၈၈ မျိုးဆက် ကျောင်းသားများ

ဝီကီပီးဒီးယား မှ
၈၈ မျိုးဆက် ကျောင်းသားများ
The 88 Generation Students
88 Generation Students Group seal.svg
၈၈ မျိုးဆက် ကျောင်းသားများ၏ အမှတ်တံဆိပ်
ဖွဲ့စည်းခြင်း၂၀၀၅
ဌာနချုပ်ရန်ကုန်မြန်မာနိုင်ငံ
ဝန်ဆောင်မှုဒေသ
 မြန်မာ
ရုံးသုံးဘာသာစကား
မြန်မာ

၈၈ မျိုးဆက် ကျောင်းသားများ ဆိုသည်မှာ မြန်မာစစ်အစိုးရအား ဆန့်ကျင်၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီရရှိရန် လှုပ်ရှားဆောင်ရွက်ကြသည့် အဖွဲ့ဖြစ်သည်။ အဖွဲ့ဝင်များမှာ အများအားဖြင့် စစ်အစိုးရမှ လျပ်စစ်မီဒီယာ အက်ဥပဒေ သို့ တရားမဝင် အဖွဲ့အစည်းတည်ထောင်သည်ဆိုကာ ထောင်ဒဏ်ချမှတ်ခံကြရသည်။ နိုင်ငံတကာ အဖွဲ့အစည်းများမှ ၎င်းအဖွဲ့ဝင်များ ထောင်ဒဏ်ချမှတ်ခံရမှုအပေါ် ဝေဖန်ပြစ်တင်လျက်ရှိပြီး၊ စစ်အစိုးရမှ ချွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် တောင်းဆိုခဲ့ကြပြီး၊ ၎င်းတို့ကို နိုင်ငံရေးအကျဉ်းသားဟူ၍ အသိအမှတ်ပြုကြသည်။