ဗီယင်ကျန်းမြို့

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဗီယင်ကျန်းမြို့
ວຽງຈັນ
မြို့တော်
Thannon Lanxing ဧရိယာရှိ အောင်ပွဲခံဂိတ်
Thannon Lanxing ဧရိယာရှိ အောင်ပွဲခံဂိတ်
ဗီယင်ကျန်းမြို့ သည် လာအိုနိုင်ငံ တွင် တည်ရှိသည်
ဗီယင်ကျန်းမြို့
ဗီယင်ကျန်းမြို့
ကိုဩဒိနိတ်: 17°58′N 102°36′E / 17.967°N 102.600°E / 17.967; 102.600
နိုင်ငံ လာအို
အုပ်ချုပ်ရေး အပိုင်းအခြားဗီယင်ကျန်း စီရင်စုနယ်
အခြေချခြင်း၉ ရာစု[၁]
ဧရိယာ
 • စုစုပေါင်း၃၉၂၀ စတုရန်းကီလိုမီတာ (၁၅၁၀ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၁၇၄ မီတာ (၅၇၀ ပေ)
လူဦးရေ (၂၀၁၃ ခန့်မှန်း)
 • စုစုပေါင်း၇၈၃၀၀၀
 • သိပ်သည်းမှု၂၀၀/km (၅၂၀/sq mi)

ဗီယင်ကျန်းမြို့ (အင်္ဂလိပ်: Vientiane; /vjɛnˈtjɑːn/; ပြင်သစ်အသံထွက်: [vjɛ̃ˈtjan]; လာအို: ວຽງຈັນ, Viang chan, IPA: [ʋíəŋ tɕàn]; ထိုင်း: เวียงจันทน์, Wiang Chan, IPA: [wiəŋ tɕan]; ခမာ: វៀងច័ន្ទ, Vieng Chan) သည် လာအိုနိုင်ငံမြို့တော်နှင့် အကြီးဆုံးမြို့ကြီးဖြစ်သည်။ ထိုင်းနိုင်ငံနယ်စပ်အနီး မဲခေါင်မြစ်ကမ်းပါးတွင် တည်ရှိသည်။ မြန်မာကျူးကျော်မှု ဘေးအန္တရာယ်ကြောင့် ၁၅၆၃ ခုနှစ်တွင် ဗီယင်ကျန်းမြို့မှာ မြို့တော်ဖြစ်လာခဲ့သည်။[၂] ဗီယင်ကျန်းမြို့မှာ ပြင်သစ်များအုပ်ချုပ်ခဲ့စဉ်က အုပ်ချုပ်ရေးမြို့တော်ဖြစ်ခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကြောင့် ယခုအခါ လာအိုနိုင်ငံ၏ စီးပွားရေးအချက်အခြာ နေရာတစ်ခုဖြစ်သည်။


ဗီယင်ကျန်းမြို့ရှိ ခန့်မှန်းလူဦးရေစာရင်းမှာ ၇၆၀,၀၀၀ (၂၀၁၅) ဖြစ်သည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ နှစ် ၅၀ မြောက်အဖြစ် ၂၅ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့သည်။

အမည်ရင်းမြစ်[ပြင်ဆင်ရန်]

မြို့၏ နာမည်မှာ ထေရဝါဒ ဗုဒ္ဓဘာသာပါဠိဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်သည်။ ရှေးလာအိုဘာသာစကား အရေးအသားအရ မြို့နာမည်၏ အဓိပ္ပါယ်မှာ "စန္ဒကူးမြို့" ဖြစ်သော်လည်း လက်ရှိလာအိုဘာသာစကား အရေးအသားအရ ဗီယင်ကျန်း၏ အဓိပ္ပါယ်မှာ ရေရေရာရာမရှိပေ။

လာအိုနိုင်ငံသားများက မြို့အမည်အဓိပ္ပါယ်မှာ "လစန္ဒာမြို့" ဟု ဆိုကြပြီး၊ အချို့များကမူ "စန္ဒကူးမြို့" က အမှန်ဖြစ်ကြောင်း ဆိုကြသည်။ အဘယ့်ကြောင့်ဆိုသော် "လ" (moon) (သင်္သကရိုက်ဘာသာရှိ chandra चन्द्र မှ ຈັນ ချန် သို့မဟုတ် ຈັນທຣ໌ ချန်ဒြ ) နှင့် "စန္ဒကူး" (သင်္သကရိုက်ဘာသာရှိ chandana चन्दन မှ ຈັນ သို့မဟုတ် ຈັນທນ໌) တို့မှာ လက်ရှိခေတ် လာအိုဘာသာစကားရှိ "chan ချန်" စကားလုံးနှင့် ရေးသားပုံနှင့် အသံထွက် တူနေသောကြောင့်ဖြစ်သည်။ မြို့အမည်ကို ထိုင်းဘာသာစကား (เวียงจันทน์ ဝီယင်ချန် ) နှင့် ခမာဘာသာစကား (វៀងចន្ទន៍) တို့ဖြင့်ရေးသားရာတွင် အဓိပ္ပါယ်အရ "စန္ဒကူးမြို့" ဟုသာ ညွှန်းဆိုလျက်ရှိခြင်းက "စန္ဒကူးမြို့" အမည်မှာ အမှန်ဖြစ်ကြောင်း ပညာရေးနှင့် သမိုင်းဆိုင်ရာ ရင်းမြစ်များက အခိုင်အမာဆိုကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. History of Vientiane Province - Lonely Planet Travel Information
  2. Vientiane။ Farlex Encyclopedia။ 25 Nov 2010 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]