မြန်မာနက်
မြန်မာနက် ဟု နာမည်တိုဖြင့် လူသိများသော မြန်မာနက် ဆော့ဝဲကုမ္ပဏီ လိမိတက် (Myanmars Net Software Co. Ltd.)[၁] သည် မြန်မာနိုင်ငံ အခြေစိုက် အင်တာနက်အခြေပြု ကုမ္ပဏီတစ်ခု ဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ပထမဆုံး ဝဗ်ဆိုက်တည်ဆောက်ရေး လုပ်ငန်းအဖြစ် လူသိများသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၁၉၉၂ ခုနှစ်ဆန်းတွင် မြန်မာနိုင်ငံ၏ Microsoft Windows platform အတွက် ပထမဦးဆုံး မြန်မာစာလုံးစနစ် (မြန်မာဖောင့်) ကို တီထွင်ခဲ့သည်။ Win Myanmar Version 3 ကို ၁၉၉၄ ခုနှစ်တွင် အကျိုးအမြတ်မယူသော လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့များနှင့် အစိုးရ အဖွဲ့အစည်းများ အားလုံးကို လှူဒါန်းခဲ့ပြီး၊[၂] နောင်တွင် ဝင်းဖောင့် အဖြစ် လူသိများလာခဲ့သည်။
၁၉၉၄ မှစ၍ မြန်မာ အိုင်စီတီ သမိုင်းတွင် ဓာတ်ပြား၊ အသုံးပြုသူ လက်စွဲစာအုပ်တို့နှင့်အတူ ပထမဆုံး စင်တင် ရောင်းနိုင်သော ဆော့ဝဲ (software package) ဖြစ်လာခဲ့ပြီး၊ ကွန်ပျူတာ ဟာ့ဒ်ဝဲ အရောင်းဆိုင်များတွင် အလွယ်တကူ စင်တင်ရောင်းချနိုင်ခဲ့ရာ၊ နောင်တွင် အသုံးပြုသူ အများဆုံး ပြည်တွင်းဖြစ် ဆော့ဝဲ ဖြစ်လာခဲ့သည်။
၁၉၉၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် အင်တာနက် မရရှိသေးသည့် ခေတ်ကတည်းက နိုင်ငံရပ်ခြားမှတစ်ဆင့် web site များ တည်ဆောက်ခြင်းနှင့် online marketing တို့ကို လုပ်ဆောင်ခဲ့သည်။ လေကြောင်းလိုင်းများ၊ ဟိုတယ်ကြီးများနှင့် တိုးကုမ္ပဏီများကို အင်တာနက် မားကက်တင်း လုပ်ဆောင်နိုင်ရန်၊ online booking များ inquiry များ ရရှိစေခြင်းဖြင့် မြန်မာ့ ခရီးသွားလုပ်ငန်းမှ နိုင်ငံခြားငွေ ဒေါ်လာသန်းနှင့်ချီ၍ ရခဲ့သည့် e-business များကို မွေးထုတ်နိုင်ခဲ့သည့် နာမည်ရ အိုင်တီ လုပ်ငန်းတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင် အများပြည်သူ အင်တာနက် အသုံးပြုခွင့် ရရှိစေရန်၊ ကွန်ပျူတာအသင်းများမှ ခေါင်းဆောင်များနှင့်အတူ ဦးဆောင် ကြိုးပမ်း လှုပ်ရှားခဲ့သူများထဲတွင် ပါဝင်ခဲ့သည်။
၂၀၀၀ ခုနှစ်တွင် မြန်မာယူနီကုဒ် စတင်ရေးဆွဲရာတွင် အဓိက ဦးဆောင်ပါဝင်ခဲ့ခြင်းအတွက် Unicode Consortium မှ ပုံနှိပ်ထုတ်ဝေသော The Unicode Standard, Version 3.0 တွင် မြန်မာနက် မှ ဦးဇော်ထွဋ်အား ကျေးဇူးတင်လွှာထဲတွင် ထည့်သွင်းဖော်ပြ ပါရှိခဲ့သည်။[၃]
၂၀၀၄ ခုနှစ်မှစ၍ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးမဂ္ဂဇင်း စတင် ထုတ်ဝေခဲ့ပြီး၊ CD, ebook, booklet, photo-CD စသဖြင့် အသွင် ၄ မျိုးဖြင့် ထုတ်လုပ်ပြီး အခမဲ့ ဖြန့်ချိသည့် ကြော်ငြာမဂ္ဂဇင်းကို နှစ်စဉ် ထုတ်လုပ်ခဲ့သည်။[၄]
၂၀၀၅ ခုနှစ်တွင် Microsoft Word နှင့် Microsoft Excel menu များကို မြန်မာ-အင်္ဂလိပ် ၂ ဘာသာ ပြောင်းပေးနိုင်သည့် ဆော့ဝဲ၊ အခြား စနစ်ဟောင်းများမှ မြန်မာစာများကို ကူးေောင်ပေးနိုင်သည့် converter နှင့် မြန်မာဖောင့် အမျိုး ၁၀၀ ကျော်ကို Win Myanmar (Version 4) အဖြစ် စီဒီနှင့် ထုတ်လုပ် ရောင်းချခဲ့သည်။[၅]
၂၀၀၆ ခုနှစ်တွင် Yellow Map Pages အမည်ဖြင့် နိုင်ငံ ၁၁ နိုင်ငံကို ဝန်ဆောင်မှုပေးသည့် မြေပုံအခြေခံသော စီးပွားရေး လမ်းညွှန်လုပ်ငန်းကို စွန့်ဦးတီထွင် လုပ်ကိုင်ခဲ့သည်။[၆]
ဂူဂဲဝန်ဆောင်မှု အမျိုးမျိုးကို ဝန်ဆောင်မှုပေးရာမှစ၍ ၂၀၀၉ ခုနှစ်တွင် Agoda Partner နှင့် Google Cloud Partner ဖြစ်လာခဲ့သည်။[၇] ၂၀၁၈ ခုနှစ်တွင် Google Ad Partner အဖြစ် ဂူဂဲနှင့် လက်တွဲ လုပ်ကိုင်ပြီး၊ ဝန်ဆောင်မှုများ ပေးလျက် ရှိသည်။
၂၀၁၁ တွင် ISO-10646 ခေါ် Unicode Standard စံနှုန်းများနှင့် ကိုက်ညီသည့် မြန်မာ ယူနီကုဒ် ဖောင့်များကို CD ဖြင့် ထည့်သွင်း၍ Win Myanmar (Version 5) အဖြစ် ထုတ်လုပ်ရောင်းချခဲ့သည်။[၈]
၂၀၁၂ တွင် Visa, Mastercard များကို ပြည်တွင်းလုပ်ငန်းပေါင်းစုံတို့မှ အသုံးပြု ရောင်းချလာနိုင်သည့် အခါတွင် အင်တာနက်ပေါ်တွင် လက်တန်း ဈေးရောင်းချပြီး၊ လုပ်ငန်းရှင်၏ ဘဏ်စာရင်းအတွင်းသို့ ချက်ချင်း ငွေလက်ခံရယူနိုင်သည့် e-commerce web site များကိုပါ တည်ဆောက်နိုင်သည့် full-service e-marketing လုပ်နိုင်သည့် ဦးဆောင် စံပြအိုင်တီလုပ်ငန်း တစ်ခု ဖြစ်လာခဲ့သည်။[၉] ဤနှစ်တွင်ပင် ဂူဂဲ၏ ကလောက်ဝန်ဆောင်မှု အမျိုးမျိုးကို ဝန်ဆောင်မှုပေးနိုင်သည့် official Google Cloud Partner[၁၀] တစ်ခုအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။
၂၀၁၃ ခုနှစ်တွင် Ad Mar Digital အမည်ဖြင့် ကြော်ငြာနေရာ မျိုးစုံကို တစ်နေရာတည်းတွင် ဝယ်ယူနိုင်သည့် မြန်မာနိုင်ငံ၏ ပထမဆုံး ad store ကို AdvertisingMyanmar.com[၁၁] အဖြစ် ထူထောင်ခဲ့သည်။
၂၀၁၉ ခုနှစ်[၁၂] တွင် ၁၉၉၇ ခုနှစ်မှ စတင်ခဲ့သည့် မြန်မာယူနီကုဒ် စနစ်သို့ မြှင့်တင်ကူးပြောင်းရေး[၁၃] လုပ်ငန်းများကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။[၁၄]
၂၀၂၄ မှစ၍ မြန်မာနက် ခြက်[၁၅] ခေါ် မြန်မာအေအိုင် အမေးအဖြေ ဝန်ဆောင်မှုကို လုပ်ကိုင်လျက် ရှိသည်။
ဖွဲ့စည်းထားပုံ
[ပြင်ဆင်ရန်]ရာနှုန်းပြည့် မြန်မာနိုင်ငံသားပိုင် အိုင်တီလုပ်ငန်း တစ်ခုဖြစ်ပြီး၊ ယခင်က ဝန်ထမ်းအင်အား ၅၀ ကျော် ရှိခဲ့ရာမှ၊ ကိုဗစ်ကပ်ရောဂါ ဆိုက်ရောက်ပြီးနောက်ပိုင်း ဝန်ထမ်း အရေအတွက် လျော့နည်းသွားခဲ့သည်။ အုပ်ချုပ်မှု ဒါရိုက်တာလည်းဖြစ်၊ Chief Technical Officer လည်း ဖြစ်သူ ဦးဇော်ထွဋ်၊ Technical Director ဦးသန့်ဇင်ဦး၊ Executive Director ဒေါ်ကြာငုံခင် တို့မှ ခေါင်းဆောင် လုပ်ကိုင်လျက် ရှိပြီး၊ ဒါရိုက်တာ ၃ ဦး၊ မန်နေဂျာ ၄ ဦးတို့ဖြင့် လုပ်ငန်းကို ကွပ်ကဲ လည်ပတ်လျက် ရှိသည်။
ဝန်ဆောင်မှုများ
[ပြင်ဆင်ရန်]- ဒိုမိန်း အင်တာနက်လိပ်စာများ မှတ်ပုံတင်ပေးခြင်း
- ကြော်ငြာ ဝဗ်ဆိုက်များ ရေးဆွဲတည်ဆောက်ခြင်း၊ ပြုပြင်ထိမ်းသိမ်းခြင်း
- အွန်လိုင်း ချက်ချင်း ငွေချေစနစ်များအသုံးပြုနိုင်သည့် E-Commerce ဝဗ်ဆိုက်နှင့် လုပ်ငန်းများ တည်ဆောက်ပေးခြင်း၊
- လုပ်ငန်းသုံး ဆော့ဝဲများ၊ မိုဘိုင်းအက်ပ်များ ရေးသားခြင်း၊
- မြန်မာ နှင့် တိုင်းရင်းသား ဘာသာ စာလုံးစနစ် (ဖောင့်) များ ရေးဆွဲခြင်း၊
- အင်တာနက် ကြော်ငြာ အမျိုးမျိုး ထိုးပေးခြင်း
- မြန်မာ့ခရီးသွား လုပ်ငန်း မြှင့်တင်ေး ဝန်ဆောင်မှုအမျိုးမျိုး ပေးပေင်း
- Google Cloud Partner အဖြစ် နည်းပညာဝန်ဆောင်မှုများ ပေးခြင်း
- ဟိုတယ်အခန်းများ လူမပါဘဲ ၂၄ နာရီပတ်လုံး ရောင်းချသည့် ဆော့ဝဲဝန်ဆောင်မှုများပေးခြင်း
- လုပ်ငန်းတစ်ခုချင်းအတွက် သီးသန့် chat bot, AI chat bot များ တည်ဆောက် ပေးခြင်း
- e-business လုပ်ငန်း အမျိုးမျိုးအတွက် အတိုင်ပင်ခံ ဝန်ဆောင်မှုပေးခြင်း
ထုတ်ကုန်များ
[ပြင်ဆင်ရန်]ထုတ်ကုန်များ အနေဖြင့် ၁၉၉၂ ခုနှစ်မှစ၍ အောက်ပါ ဆော့ဝဲ ဓာတ်ပြားများ၊ စီဒီများ၊ ခရီးသွား လမ်းညွှန် စီဒီများ၊ ခရီးသွားလမ်းညွှန် လက်ကမ်းစာအုပ် လေးများလည်း ထုတ်လုပ်ခဲ့ပြီး၊ ကမ္ဘာအနှံ့သို့ ပို့ဆောင် ဖြန့်ဝေခဲ့သည်။
ဆုများနှင့် အသိအမှတ်ပြုခံရမှုများ
[ပြင်ဆင်ရန်]မြန်မာနက် အနေဖြင့် ပြည်ထောင်စုအဆင့် အမျိုးသား အိုင်စီတီဆုကို ၂ ကြိမ် ဆွတ်ခူးရရှိခဲ့သည်။[၁၉] Digital Innovation Asia Award 2014 ဆုကို မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းမြှင့်တင်ရေး စွမ်းစွမ်းတမံ ကြိုးပမ်းမှုများအတွက် ရွေးချယ်ခြင်း ခံခဲ့ရသည်။[၂၀] အခြား web design ဆုများနှင့် ထူးချွန်ဆုများ အများအပြား ရရှိခဲ့ဖူးသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာနက် ဆော့ဝဲ ကုမ္ပဏီ လိမိတက် on Directorate of Investment and Company Administration (DICA)
- ↑ ၁၉-၄-၁၉၉၄ ရက်စွဲပါ ကြေးမုံသတင်းစာ
- ↑ Universal Multiple-Octet Coded Character Set
- ↑ MTI 2004 magazine in the Internet Wayback Machine
- ↑ Word, Excel မင်နျူးများကိုပါ မြန်မာဘာသာနှင့် အသုံးပြုနိုင်သည့် ဝင်းမြန်မာဖောင့် - အမှတ် ၄ ကြော်ငြာ
- ↑ YelowMapPages.com
- ↑ Myanmar Net in Google Cloud Partner Directory
- ↑ Win Myanmar fonts (Version 5)
- ↑ မဂ္ဂဇင်း ဂျာနယ် သတင်းစာများတွင်ပါရှိခဲ့သည့် မြန်မာနက် ကြော်ငြာများ
- ↑ Google Cloud Partners Directory
- ↑ မီဒီယာအမျိုးကွဲများပေါ်တွင် ကြော်ငြာနေရာ ဝယ်ယူနိုင်သော Advertising Myanmar Ad Store
- ↑ မြန်မာယူနီကုဒ်စံစနစ်သို့ ကူးပြောင်းအသုံးပြုခြင်း အခမ်းအနား 19 May 2024 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . မြင်ကွင်းပုံရိပ်များ
- ↑ ယူနီကုဒ် ဘာလဲ ဘယ်လဲ by BBC
- ↑ ဒို့တွေဘဝနဲ့ ဒို့နိုင်ငံကို ကမ္ဘာနဲ့ တန်းတူ ဖြစ်လာစေဘို့ ယူနီကုဒ် စံစနစ်ကို ပြောင်းသုံးကြစို့ by Myanmar Net TV
- ↑ မြန်မာနက် ခြက်
- ↑ အခမဲ့ ပေးဝေသော ဝင်းအင်းဝ မြန်မာဖောင့်ကို CNet ၏ Download.com site တွင် တွေ့ရစဉ်
- ↑ ဝင်းဖောင့်များ ထုတ်လုပ်သည့် Win Myanmar Systems page
- ↑ စပွန်ဆာများ ဖိတ်ခေါ်သည့် ၂၀၀၄ ခုနှစ်က ကြော်ငြာ
- ↑ National ICT Awards program 19 May 2024 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . by MCF
- ↑ Thailand won several top DIA Awards 2014 by Myanmars.Net
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- Myanmar Net တရားဝင် ဝဗ်ဆိုက်
- Shwe.Net ပင်ပ မြန်မာဘာသာ ဝဗ်ဆိုက်
- မြန်မာနက်၏ ဝဗ်ဆိုက်တည်ဆောက်ရေး ဝန်ဆောင်မှု ဝဗ်ဆိုက်
- Myanmar Travel Information မဂ္ဂဇင်း အမည်ရ မြန်မာ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ဝဗ်ဆိုက်
- Advertising Myanmar Ad Store ခေါ် မြန်မာနက်၏ ကြော်ငြာစတိုးဆိုင် နှင့် Ad Mar Digital ကြော်ငြာဝန်ဆောင်မှု ဝဗ်ဆိုက်