မာတိကာသို့ ခုန်သွားရန်

ဝေမိုးနိုင်

ဝီကီပီးဒီးယား မှ
(ဝေမိုးနိုင်(မုံရွာ) မှ ပြန်ညွှန်းထားသည်)

ဝေမိုးနိုင် (မုံရွာ)သည် စာရေးသူတစ်ဦးဖြစ်သည်။ ၁၉⁠၉၅ ခုနှစ် စက်တင်ဘာ ၂၆ တွင် အဖ ဦးကို⁠ကိုနိုင်၊ အမိ ဒေါ်မိုးစန္ဒာကြူတို့မှ မွေးဖွားသည်။ အသက် ၁၃ နှစ် အရွယ်တွင် ဖူးငုံဆယ်ကျော်သက်၌ ပွင့်ချိန်တန်လျှင် ဝတ္ထုတိုကို စတင်ဖော်ပြခံရသည်။ ဖူးငုံဆယ်ကျော်သက်၊ ရုပ်ရှင်တေးကဗျာ၊ မဟေသီနှင့် ရနံ့သစ်တို့တွင် ဝတ္ထုတို၊ ဆောင်းပါးများ ရေးသားလျက်ရှိသလို အွန်လိုင်းတွင်လည်း ဘလော့များ ရေးသားခဲ့သည်။

ဖမ်းဆီးခံရခြင်း

[ပြင်ဆင်ရန်]

နွေဦးတော်လှန်ရေးကာလတွင် မုံရွာမြို့၌ တက်ကြွစွာပါဝင်ခဲ့ပြီး မုံရွာ၏ ပင်မသပိတ်ခေါင်းဆောင်းတစ်ယောက် ဖြစ်လာခဲ့သည်။ ဧပြီလ (၁၅)ရက်နေ့ နေ့လယ်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီမှ အိမ်စီးကားနှင့် ဝေမိုးနိုင် စီးလာသော ဆိုင်ကယ်ကို ဝင်တိုက်ပြီး ဖမ်းဆီးရိုက်နှက် ခေါ်ဆောင်သွားခဲ့သည်။

မတရားစွဲချက်တင်ခံရမှု

[ပြင်ဆင်ရန်]

ဧပြီ ၂၃ ရက်နေ့ မုံရွာမြို့တွင် ကိုဝေမိုးနိုင်နှင့်အတူ နွေဦးတော်လှန်ရေးလှုပ်ရှားမှု တွင် ပါဝင်ခဲ့သော ၄၂ ဦးအားလူသတ်မှုပုဒ်မ ၃၀၂၊ ဥပဒေနှင့်မညီဘဲ လူစုလူဝေးစုဖွဲ့မှု ပုဒ်မ ၁၄၉၊ လူကိုမတရားချုပ်နှောင်မှု ပုဒ်မ ၃၄၂၊ လူသတ်ရန်ရည်ရွယ်၍ သွေးဆောင်ခေါ်ယူမှု ပုဒ်မ ၃၆၄ နှင့် သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၅၀၅-က တို့ဖြင့် အာဏာသိမ်း စစ်ကောင်စီမှ စွဲချက်တင်ခဲ့သည်။ မတ်လ ၂၅ တွင် အသတ်ခံရ၍ သေဆုံးခဲ့သော ရဲနှစ်ဦး အမှုအတွက် မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူးခင်သန်းမှ ပုဒ်မ ၃၀၂ လူသတ်မှုဖြင့် တရားစွဲခံရခြင်းဖြစ်သည်။ []

ကိုးကား

[ပြင်ဆင်ရန်]