နေခြည်ဦး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
နေခြည်ဦး
Nay Chi Oo.jpg
မွေးဖွားထူးပြည့်စုံမြင့်
(1992-01-25) ၂၅ ဇန်နဝါရီ၊ ၁၉၉၂ (အသက် ၂၇)
ရန်ကုန်
အခြား အမည်များခြည်ခြည်
မိခင်ကျောင်းကိန်းဘရစ်နည်းပြကောလိပ်
ဘရက်ဖို့တက္ကသိုလ်
အလုပ်အကိုင်အလှအပ ဘလော့ဂါ၊ မိတ်ကပ်ပညာရှင်၊ ဖက်ရှင်မယ်၊ သရုပ်ဆောင်၊ စီးပွားရေးလုပ်ငန်းရှင်
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၇−ယနေ့ထိ
အရပ်၅ ft ၆ in (၁.၆၈ m)
မိဘ(များ)မျိုးမြင့်စိန်
သန်းသန်းဆွေ

နေခြည်ဦး (၁၉၉၂−) သည် မြန်မာလူမျိုး အလှအပ ဘလော့ဂါ၊ မိတ်ကပ်ပညာရှင်၊ ဖက်ရှင်မယ်၊ သရုပ်ဆောင်နှင့် စီးပွားရေးလုပ်ငန်းရှင် ဖြစ်သည်။

မိတ်ကပ်ပြင် ဗီဒီယိုများကြောင့် လူသိများပြီး ဖေ့ဘွတ်တွင် နေခြည်ပြတဲ့အလှအပ (BeautyByNayChi) အမည်ဖြင့် စာမျက်နှာ ဖွင့်ထားသည်။

ငယ်ဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

၁၉၉၂ ခု၊ ဇန်နဝါရီလ ၂၅ ရက်တွင် ဗိုလ်မှူးဟောင်း စီးပွားရေးလုပ်ငန်းရှင် ဦးမျိုးမြင့်စိန်နှင့် ရုက္ခဗေဒပညာရှင် ဒေါ်သန်းသန်းဆွေ တို့မှ ရန်ကုန်၌ မွေးသည်။ စိမ်းလဲ့ရတနာနှင့် ရဲဝေရန်အောင် အမည်ရှိ မောင်ညီမများ ရှိသည်။

ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း၌ ပညာသင်ကာ ၂၀၁၃ ခုတွင် အဆင့်မြင့်ဂျီစီအီးနှင့် ကိန်းဘရစ်နည်းပြကောလိပ်မှ အောင်မြင်သည်။ ဘရက်ဖို့တက္ကသိုလ်မှ မှုခင်းဆေးပညာသိပ္ပံ ဘာသာကို လည်းကောင်း၊ ထိုင်းနိုင်ငံရှိ စီးပွားရေးတက္ကသိုလ်မှ စီးပွားစီမံ မဟာဘွဲ့ကို လည်းကောင်း ရခဲ့သည်။

စီးပွားရေး လှုပ်ရှားမှု[ပြင်ဆင်ရန်]

နိုင်ငံ၏ အကြီးဆုံး အပန်းဖြေဥယျာဉ် စိမ်းလဲ့တင် ကို ကျိုက်ထို၌ ဖွင့်သည်။

၂၀၁၈ ခု၊ နိုဝင်ဘာလ ၁၅ ရက်တွင် ၂၀၁၉ ခုအတွက် အစီအစဉ်ချစာအုပ် သင့်ဆိုရှယ်မီဒီယာသူငယ်ချင်း (Your Social Media BFF) ကို ထုတ်သည်။

အနုပညာ လှုပ်ရှားမှု[ပြင်ဆင်ရန်]

ပါဝင်သော ဇာတ်ကားများ[ပြင်ဆင်ရန်]

ခေါင်းစဉ် ရုံတင်နှစ် ဒါရိုက်တာ မှတ်ချက်
ရန်သူ ၂၀၁၈ မီးပွား
ဧည့်သည် ညွန့်မြန်မာ ညီညီအောင်
ပုရိသ ကိုဇော် (အရုဏ်ဦး)

ကိုးကား[ပြင်ဆင်ရန်]