွယ်မြို့
| ပျော်ဘွယ်မြို့ | |
|---|---|
| မြို့ | |
| မြန်မာနိုင်ငံတွင်း တည်နေရာ | |
| ကိုဩဒိနိတ်: 20°35′0″N 96°4′0″E / 20.58333°N 96.06667°E | |
| နိုင်ငံ | |
| တိုင်းဒေသကြီး | |
| ခရိုင် | ရမည်းသင်းခရိုင် |
| မြို့နယ် | ပျော်ဘွယ်မြို့နယ် |
| အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ပျော်ဘွယ်မြို့သည် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင်း ပါဝင်သော ပျော်ဘွယ်မြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်တွင် တည်ရှိ၍ ရန်ကုန်မြို့မှ ၂၀၈ မိုင်အကွာတွင်လည်းကောင်း၊ ရန်ကုန်-မန္တလေး မော်တော်ကားလမ်းပေါ်တွင် ရန်ကုန်မြို့မှ ၃၁၂ မိုင်အကွာတွင် လည်းကောင်း၊ တည်ရှိလေသည်။
ပထဝီဝင်တည်နေရာ
[ပြင်ဆင်ရန်]ပျော်ဘွယ်မြို့နယ်သည် အရှေ့ဘက်တွင် တောင်ပိုင်းရှမ်းပြည်နယ် နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ တောင်ရိုးတောင်တန်းများ ပိုမို များပြားသည်။ ဇလုံးတောင်၊ ထုံးတောင်၊ မိုးကောင်းတောင်၊ ခွန်နန်းတောင်၊ ကြပ်တည်းတောင်၊ သပြေတောင် တို့သည် ရှမ်းရိုးမ၏ တောင်ခြေတွင် ရှိ၍ ပျော်ဘွယ်မြို့၏ အရှေ့ဘက် ၁၄ မိုင်၊ ၁၅မိုင်ခန့် ကွာဝေးသည်။ ပျော်ဘွယ်မြို့၏ အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာတွင်လည်း ကျီစောင်းတောင်၊ ရှမ်းစခန်းတောင်၊ ဝက်အိပ်တောင်၊ ပုဆိုးဖြူတောင်၊ ငကာတောင်၊ တောင်ဖီလာ ဟူ၍ တစ်တန်းတည်း ၆ မိုင်ခန့် ရှိသော တောင်နိမ့်တောင်တန်းများ ရှိသည်။ မင်းလိုတော်၊ သို့မဟုတ် မင်းဖွေတောင် ခေါ် မင်းသေတောင်တန်းသည် ပျော်ဘွယ်မြို့၏မြောက်ဘက် သုံးမိုင်အကွာတွင် တည်ရှိ၍ ရှုမျှော်ခင်း လှပလေသည်။
ပျော်ဘွယ်မြို့နယ်၏ နယိနိမိတ်မှာအရှေ့ဘက်၌ ရှမ်းရိုးမတောင်ခြေ၊ အနောက်ဘက်၌ မကွေးခရိုင်မှ နတ်မောက်မြို့နယ်၊ မြောက်ဘက်တွင် မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ် တို့ ရှိလေသည်။ မြို့နယ်တစ်ခုလုံ၏ အကျယ်အဝန်းသည် စတုရန်းမိုင် ၂၆၀ ကျော်ရှိ၍ ကျေးရွာအုပ်စုဒိုင် ၉၂ ဒိုင် ပါဝင်သည်။ သို့သော် ၁၉၅၉ ခုနှစ်တွင် ရမည်းသင်းခရိုင် တပ်ကုန်းမြို့နယ်တစ်ခု ထပ်တိုး၍ ပျော်ဘွယ်မြို့နယ်မှ ကျေးရွာ ၁၅ ရွာဖွဲ့ပေးရသည်။ မြို့နယ်တစ်ခုလုံး၏ လူဦးရေမှာ (၁၉၄၀ပြည့်နှစ်သန်းခေါင်စာရင်းအရ) ၁၀၄,၈၁၁ ရှိခဲ့သည်။ ပျော်ဘွယ်မြူနီစီပါယ် နယ်နိမိတ်အတွင်း ရှိ လူဦးရေမှာ (၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ) ၉၅၀၂ ယောက် ဖြစ်လေသည်။ မြို့ပေါ်ရှိ လူဦးရေတွင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့မှ လွဲလျှင် မြန်မာမွတ်ဆလင် ဦးရေ အများဆုံး ဖြစ်သည်။ မြို့နယ်တစ်ခုလုံးအတွင်း၌ လူမျိုးအလိုက် ဘာသာအလိုက် သီးခြားရှိနေသော ဒေသတစ်ခုမှာ ယင်းတော်ကြီးရွာ ဖြစ်ပြီးလျှင် အစ္စလာမ်အယူဝါဒီ မြန်မာမွတ်ဆလင် ၁၅၀၀ ခန့်ရှိသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ပျော်ဘွယ်မြို့၏ နောက်ကြောင်းကို ပြန်လှန်လေ့လာလျှင် လွန်ခဲ့သော နှစ်ပေါင်း ၁၄၀ က ပျော်ဘွယ်မြို့သည် မရှိသေးပေ၊ ပျော်ဘွယ်မြို့နေရာသည် ထိုစဉ်က ညောင်ရမ်းမြို့အပါအဝင် အင်ကင်းဒိုင် အတွင်း၌ ရှိပြီးလျှင် ရမည်းသင်း ၅ မြို့ ဟု ခေါ်ဝေါ်သော ဝရီး၊ ဘဒ္ဒ၊ ပေါက်အိုင်၊ မြို့လှ၊ ရမည်းသင်းတို့နှင့် နယ်ချင်းစပ်နေသော နေရာတစ်ခု ဖြစ်ခဲ့သည်။ နယ်စပ်ဒေသဖြစ်သဖြင့်လည်း မင်းပြစ်စိုးဒဏ် သင့်ကြသူများ၊ မင်းမှုမင်းဒဏ်ကြောက်၍ တိမ်းရှောင်သူများ ခိုအောင်းရာ ဖြစ်ခဲ့ပြီးလျှင် မကောင်းမှုကိစ္စ အများဆုံး ကျူးလွန်ရာနေရာလည်း ဖြစ်ခဲ့သည် ဟု ဆိုလေသည်။
မြန်မာသက္ကရာဇ် ၁၁၈၆ (ခရစ်နှစ် ၁၈၂၅ခုနှစ်) တွင် ဘကြီးတော်ဘုရားလက်ထက်တွင် မြန်မာနိင်ငံတစ်ဝှမ်းလုံးကစေတီတော်များကိုလဲပြုပြင်ခဲသည်ထို့အထဲတွင်ပျော်ဘွယ်မြို့ကမြသိန်းတန်ဘုရားလဲပါဝင်ခဲသည်ညောင်ရမ်းမင်းကလေးသည်နယ်ပုံတော်သတ်မှတ်ရေးအတွက် ညောင်ရမ်းနယ်စွန်လည်း ဖြစ်သော ထိုနေရာသို့ ရောက်လာသောအခါ ထိုဒေသ၌ မကောင်းမှုများ ပပျောက်စေလိုသဖြင့် ပျော်ဘွယ်ကောင်းသောဒေသ တစ်ခု အဖြစ် ဖန်တီးပြီးသော် မြို့သစ်တည်ရန် အမိန့်တော် ချမှတ်ခဲ့သောကြောင့် မြို့သစ် တည်ခဲ့ကြသည်။ ထို့ကြောင့် ပျော်ဘွယ် ဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။ မြို့သစ်တည်သူမှာ ညောင်ရမ်းမင်းသားကလေး အရွယ်မရောက်မီ ညောင်ရမ်းမြို့ကို ရင်ခွင်ပိုက် အုပ်ချုပ်ခဲ့သူ သီရိဝတ္တဗလ ဘွဲ့ရ ဦးမှုံ ဖြစ်သည် ဟုလည်း ဆိုလေသည်၊ ထို့ကြောင့် ဥ-ဩ-ရာ-သီ၊ ပျော်ဘယ်တည်၊ လူမည်ဦးမှုံတဲ့ ဟူ၍ နံသင့်ကောက် အမှတ်အသား လင်္ကာတစ်ပုဒ်ပင် ရှိခဲ့လေသည်။
ပျော်ဘွယ်မြို့သည် မီးရထားလမ်းများ မပေါက်မီက ရှမ်းပြည်နယ်ဘက်သို့ သွားလာနိုင်သော လမ်းပန်းအဆက်အသွယ်များ ရှိသဖြင့် ရှမ်းပြည် ထွက်ကုန်ပစ္စည်းများနှင့် အနောက်ဘက် ဧရာဝတီကမ်းခြေအထိ ဒေသတို့မှ ထွက်ကုန်ပစ္စည်းတို့ကို ဖလှယ်ရာ ဒေသ ဖြစ်ခဲ့သောကြောင့် အရောင်းအဝယ် စည်ကားသော အချက်အချာမြို့ ဖြစ်ခဲ့သည်။ မီးရထားလမ်း၊ မော်တော်ကားလမ်းများ ဖောက်လုပ်ပြီးနောက်တွင်မူ ရှမ်းပြည်နယ်နှင့် ကုန်ချင်းဖလှယ်မှု၌ ဆုတ်ယုတ်သွားသော်လည်း ရန်ကုန်နှင့် မန္တလေးမြို့များသို့ မီးရထားလမ်း၊ မော်တော်ကားလမ်းတို့ဖြင့် ကူးသန်းသွားလာနိုင်သောကြောင့် အထက်နှင့် အောက် မြန်မာနိုင်ငံ ကုန်စည် ကူးသန်းရောင်ဝယ်မှုဘက်တွင် တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။
စီးပွားရေး
[ပြင်ဆင်ရန်]ပျော်ဘွယ်မြို့သည် မိုးပါးရေရှားသောရပ်ဝန်းဒေသဘက်သို့ကျရောက်သဖြင့် မိုးပါးရေရှားရပ်ဝနမ်းထွက် သီးနှံများ အများဆုံးထွက်သည်။ ယင်းတို့မှာ ဆန်စပါး၊ ဝါဂွမ်း၊ ပဲအမျိုးမျိုး တို့ ဖြစ်သည်။ မိုးနည်းပါးသဖြင့် ကန်ရေ၊ ဆည်ရေတို့ဖြင့် ရေသွင်းစိုက်ပျိုးခြင်းကို ပြုရသည်။ ပျော်ဘွယ်မြို့၏ အရှေ့ဘက် ၈ မိုင်အကွာရှိ ဂုံမင်းဆည်၊ ပျော်ဘွယ်မြို့အနီး ပျော်ဘွယ်ဆည်ဟုခေါ်သော မင်းရာမဆည်နှင့် ဝတီးကန်ဆည်တို့မှ ရေကိုသွင်းယူ၍ ဆန်စပါး စိုက်ပျိုးကြသည်။ ဝါဂွမ်းကို ပျော်ဘွယ်အနောက်ဘက် ၇ မိုင်ကျော်အကွာရှိ ရနောင်အရပ်၌ စိုးပျိုးသည်။ ကုလားပဲကို ကန်ရေ၊ ဆည်ရေရသော ဒေသများ၌ ဆန်စပါးနှင့်ရော၍ လည်းကောင်း၊ မရောပဲလည်းကောင်း စိုက်ပျိုးကြသည်၊ ပဲစဉ်းငုံကို ပျော်ဘွယ်မြို့နယ်အတွင်း ဆည်ရေ၊ကန်ရေ မရသော ဒေသများ၌ စိုက်ပျိုးကြသည်။

မြန်မာနိုင်ငံတွင် ကျော်ကြားသော ပျော်ဘွယ်မြို့နယ်မှ ထွက်ကုန်များမှာမုန့်ကျွတ် အပါအဝင် ကွမ်းညှပ်၊ ကတ်ကြေး၊ ဇွန်း၊ ထယ်သွား၊ ဓားအမျိုးမျိုး စသော ကြေးထည် သံထည်များ ဖြစ်ကြသည်။ ပျော်ဘွယ်မြို့မှတောင်ဘက် ၁ မိုင်ခန့်ကွာဝေးသော မင်းလမ်းနှင့် ပျော်ဘွယ်မြို့အနောက်ဘက် ၆ မိုင်ခန့် ကွာဝေးသော ရှမ်းစုရွာများ၌ လုပ်ကိုင်ကြသည်။ မင်းလမ်းဓားမှာ နာမည်ကျော်သည်။ ပျော်ဘွယ်မြို့တောင်ဘက် သုံးမိုင်အကွာရှိသော ရွှေဓားရွာမှ ကွမ်းသည် ရှေးမြန်မာမင်း အဆက်ဆက်မှ ယခုတိုင်အောင် ကျော်ကြားလျက် ရှိသည်။
လမ်းပန်းဆက်သွယ်ရေး
[ပြင်ဆင်ရန်]ကူးသန်းသွားလာရေးအနေဖြင့် ရန်ကုန်၊ မန္တလေး ကားလမ်း မီးရထားလမ်းများ အပြင် ရှမ်းပြည်နယ် ကလော အောင်ပန်း ဟဲဟိုး တောင်ကြီး မြို့များသို့ အမြန်လမ်းမကြီး ၂၆၂ မိုင်တိုင် မှ ဖြတ်၍သွားလာနိုင်သော ဖြတ်လမ်းကိုလည်းဖောက်လုပ်ထားသည်။ ပျော်ဘွယ်မြို့မှ အနောက်ဘက် မိုင် ၄၀ ခန့်ကွာဝေးသော နတ်မောက်မြို့ သို့လည်း ကောင်း၊ အရှေ့ဘက် ၁၂မိုင်ကွာ ရွှေညောင်ပူး၊ ကျောက်ချပ် သို့လည်းကောင်း၊ အရှေ့တောင်ဘက် ၁၃မိုင်ခန့် ကွာဝေးသော ကွင်းရွာသို့လည်းကောင်း နွေ ဆောင်း နှစ်ရာသီ သွားလာနိုင်သော ကုန်းလမ်းများ ရှိသည်။
ထင်ရှားသည့်နေရာများ
[ပြင်ဆင်ရန်]မြို့နယ်အတွင်း ထင်ရှားသော စေတီပုထိုးများမှာ မြို့အရှေ့ဘက် တစ်ဖာလုံခန့်အကွာရှိ ကေတုမတီ မင်းကြီးညို တည်ထားခဲ့သော မင်းရာမစေတီ၊ ပျော်ဘွယ်မြို့မတည်မီ ကပင် ရှိခဲ့သော ရွှေပြည်သာစေတီ၊ ပျော်ဘွယ်မြို့အနောက်မြောက်ဘက် မိတ္ထီလာသွား ကားလမ်းဘေးရှိ မြသိန်းတန်စေတီတော်ကိုမြန်မာသက္ကရစ်၁၁၇၅(ခရစ်နှစ်၁၈၁၃ခခုနှစ်အင်းဝခေတ်မိဖုရားစောမင်းဖြူတည်ထားခဲသည်မူလဘွဲအမည်ရတနာမဥ္ဇူဟုဘွဲအမည်တွင်သည်မြသိန်းစေတီတော်မူလအစအင်းဝဘုရင်မင်းကြီးဒုတိယဘုရင်မင်းခေါင်နှင့်သမီးတော်မင်းသမီးစောမင်းဖြူသည်ခမည်းတော်၏အောင်မြေဖြစ်သောရမည်းသင်းနှင့်ပျော်ဘွယ်နယ်ဘက်သို့ဘုရားဖူးခရီးထွက်လာခဲသည်သူမသည်အင်းဝမှအရွေအရံများနှင့်အတူဆင်ဖြင့်ကြွလာခဲခြင်းဖြစ်သည်။ယခုပျော်ဘွယ်မြို့ပေါ်ရှိနေရာတစ်ခုတွင်စခန်းချနားနေစဥ်သူမ၏အမြတ်နိုးဆုံးဖြစ်သောတန်ဖိုးရွေဒဂ်ါးအဖိုးတစ်သိန်းထိုက်တန်သည်ဟုဆိုသောမြဘရက်ကိုခေတ္တဖြူတ်ထားသည်ထို့စဥ်ကြောင်တစ်ကောင်ကထိုမြဘရက်ကိုက်ချီထွက်ပြေးသွားခဲသည်။ကြောင်သည်မြဘရက်ကိုကိုက်ချီပြီအနီးရှိသစ်ပင်ကြီးတစ်ပင်ပေါ််သို့ကိုက်ချီယူဆောင်သွားခဲသည်။မင်းသမီးနှင့်အရွေအရံများကလိုက်လံရှာဖွေစဥ်မြဘရက်သည်အထက်တွင်အရောင်တောက်ပစွာလင်း၍တွေရသည်မင်းသမီးသည်သူမ၏အမြတ်နိုးရတနာကိုကြောင်ကချီသွားသောလဲအမှတ်မထင်ပြန်လဲတွေရှိတာကြောင့်သာသနာပြုရန််နိမိတ်ကောင်းဟုဆိုကာထိုမြဘရက်ကိုဌာပနာ၍ဘုရားတည်ထားခဲသည်။ဘွဲတော်၏အစ"မြရတနာကိုထားပဌာနခြင်းသိန်းနှင့်ချီသောတန်းဖိုးရှိခြင်းတန်းဖိုးဖြတ်မရသောအလှူဖြစ်ခြင်းကြောင့်မြသိန်းတန်ဟူသောဘွဲအမည်ဆက်ကပ်ခဲသည်ဘုရားရာဇဝင်အရထိုမြဘရက်ကိုဌာပနာစဥ် မှာ ထိုမြရတနာအားမြေမှာမမြှုတ်ဘဲ အထက်မှာအမြဲတောက်ပပါစေလို့ ဆုတောင်းခဲတယ်လို့ဆိုပါတယ် ဒါကြောင့်လဲကြောင်ကမြေမှာမချဘဲသစ်ပင်အမြင်ပေါ်မှာတင်ထားခဲတယ်လို့ဆိုပါတယ် ယုံကြည်ပါတယ်ဒါဟာလဲဘုရားရဲအံဖွယ်တစ်ခုပင်ဖြစ်ပါသည်ထိုအချက်ကြောင့်ဘုရားကအထက်တန်းကျခြင်း၊ရာထူးဌာနန္တရတိုးတက်ခြင်း ချစ်သောသူနှင့်ပေါင်းသင်းနေထိုင်ရခြင်းစသည်တို့ အတွက်ဆုတောင်းပြည့်တယ်ဘုရားအဖြစ်ထင်ရှားပါတယ်မြသိန်းတန်စေတီကြီးအားမင်းအဆက်ပြုပြင်ခဲရာဗဒုံံမင်း(ဘိုးတော်ဘုရား)လဲပါဝင်ခဲသည် ၊မင်းတုန်းမင်းကြီးလက်ထက်တွင်ပျော်ဘွယ်မြို့ဝန်နှင့်နယ်သူနယ်သားများကလဲပြုပြင်ခဲသည်မင်းသမီးစောမင်းဖြူသည်ပဲခူးမှာကွယ်လွန်ပေမယ်သူမအမြတ်နိုး ဆုံးဖြစ်သောပျော်ဘွယ်ကမြသိန်းတန်ဘုရားကိုတစ်နှစ်တစ်ခါလာရောက်တယ်လို့အဆိုရှိပါတယ်အချို့ကလဲညဘက်တွေမှာမင်းသမီးဝတ်စုံနှင့်အမျိုးသမီး ကိုတွေရတယ်လို့ပြောလေရှိပါတယ် ဘုရား၏အံဖွယ်များဘုရားတွင်ရှေးအခါအိုးခွက်များလက်ဝတ်လက်စားများဌားရမ်း၍ရခြင်း၊ဘုရားအဝိုင်းအတွင်းစိုက်ပျိုးထားသောကုက္ကိူပင်မှာတစ်ခြားအပင်များနှင့်မတူဘဲလွန်စွာတန်ခိုးကြီးခြင်း၊ဘုရားပွဲတော်ရက်များတွင်ဇာတ်ပွဲများကပါကဘုရားဘက်သို့လှည်၍ကပြရခြင်းမကပြပါမိုးလေများကြရောက်ခြင်း၊ဘုရား၏အရှေ့ဘက်တွင်ရှိသောကန်တော်မှာဆက်၍တူးဖော်မရခြင်း၊ဘုရား၏အရိပ်တော် သည်ဘုရားဝိုင်းအပြင်သို့မကျရောက် ဘုရားကြီးရောင်ခြည်တော်များခဏခဏလွတ်ခြင်း ရှေးအခါပုလိပ်ရောဂါများ ဖြစ်ပွား၍ မြို့မရက်ကွပ်မှလူများဘုရားသို့ရောက်သောအခါရောဂါပရာကင်ပျောက်ခဲခြင်း အဂ်လိပ်ခေတ်ဂျပန်ခေတ်များတွင်ဘုရားကြီးဗုံဒဏ်မကျရောက်ခြင်းစသည် အံဖွယ်၈ချက်နှင့်ပြည့်စုံံသောဘုရားတစ်ဆူဖြစ်ပြီပျော်ဘွယ်မြို့၏သက်တမ်းအရင်ဆုံး ဘုရားတစ်ဆူဖြစ်ပြီပျော်ဘွယ်မြို့၏အသက်အကြီးဆုံးအဘရုက္ခစိုးနတ် စောင့်ရှောက်သောဘုရားလဲဖြစ်ပါသည် ေပျာ်ဘွယ်မြို့မှ တောင်တန်းများတွင် တည်ရှိသော ခွန်နန်းကြိုးစေတီ၊ သပြေတောင်စေတီ၊ ကြပ်တည်းတောင်စေတီ၊ တောင်တော်စေတီ ဇလုံးတောင်စေတီ စသည့်တို့ ဖြစ်ကြသည်။
ကြီးကျယ်စည်ကားသော ပွဲလမ်းများမှာ မြို့အနီးရှိ စေတီပုထိုးတို့၏ ဘုရားပွဲများ ဖြစ်ကြပြီးလျှင် ထူးထူးခြားခြား ကြီးကျယ် စည်ကားသော ပွဲတော်မှာ နှစ်စဉ် တန်ဆောင်မုန်းလ၌ ကျင်းပသည့် ဘုံကထိန်ပွဲတော် ဖြစ်သည်။
ပျော်ဘွယ်မြို့သည် စေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ၊ ရုံး၊ ဈေးစသည်တို့ဖြင့် ဝေဝေဆာဆာ ရှိသည့်အပြင် ပြည်တော်သာခေတ်က အစိုးရ တန်းမြင့်ကျောင်း၊ ပြည်သူ့ဆေးရုံ၊ သားဖွားဆေးရုံတို့ကို ဆောက်လုပ်ခဲ့သည်။ အစိုးရတိုင်းရင်းဆေးပေးခန်းနှင့် ၂၀၁၈ ခုနှစ်တွင် ပြည်သာယာ ရပ်ကွက်၌ ၁၆ ကုတင် တိုင်းရင်းဆေးရုံ ကိုဖွင့်လှစ်ပေးထားသည်။ မင်းသားကြီးဆည် နှင့် မိုးကောင်းဆည်တို့ကို အစိုးရက ပြုပြင်တည်ဆောက်ပေးခဲ့သည်။ မြို့၏ ကျက်သရေဆောင် အဆောက်အအုံသည် မြို့တော်ခန်းမကြီး ဖြစ်၍ ပျော်ဘွယ်မြို့တည်သူ ဦးမှုံ၏ မြစ်တော်သူ အဘွားထိမ်း၏ ကောင်းမှု ဖြစ်သည်။ ရန်ကုန် မန္တလေး ကားလမ်းနှင့် မီးရထားလမ်းဆုံတွင် ရှိသော နာရီစဉ် သည်လည်း ထင်ရှားသော ဝိသေသ အဆောက်အအုံဖြစ်သည်
ဗြိတိသျှအစိုးရလက်ထက်က သီးသန့်စစ်ပုလိပ်တပ်ဖွဲ့၏ ဌာနချုပ်ကို ပျော်ဘွယ်မြို့၌ ထားရှိခဲ့သည်။ စစ်ပုလိပ်တပ်ဖွဲ့အတွက် မျိုးသန့်မြင်းများ မွေးမြူရာဌာနကိုလည်း မြို့၏အနီးတွင် ဖွင့်လှစ်ထားခဲ့သည်။ ထို့ပြင် ပျော်ဘွယ်မြို့သည် မြန်မာနိုင်ငံ အထက်အောက် နှင့် ပတ်ဝန်းကျင် ခရိုင်တို့မှ နွားကုန်သည်များအတွက် နွားဈေးအဖြစ်လည်း လူသိများ ကျော်ကြားသော မြို့ ဖြစ်သည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ (၇)၊ စာမျက်နှာ (၉၅)