ဖေ့စ်ဘွတ်ခ်

နားဆင်ရန်
ဝီကီပီးဒီးယား မှ
ဖေ့စ်ဘွတ်ခ်
ဝဘ်ဆိုဒ် အမျိုးအစား
လူမှုရေးကွန်ယက်
ဖတ်ရှုရရှိနိုင်မှုဘာသာစကားစုံ (၁၄၀)
ကိုဩဒိနိတ်37°29′05″N 122°08′54″W / 37.4848°N 122.1484°W / 37.4848; -122.1484ကိုဩဒိနိတ်: 37°29′05″N 122°08′54″W / 37.4848°N 122.1484°W / 37.4848; -122.1484
ဝန်ဆောင်မှု ဧရိယာအမေရိကန် (၂၀၀၄–လက်ရှိ)
ကမ္ဘာတလွှား (၂၀၀၅–လက်ရှိ)
ပိုင်ဆိုင်သူFacebook, Inc.
တည်ထောင်သူများမာ့ခ် ဇက်ကာဘာ့ဂ်
Eduardo Saverin
စီအီးအိုမာ့ခ် ဇက်ကာဘာ့ဂ်
ဝဘ်ဆိုဒ်
Alexa အဆင့်Increase ၅ (ဒီဇင်ဘာ ၂၀၁၉)[၁]
မှတ်ပုံတင်ခြင်းလိုအပ်
အသုံးပြုသူIncrease လစဉ်အသုံးပြုသူ ၂.၄၅ ဘီလီယံ (စက်တင်ဘာ ၂၀၁၉[၂]
လွှင့်တင်ခြင်းဖေဖော်ဝါရီ ၄၊ ၂၀၀၄; ၂၀ နှစ် အကြာက (၂၀၀၄-၀၂-04)
လက်ရှိ အခြေအနေသက်ဝင်နေဆဲ
အသုံးပြုထားသည့် ပရိုဂရမ်းမင်းC++, PHP (as HHVM), D
[၃][၄][၅][၆][၇]

ဖေ့စ်ဘွတ်ခ် (အင်္ဂလိပ်: Facebook)သည် ၂၀၀၄ ခုနှစ်တွင် အင်တာနက်၌ စတင်လွှင့်တင်ခဲ့သည့် လူမှုဆက်ဆံရေးအင်တာနက် ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည်။ ရုံးချုပ်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ် မယ်လိုပက်ခ် တွင် တည်ရှိသည်။ ဖေ့စ်ဘွတ်ခ်ကို ဟားဘတ်တက္ကသိုလ်ကျောင်းသားများ ဖြစ်ကြသော မာ့ခ် ဇက်ကာဘာ့ဂ်နှင့် အက်ဇူရို ဆာဖရင်း၊ အန်ဒရူး မတ်ခ်ကော်လန်၊ ဒတ်စတင်း မော့စကိုဗစ် နှင့် ခရစ်ဟျူးစ် တို့ ပူးပေါင်းတည်ထောင်ခဲ့သည်။[၈][၉][၁၀] ဖေ့ခ်ဘွတ်ခ် စတင်တင်ချင်းတွင် ဟားဗတ် တက္ကသိုလ် အတွင်းမှာသာ သီးသန့်အသုံးပြုနိုင်သော ဝက်ဘ်ဆိုက်တစ်ခုဖြစ်ခဲ့သည်။ ထိုမှ အခြား တက္ကသိုလ်များသို့ တိုးချဲ့ကာ ၂၀၀၆ ခုနှစ်တွင် အသက် (၁၃) နှစ် ပြည့်ပြီးသူတိုင်း အသုံးပြုနိုင်သော ဝက်ဘ်ဆိုက်တစ်ခု ဖြစ်လာခဲ့သည်။

အသုံးပြုသူများသည် ကိုယ်ရေးအချက်အလက်များကို ဖော်ပြနိုင်သည်။ နှစ်သက်ရာဓာတ်ပုံများကို တင်ကာ အခြားသူများနှင့် ဝေမျှနိုင်သည်။ အခြားအသုံးပြုသူများကို မိတ်ဆွေစာရင်းတွင် ပေါင်းထည့်နိုင်သည်။ သတင်း အချက်အလက်များကို ဖလှယ်နိုင်သည်။ အသုံးပြုသူများသည်လည်း ကျောင်းအလိုက်၊ လုပ်ငန်းအလိုက် စသည်ဖြင့် ဝါသနာတူရာ စိတ်ဝင်စားမှုတူရာ အဖွဲ့အစည်းများတွင် ပါဝင်နိုင်သည်။ ကမ္ဘာတဝန်းတွင် ဖေ့စ်ဘွတ်ခ်ကို လစဉ်အသုံးပြုသူဦးရေမှာ ၂၀၁၅ ဇူလိုင် စာရင်းများအရ ပျမ်းမျှ သန်း ၁၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပထမဦးဆုံး အကြိမ် ပြင်ပသို့ စတော့ရှယ်ယာများ ကို ၃လ ကြာ ထုတ်ရောင်းချခဲ့သည်။ ဖေ့ခ်ဘုတ်သည် တိုးတက်မှု အမြန်ဆုံး ကုမ္ပဏီတစ်ခု ဖြစ်ခဲ့သည်။[၁၁]

သမိုင်း[ပြင်ဆင်ရန်]

၂၀၀၃ - ၂၀၀၅[ပြင်ဆင်ရန်]

theFacebook

၂၀၀၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့တွင် ဟားဘတ်တက္ကသိုလ် ဒုတိယနှစ် ကျောင်းသား မာ့ခ် ဇက်ကာဘာ့ဂ်သည် Facemash ဟုခေါ်သော ဝက်ဘ်ဆိုက်တစ်ခုကို ရေးသားခဲ့သည်။ အဆိုပါ ဝက်ဘ်ဆိုက်သည် ဟားဘတ်တက္ကသိုလ်အတွင်းရှိ အဆောင် ၉ ဆောင်ရှိ ကျောင်းသူများ၏ ဓာတ်ပုံများကို ရယူပြီး ဓာတ်ပုံ ၂ ပုံကို ယှဉ်က ဘယ်သူပိုလှသလဲ ရွေးရသော ပရိုဂရမ် ဖြစ်သည်။[၁၂][၁၃]

အဆိုပါ ဝက်ဘ်ဆိုက် ရေးသားရန် မာ့ခ် ဇက်ကာဘာ့ဂ်သည် ဟားဘတ်တက္ကသိုလ် ကျွန်ပျူတာ ကွန်ရက်အတွင်းသို့ ဝင်ရောက်ကာ ဓာတ်ပုံများကို ရယူခဲ့သည်။ Facemash ဝက်ဘ်ဆိုက် အွန်လိုင်းတက်လာပြီး ပထမဆုံး အချိန် (၄) နာရီအတွင်း ဝင်ရောက် ကြည့်ရှုသူ ၄၅၀ ဦး နှင့် ဓာတ်ပုံကြည့်ရှုမှု ၂၂၀၀၀ အထိ ရှိခဲ့သည်။ ဝက်ဘ်ဆိုက်သည် အခြားသူများဆီသို့ အလျင်အမြန်ရောက်ရှိသွားပြီး ရက်အနည်းငယ်အကြာတွင် ဟားဗတ် စီမံခန့်ခွဲရေးက အဆိုပါ ဝက်ဘ်ဆိုက်ကို ဖြုတ်ချခဲ့သည်။ မာ့ခ် ဇက်ကာဘာ့ဂ် သည်လည်း လုံခြုံရေးချိုးဖောက်မှု၊ မူပိုင်ခွင့် ချိုးဖောက်မှု နှင့် လူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို ချိုးဖောက်မှုတို့ကြောင့် ကျောင်းထုတ်ပယ်ခံရသည်အထိ အရေးယူခံရမည့် အရေးနှင့် ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း နောက်ဆုံးတွင် စွဲချက်များကို ဖြေလျှော့ပေးခဲ့သည်။ နောက်ပိုင်းတွင် မတ်ခ်ဇူကာဘတ်ခ်သည် သူ၏ စီမံကိန်းကို လူမှုကွန်ရက်တစ်ခုအဖြစ် ပိုမို ကျယ်ပြန့်အောင် လုပ်ဆောင်ခဲ့သည်။ သူသည် ဓာတ်ပုံပေါင်း ၅၀၀ ကို ဝက်ဘ်ဆိုက်ပေါ်တင်ပြီး ဓာတ်ပုံများတွင် မှတ်ချက်ရေးနိုင်အောင် ပြုလုပ်ခဲ့သည်။

၂၀၀၄ ခုနှစ် ဇန်နဝါရီလတွင် မာ့ခ်သည် ဝက်ဘ်ဆိုက်အသစ်အတွက် စတင်ပြင်ဆင်ခဲ့သည်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် www.thefacebook.com ကို စတင်မိတ်ဆက် ခဲ့သည်။ ၆ ရက်အကြာ ဟားဘတ်တက္ကသိုလ်မှ ကျောင်းသားကြီးများဖြစ်သော Cameron Winklevoss, Tyler Winklevoss နှင့် Divya Narendra တို့ ၃ ဦးက မတ်ခ်သည် သူတို့၏ စိတ်ကူးကို ကူးယူထားကြောင်း HardvardConnection.com ကို ကူညီမည်ဟု ပြောပြီး ပုံတူ ဝက်ဘ်ဆိုက်တစ်ခုကို ပြုလုပ်ခဲ့ကြောင်း စွပ်စွဲကြသည်။ ၂၀၀၈ ခုနှစ်တွင် တရားရုံးက မတ်ခ်ကို စတော့ရှယ်ယာ တန်ဖိုး ဒေါ်လာ ၁.၂ သန်း ပေးလျော်ရန် ဆုံးဖြတ်ပေးခဲ့သည်။

ပထမဦးဆုံး theFacebook စတင်စဉ်က ဟားဗတ်တက္ကသိုလ် သီးသန့်ကိုသာ ဝင်ရောက်နိုင်ရန် ကန့်သတ်ထားခဲ့သည်။ ပထမဦးဆုံးလ တစ်လထဲမှာပင် ဘွဲ့သင်တန်းမှ ကျောင်းသား ကျောင်းသူ တစ်ဝက်ကျော်သည် theFacebook တွင် ဝင်ရောက်မှတ်ပုံတင်ခဲ့ကြသည်။ အက်ဇူရို ဆာဖရင်း (စီးပွားရေးဆိုင်ရာ)၊ အန်ဒရူး မတ်ခ်ကော်လန် (ဒီဇိုင်းနာ)၊ ဒတ်စတင်း မော့စကိုဗစ် (ပရိုဂရမ် ရေးသားသူ) နှင့် ခရစ် ဟျူးစ် တို့သည် မတ်ခ်နှင့်အတူ ဝက်ဘ်ဆိုက်တိုးတက်ရေးအတွက် ကူညီပေးခဲ့ကြသည်။ ၂၀၀၄ ခုနှစ် မတ်လတွင် theFacebook ကို ကိုလံဘီယာ တက္ကသိုလ်၊ စတန်းဖို့ တက္ကသိုလ် နှင့် ရေးလ် တက္ကသိုလ်တို့ကို တိုးချဲ့ခဲ့သည်။[၁၄] နောက်ပိုင်းမှာ အိုင်းဗီလိဂ် ကော်လိပ်၊ ဘော့စတန် တက္ကသိုလ်၊ နယူးယော့ခ် တက္ကသိုလ်၊ MIT နှင့် တခြား အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါ နိုင်ငံတို့ရှိ တက္ကသိုလ်များကို ဆက်တိုက်ဆိုသလို တိုးချဲ့ခဲ့သည်။[၁၅][၁၆]

၂၀၀၄ ခုနှစ် ဇွန်လမှာ သူတို့၏ ရုံးကို ကယ်လီဖိုးနီးယား ပြည်နယ် ပါလိုအယ်တို သို့ပြောင်းရွေ့ခဲ့သည်။ ထို့နောက် PayPal ရဲ့ ပူးတွဲတည်ထောင်သူ Peter Thiel ထံမှ ရင်းနှီးမြုပ်နှံမှုကို လက်ခံရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်မှာတော့ theFacebook.com မှ"the" ကိုဖြုတ်ကာ facebook.com အဖြစ်ပြောင်းလဲသည်။ facebook.com အမည်ကို ဒေါ်လာ ၂ သိန်းဖြင့် ပေးဝယ်ခဲ့ရခြင်း ဖြစ်သည်။[၁၇]

၂၀၀၅ ခုနှစ်မှာတော့ ရင်းနှီးမြုပ်နှံမှုများ ဆက်လက်ရရှိခဲ့သည်။ Accel မှ ၁၂.၇ သန်း၊ Jim Breyer မှ ၁ သန်း ထည့်ဝင်ခဲ့ကြသည်။ ၂၀၀၉ ခုနှစ် ဇန်နဝါရီအရောက်မှာတော့ complete.com မှ ဖေ့စ်ဘွတ်ခ်သည် ကမ္ဘာပေါ်တွင် လစဉ်လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်ကြောင်း ကြေညာခဲ့သည်။ မတ်ခ်သည် ဖေ့ခ်ဘုတ်ကို နောက်တစ်ဆင့်အဖြစ် ၂၀၀၅ ခုနှစ် စက်တင်ဘာလမှာ အထက်တန်းကျောင်းများအတွက် မိတ်ဆက်ခဲ့သည်။ နောက်မှာတော့ ကုမ္ပဏီတွေအတွက် ဆက်လက်မိတ်ဆက်ခဲ့သည်။ မိတ်ဆက်ခဲ့ရာတွင် အက်ပဲလ်၊ မိုက်ခရိုဆော့ စသည့် ကုမ္ပဏီကြီးများ ပါဝင်ခဲ့သည်။

၂၀၀၆ - ၂၀၁၁[ပြင်ဆင်ရန်]

၂၀၀၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဖေ့ဘုတ်သည် အသက်(၁၃)နှစ်ရှိပြီး အီးမေးလ် ရှိသူ မည်သူမဆို ဖေ့စ်ဘွတ်ခ်ကို အသုံးပြုနိုင်အောင် ပြုလုပ်ခဲ့သည်။

၂၀၀၇ ခုနှစ် နှောင်းပိုင်းမှာတော့ ဖေ့စ်ဘွတ်ခ်တွင် စီးပွားရေး စာမျက်နှာပေါင်း ၁ သိန်းကျော် ရှိခဲ့သည်။ ၂၀၀၉ ခုနှစ် မေလမှာတော့ ပိုမိုဆန်းသစ်သော Pages ဟုခေါ်သော စာမျက်နှာကို မိတ်ဆက်ခဲ့သည်။ အဆိုပါ စာမျက်နှာများမှ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများ ကို ကြော်ငြာရန်အတွက် များစွာ အထောက်အကူပြုခဲ့သည်။

၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၄ ရက်မှာတော့ မိုက်ခရိုဆော့ဟာ ဖေ့ဘုတ်ရဲ့ ရှယ်ယာ ၁.၆% ကို ဒေါ်လာ သန်း၂၄၀ နှင့် ဝယ်ယူမည်ဟု ကြေညာခဲ့သည်။ မိုက်ခရိုဆော့ရဲ့ ဝယ်ယူမှုတွင် အပြည်ပြည်ဆိုင်ရာ ကြေညာများနှင့် လူမှုကွန်ရက် ဝက်ဘ်ဆိုက် မူပိုင်ခွင့်ပါ ပါဝင်သည်။

၂၀၀၈ ခုနှစ်တွင် ဖေ့စ်ဘွတ်ခ်သည် သူတို့၏ အပြည်ပြည်ဆိုင်ရာ ရုံးချုပ်ကို အိုင်ယာလန်နိုင်ငံ ဒူဘီလင် တွင် တည်ဆောက်ရန် ကြေညာခဲ့သည်။ တစ်နှစ်ခန့်အကြာ စက်တင်ဘာ ၂၀၀၉ တွင် သူတို့၏ငွေကြေးစီးဆင်းမှုမှာ ပထမဦးဆုံးအနေဖြင့် အပေါင်းလက္ခဏာ ဖြစ်လာပြီဟု ပြောခဲ့သည်။

၂၀၀၉ ခုနှစ် နောက်ပိုင်းမှာတော့ အသုံးပြုသူလူဦးရေများစွာ တိုးတက်လာခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် ဇူလိုင်တွင်ကုမ္ပဏီက သူတို့ဆီမှာ သုံးစွဲသူ သန်း ၅၀၀ ရှိပြီဖြစ်ကြောင်း ကမ္ဘာပေါ်မှာ ကြီးဆုံး လူမှုကွန်ရက်ကြီး တစ်ခုဖြစ်ကြောင်း ကြေညာခဲ့သည်။ ကုမ္ပဏီ၏ ထုတ်ပြန်ချက်များအရ အသုံးပြုသူတစ်ဝက်လောက်ဟာ ဖေ့ဘုတ်ကို နေ့စဉ်သုံးစွဲပြီး တစ်ရက်ကို ၃၄ မိနစ်ခန့် သုံးစွဲကြကြောင်း၊ သန်း ၁၅၀ ဟာ မိုဘိုင်းဖုန်းများဖြင့် သုံးစွဲကြကြောင်း သိရှိရသည်။ ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူဟာ အဲ့ဒီသမိုင်းမှတ်တိုင်ကို "တိတ်ဆိတ်သော ပြောင်းလဲမှု" ဟု အမွှန်းတင် ပြောဆိုသွားခဲ့သည်။

၂၀၁၀ နိုဝင်ဘာတွင်မူ Second Market Inc.၏ အချက်အလက်များအရ ဖေ့စ်ဘွတ်ခ် ကုမ္ပဏီတန်ဖိုးမှာ ဒေါ်လာ သန်းပေါင်း ၄၁၀၀ ခန့်ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။ ကုမ္ပဏီဟာ eBayကုမ္ပဏီကို ကျော်တက်ပြီး ဂူဂယ်နှင့် အမေဇုန်တို့ပြီးနောက် တတိယအကြီးဆုံး အမေရိကန် အွန်လိုင်းကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သည်။

၂၀၁၁ ခုနှစ် အစောပိုင်းတွင် ဖေ့ခ်ဘုတ်ရုံးချုပ်ကို ကယ်လီဖိုးနီးယားပြည်နယ် မယ်လိုပတ်ခ်ကို ပြောင်းရွေ့ခဲ့သည်။ ၂၀၁၁ခုနှစ် ဒီဇင်ဘာတွင် ဖေ့ဘုတ်သည် အမေရိကန်ပြည်ထောင်စုတွင် ဂူဂယ်ပြီးနောက် ဒုတိယလူကြည့်အများဆုံး ဝက်ဘ်ဆိုက် ဖြစ်လာခဲ့သည်။ လစဉ်ဝင်ရောက်ကြည့်ရှုသူ ၁ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။

၂၀၁၂ - ၂၀၁၃[ပြင်ဆင်ရန်]

ဖေ့ခစ်ဘွတ်ခ်သည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီတွင် ပြင်ပသို့ ကုမ္ပဏီ ရှယ်ယာများ စတင်ရောင်းချခဲ့ပြီး အများပိုင်ကုမ္ပဏီ တစ်ခုအဖြစ် ရပ်တည်ရန် စီစဉ်သည်။ ပထမဦးဆုံး ပြင်ပသို့ ရှယ်ယာများကို ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့မှာ စတင်ထုတ်ရောင်းချခဲ့သည်။ ပထမဦးဆုံး ရှယ်ယာ တစ်စု၏ တန်ဖိုးမှာ ၃၈ ဒေါ်လာ ဖြစ်သည်။ ကုမ္ပဏီ၏ တန်ဖိုးမှာ ဒေါ်လာ ၁၀၄ ဘီလီလျံ ခန့် တန်ဖိုးရှိခဲ့သည်။ အဆိုပါ တန်ဖိုးမှာ အများပိုင်အဖြစ် စတင် ပြောင်းလဲသော ကုမ္ပဏီများအနက် အမြင့်ဆုံး ဖြစ်သည်။

၂၀၁၂ ခုနှစ် ၎င်းတို့၏ ဝင်ငွေ ဒေါ်လာ သန်း ၅၀၀၀ ကျော်ပေါ်အခြေခံ၍ NASDAQ စတော့ရှယ်ယာဈေးကွက်မှာ မေလ ၁၈ ရက်နေ့မှာ ရောင်းချခဲ့သည်။ ၂၀၁၃ခုနှစ် မေလအရောက်တွင် ဖေ့စ်ဘွတ်ခ်သည် ကမ္ဘာ့အလားအလာအကောင်းဆုံးကုမ္ပဏီ ၅၀၀ စာရင်း အဆင့် ၄၆၂ ဝင်ခဲ့သည်။

၂၀၁၂ ခုနှစ် မတ်လမှာတော့ ဖေ့ဘုတ်က အက်ပလီကေးရှင်းများ ရောင်းချရန်အတွက် App Center စတိုးကို မိတ်ဆက်ခဲ့သည်။ အဆိုပါစတိုးဟာ အိုင်ဖုန်းအန်းဒရွိုက်ပစ္စည်းများနှင့် အခြားသော မိုဘိုင်းဝက်ဘ်အသုံးပြုသူများ အကုန်လုံး အသုံးပြုနိုင်သည်။

မာ့ခ်က ၂၀၁၂ ခုနှစ် အောက်တိုဘာလ မှာ ဖေ့ခ်ဘုတ်ခ်ကို လစဉ်အသုံးပြုသူ သန်း ၁ ထောင်ကျော်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

၂၀၁၃ - ယနေ့အထိ[ပြင်ဆင်ရန်]

ဝက်ဘ်ဆိုဒ်[ပြင်ဆင်ရန်]

နည်းပညာ ရှုထောင့်[ပြင်ဆင်ရန်]

တည်ထောင်သူ မာ့ခ်ဇက်ကာဘာ့ဂ်မှာ အနီရောင်နှင့် အစိမ်းရောင်ကို ခွဲခြားမမြင်နိုင်ရာ ဝက်ဘ်ဆိုဒ်၏ ပင်မအရောင်ကို အဖြစ် သတ်မှတ်ထားခဲ့သည်။ ဖေ့စ်ဘွတ်ကို PHP ပရိုဂရမ်ဘာသာဖြင့် ရေးသားထားပြီး HipHop for PHP (HPHPc) ဖြင့် Compile ပြုလုပ်ထားသည်။

သမိုင်း[ပြင်ဆင်ရန်]

၂၀၀၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ ဖေ့စ်ဘွတ်ခ်ကို ပြောင်းလဲမှုအနေဖြင့် "Facebook Beta" အဖြစ် သုံးစွဲသူအချို့ကို စမ်းသပ်သုံးစွဲခွင့် ပြုခဲ့သည်။ NewsFeed သည် ပိုမိုကြည့်ရှုရလွယ်သွားပြီး ကိုယ့်ရဲ့ ကိုယ်ရေးမှတ်တမ်းဟာ အုပ်စုများနှင့် ဖြစ်သွားသည်။ ပိုမိုရှင်းရှင်းလင်းလင်း ဖြစ်သွားတဲ့ ဒီဇိုင်းပါလို့ ပြောခဲ့သည်။[၁၈] စက်တင်ဘာလတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူအားလုံးကို ပြောင်းလဲသုံးစွဲခွင့် ပြုခဲ့သည်။[၁၉] ၂၀၀၈ ခုနှစ် ဒီဇင်ဘာတွင် ဖေ့စ်ဘွတ်ခ်သည် ပိုမိုရှင်းလင်းလွယ်ကူသော မှတ်ပုံတင်လုပ်ငန်းစဉ်ကို ပြုလုပ်နေကြောင်း ကြေညာသည်။[၂၀]

ဖေ့စ်ဘွတ်တွင် ပါဝင်သော ဖီချာများ[ပြင်ဆင်ရန်]

[၈][ပြင်ဆင်ရန်]

ဖေ့စ်ဘွတ်ခ်သည် မှတ်စုရေးသားနိုင်မည့် Notes ကို ၂၀၀၆ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့မှာ မိတ်ဆက်ခဲ့သည်။

Chatting[ပြင်ဆင်ရန်]

တစ်ဦး နှင့် တစ်ဦးလွယ်လင့်တကူ စာဖြင့်စကားပြောနိုင်ရန် ရည်ရွယ်၍ Chat ကို ၂၀၀၈ ခုနှစ် ဧပြီ ၆ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါ Chat Servicesသည် Comment အခြေပြု အပြန်အလှန် စာတိုပို့ အက်ပလီကေးရှင်းဖြစ်ပြီး တစ်ဦးနှင့် တစ်ဦး အလွယ်တကူ စာတိုပေးပို့နိုင်ဖို့ရန် ရည်ရွယ်ထားသည်။။

လက်ဆောင်များ[ပြင်ဆင်ရန်]

ဖေ့စ်ဘွတ်ခ်ပေါ်မှာ သူငယ်ချင်း တစ်ဦးနှင့် တစ်ဦး လက်ဆောင်(အတုအယောင်) များပေးဖို့ပေးဖို့အတွက် လက်ဆောင်ပေးခြင်း အစီအစဉ်ကို ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့မှာ မိတ်ဆက်ခဲ့သည်။ အသုံးပြုမည်ဆိုလျှင် ၁ ဒေါ်လာ ကျသင့်မည်ဖြစ်ပြီး လက်ဆောင်နှင့်အတူ မိမိ ကြိုက်နှစ်သက်ရာ စာသားလေးများ တွဲဖက်ပို့နိုင်သည်။

ဈေးဝယ်စရာနေရာ[ပြင်ဆင်ရန်]

၂၀၀၇ ခုနှစ် မေလ (၁၄) ရက်နေ့တွင် ဖေ့စ်ဘွတ်ခ်က ဈေးဝယ်စရာနေရာ (Marketplace) ကို စတင်မိတ်ဆက်ခဲ့သည်။ ၎င်းမှ အသုံးပြုသူများအတွက် အမျိုးအစားခွဲခြားထားသော ကြော်ငြာများကို အခမဲ့တင်ခွင့်ပေးသည်။ ဈေးဝယ်စရာနေရာ (Marketplace) ကို CNET မှ ပြုလုပ်သော Craigslist နှင့် နှိုင်းယှဉ်ဖော်ပြထားပြီး ၎င်းတို့ နှစ်ခု၏ ခြားနားချက်များမှာ ဈေးဝယ်စရာနေရာ (Marketplace) တွင် အသုံးပြူသူတစ်ယောက်မှ တင်ထားသော ပို့စ်များကို အဆိုပါ အသုံးပြုသူသာလျှင် တူညီသောကွန်ရက်တွင် တွေ့မြင်နိုင်ပြီး Craigslist တွင်မူ တင်ထားသော ပို့စ်များကို မည်သူမဆို တွေ့မြင်နိုင်ခြင်း ဖြစ်သည်။

စာတိုစနစ်[ပြင်ဆင်ရန်]

စာပို့စနစ်အသစ်တစ်ခုဖြစ်သော "Project Titan" ကို ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့သည်။ အချို့သော ပုံနှိပ်ထုတ်ဝေမှုများတွင် "G-Mail Killer" ဟု ဖော်ပြခဲ့ကြသည်။ အဆိုပါ စနစ်သည် အသုံးပြုသူများကို နည်းလမ်းအမျိုးမျိုးအသုံးပြုပြီး ဖေ့စ်ဘွတ်ခ် မှတစ်ဆင့် တစ်ဦးနှင့် တစ်ဦး တိုက်ရိုက်ဆက်သွယ်နိုင်အောင် ပြုလုပ်ပေးသည်။ အခြားသော ဖေ့စ်ဘွတ်ခ် လက္ခဏာများကဲ့သို့ပင် အသုံးပြုသူများက သူငယ်ချင်းများဆီမှဖြစ်စေ၊ သူငယ်ချင်း၏ သူငယ်ချင်းမှတစ်ဆင့် ဖြစ်စေ၊ မည်သူဆီက မဆိုဖြစ်စေ စာတိုလေးများကို လက်ခံရရှိနိုင်မည် ဖြစ်သည်။ အီးမေးလ် အသုံးပြုမှုမှာမူ ပြုပြင်မွမ်းမံမှု နည်းပါးသောကြောင့် ၂၀၁၄ ခုနှစ်တွင် အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။ စာတိုများကို website အပြင် ဖေ့စ်ဘွတ်ခ်၏ မိုဘိုင်း application မှ သော်လည်းကောင်း၊ Facebook Messenger Application မှ သော်လည်းကောင်း အသုံးပြုနိုင်သည်။

အသံခေါ်ဆိုမှု[ပြင်ဆင်ရန်]

၂၀၁၁ ခုနှစ်၊ ဧပြီလမှ စတင်ပြီး ဖေ့စ်ဘွတ်ခ် အသုံးပြုသူများအတွက် Facebook Chat မှ တစ်ဆင့် ကမ္ဘာတစ်ဝန်းရှိ အသုံးပြုသူ တစ်ဦးနှင့် တစ်ဦး အသံဖြင့်ခေါ်ဆိုမှုကို ပြုလုပ်နိုင်ပြီ ဖြစ်သည်။ အဆိုပါ စနစ်ကို T-Mobile ၏ စနစ်အသစ်တစ်ခု ဖြစ်သော Bobsled service မှ တစ်ဆင့် Facebook Chat တွင် အသံဖြင့် ပြောဆိုနိုင်ရုံမျှမက အသံကိုပါ နားထောင်နိုင်ရန်အတွက် အခမဲ့ ထောက်ပံ့ပေးထားသည်။

ဗီဒီယို ခေါ်ဆိုမှု[ပြင်ဆင်ရန်]

၂၀၁၁ ခုနှစ် ဇူလိုင်လ (၆) ရက်နေ့တွင် ဖေ့စ်ဘွတ်ခ်က ၎င်း၏ နည်းပညာမိတ်ဖက်ဖြစ်သော Skype ကို အသုံးပြု၍ ဗီဒီယိုခေါ်ဆိုမှုကို စတင်မိတ်ဆက်ခဲ့သည်။ ၎င်းခေါ်ဆိုမှုသည် တစ်ဦးချင်းစီသာ ခေါ်ဆိုနိုင်ပြီး Skype Rest API ကို အသုံးပြုထားသည်။

ဗီဒီယို ကြည့်ရှုမှု[ပြင်ဆင်ရန်]

ကိုယ်ရေးမှတ်တမ်း[ပြင်ဆင်ရန်]

News Feed[ပြင်ဆင်ရန်]

နှစ်သက်မှု ခလုတ်[ပြင်ဆင်ရန်]

ဆက်လိုက်ကြည့်ရှုမှု[ပြင်ဆင်ရန်]

မိုင်စပေ့ နှင့် နှိုင်းယှဉ်ခြင်း[ပြင်ဆင်ရန်]

လွတ်လပ်ခွင့်[ပြင်ဆင်ရန်]

လုပ်ငန်းရေးရာ[ပြင်ဆင်ရန်]

စီမံခန့်ခွဲသူများ[ပြင်ဆင်ရန်]

မာ့ခ်ဇက်ကာဘာ့ဂ်

၂၀၁၂ ခုနှစ်အတွင်း ဖေ့ခ်ဘုတ်ကုမ္ပဏီ ၏ ရှယ်ယာပိုင်ဆိုင်မှုများမှာ

  • Mark Zuckerberg: ၂၈ %
  • Accel Partners: ၁၀ %
  • Mail.Ru Group: ၁၀ %
  • Dustin Moskovitz: ၆ %
  • Eduardo Saverin: ၅ %
  • Sean Parker: ၄ %
  • Peter Thiel: ၃ %
  • Greylock Partners: ၂ %
  • Meritech Capital Partners: ၂ %
  • Microsoft: ၁.၃ %
  • Li Ka-shing: ၀.၈ %
  • ပုဂ္ဂလိက : ၀.၅ % အောက်

ကျန် ရှယ်ယာ ၃၀ ကျော်ကို ဖေ့ခ်ဘုတ် ဝန်ထမ်းများ၊ နီးစပ်ရာ အနုပညာရှင်များ နှင့် ပြင်ပ ရင်းနှီးမြုပ်နှံသူများက ပိုင်ဆိုင်ကြသည်။

အဓိက စီမံအုပ်ချုပ်သူများထဲတွင် Chris Cox (Chief Product Officer), Sandberg (Chief Operation Officer), Zuckerberg (Chairman and Chief Executive Officer), David Wehner (Chief Financial Officer) နှင့် Elliot Schrage (Public Relations Head) တို့ပါဝင်သည်။. ၂၀၁၁ ခုနှစ် ဧပြီတွင် ဖေ့ခ်ဘုတ်တွင် တာဝန်ထမ်းဆောင်နေသာ ဝန်ထမ်း ဦးရေ ၇၀၀၀ ကျော် ရှိပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံရှိ ရုံးများတွင် လုပ်ကိုင်လျက်ရှိသည်။ ဖေ့စ်ဘွတ်ခ် ကမ္ဘာပေါ်မှာ အလုပ်လုပ်ရန် အကောင်းဆုံး ကုမ္ပဏီစာရင်းမှာ နံပါတ်(၄) ချိတ်ပါတယ်။

ဝင်ငွေ[ပြင်ဆင်ရန်]

ဖေ့ခ်ဘွတ်ခ်ကုမ္ပဏီ၏ အဓိကဝင်ငွေသည် ကြော်ငြာလုပ်ငန်းမှ ရရှိသည်။ ၂၀၁၄ ခုနှစ်တွင် ဖေ့စ်ဘွတ်ခ်၏ ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၁၂,၄၆၆ သန်းအထိ ရှိခဲ့သည်။

ဘဏ္ဍာရေးနှစ် ဝင်ငွေ (အမေရိကန်ဒေါ်လာ သန်း) တိုးတက်မှုနှုန်း
၂၀၀၄ ၀.၄ -
၂၀၀၅ ၂၁၅၀ %
၂၀၀၆ ၄၈ ၄၃၃ %
၂၀၀၇ ၁၅၃ ၂၁၉ %
၂၀၀၈ ၂၈၀ ၈၃ %
၂၀၀၉ ၇၇၅ ၁၇၇ %
၂၀၁၀ ၂,၀၀၀ ၁၅၈ %
၂၀၁၁ ၃,၇၇၁ ၈၆ %
၂၀၁၂ ၅,၀၈၉ ၃၇ %
၂၀၁၃ ၇,၈၇၂ ၅၅ %
၂၀၁၄ ၁၂,၄၆၆ ၅၈ %

ရုံးချုပ် နှင့် ရုံးခွဲများ[ပြင်ဆင်ရန်]

၂၀၁၁ အစောပိုင်းတွင် ဖေ့စ်ဘွတ်ခ်သည် သူတို့၏ ရုံးချုပ်ကို မယ်လိုပတ်ခ် သို့ ပြောင်းရွှေ့ရန် ကြေညာခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါ အပြင်ဘက်ရှိ အသုံးပြုသူများအတွက် "Facebook Ireland Limited" ကို အိုင်ယာလန် နိုင်ငံ ဒပ်ဘလင်မြို့တွင် တည်ထောင်ခဲ့သည်။

၂၀၁၀ ခုနှစ် တွင် ဖေ့စ်ဘွတ်ခ်က ၎င်းတို့၏ စတုတ္ထမြောက် ရုံးကို အိန္ဒိယနိုင်ငံ ဟိုင်ဒရာဘတ် အာရှနိုင်ငံများအတွက် တွင် ဖွင့်လှစ်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် သုံးစွဲသူ သန်းပေါင်း ၇၅၀ ရှိပြီဖြစ်သော ဖေ့စ်ဘွတ်ခ်သည် ဟိုင်ဒါရာဘတ် တွင် အချက်အလက်စင်တာ ထပ်မံတည်ဆောက်ရန် ကြေညာခဲ့သည်။ ၂၀၁၁ ခုနှစ် ဧပြီလတွင် အောက်ရီဂွန်ပြည်နယ် ပီရင်းဗီ တွင် ယခင်ကထက် စွမ်းအင်အသုံးပြုမှု ၃၈ % သက်သာမည့် အချက်အလက်စင်တာ တစ်ခုဖွင့်လှစ်ခဲ့သည်။ ၂၀၁၂ ခုနှစ် ဧပြီတွင် နောက်ထပ် အချက်အလက် စင်တာကို မြောက်ကယ်ရီဖိုးနီးယားပြည်နယ် ဖောရက်စီးတီး တွင် ထပ်မံတည်ဆောက်ခဲ့သည်။

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. facebook.com Competitive Analysis, Marketing Mix and Traffic။ 16 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 December 2019 တွင် ပြန်စစ်ပြီး။
  2. Facebook Reports Third Quarter 2019 Results (in en-US)။ 2019-11-16 တွင် ပြန်စစ်ပြီး။
  3. Our History။ November 7, 2018 တွင် ပြန်စစ်ပြီး။
  4. Facebook.com Traffic, Demographics and Competitors - Alexa။ 16 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 4, 2019 တွင် ပြန်စစ်ပြီး။
  5. Clarke၊ Gavin (February 2, 2010)။ Facebook re-write takes PHP to an enterprise past။ Situation Publishing။ March 23, 2017 တွင် ပြန်စစ်ပြီး။
  6. Bridgwater၊ Adrian။ "Facebook Adopts D Language"၊ Dr Dobb's၊ October 16, 2013။ 
  7. Levin၊ Sam (July 3, 2018)။ Is Facebook a publisher? In public it says no, but in court it says yes
  8. ၈.၀ ၈.၁ Carlson, Nicholas (2010). "At Last — The Full Story Of How Facebook Was Founded". Business Insider (online, March 5)'. 
  9. Phillips၊ Sarah။ A brief history of Facebook။ 2015-09-17 တွင် ပြန်စစ်ပြီး။
  10. Carlson၊ Nicholas။ "At Last – The Full Story Of How Facebook Was Founded"၊ Business Insider၊ March 5, 2010။ 
  11. Michelle F. Davis (July 13, 2015)။ Facebook Close Sets Speed Record for $250 Billion Market CapBloomberg.com
  12. Tabak၊ Alan J.။ "Hundreds Register for New Facebook Website"၊ February 9, 2004။ November 7, 2008 တွင် ပြန်စစ်ပြီး။ Archived from the original on April 3, 2005။ 
  13. Facemash Creator Survives Ad Board | News | The Harvard Crimson။ 2015-09-17 တွင် ပြန်စစ်ပြီး။
  14. "Company Timeline" (သတင်းထုတ်ပြန်ချက်)။ Facebook။ January 1, 2007March 5, 2008 တွင် ပြန်စစ်ပြီး
  15. Rosmarin, Rachel။ "Open Facebook"၊ Forbes၊ September 11, 2006။ June 13, 2008 တွင် ပြန်စစ်ပြီး 
  16. Nguyen၊ Lananh။ "Online network created by Harvard students flourishes"၊ The Tufts Daily၊ April 12, 2004။ August 21, 2009 တွင် ပြန်စစ်ပြီး။ Archived from the original on 15 October 2013။ 
  17. Williams, Chris။ "Facebook wins Manx battle for face-book.com"၊ The Register၊ October 1, 2007။ June 13, 2008 တွင် ပြန်စစ်ပြီး |
  18. Facebook Facelift Targets Aging Users and New Competitors - NYTimes.com
  19. Facebook Newsroom
  20. Facebook Testing Even Simpler Sign Up; Closing The Gap With MySpace In The U.S. – TechCrunch

ပြင်ပလင့်များ[ပြင်ဆင်ရန်]