မာတိကာသို့ ခုန်သွားရန်

ဆေးတက္ကသိုလ် (မန္တလေး)

ဝီကီပီးဒီးယား မှ
ဆေးတက္ကသိုလ် (မန္တလေး)
University of Medicine (Mandalay)
ဥပဌာနံ အနုကမ္မာ ဒယာ
Service, Sympathy, Humanity
upaṭhānaṃ, anukammā, dayā
{{{အမည်}}}
တည်ထောင်ခုနှစ် ၁၉၅၄ခုနှစ်
ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာခင်မောင်လွင်
တည်နေရာ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး
ပိုင်ဆိုင်မှု ကျန်းမာရေး ဝန်ကြီးဌာန
ဝဘ်ဆိုတ် http://www.ummdy.gov.mm

ဆေးတက္ကသိုလ် (မန္တလေး)သည် မြန်မာပြည်ရှိ ဆေးတက္ကသိုလ် ၅ ခုအနက် မန္တလေးမြို့တွင်ရှိသော ဆေးတက္ကသိုလ်ဖြစ်သည်။ ဆေးပညာဘွဲ့ (MBBS)နှင့် ဆေးပညာဆိုင်ရာ ဒီပလိုမာ၊ ဆေးပညာမဟာသိပ္ပံဘွဲ့ (MMedSc)၊ ဆေးလက်တွေ့အခြေခံပါရဂူဘွဲ့ (PhD) နှင့် ဆေးလက်တွေ့ပါရဂူဘွဲ့ (DrMedSc) များ သင်ကြားပေးသည်။ မြန်မာပြည် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်မြင့်ကျောင်းသားများ တက်ရောက်ခွင့်ရှိသော ကျောင်းတစ်ကျောင်းဖြစ်ပြီး နှစ်စဉ် ကျောင်းသား ဦးရေ ၃ဝဝ ဝန်းကျင်ခန့်ကို လက်ခံသင်ကြားပေးသည်။ဆေးတက္ကသိုလ် (မန္တလေး)သည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၅ ကျောင်းအနက် တစ်ကျောင်းလည်းဖြစ်သည်။

ဆေးတက္ကသိုလ် (မန္တလေး)

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၁၉၅၄ ခုနှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး)သည် ရန်ကုန်တက္ကသိုလ်၏ ဆေးပညာဌာနခွဲ (Branch Medical Faculty) တစ်ခုအဖြစ် စတင်ခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် ဆေးပညာဌာန (Faculty of Medicine) အဖြစ် ပြောင်းလဲလိုက်သည်။ ၁၉၆၄ ခုနှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး)(Institute of Medicine, Mandalay) အဖြစ် သီးခြားတည်ထောင်ခဲ့ပြီး ကျောင်းသားကျောင်းသူ (၃၆)ယောက်ကို ဆေးပညာဘွဲ့ (MBBS)အတွက် စတင်သင်ကြားပေးသည်။ ဘွဲ့လွန်သင်တန်းများကို ၁၉၆၈ခုနှစ်တွင် ဇီဝကမ္မဗေဒဘွဲ့လွန်သင်တန်းဖြင့် စတင်ခဲ့သည်။ ၂၀၀၅ခုနှစ်တွင် University of Medicine, Mandalay သို့ အမည်ပြောင်းလဲခဲ့သည်။

ဝင်ခွင့်အပြောင်းအလဲ

[ပြင်ဆင်ရန်]

၁၉၆၄ ခုနှစ်က စတင်ပြီး ၂၀၂၀ ပြည့်နှစ်အထိ ဆေးတက္ကသိုလ်များ နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ဝင်ခွင့်ရွေး ချယ်ရေးစနစ်ကို တက္ကသိုလ်ဝင်စာမေးပွဲ၌ သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ပြီးသည့် ကျောင်းသား/ သူများအား တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့ (အဆင့်မြင့်ပညာဦးစီးဌာန)သို့ လိပ်မူလျှောက်ထားစေခြင်းဖြင့် ဘာသာစုံ(၆)ဘာသာ ရမှတ်ပေါင်းကို အခြေခံ၍ အမှတ် အများဆုံးရရှိသူများကိုသာ ရွေးချယ်တက်ရောက်စေသည့် စနစ်ကို ကျင့်သုံးခဲ့သည်။၂ဝ၂၂ခုနှစ်တွင်မူ ကိုဗစ်-၁၉ရောဂါအခြေအနေ၊ စစ်အာဏာသိမ်းမှုဆန္ဒပြမှုများ နှင့် ပြည်သူ့ ခုခံတော်လှန်ရေးတို့ကြောင့် ကျောင်းသားများ သည် တက္ကသိုလ်ဝင်တန်းကို ၆လခန့်သာ တက်ပြီး စာမေးပွဲဖြေခဲ့ကြရသည်။ ထိုကာလနှင့်တိုက်ဆိုင်စွာဖြင့် စစ်ကောင်စီ ခန့် ကျန်းမာရေးဝန်ကြီးဌာနက ဆေးတက္ကသိုလ်များ နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၏ ဝင်ခွင့်ရွေးချယ်ရေးစနစ်ကို တက္ကသိုလ်ဝင်စာမေးပွဲ (၆)ဘာသာအမှတ်ပေါင်း (၄၅၀) ပြည့်သူများထဲမှ ဆေးပညာ နှင့် သက်ဆိုင်သည့် အင်္ဂလိပ်စာ၊ဓာ တုဗေဒ၊ဇီဝဗေဒ ၃ဘာသာရမှတ်ပေါင်းအနည်းအများကိုကြည့်၍ ဝင်ခွင့်ခေါ်ယူမည့် စနစ်ကို ပြောင်းလဲခဲ့သည်။ရွေးချယ်မှုတွင် လည်း ပဏာမအဆင့် ရွေးချယ်မှု၊ ဒုတိယအဆင့်အနေဖြင့် သတ်မှတ်ဦးရေ အကျုံးဝင်သူများကို လူတွေ့နှုတ်မေးစာမေးပွဲ စစ်ဆေးခြင်း နှင့် ပဏာမရွေးချယ်ခံထားရသူအားလုံးကို စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်ခြင်း( ရေးဖြေ) စာမေးပွဲ စစ်ဆေးခြင်းတို့ ဆောင်ရွက်သည်။ယင်းအပြင် ဝင်ခွင့်ရရှိသူများကို နိုင်ငံတော်အစီအစဉ် နှင့် ပညာသင်ကြားခွင့်‌(သို့မဟုတ်) မိမိအစီအစဉ် ဖြင့် ပညာသင်ကြားခွင့်စသည့် ရွေးချယ်ပိုင်ခွင့်များ ပေးထားပြီး နိုင်ငံတော်အစီအစဉ်နှင့်ဆိုလျှင် တက္ကသိုလ်သင်တန်းကြေးအဖြစ် တစ်လလျှင် ငွေကျပ် (၈၀၀) ၊ မိမိအစီအစဉ်နှင့်ဆိုလျှင် ပညာသင်ကာလ ပြီးဆုံး သည်အထိ ငွေကျပ်သိန်း(၆၀၀) အကုန်အကျခံကြရမည်ဖြစ်သည်။နိုင်ငံတော်အစီအစဉ်ဖြင့် ပညာသင်ကြားခွင့်‌ရရှိသူများသည် ဘွဲ့ရရှိပြီးနောက် နိုင်ငံ့ဝန်ထမ်း အဖြစ် မဖြစ်မနေအနည်းဆုံး(၅)နှစ် တာဝန်ထမ်းဆောင်ပေးရမည့် စည်းကမ်းချက်ကို လိုက်နာရမည် ဖြစ်သည်။[] []

ဦးဆောင်မှု

[ပြင်ဆင်ရန်]

၁၉၅၄ခုနှစ်မှ စတင်၍ ဆေးတက္ကသိုလ် (မန္တလေး)ကို တက္ကသိုလ်ဋ္ဌာနမှူးမှ ဦးဆောင်အုပ်ချုပ်သည်။ ၁၉၆၄ တွင် Institute of Medicine, Mandalay အဖြစ်ပြောင်းလဲပြီး ပါမောက္ခချုပ် မှ ကျောင်း၏ ဦးဆောင်မှုတာဝန်ကို ထမ်းဆောင်ခဲ့ကြသည်။

တာဝန်ထမ်းဆောင်ခဲ့သော ပါမောက္ခချုပ်များမှာ-

ကာလအမည်
xx-၀၄-၁၉၅၄ မှ xx-၀၈-၁၉၆၁Prof. Chaudhury (တက္ကသိုလ် ဋ္ဌာနမှူး)
၀၁-၁၂-၁၉၆၁ မှ ၃၀-၀၉-၁၉၆၄Prof. ဘသန်း (တက္ကသိုလ် ဋ္ဌာနမှူး)
၀၁-၁၀-၁၉၆၄ မှ ၃၀-၀၉-၁၉၆၅ဒေါက်တာ မောင်ကလေး
၀၁-၁၀-၁၉၆၅ မှ ၃၁-၀၈-၁၉၇၁ဒေါက်တာ မောင်မောင်ကြီး
၀၁-၀၉-၁၉၇၁ မှ ၁၄-၀၇-၁၉၇၃ဒေါက်တာ ခင်မောင်ငြိမ်း
၁၅-၀၇-၁၉၇၃ မှ ၁၂-၁၂-၁၉၈၃ပါမောက္ခ ဦးဖေသိန်း
၂၆-၀၆-၁၉၈၄ မှ ၃၀-၀၄-၁၉၉၁ပါမောက္ခ ဦးထွန်းသင်
၀၁-၀၅-၁၉၉၁ မှ ၁၇-၀၃-၁၉၉၆ပါမောက္ခ ဦးဇော်ဝင်း
၁၈-၀၃-၁၉၉၆ မှ ၃၀-၀၃-၂၀၀၅ပါမောက္ခ ဦးစိုးထွန်း
၃၁-၀၇-၂၀၀၅ မှ ၁၅-၀၁-၂၀၀၈ပါမောက္ခ ဦးကျော်လှ
၁၆-၀၁-၂၀၀၈ မှ ၀၄-၀၄-၂၀၁၃ပါမောက္ခ ဦးသန်းဝင်း
၂၅-၀၂-၂၀၁၃ မှ ၂၅-၀၅-၂၀၁၅ပါမောက္ခ ဦးတင်မောင်ဟန်
၂၆-၀၆-၂၀၁၅ မှ - ၂၁-၀၂-၂၀၂၁ ပါမောက္ခ ဦးခင်မောင်လွင်
၁၅-၀၈-၂၀၂၁ မှ ယနေ့အထိပါမောက္ခ ဦးမျိုးသက်တင်

ဆေးတက္ကသိုလ် (မန္တလေး)ရှိ ဌာနများကို တည်ထောင်ခဲ့သော ခုနှစ်များမှာ -

သင်ကြားမှုကာလ

[ပြင်ဆင်ရန်]
ပညာသင်နှစ်အချိန်ကာလ
ပထမနှစ်၁ နှစ်
ဒုတိယနှစ်၁ နှစ်ခွဲ
တတိယနှစ်၁ နှစ်
နောက်ဆုံးနှစ် အပိုင်း က၁ နှစ်
နောက်ဆုံးနှစ် အပိုင်း ခ၁ နှစ်ခွဲ
အလုပ်သင်ဆရာဝန်၁ နှစ်
ပညာသင်နှစ်စုစုပေါင်း၇ နှစ်

ဘာသာရပ်များ

[ပြင်ဆင်ရန်]

ပထမနှစ် အမ်ဘီဘီအက်စ်

[ပြင်ဆင်ရန်]

ဒုတိယနှစ် အမ်ဘီဘီအက်စ်

[ပြင်ဆင်ရန်]

တတိယနှစ် အမ်ဘီဘီအက်စ်

[ပြင်ဆင်ရန်]

သင်ကြားရေး ဆေးရုံများရှိ ဆေးကုသဆောင်နှင့် ခွဲစိတ်ကုသဆောင်များတွင် ဆေးပညာလက်တွေ့သင်တန်းပေးခြင်း ၁၈ပတ်

ဆေးတက္ကသိုလ် အ​ဆောင်များ

နောက်ဆုံးနှစ် အပိုင်း(က) အမ်ဘီဘီအက်စ်

[ပြင်ဆင်ရန်]

သင်ကြားရေး ဆေးရုံများတွင် ဆေးပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားနှင့် မီးယပ်ရောဂါကုပညာများနှင့် ပတ်သက်သော သင်ကြားပို့ချချက်များကို နားထောင်ပြီး လူနာဆောင်များနှင့် ဆေးခန်းများတွင် လေ့လာသင်ယူရသည်။ မြို့ပြကျန်းမာရေးဌာနများသို့လည်း ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဘာသာရပ်အတွက် သွားရောက်လေ့လာရသည်။

နောက်ဆုံးနှစ် အပိုင်း(ခ) အမ်ဘီဘီအက်စ်

[ပြင်ဆင်ရန်]

အလုပ်သင်ဆရာဝန်

[ပြင်ဆင်ရန်]

နောက်ဆုံးနှစ် အပိုင်း(ခ) အောင်မြင်ပြီးဆုံးသူတိုင်း မန္တလေး(သို့မဟုတ်) တိုင်းနှင့်ပြည်နယ်ရှိ သင်ကြားရေးဆေးရုံများတွင် အလုပ်သင်ဆရာဝန်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူရသည်။ လက်တွေ့သင်ယူရသော အချိန်ကာလများမှာ-

ဘာသာရပ်အချိန်ကာလ
ကလေးကျန်းမာပညာ၂ လခွဲ
ပြည်သူ့အကျိုးပြု ဆေးပညာ၂ ပတ်
ဆေးပညာ(စိတ်ရောဂါကုသမှုပညာ အပါအဝင်)၃ လ
သားဖွားနှင့် မီးယပ်ဆေးပညာ၃ လ
ခွဲစိတ်ကုပညာ(ထိခိုက်ဒဏ်ရာ ဆေးပညာ အပါအဝင်)၃ လ
  • အလုပ်သင်ဆရာဝန်အဖြစ် ၁ နှစ်တာ လက်တွေ့ပညာသင်ယူပြီးသောအခါ ဆေးပညာဘွဲ့ (MBBS) အပ်နှင်းခြင်း ခံရသည်။

အလားတူလင့်ခ်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ခေါ်ယူရေး စနစ်သစ်နှင့်ပတ်သက်သည့် သိကောင်းစရာများ MOI Myanmar (၃၀ ဩဂုတ် ၂၀၂၂)။ ၄ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၏ ပထမနှစ်သင်တန်းအသီးသီးသို့ တက်ရောက်ကြမည့် သစ်လွင်ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲ အခမ်းအနားကျင်းပ MWD Webportal (၂၃ နိုဝင်ဘာ ၂၀၂၂)။ ၄ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။