နို့လက်ဖက်ရည်မဟာမိတ်


နို့လက်ဖက်ရည်မဟာမိတ် (အင်္ဂလိပ်: Milk Tea Alliance) သည် အွန်လိုင်းဒီမိုကရေစီလှုပ်ရှားမှုပုံစံဖြစ်သည်။ ထိုမဟာမိတ်ကို ဟောင်ကောင်၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့၏ အင်တာနက်အသုံးပြုသူများမှ တည်ထောင်ခဲ့ကြသည်။[၂][၃] မြန်မာနိုင်ငံသည်လည်း အာဏာသိမ်းပိုက်ခြင်းကို ဆန္ဒပြရာတွင် ထိုမဟာမိတ်၏ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။[၄] အစပိုင်းတွင် တရုတ်အင်တာနက် troll များကိုသရော်ရန်ပြုလုပ်ခဲ့သော်လည်း ယခုအခါ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် လှုပ်ရှားမှုပုံစံဖြစ်လာခဲ့သည်။[၅][၆] ဖိလစ်ပိုင်၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘီလာရုဇ်နှင့် အီရန်နိုင်ငံများတွင်လည်း ထိုလှုပ်ရှားမှုမှာ လူသိများလာကြသည်။[၇]
အမည်ဖြစ်ပေါ်ပုံ[ပြင်ဆင်ရန်]
နို့လက်ဖက်ရည်ကို တရုတ်နိုင်ငံအားဆန့်ကျင်ရန် အရှေ့တောင်အာရှနိုင်ငံများက လက္ခဏာအဖြစ်အသုံးပြုခဲ့ကြသည်။ ထိုနိုင်ငံများတွင် လက်ဖက်ရည်ကိုနို့ဖြင့်ဖျော်၍ သောက်သုံးကြပြီး တရုတ်နိုင်ငံတွင်မူ နို့မထည့်ဘဲ လက်ဖက်ရည်အတိုင်း (မြန်မာအခေါ်အားဖြင့် ရေနွေးကြမ်း) သာ သောက်သုံးသောကြောင့်ဖြစ်သည်။[၈] ထိုင်ဝမ်၏ Bubble Tea ခေါ် ပုလဲလုံးနို့လက်ဖက်ရည်၊ ဟောင်ကောင်၏ နို့လက်ဖက်ရည်နှင့် ထိုင်းလက်ဖက်ရည်တို့သည် အလွန်ဆင်တူကြသည်။ [၉][၂]
နောက်ခံသမိုင်း[ပြင်ဆင်ရန်]
![]() | |
---|---|
![]() |
Milk Tea Alliance memes published by "奶茶通俗學 Milktealogy" Facebook[၁] |
၂၀၂၀ ခုနှစ် ဧပြီလတွင် 2gether ရုပ်ရှင်ဇာတ်လမ်းမှ ထိုင်းသရုပ်ဆောင် ဝဆီရာဝိတ ဆီဝါရီ (Bright) သည် တွစ်တာပေါ်၌ ဟောင်ကောင်သည် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ဖော်ပြထားသည့်ပုံကို ပြန်လည်ဝေမျှခဲ့သည်။ ထိုအခါတရုတ်အင်တာနက်အသုံးပြုသူများသည် သူအားရှတ်ချခဲ့ကြပြီး ထိုဇာတ်လမ်းကိုပါ အားမပေးခြင်းလုပ်ငန်းများကိုစတင်ခဲ့သည်။ Bright သည် ထိုဖြစ်ရပ်အတွက်တောင်းပန်ခဲ့ရပြီး ပို့စ်ကိုဖျက်သိမ်းပေးခဲ့သည်။ သို့သော် သူ၏ရည်းစားဖြစ်သူ Weeraya "New" Sukaram သည် ၂၀၁၇ ခုနှစ်၌ ထိုင်ဝမ်သည် လွတ်လပ်သောနိုင်ငံဖြစ်ကြောင်းကို ပို့စ်တင်ထားကြောင်းတွေ့ရှိခဲ့ရာ ရှတ်ချခြင်းများကိုရပ်ဆိုင်းခြင်းမရှိသည့်အပြင် ထိုင်းဘုရင်နှင့်ဝန်ကြီးချုပ်များကိုပါ ထိပါးလာသည်အထိဖြစ်ခဲ့ရသည်။[၁၀][၁၁] ထိုင်းအင်တာနက်အသုံးပြုသူများသည် Bright အားဝန်းရံကြရာမှ တရုတ်နိုင်ငံအား စတင်တန်ပြန်၍ ဝေဖန်ခဲ့ကြသည်။ သို့ဖြစ်ရာတွစ်တာပေါ်၌ #nnevvy ဟူသောတွစ်တာစစ်ပွဲဖြစ်ပေါ်လာခဲ့သည်။
ထိုင်းနိုင်ငံသားတို့၏ ဟောင်ကောင်နှင့်ထိုင်ဝမ်တို့ကိုထောက်ပံ့မှုကြောင့် ဒီမိုကရေစီအတွက်လှုပ်ရှားသူများနှင့် တရုတ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူများလည်း ပါဝင်လာခဲ့ကြသည်။[၁၂][၉] ဟောင်ကောင်နှင့်ထိုင်ဝမ်တို့မှ တွစ်တာအသုံးပြုသူများသည်လည်း ထိုင်းတွစ်တာအသုံးပြုသူများနှင့် ပူးပေါင်းပါဝင်ခဲ့ကြသည်။[၁၃] ပါလဘီ မွန်ဆီ (Pallabi Munsi) သည် ထိုသို့နိုလက်ဖက်ရည်မဟာမိတ်သည် တရုတ်ပြားငါးဆယ်ပါတီအား စိန်ခေါ်မှုကို "တရုတ်အင်တာနက် troll များအား အာရှမှပြန်လည်တွန်းကန်ခြင်း" ဟူ၍ဆိုခဲ့သည်။[၁၄]
တုံ့ပြန်မှု[ပြင်ဆင်ရန်]
တရုတ်အစိုးရသည်ထိုမဟာမိတ်ကို အမေရိကန်အစိုးရမှစီမံထားသော အရောင်တော်လှန်ရေး (color revolution) တစ်မျိုးဖြစ်သည် ဟူ၍အပြစ်တင်ဝေဖန်ခဲ့သည်။[၁၅]
ကျမ်းကိုး[ပြင်ဆင်ရန်]
- ↑ ၁.၀ ၁.၁ "【我們信靠奶茶】「泰幽默」擊退「小粉紅」 泰港台三地網民籲組「奶茶聯盟」齊抗中國網軍"၊ 立場新聞၊ 2020-04-16။ 13 February 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 20 August 2020။
- ↑ ၂.၀ ၂.၁ Young Thais join 'Milk Tea Alliance' in online backlash that angers Beijing။ Reuters။ 23 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 April 2020 တွင် ပြန်စစ်ပြီး။
- ↑ Will the ‘Milk Tea War’ Have a Lasting Impact on China-Thailand Relations?။ The Diplomat။ 3 May 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 May 2020 တွင် ပြန်စစ်ပြီး။
- ↑ #MilkTeaAlliance has a new target brewing: Myanmar’s military (in en) (2021-02-04)။ 2021-02-05 တွင် ပြန်စစ်ပြီး။
- ↑ ‘In Milk Tea We Trust’: How a Thai-Chinese Meme War Led to a New (Online) Pan-Asia Alliance။ The Diplomat။ 18 April 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 April 2020 တွင် ပြန်စစ်ပြီး။
- ↑ Why the Taiwanese are thinking more about their identity။ New Statesman။ 21 May 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 May 2020 တွင် ပြန်စစ်ပြီး။
- ↑ "'Milk Tea Alliance' pushes for democracy vs China's authoritarianism" (in en)၊ ABS-CBN News။
- ↑ ‘We conquer, we kill’: Taiwan cartoon showing Lord Rama slay Chinese dragon goes viral။ The Print။ 18 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 June 2020 တွင် ပြန်စစ်ပြီး။
- ↑ ၉.၀ ၉.၁ 'We Share the Ideals of Democracy.' How the Milk Tea Alliance Is Brewing Solidarity Among Activists in Asia and Beyond။ Time (28 October 2020)။ 10 December 2020 တွင် ပြန်စစ်ပြီး။
- ↑ Milk is thicker than blood: An unlikely digital alliance between Thailand, Hong Kong & Taiwan။ Hong Kong Free Press။ 19 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 August 2020 တွင် ပြန်စစ်ပြီး။
- ↑ Teixeira၊ Lauren။ Thais Show How to Beat China’s Online Army (in en-US)။ 2021-02-10 တွင် ပြန်စစ်ပြီး။
- ↑ Milk Tea Alliance: How A Meme Brought Activists From Taiwan, Hong Kong, and Thailand Together။ 23 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 August 2020 တွင် ပြန်စစ်ပြီး။
- ↑ "#MilkTeaAlliance: New Asian youth movement battles Chinese trolls"၊ The Telegraph၊ 3 May 2020။
- ↑ Munsi၊ Pallabi (2020-07-15)။ The Asian Volunteer Army Rising Against China’s Internet Trolls။ 2020-07-29 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-07-30 တွင် ပြန်စစ်ပြီး။
- ↑ IS THE MILK TEA ALLIANCE THE LATEST TARGET BY CHINESE DISINFORMATION EFFORTS IN TAIWAN?။ New Bloom Magazine။ 22 December 2020 တွင် ပြန်စစ်ပြီး။