ဇင်ဝိုင်း

ဝီကီပီးဒီးယား မှ
ဇင်ဝိုင်း
မွေးဖွားဌေးလွင်
ရန်ကုန်၊ မြန်မာ
နိုင်ငံလူမျိုးဗမာ
အလုပ်အကိုင်ရုပ်ရှင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၁၉၈၁–လက်ရှိ
သားသမီးမင်းမော်ကွန်း နှင့် အခြားတစ်ဦး
ရရှိသည့်ဆုများ၁၉၉၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု)
၂၀၁၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု)

ဇင်ဝိုင်းသည် အကယ်ဒမီနှစ်ဆုရ မြန်မာရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ဥက္ကဋ္ဌအဖြစ် နှစ်ကြိမ်တိုင် ဆောင်ရွက်ခဲ့သည်။

အနုပညာလမ်းခရီး[ပြင်ဆင်ရန်]

အသက် ၁၄ နှစ်အရွယ်၊ ၁၉၇၃ ခုနှစ်တွင် အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့သည်။[၁] ၁၉၈၁ ခုနှစ်တွင် ရုံတင်သည့် သံယောဇဉ်ဆိုတာရှိတယ် ရုပ်ရှင်တွင် ပွဲဦးထွက်အဖြစ် မို့မို့မြင့်အောင်နှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့သည်။[၂] ဒါရိုက်တာ မောင်တင်ဦးထံတွင် ခုနစ်နှစ်ခန့် ရုပ်ရှင်ပညာကို သင်ယူခဲ့ပြီး၊[၂] မောင်တင်ဦး၏ ၁၉၈၄ ရုပ်ရှင် သင်္ကြန်မိုးတွင် သက်ထွေးအဖြစ် ပါဝင်သရုပ်ဆောင်ရာမှ[၃] လူကြိုက်များလာခဲ့သည်။[၂] ၁၉၉၁ ခုနှစ်၊ ဒဏ္ဍာရီရုပ်ရှင်တွင် မေသန်းနုနှင့်တွဲဖက်၍ အဓိကဇာတ်ဆောင်အဖြစ် ပထမဆုံး ရိုက်ကူးခဲ့သည်။[၂] ၁၉၉၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် မြင့်မြတ်နှလုံးသားရုပ်ရှင်ဖြင့် ပထမအကြိမ် အကယ်ဒမီဆုကို ရရှိခဲ့သည်။[၄]

ရုပ်ရှင်အစည်းအရုံးကို သီးခြားလွတ်လပ်သော အဖွဲ့အစည်းအဖြစ် ပြဋ္ဌာန်းပြီးနောက်၊ ၂၀၁၂ ခုနှစ် ဧပြီလတွင် အမှုဆောင်အဖွဲ့ဝင်ရွေးချယ်ရာ ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရသည်။[၁] ၂၀၁၄ ခုနှစ်တွင် ကျန်းမာရေးအခြေအနေကြောင့် သက်တမ်းမပြည့်မီ နုတ်ထွက်ခဲ့သည်။[၅] မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို နေပြည်တော်တွင် လေးနှစ်ကြာကျင်းပပြီးမှ[၆] ၂၀၁၁ ခုနှစ်အတွက် အခမ်းအနားကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ရန်ကုန်မြို့၌ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပနိုင်ရန် ဆောင်ရွက်ခဲ့သည်။[၇] ၂၀၁၂ ခုနှစ်တွင်[၈] ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖွဲ့စည်းပေးသည့်[၉] အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့တွင် မင်းထင်ကိုကိုကြီးဝိုင်းထွန်းအိန္ဒြာဗို၊ ဒေါက်တာအိအိခိုင်၊ ဇာဂနာလူမင်းတို့နှင့်အတူ[၁၀] ပါဝင်ခဲ့သည်။[၁၁]

၂၀၁၄ ခုနှစ်တွင် ပြေတီဦးမိုးဟေကိုဝတ်မှုန်ရွှေရည်တို့နှင့်အတူ နှလုံးသားဖြင့်ပြုလုပ်သည် ရုပ်ရှင်တွင် ပါဝင်ခဲ့ပြီး ဒုတိယမြောက် အကယ်ဒမီဆုကို ရရှိခဲ့သည်။[၁၂][၁၃][၁၄] ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် မြန်မာ့ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးကောက်ခံရာ ထပ်မံရွေးချယ်ခံရသည်။[၁၅]

မြန်မာစစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်သည်ဟုဆိုကာ ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် နေအိမ်၌ ဖမ်းဆီးခံရသည်။[၁၆] ဇွန်လ ၇ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း အောက်တိုဘာလအတွင်း ပြန်လည်ဖမ်းဆီးခံရသည်။[၁၇][၁၈]

ကိုယ်ပိုင်ဘဝ[ပြင်ဆင်ရန်]

ဇင်ဝိုင်းကို အငြိမ်းစား ဗိုလ်ချုပ်စိန်လွင်နှင့် ဇနီး ဒေါ်ရီရီရှိန်တို့က ဖွားမြင်သည်။ မွေးချင်းငါးယောက်အနက် စတုတ္ထမြောက်သားဖြစ်ပြီး၊ အမည်ရင်းမှာ ဦးဌေးလွင်ဖြစ်သည်။ ဒေါ်ခင်နွဲ့နွဲ့ထွန်းနှင့် လက်ထပ်ခဲ့ပြီး၊ ကြည်သာဌေးလွင်နှင့် ကျော်ကျော်ဌေးလွင်ဟူသော သားနှစ်ယောက်ထွန်းကားသည်။[၁၉] ကျော်ကျော်ဌေးလွင်မှာ ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းပင် ဖြစ်သည်။

ဆုများနှင့် ဆန်ခါတင်စာရင်း[ပြင်ဆင်ရန်]

Year Award Category Nominated work Result
၁၉၈၅ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု သင်္ကြန်မိုး ဆန်ခါတင်
၁၉၉၇ မြင့်မြတ်နှလုံးသား ဆုရရှိ
၂၀၁၄ နှလုံးသားဖြင့်ပြုလုပ်သည် ဆုရရှိ
၂၀၁၆ ချစ်လှစွာသော အမုန်း ဆန်ခါတင်
၂၀၁၉ နိုင်ငံကြီးသား ဆန်ခါတင်

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ "ရုပ်ရှင်ရုံ ၁၁၆ ရုံမှာ ၄၉ ရုံပဲ မြန်မာကားပြတယ် - ဦးဇင်ဝိုင်းနှင့် အင်တာဗျူး"၊ The Irrawaddy၊ 6 October 2012။ 
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ "သင်္ကြန်မိုး ဘာကြောင့် နောက်ထပ် မရွာတော့သလဲ"၊ The Irrawaddy၊ 11 April 2014။ 
  3. "သင်္ကြန်မိုးအကြောင်း လူမသိတဲ့ ခြောက်ချက်" (in my)၊ BBC News မြန်မာ 
  4. မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခြင်းမှတ်တမ်း
  5. "မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌသစ်အဖြစ် သရုပ်ဆောင် အကယ်ဒမီဇင်ဝိုင်း တစ်ကျော့ပြန်ရွေးချယ်ခံရ"၊ The Myanmar Times၊ 27 September 2017။ 11 October 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 9 October 2021။ 
  6. Nyein Ei Ei Htwe and Nuam Bwai။ "New winners for Myanmar film awards"၊ 7 January 2013။ 11 October 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 8 August 2017။ 
  7. အကယ်ဒမီ ရန်ကုန်မှာ ကျင်းပမယ် - BBC Burmese - မြန်မာ့ရေးရာ (in my)။
  8. "Aung San Film Won’t Screen in Time for General’s Centennial Birthday"၊ The Irrawaddy၊ 13 February 2014။ 
  9. "ဗိုလ်ချုပ်သမီးဆီက အာဏာသိမ်းပေမဲ့ ဗိုလ်ချုပ်ရုပ်ရှင်တော့ဆက်ရိုက်မယ်" (in en)၊ Mizzima Myanmar News and Insight 
  10. "ဗိုလ်ချုပ်ရုပ်ရှင်ရဲ့သရုပ်ဆောင်ရွေးချယ်မှုအပေါ် သမိုင်းထဲက ခေါင်းဆောင် တချို့ရဲ့ မိသားစုဝင်တွေ စိတ်ပျက်" (in my)၊ BBC News မြန်မာ၊ 25 September 2019။ 
  11. "ဗိုလ်ချုပ်ရုပ်ရှင်ကို အပြီးသတ်ထုတ်လုပ်ပြသရန် စစ်ကောင်စီ စီစဉ်"၊ The Irrawaddy၊ 17 May 2021။ 
  12. "၂၀၁၄ နဲ့၂ဝ၁၅ ခုနှစ် အတွက် အကယ်ဒမီ ပေးပွဲ" (in my)၊ BBC News မြန်မာ၊ 3 April 2016။ 
  13. "၂၀၁၄-၂၀၁၅ အကယ်ဒမီ ထူးချွန်ဆု ပေးပွဲတွင် နိုင်ငံရေး နှင့် ဆက်နွယ်သည့် ကောင်းကျိုးကိုယ်၌တည်စေမင်း ဇာတ်ကားမှ ဆုများစွာ သိမ်းပိုက်ခဲ့" (in en)၊ Mizzima Myanmar News and Insight 
  14. "၂၀၁၄- ၂၀၁၅ အကယ်ဒမီဆုပေးပွဲ" (in my)၊ ဗီြအိုေအ 
  15. "ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌသစ်အဖြစ် အကယ်ဒမီဇင်ဝိုင်း ရွေးချယ်ခံရ"၊ ဧရာဝတီ၊ 26 September 2017။ 
  16. "သရုပ်ဆောင် ဒါရိုက်တာ ဇင်ဝိုင်း အဖမ်းခံရ" (in en)၊ Radio Free Asia 
  17. "ဖမ်းဆီးထိန်းသိမ်းခံထားရသော သရုပ်ဆောင်ဇင်ဝိုင်း ပြန်လည် လွတ်မြောက်" (in my)၊ Eleven Media Group Co., Ltd 
  18. "လျှပ်တပြက်ဆန္ဒပြမှုတချို့ဖြစ်နေဆဲ၊ ရုပ်ရှင်မင်းသားဇင်ဝိုင်းပြန်လွတ်" (in my)၊ VOA Burmese 
  19. "ဇင်ဝိုင်း ပြန်လွတ်ပြီဆိုတဲ့ သတင်းမှားတွေကို သားဖြစ်သူ နှစ်ဦး တုံ့ပြန်"၊ ဧရာဝတီ၊ 22 April 2021။ 

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

အိုင်အမ်ဒီဘီပေါ်ရှိ ဇင်ဝိုင်း