မာတိကာသို့ ခုန်သွားရန်

ဂျိုး ဘိုင်ဒင်

ဝီကီပီးဒီးယား မှ
ဂျိုးဘိုင်ဒင်
Joe Biden
(1942-11-20) နိုဝင်ဘာ ၂၀၊ ၁၉၄၂ (အသက် ၈၂) -
ဘိုင်ဒင်
ရုံးသုံး ဓာတ်ပုံ
၄၆ ဦးမြောက်
အမေရိကန်ပြည်ထောင်စု၏ သမ္မတ
၂၀ ဇန်နဝါရီ ၂၀၂၁ - ၂၀ ဇန်နဝါရီ ၂၀၂၅
ဒုတိယ သမ္မတ ကားမလာ ဟဲရစ်
ယခင် ဒေါ်နယ်လ် ထရမ့်
အမေရိကန် ဒု-သမ္မတ
၄၇ ယောက်မြောက်
၂၀ ဇန်နဝါရီ ၂၀၀၉ - ၂၀ ဇန်နဝါရီ ၂၀၁၇
ယခင် ဒစ် ချနေး
ဆက်လက် မိုက်ပန့်စ်
ဒယ်လာဝဲလ်
လွှတ်တော်အဖွဲ့ဝင်
၃ ဇန်နဝါရီ ၁၉၇၃ - ၁၅ ဇန်နဝါရီ ၂၀၀၉
ယခင် ဂျေ ကာလက် ဘော့ဂျ်
ဆက်လက် တက်ဒ် ကော့ဖ်မန်း
ကိုယ်ရေး အချက်အလက်
အမည်ရင်း ဂျိုးဇက် ရော်ဘင်နက် ဘိုင်ဒင် ဂျူနီယာ
မွေးရက် (1942-11-20) နိုဝင်ဘာ ၂၀၊ ၁၉၄၂ (အသက် ၈၂)
မွေးရပ်ဇာတိ ဆခရန်တန်၊ ပင်ဆယ်ဗေးနီးယား၊ အမေရိကန်
နိုင်ငံသား  အမေရိကန်
ဘာသာ ခရစ်ယာန်
ပညာရေး B.A.
ပါတီ ဒီမိုကရက်တစ်
ကြင်ဖော် နေလီယာ ဟန်းတား (၁၉၆၆ လက်ထပ်၊​၁၉၇၂ ကွယ်လွန်)
ဂျေး ဂျက်ကော့ (၁၉၇၇ လက်ထပ်)
သားသမီး ဗို၊ ဟန်းတား ၊ နာအိုမီ၊ အက်ရှလေ
ဝဘ်ဆိုတ် http://joebiden.com
လက်မှတ်

ဂျိုးဇက် ရော်ဘင်နက် ဘိုင်ဒင် ဂျူနီယာ (အင်္ဂလိပ်: Joseph Robinette Biden Jr. (/ˌrɒbɪˈnɛt ˈbdən/)[]) သည် အမေရိကန် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ၄၆ ဦးမြောက် အမေရိကန်ပြည်ထောင်စု၏ သမ္မတ ဖြစ်ခဲ့သည်။ ယခင်သမ္မတဖြစ်သူ ဒေါ်နယ်လ် ထရန့်အား အနိုင်ရရှိပြီးခဲ့သည်။

ဒီမိုကရက်တစ်ပါတီဝင် တစ်ဦး ဖြစ်သော ဂျိုးဘိုင်ဒင်သည် ၂၀၀၉ မှ ၂၀၁၇ ခုနှစ် အထိ အမေရိကန်ပြည်ထောင်စု၏ ၄၇ ယောက်မြောက် ဒုတိယ သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒယ်လာဝဲပြည်နယ်၏ ဆီးနိတ်လွှတ်တော် အမတ် တစ်ဦး အဖြစ်လည်း ၁၉၇၃ ခုနှစ်မှ ၂၀၀၉ ခုနှစ် အထိ တာဝန် ထမ်းဆောင်ခဲ့သည်။

အစောပိုင်းဘဝနှင့် နိုင်ငံရေး လုပ်ဆောင်မှု

[ပြင်ဆင်ရန်]

ပင်ဆယ်ဗေးနီးယားပြည်နယ် ဆခရန်တန်မြို့ နှင့် ဒဲလာဝဲလ်ပြည်နယ် နယူးကာဆယ် ကောင်တီ တို့တွင် ကြီးပြင်းခဲ့သော ဘိုင်ဒင်သည်​ ဒဲလာဝဲလ် တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် ဆီရာကျု တက္ကသိုလ်မှ ဥပဒေဘွဲ့ ရရှိခဲ့သည်။ ၁၉၇၀ ခုနှစ်တွင် နယူးကာဆယ် ကောင်တီ၏ ကောင်ဆယ်လာ အဖြစ် ရွေးချယ်ခြင်း ခံရပြီး ၁၉၇၂ ခုနှစ်တွင် ဒဲလာဝဲလ်ပြည်နယ်မှ အမေရိကန်ဆီးနိတ် လွှတ်တော်အမတ် အဖြစ် ရွေးချယ်ခြင်း ခံရသည့် အခါ အမေရိကန်နိုင်ငံ၏ သမိုင်းတွင် ဆဋ္ဌမမြောက် အငယ်ဆုံး ဆီးနိတ် လွှတ်တော်အမတ်အဖြစ် အသက် ၂၉ နှစ်ဖြင့် ဖြစ်လာခဲ့သည်။ ဘိုင်ဒင်သည် ဆီးနိတ်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ၏ အဖွဲ့ဝင်အဖြစ် ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ဆုံးတွင် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

သူသည် ၁၉၉၁ ခုနှစ်တွင် ပင်လယ်ကွေ့စစ်ပွဲကို ကန့်ကွက်ခဲ့သော်လည်း အရှေ့ဥရောပသို့ နေတိုးအဖွဲ့၏ မဟာမိတ်များ တိုးမြှင့်ရန် နှင့် ၁၉၉၀ ခုနှစ်များအတွင်း ယူဂိုဆလားဗီးယားစစ်ပွဲကို ဝင်ရောက်စွက်ဖက်ရန် အတွက်မူ ထောက်ခံခဲ့သည်။​သူသည် ၂၀၀၂ ခုနှစ်တွင် အီရတ်စစ်ပွဲအား ခွင့်ပြုသည့် ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့သော်လည်း ၂၀၀၇ ခုနှစ်တွင် အီရတ်၌ တပ်များ တိုးမြှင့်ခြင်းကိုမူ ကန့်ကွက်ခဲ့သည်။ သူသည် ၁၉၈၇ ခုနှစ်မှ ၁၉၉၅ ခုနှစ် အထိ ဆီးနိတ် တရားစီရင်ရေး ကော်မတီတွင်လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး မူးယစ်ဆေးဝါးဆိုင်ရာ ပေါ်လစီများ၊ ရာဇဝတ်မှု ဟန့်တားရေး နှင့် အများပြည်သူ လွတ်လပ်ခွင့်ဆိုင်ရာ ပြဿနာများကို ကိုင်တွယ် ဖြေရှင်းခဲ့သည်။ နိုင်ထက်စော်ကားပြစ်မှုထိန်းချုပ်ရေးနှင့် အပြစ်ပေးရေးဥပဒေ၊ အမျိုးသမီးများအား နိုင်ထက်စော်ကားခြင်း ဥပဒေတို့ အသက်ဝင်ရန် ဦးဆောင်ပြီး အမေရိကန်တရားရုံးချုပ်အတွက် ရော်ဘတ်ဘော့နှင့် ကလဲရံ့သောမတ်တို့အား နှိုင်းယှဉ်ရွေးရာ၌ဖြစ်သော ဝိဝါဒများကို ညှိကွပ်ပေးနိုင်ခဲ့သည်။ သူသည် ဒီမိုကရက်တစ် ပါတီ၏ သမ္မတလောင်း အဖြစ် အရွေးခံရန် ၁၉၈၈ ခုနှစ်တွင် တစ်ကြိမ် ၂၀၀၈ ခုနှစ်တွင် တစ်ကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

အိမ်ဖြူတော်ကာလ

[ပြင်ဆင်ရန်]

ဒုသမ္မတတာဝန်ထမ်းဆောင်ခြင်း (၂၀၀၈-၂၀၁၇)

[ပြင်ဆင်ရန်]

အထက်လွှတ်တော်တွင် ခြောက်ကြိမ်တိုင် အရွေးခံရသည်။ ၂၀၀၈ ခုတွင် ဘာရက် အိုဘားမားနှင့်အတူ ဒုသမ္မတ ဝင်အရွေးခံကာ လွှတ်တော်မှ ထွက်ခဲ့ချိန်၌ စတုတ္ထမြောက် ဝါအရင့်ဆုံး အထက်လွှတ်အမတ် ဖြစ်ခဲ့လေပြီ။ [] အိုဘားမားနှင့် ဘိုင်ဒင်တို့မှာ ၂၀၁၂ ခုတွင်လည်း ထပ်အရွေးခံရသည်။ ဒုသမ္မတအဖြစ် အလုပ်ရှားကပ်ကာလတွင် အခြေခံအဆောက်အဦများချဲ့ကာ အလုပ်ဖော်ခြင်းကို ကြီးကြပ်သည်။ အိုဘားမားအုပ်ချုပ်စဉ် ၂၀၁၀ အခွန်ဖြေဥပဒေ၊ ၂၀၁၁ ရန်ပုံငွေထိန်းဥပဒေ၊ ၂၀၁၂ အမေရိကန်အခွန်ထမ်းများဖြေလျော့ပေးမှုဥပဒေတို့ကို ပြဋ္ဌာန်းနိုင်အောင် လွှတ်တော်မှ ရီပါဘလစ်ကန်များနှင့် အောင်အောင်မြင်မြင် ညှိနှိုင်းနိုင်ခဲ့သည်။ နိုင်ငံခြားရေးရာမူဝါဒဘက်တွင် အမေရိကန်-ရုရှား စတာ့သစ် သဘောတူစာချုပ်ဖြစ်ရန် ဦးဆောင်ခြင်း၊ လစ်ဗျားအရေး၌ ကိုယ်ထိလက်ရောက်ပါဝင်မှုကို ထောက်ခံခြင်း၊ အမေရိကန်တပ်များ အီရတ်မှ ဆုတ်ခွါလာနိုင်ရေး မူဝါဒများ ဖော်ဆောင်ရာ၌ ကူညီခြင်းတို့ ထင်ရှားသည်။ စန္ဒီဟု မူလတန်းကျောင်း၌ သေနတ်ပစ်မှု ပေါ်ပေါက်သည့်နောက် သေနတ်သုံးနိုင်ထက်စော်ကားမှုအထူးအဖွဲ့ကို ဦးဆောင်ကာ အမေရိကန်တဝှမ်းဖြစ်ပွားသော သေနတ်သုံးနိုင်ထက်စော်ကားမှုတို့၏ ဖြစ်ကြောင်းရင်းကို ထုတ်ပြန်ခဲ့သည်။ []

၂၀၁၅ ခု၊ အောက်တိုဘာလတွင် ၂၀၁၆-ရွေးကောက်ပွဲ၌ ဝင်အရွေးမခံဟု ကြေညာသည်။ ၂၀၁၇ ခု၊ ဇန္နဝါရီလတွင် အိုဘားမားက ဘိုင်ဒင်ကို လွတ်လပ်ရေးဆိုင်ရာသမ္မတပေးတံဆိပ် ဆုချသည်။ []

သမ္မတတာဝန်ထမ်းဆောင်ခြင်း (၂၀၂၀-၂၀၂၅)

[ပြင်ဆင်ရန်]

၂၀၁၉ ခု၊ ဧပြီလ ၂၅ ရက်တွင် ၂၀၂၀ အမေရိကန်ပြည်ထောင်စု သမ္မတ ရွေးကောက်ပွဲကို ဝင်ပြိုင်မည်ဟု အသိပေးသည်။ ဇွန်လတွင် ပါတီတွင်း အဆိုပြုပွဲ၌ ၁၉၉၁ မဲရကာ ပါတီတွင်းမဲပမာဏကို ပြည့်မီခဲ့သည်။ []

၂၀၂၀ ပြည့်နှစ်သမ္မတရွေးကောက်ပွဲတွင် သမ္မတဖြစ်သူ ဒေါ်နယ်ထရမ့်ကို ယှဉ်ပြိုင်ရာ၌ သမ္မတဖြစ်ရန် လိုအပ်သော ပြည်ထောင်စု ရွေးကောက်ခံနယ်မြေ (၂၇၀) ရရှိ ကျော်လွန်ခဲ့၍ အမေရိကန်ပြည်ထောင်စု၏ ၄၆ ယောက်မြောက် သမ္မတ အဖြစ်ရွေးကောက်ခြင်းခံခဲ့ရသည်။ []

သမ္မတရာထူးမှ အနားယူပြီးကာလ (၂၀၂၅ - လက်ရှိ)

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊ မေ ၁၈ ရက်နေ့တွင် သမ္မတဟောင်း ဂျိုးဘိုင်ဒန်အား ၎င်း၏ အရိုးများဆီသို့ ပျံ့နှံ့နေပြီဖြစ်သော "ပြင်းထန်သည့် အမျိုးအစား" ဆီးကျိတ်ကင်ဆာ ရောဂါဖြင့် စစ်ဆေးတွေ့ရှိရကြောင်း ၎င်း၏ရုံးက ထုတ်ပြန်ခဲ့သည်။ []

မှီငြမ်း

[ပြင်ဆင်ရန်]
  1. YouTube ပေါ်ရှိ "Joe Biden takes the oath of Office of Vice President"
  2. Biden Senate resignation, January 15th
  3. Caldwell၊ Leigh Ann။ "Obama sets up gun violence task force"၊ CBS News၊ December 19, 2012။
  4. Shear၊ Michael D.။ "Obama Surprises Joe Biden With Presidential Medal of Freedom" (in en)၊ The New York Times၊ January 12, 2017။
  5. "Biden clinches the Democratic nomination after securing more than 1,991 delegates"၊ June 9, 2020။
  6. "Live updates: Biden announces 2020 election VP pick". CNN.
  7. Former US president Joe Biden diagnosed with 'aggressive' prostate cancer Channel News Asia။ 20 May 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 May 2025 တွင် ပြန်စစ်ပြီး။