မာတိကာသို့ ခုန်သွားရန်

မြန်မာနောင်း

ဝီကီပီးဒီးယား မှ
မြန်မာနောင်း
လုပ်ငန်းသတင်းအေဂျင်စီ
တည်ထောင်သည့်နှစ်၂၀၁၅; ၁၁ နှစ် အကြာက (၂၀၁၅)
ဌာနချုပ်ပန်းဘဲတန်းမြို့နယ်ရန်ကုန်မြို့
ဝန်ဆောင်မှု ဧရိယာမြန်မာနိုင်ငံ
အရေးပါ ပုဂ္ဂိုလ်များဆွေဝင်း, အယ်ဒီတာချုပ်
အလုပ်သမားဦးရေ၃၀ (၂၀၁၉)
ဝက်ဘ်ဆိုက်myanmar-now.org/mm/

မြန်မာနောင်း (အင်္ဂလိပ်: Myanmar Now) သည် မြန်မာနိုင်ငံ အခြေစိုက်သတင်းအေဂျင်စီတစ်ခုဖြစ်သည်။ မြန်မာနောင်းစာနယ်ဇင်းသမားများသည် ဗမာအင်္ဂလိပ်နှစ်ဘာသာသုံးဘာသာဖြင့် သတင်းဆောင်းပါးများကိုအွန်လိုင်းဝက်ဘ်ဆိုက်များပေါ်တွင် ထုတ်ဝေရေးသားဖြန့်ဖြူးသည်။ အေဂျင်စီအနေဖြင့်နိုင်ငံတစ်ဝန်းရှိသတင်းနှင့်သတင်းမီဒီယာ ၅၀ ကျော်၏သတင်းများကိုပုံမှန်ထုတ်ဝေသည့်ဖြန့်ဖြူးသောကွန်ရက်တစ်ခုနှင့်အတူအခမဲ့ဖြန့်ဝေသည်။[]

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာနောင်းကို ဖတ်ရှုသူ ၃၅၀,၀၀၀ ကျော်နှင့် မြန်မာနောင်းသတင်းထောက် ၃၀ ရှိသည်။[] ၎င်းသည် အကျင့်ပျက်ခြစားမှု ၊ ကလေးအလုပ်သမား ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု အပါအဝင် အခြားသော အရေးပါသည့် ကိစ္စရပ်များကို ဖော်ထုတ်ရေးသားခဲ့သည်။[][]

သမိုင်း

[ပြင်ဆင်ရန်]

မြန်မာနောင်းကို လွတ်လပ်သော ဘက်မလိုက်သည့် သတင်းမီဒီယာလောကထွန်းကားတိုးတက်ရန်အတွက် ၂၀၁၅ ခုနှစ်တွင် Thomson Reuters ဖောင်ဒေးရှင်းမှ တည်ထောင်ခဲ့သည်။[] သတင်းဝန်ဆောင်မှုကို ဩဂုတ်လတွင် တရားဝင်စတင်ခဲ့သည်။[] အေဂျင်စီကို သတင်းထောက်ချုပ်နှင့် အယ်ဒီတာချုပ် ကိုဆွေဝင်းနှင့် ရိုက်တာသတင်းထောက်သင်းလဲ့ဝင်မှ ဦး ဆောင်သည်။[] သတင်းဝန်ဆောင်မှုစတင်သည့် အချိန်မှစ၍ ကိုဆွေဝင်းအပါအဝင် မြန်မာနောင်း၏ဂျာနယ်လစ်အတော်များများသည် ၎င်းတို့၏ စုံစမ်းဖော်ထုတ်ချက်များအတွက် စစ်တပ်နှင့်ဥပဒေအာဏာပိုင်များမှ မကြာခဏခြိမ်းခြောက်ခြင်းခံခဲ့ရသည်။[][][]

၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင်၏ အာဏာသိမ်းစစ်အစိုးရသည် မြန်မာနောင်းရုံးခန်းအား ဝင်ရောက်စီးနင်းဖျက်စီးခဲ့သည်။ မတ်လ ၉ ရက်နေ့တွင် စစ်အစိုးရသည် လတ်တလောဖြစ်ပွားနေသည့် ဆန္ဒပြမှုများကို ထိန်းသိမ်းရန်အတွက် မြန်မာနောင်းအပါအဝင် သတင်းမီဒီယာ ၅ ခုအား ထုတ်ဝေခွင့် ပိတ်သိမ်းလိုက်သော်လည်း မြန်မာနောင်းမှ တရားမဝင်အမိန့်ဟုဆိုကာ ဆက်လက်ထုတ်လွှင့်ခဲ့သည်။[၁၀]

ဆုတံဆိပ်များ

[ပြင်ဆင်ရန်]

၂၀၁၆ ခုနှစ်တွင် မြန်မာနောင်းသတင်းထောက် ထက်ကောင်းလင်းသည် သူ၏ နိုင်ငံအတွင်းရှိ လိင်အလုပ်သမားများအတွက် ရေးသားခဲ့သည့် ဆောင်းပါးတစ်ခုကြောင့် ဥရောပကော်မရှင်မှ ချီးမြှင့်သော Lorenzo Natali Media Prize ကို ရရှိခဲ့သည်။[][၁၁]

ထိုနှစ်တွင်ပင် သူသည် ၉၆၉ လှုပ်ရှားမှုအတွင်း စုံစမ်းဖော်ထုတ်မှုများအတွက် အာရှ သတင်းစာထုတ်ဝေသူများအဖွဲ့ဆုပေးပွဲတွင် ဆုရရှိခဲ့သည်။[၁၂][]

၂၀၁၉ ခုနှစ်တွင် ကိုဆွေဝင်းသည် မြန်မာနောင်းအယ်ဒီတာချုပ်အနေဖြင့် မြန်မာနိုင်ငံတွင်းသတင်းစာအား ဘက်မလိုက်ရန်နှင့် အရေအသွေးပြည့်မီရန် ဦးဆောင်ထိန်းသိမ်းနိုင်ခဲ့သဖြင့် Ramon Magsaysay Award for Emergent Leadership ကို ဆွတ်ခူးရရှိခဲ့သည်။[][၁၃]

မြန်မာနောင်းသည် ၎င်း၏သတင်းပေးပို့ ပူးပေါင်းဆောင်ရွက်များကြောင့် Online Journalism Award for "2020 Excellence in Collaboration and Partnerships" ကို ရရှိခဲ့သည်။[၁၄]

သတင်းတိုက်မှ ရရှိသည့် ဆုများ
ရရှိခဲ့သော ဆုများ ချီးမြှင့်သူ နှစ်
၁။ Special Award One World Media Awards 2021 2021 [၁၅]
၂။ Excellence in Human Rights Reporting (Regional)

"Human responses to the junta’s cruelty"

Society of Publishers in Asia 2022 [၁၆]
၃။ Excellence in Human Rights Reporting (Regional)

"Myanmar's many forms of resistance"

Society of Publishers in Asia 2023 [၁၇]
၄။ Excellence in Human Rights Reporting (Regional)

"Horror of War"

Society of Publishers in Asia 2024 [၁၈]

သတင်းထောက် ဖမ်းဆီးမှု

[ပြင်ဆင်ရန်]

မြန်မာနောင်းဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို ၂၀၂၃ ခုနှစ်က မိုခါမုန်တိုင်း ဖြစ်ရာဒေသမှာ သွားရောက်သတင်းဓာတ်ပုံရိုက်ကူးချိန် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေ၊ ဆက်သွယ်ရေးဥပဒေ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေများနှင့်စွပ်စွဲကာ စစ်ခုံရုံးကနေ ထောင် အနှစ် ၂၀ အထိ ချမှတ်ထားသည်။​ [၁၉]

အခြားဖတ်ရန်

[ပြင်ဆင်ရန်]

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  1. 1 2 3 4 Foundation၊ Thomson Reuters။ Myanmar Now 14 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2021 တွင် ပြန်စစ်ပြီး။
  2. 'Truth, justice, love': Ko Swe Win on journalism in times of repression 13 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2021 တွင် ပြန်စစ်ပြီး။
  3. 1 2 Myanmar Now Editor-in-Chief Awarded Asia’s Highest Honor (2019-08-02)။
  4. "Myanmar journalist Swe Win one of the winners of the Ramon Magsaysay Award"၊ 30 August 2019 10 March 2021 တွင် ပြန်စစ်ပြီး Archived from the original on 20 March 2021။
  5. Clark၊ Helen။ An Independent News Site for Myanmar
  6. Thin Lei Win, Myanmar Now: 'We’re not going to shy away from controversial topics’ (2015-09-02)။
  7. Myanmar Now Reporters Threatened With Arrest by Military (2018-06-25)။
  8. Myanmar Now Journalist Assaulted (2017-03-15)။
  9. Investigation into shooting attack on Myanmar journalist goes nowhere | Reporters without borders (2020-12-02)။
  10. Myanmar: military revokes licences of five media outlets in blow to press freedom 9 March 2021 တွင် ပြန်စစ်ပြီး။
  11. Myanmar journalist wins international award (2016-02-03)။ 6 March 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2021 တွင် ပြန်စစ်ပြီး။
  12. The SOPA 2016 Awards for Editorial Excellence Awards Winners List
  13. Ko Swe Win (2019)။ 10 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  14. The Pangolin Reports 4 February 2021 တွင် ပြန်စစ်ပြီး။
  15. Announcing the winners of the One World Media Awards 2021! One World Media။ 17 August 2025 တွင် ပြန်စစ်ပြီး။
  16. Awards Finalists SOPA။ 17 August 2025 တွင် ပြန်စစ်ပြီး။
  17. Awards Finalists SOPA။ 22 August 2025 တွင် ပြန်စစ်ပြီး။
  18. Awards Finalists SOPA။ 22 August 2025 တွင် ပြန်စစ်ပြီး။
  19. မြန်မာနောင်း သတင်းထောက် အပါအဝင် နိုင်ကျဉ်း ၃ ဦး ထောင်တွင်း ညှဉ်းပန်းနှိပ်စက်ခံနေရ DVB။ 17 August 2025 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ

[ပြင်ဆင်ရန်]