မိုးကောင်းမြို့

ဝီကီပီးဒီးယား မှ
မိုးကောင်းမြို့
မြန်မာနိုင်ငံရှိ မြို့များ
Skyline of မိုးကောင်းမြို့
မိုးကောင်းမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မိုးကောင်းမြို့
မိုးကောင်းမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 25°18′N 96°56′E / 25.300°N 96.933°E / 25.300; 96.933
နိုင်ငံအမည် မြန်မာ
ပြည်နယ် ကချင်
ခရိုင်မိုးညှင်း
မြို့နယ်မိုးညှင်း
လတ္တီကျု(၂၅)ဒီဂရီ၊ (၁၈)မိနစ်
လောင်ဂျီကျု(၉၆)ဒီဂရီ၊ (၅၆)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့မိုးကောင်းမြို့
အစိုးရ
 • အမျိုးအစားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်- ဦးဝင်းနိုင် (NLD),

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်- ဒေါက်တာခင်မကြီး (NLD),

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်- ဒေါ်မြသွေးစံ (NLD)
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၁၃၂,၂၆၄[၁]
အချိန်ဇုန်မြန်မာ စံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

မိုးကောင်းမြို့သည် မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်တွင် အကျုံးဝင်သော မိုးညှင်းခရိုင် တွင်တည်ရှိ၍ မိုးကောင်းမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ မိုးကောင်းမြို့သည် ရှေးတစ်ခေတ်က ရှမ်းစော်ဘွားများ ကြီးစိုးတန်ခိုးထွားခဲ့စဉ် ရှမ်းမြို့တော် ဖြစ်ခဲ့သည်။ ဤသို့ ရှေးသမိုင်းဝင်ခဲ့သော မိုးကောင်းမြို့သည် ယခုအခါ နိုင်ငံတွင် မထင်ရှားတော့သော်လည်း တရုတ်လူမျိုးတို့ နှစ်သက်သော ကျောက်စိမ်းရတနာကို အများဆုံး ရောင်းဝယ်ရာ ဌာနဖြစ်သောကြောင့် မိုးကောင်းဆိုလျှင် ကျောက်စိမ်းထွက်ရာ အရပ်အဖြစ် လူသိများပေသည်။

ဒေသ သမိုင်းအကျဉ်း[ပြင်ဆင်ရန်]

မိုးကောင်းမြို့ကို ဧရာဝတီမြစ်အတွင်းသို့ စီး ဆင်း ဝင်ရောက်ကြသောနန့်ကောင်းချောင်းနှင့်နန့်ရင်းချောင်းတို့ ပေါင်းဆုံရာဒေသတွင်တည်ထား ခဲ့ပြီး ရှမ်းအမျိုးအနွယ်တို့နေထိုင်ရာဒေသဖြစ်ခဲ့သည်။ ရှမ်းစော်ဘွားများ အဆက်ဆက် အုပ်ချုပ်လာပြီး ယခုမြို့ သည် စတုတ္ထအကြိမ် ပြောင်းရွှေ့ တည်ထားခဲ့သောမြို့ဖြစ်သည်။ မိုးကောင်းမြို့ ကိုစော်ဘွားများအဆက်ဆက်ဘာသာ သာသနာ-ဓလေ့ထုံးစံများနှင့်အညီ ထိန်းသိမ်းအုပ်ချုပ်ခဲ့ပြီး နှစ်ပေါင်း ကာလအတော်ကြာ ခဲ့ရာမှ မြန်မာဘုရင်မင်းများက နောက်ပိုင်းကာလတွင် စိုးမိုးအုပ်ချုပ်လာပြီး နေပြည်တော်မှ ခန့်အပ်သော ဝန်မင်းများပင် လာရောက်အုပ်ချုပ်ခဲ့ကြသည်။ မိုးကောင်းမြို့ကို ရှေးယခင် ကမိန်းကောင်းဟုခေါ်သည်။ ရှမ်းဘာသာစကားဖြစ်ပြီးအိုးစည်ဟု အဓိပ္ပာယ် ရသည်။ ကာလကြာသောအခါ မိုင်းကောင်းမှမိုးကောင်းဟု ခေါ်တွင် လာခြင်းဖြစ်သည်။[၂]

မိုးကောင်းမြို့ကို (၄)ကြိမ် (၄)နေရာပြောင်း၍ တည် များအရသိရှိရသည် ခဲ့ကြောင်း မှတ်တမ်းမျ ။ ပထမမိုးကောင်းတည်နေရာ မှာရှမ်းဘာသာစကားဖြင့်ပူကမ်းမြို့ဟုခေါ်သော ကာမိုင်းမြို့ဖြစ်သည်။ ဒုတိယမိုးကောင်း တည်နေရာမှာ ကာမိုင်းမြို့အနီး ဖက်လှော်နေရာဖြစ်သည်။ တတိယ မိုးကောင်းတည်နေရ ဝသည် မြို့ဟောင်းနေရာဖြစ်ပြီး စော်ဘွား ကံခွန်ကောင်းဆိုင်းက တည်ခဲ့ခြင်းဖြစ်သည်။

မြို့အမည်မှာ မိန်ကောင်းဆိုင်းဖြစ်၍ ကျောင်းကန်ပုထိုးများဖြင့် ထင်ရှားပြီး ဘာသာသာသနာ ရောင်ထွန်းပြောင်ခဲ့သည်။ မြို့ပန္နက်ကိုအရှေ့ -နောင်လမ်းအင်း၊ အနောက်နန့်ရင်းချောင်း၊ တောင်-နန့်ပုဏ္ဏားရေပေါက် ၊မြောက် -နန့်ကောင်း ချောင်း၊စော်ဘွားတောင်ကုန်း၊ မြို့နာမ်စေတီ၊ ညောင်ပင်ကျောင်းနေရာတို့၌တစ်ချိန်တည်း ပန္နက်ရိုက်ခဲ့သည်။

ကောဇာသက္ကရာဇ်(၁၁၅၃)ခုနှစ်တွင် မြို့တည်ခဲ့သဖြင့်မြို့တည်နှစ်ကို အလွယ်တ ကူသိရှိနိုင်ရန် အိမ်အောက်မြစိမ်းမိုးကောင်းကိန်း ဟု ဖွဲ့ဆိုခဲ့သည်။ မိုးကောင်းမြို့အား စတုတ္ထအကြိမ်မြို့ တည်သောသက္ကရာဇ် (၁၁၅၃)ခုနှစ် သည်ရာဇဝင်များနှင့်လေ့လာတိုက်ဆိုင်ကြည့်သော် သက္ကရာဇ်(၁၁၄၃)ခုနှစ်၌ ဘကြီးတော်ဘုရားနန် တက်သည့်နှစ်ကိုတွေ့ရသောကြောင့် ဘကြီးတော်ဘုရား၏ နန်းစံနှစ်(၁၀)နှစ်မြောက်တွင် စတုတ္တအကြိမ် မြို့တည် ခဲ့သော ဤမိုးကောင်းမြို့ ကို တည်ထောင်ခြင်းဖြစ်ကြောင်း သိရှိမှတ်သားရသည်။ မိုးကောင်းစော်ဘွားကြီး စဝ်မမောင်ဆိုင်သည် ဥဒည်ဂီရီဥတ္တရတိုင်း၉၉လုံးမိုင်း ဟူ သောအဆိုနှင့်အညီ ထမုံပေါ်မိုင်း(၉၉)အုပ်စုနှင့် ကျေးရွာပေါင်း(၂၄၀)ကိုအုပ်ချုပ်ခဲ့သည်။

မိုးကောင်းမြို့ကိုစော်ဘွား(၂၉)ဆက်မြို့ ဝန်(၅၅) ဆက်နှင့်အမတ်ချုပ်(၃)ဆက်တို့ကအုပ်ချုပ်ခဲ့သည်။ စော်ဘွားအုပ်ချုပ်မှုမရှိသည့်နောက်တွင် နေပြည်တော်မှခန့်အပ်သည့်မြို့ ဝန်များအနက် ဝန်းသိုစော်ဘွားဟောင်း မဟာရာဇာသိုဟုံမွှား ဦးရွှေသာသည် သက္ကရာဇ်(၁၂၄၆)တွင် မိုးကောင်းမြို့ဝန် ဖြစ်လာသည်။ သက္ကရာဇ် (၁၂၄၇)သီပေါမင်း နန်းကျပြီးနောက် မိုးကောင်းမြို့ ကို အမတ်ချုပ်ကြီး ဦးကုလားက ဆက်လက်အုပ်ချုပ်ခဲ့သည်။ သက္ကရာဇ်(၁၂၄၈)တွင် ဦးကုလား၏သား နေမျိုးသီရိကျော်ထင် ဦးဘိုးစော အရိုက်အရာဆက်ခံခဲ့သည်။ ဦးဘိုးစောသည်မိုးကောင်းမြို့၏ရိုးရာနောက်ဆုံး အမတ်ကြီးပင်ဖြစ်ခဲ့သည်။၁၂၄၈-၁၂၄၉ခု မင်းပြောင်းမင်းလွှဲဖြစ်ချိန်တွင်အမတ်ကြီးဦးဘိုးစောသည် လက်ရုံးဗိုလ်ကြီးများဖြစ်သောဗိုလ်ရွှေထီး၊ ဗို လ်ရွှေလယ်တို့နှင့်တိုင်ပင်၍ လူသူစုရုံးပြီးနယ်ချဲ့ အင်္ဂလိပ်တို့အား တွန်းလှန်ခဲ့သည်။

မြန်မာတစ် နိုင်ငံလုံး၏ အချုပ်အခြာအာဏာလက်လွှတ်ဆုံး ရှုံးပြီးနောက်နယ်ချဲ့အင်္ဂလိပ်တို့ အုပ်စိုးလာသော အခါ အရေးပိုင်၊နယ်ပိုင် ၊မြို့ပိုင်၊ခရိုင်အုပ်၊သူကြီး ၊ရွာခေါင်းစသည်တို့ဖြင့် အုပ်ချုပ်လာခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် မိုးကောင်းမြို့ နယ်သည် မြို့နယ်တစ်ခုအဖြစ်ရပ်တည်ခဲ့သည်။  မိုးကောင်းမြို့နယ်အားရပ်ကွက်(၁၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၆)အုပ်စု၊ ကျေးရွာပေါင်း(၇၃)ရွာဖြင့် ဖွဲ့စည်း ထားရှိ မှုကိုပြည်ထဲရေးဝန်ကြီးဌာန၏ (၃၀-၃-၂၀၁၅)ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၃၅၂/၂၀၁ ၅ဖြင့်ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်းခဲ့သည်။

မိုးကောင်း-မြစ်ကြီးနား ပြည်ထောင်စုလမ်းမအား မိုးကောင်းမြို့တော်ခန်းမနှင့်အတူ မြင်တွေ့ရစဉ်
မိုးကောင်း-မြစ်ကြီးနား ပြည်ထောင်စုလမ်းမအား မိုးကောင်းမြို့တော်ခန်းမနှင့်အတူ မြင်တွေ့ရစဉ်

တည်နေရာ[ပြင်ဆင်ရန်]

ညနေခင်း မိုးကောင်းတံတားပေါ်ဖြတ်သန်းသွားလာနေကြသည့် ပြည်သူများ
ညနေခင်း မိုးကောင်းတံတားပေါ်ဖြတ်သန်းသွားလာနေကြသည့် ပြည်သူများ
မိုးကောင်းမြို့အား နန့်ကောင်းချောင်းနှင့် နန့်ရင်းချောင်းဆုံရာ မိုးကောင်းချောင်းနှင့်အတူ အပေါ်စီးမှ မြင်တွေ့ရစဉ်
မိုးကောင်းမြို့အား နန့်ကောင်းချောင်းနှင့် နန့်ရင်းချောင်းဆုံရာ မိုးကောင်းချောင်းနှင့်အတူ အပေါ်စီးမှ မြင်တွေ့ရစဉ်

မိုးကောင်းမြို့သည် မိုးကောင်းချောင်းငယ်၏ လက်ယာဘက်ကမ်းပေါ်တွင် တည်ရှိသည်။ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းသည် မိုးကောင်းမြို့ကို ဖြတ်သွားပေရာ မီးရထားလမ်းအားဖြင့် မန္တလေးမြို့မှ ၃ဝ၀ မိုင်ကွာဝေး၍ မြစ်ကြီးနားမြို့မှ ၄၅ မိုင် ကွာဝေးသည်။ မိုးကောင်းမြို့သည် မိုးကောင်းနယ်၏ ရုံးစိုက်မြို့ ဖြစ်သည်နှင့်အညီ အစိုးရရုံး၊ အထက်တန်းကျောင်း၊ ဈေး၊ တိုက်တာအဆောက်အအုံတို့ဖြင့် အတန်ပင် စည်ကားသောမြို့ဖြစ်သည်။ နေထိုင်သူများမှာ တရုတ်-မြန်မာ ကပြားနှင့် ရှမ်းအဆက်အနွယ်များဖြစ်ကြ၏။

အိမ်ခြေနှင့် လူဦးရေ[ပြင်ဆင်ရန်]

မိုးကောင်းမြို့နယ်၏လူဦးရေမှာ ၂၀၁၇ ခုနှစ် သန်းခေါင်စာရင်းအရ ၁၃၂၆၀၈ ယောက် ရှိသည်။ မြို့နေလူဦးရေမှာ ၂၅၀၁၂ ယောက်ရှိပြီး ကျေးလက်နေလူဦးရေမှာ ၁၀၇၅၉၆ ယောက် ရှိသည်။ အများစုမှာ ဗမာလူမျိုးများဖြစ်ကြပြီး ၄၇%ရှိကာ ရှမ်းလူမျိုးမှာ ၂၅.၅%၊ ကချင်လူမျိုးမှာ ၂၃% ရှိပြီး တရုတ်လူမျိုး၊ အိန္ဒိယလူမျိုး၊ ဂေါ်ရခါးနှင့် မြန်မာမွတ်စလင်များလည်း ရှိကြသည်။

မိုးကောင်းမြို့အား မြို့ပေါ်ရပ်ကွက် (၈)ခု၊ ကျေးရွာအုပ်စု (၃၈)စု (ကျေးရွာပေါင်း ၇၃ရွာ) တို့ဖြင့် ဖွဲ့စည်းထားပြီး မိုးကောင်းမြို့၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၂.၅၄ ရှိပြီး မြို့နယ်အကျယ်အဝန်းမှာ ၁၀၁၃ စတုရန်းမိုင်ရှိသည်။

ရပ်ကွက် လူဦးရေ
အိုးတန်း ၉၄၅၆
နတ်ကြီးကုန်း ၅၉၀၆
ဈေးကုန်း ၅၈၇၉
နန့်ရင်း ၁၉၁၃
နောင်ကိုက်တော် ၅၉၁၄
အလယ်ရပ် ၉၉၈
အရှေ့ရပ် ၈၆၀
ရွာသစ် ၂၁၃၉
ကျွန်းတော ၃၈၄၀
မြစ်ကြီးနား-ရွှေဘိုပြည်ထောင်စုလမ်းမကြီး၏ အဓိကကျသော မိုးကောင်းချောင်းကို ဖြတ်ကာ တည်ဆောက်ထားသည့် မိုးကောင်းတံတား
မြစ်ကြီးနား-ရွှေဘိုပြည်ထောင်စုလမ်းမကြီး၏ အဓိကကျသော မိုးကောင်းချောင်းကို ဖြတ်ကာ တည်ဆောက်ထားသည့် မိုးကောင်းတံတား

စီးပွားရေး[ပြင်ဆင်ရန်]

မိုးကောင်းမြို့သည် ကျောက်စိမ်းထွက်ရာ ဒေသတွင် ရှိသည့်အလျောက် မြို့တွင်းနေထိုင်သူများသည် ကျောက်စိမ်းတူးဖော်ခြင်း၊ ကျောက်သွေးခြင်း၊ ကျောက်ထည်များ ပြုလုပ်ခြင်း စသည်ဖြင့် ကျောက်စိမ်းလုပ်ငန်းကို ပြုလုပ်ကြသည်။ ကျောက်စိမ်းအပြင် ပယင်း ၂ မျိုးလည်းထွက်၏။ တောင်ယာလယ်လုပ်ခြင်းလည်းပြုလုပ်သည်။ ဆန်စပါး၊ မြေပဲ၊ ငါးခြောက် စသည်တို့လည်း ထွက်ရှိသည်။ မိုးကောင်းမြို့နယ်အတွင်း ဆန်စပါးစိုက်ပျိုးမှု များပြားကာ မြို့နယ်အတွင်းတွင်လည်း ဆန်စက်ပေါင်း (၂၀၀) ကျော်လည်ပတ်လျက်ရှိသည်။ သွားလမ်းလာလမ်းမှာ အဓိကအားဖြင့် မီးရထားလမ်းကိုအသုံးပြုသည်။ ယခုအခါ လမ်းများလည်း ကောင်းမွန်လာပြီး မိုးကောင်းမြို့သည် ရွှေဘို-မြစ်ကြီးနားပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိသောကြောင့် ကုန်စီစည်းဆင်းမှုနှင့် ခရီးသွားလာမှုများလည်း ၂၀၁၅နောက်ပိုင်း ကားလမ်းမှတဆင့် ပိုမိုများပြားလာသည်။ မိုးကောင်းမြို့သည် ဖားကန့်မြို့သို့ ကုန်စည်နှင့် ခရီးသည်များတဆင့်ပို့ဆောင်ပေးနေသည့် အချက်အချာကျမြို့လည်းဖြစ်သည်။ မြစ်ကြီးနားသို့ ကားလမ်းအားဖြင့် မိုင် ၄ဝ ခန့် သွားရသည်။ ၂၀၁၉ခုနှစ်အထိ မိုးကောင်းမြို့တွင် စီဘီဘဏ်၊ ဧရာဝတီဘဏ်KBZ ဘဏ်MAB ဘဏ်လေးခုလုံးဖွင့်လစ်ထားကာ မြို့တွင်းနှင့် ဖားကန့်မြို့မှ ကျောက်စိမ်းနှင့် စက်မှုကုန်သည်များ၏ ငွေလွှဲပြောင်းမှုများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။

ကိုဗစ်ကာလ ပြည်တော်ပြန်များ အသွားအလာကန့်သတ်ရာနေရာအဖြစ် အသုံးပြုနေသည့် ဈေးကုန်းရပ်ကွက်ရှိ အ.ထ.က(၂) မိုးကောင်း အထက်တန်းကျောင်း
ကိုဗစ်ကာလ ပြည်တော်ပြန်များ အသွားအလာကန့်သတ်ရာနေရာအဖြစ် အသုံးပြုနေသည့် ဈေးကုန်းရပ်ကွက်ရှိ အ.ထ.က(၂) မိုးကောင်း အထက်တန်းကျောင်း

ပညာရေး[ပြင်ဆင်ရန်]

မိုးကောင်းမြို့ပေါ်တွင် အဓိကကျသော အခြေခံပညာအထက်တန်းကျောင်း ၃ကျောင်း ရှိပြီး ၎င်းတို့မှာ ဈေးကုန်းရပ်ရှိ အ.ထ.က(၁)၊ အထ.က(၂) နှင့် နောင်ကိုက်တော်ရပ်ရှိအ.ထ.က-နောင်ကိုက်တော်တို့ဖြစ်သည်။ မိုးကောင်းမြို့နယ်အတွင်း အထက်တန်းကျောင်း ၈ ကျောင်း၊ အထက်တန်းခွဲကျောင်း ၈ ကျောင်း၊ အလယ်တန်းကျောင်း ၃ကျောင်း၊ အလယ်တန်းခွဲကျောင်း ၉ကျောင်း၊ မူလတန်းလွန်ကျောင်း ၁၁ ကျောင်း၊ မူလတန်းကျောင်း ၉၀ ရှိသည်။ ထို့ပြင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၅ ကျောင်းလည်း ရှိသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

မိုးကောင်းမြို့တွင် မြို့နယ်ပြည်သူ့ဆေးရုံတစ်ရုံနှင့် တိုက်နယ် ဆေးရုံ ၅ ရုံရှိသည်။ ၂၀သော ကျေးလက်ကျန်းမာရေးဌာနများမှာလည်း ၉သောင်းကျော်သော ကျေးလက်ပြည်သူများကို အခြေခံကျန်းမာရေးဝန်ဆောင်မှုများပေးလျက်ရှိသည်။ ၎င်းအပြင် အပြည်ပြည်ဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းများဖြစ်သည့် MDM, AZG, MCCmalaria, MSF, SARA, Phoenix နှင့် အမြဲစိမ်းချစ်သူများအဖွဲ့ စသည့် INGO များသည်လည်း HIV, TB, Malaria နှင့် မူးယစ်ဖြတ်စသည့် ကျန်းမာရေးဝန်ဆောင်မှုများကို အခမဲ့ကူညီပေးလျက်ရှိသည်။

မိုးကောင်း ရွှေသာလျောင်းဘုရား
မိုးကောင်း ရွှေသာလျောင်းဘုရား

ဘာသာရေး[ပြင်ဆင်ရန်]

နန့်ရင်းရပ်ကွက်ရှိ တရုတ်ကြေးစန္ဒီဘာသာရေးကျောင်း
နန့်ရင်းရပ်ကွက်ရှိ တရုတ်ကြေးစန္ဒီဘာသာရေးကျောင်း

မိုးကောင်းမြို့ရှိ တန်ခိုးကြီးဘုရားမှာ ရွှေသာလျှောင်းဘုရားဖြစ်၍ နှစ်စဉ် တပေါင်းလတွင် ဘုရားပွဲတော်ကျင်းပသည်။ မိုးကောင်းနယ်တွင် အခြားထင်ရှားသော ဘုရားများမှာ မြို့ဦးစေတီနှင့် မြို့နာမ်စေတီတို့ဖြစ်သည်။ မိုးကောင်းမြို့တွင် ဘုရား ၇ ဆူ၊ စေတီ ၅၂ဆူ၊ ဘုန်းကြီးကျောင်း ၈၆ ကျောင်းနှင့် သီလရှင်ကျောင်း ၁၂ကျောင်းရှိသည်။ ၎င်းအပြင် မြို့နယ်အတွင်း ခရစ်ယာန်ဘုရားကျောင်း ၅၄ကျောင်း၊ အစ္စလာမ်ဘာသာရေးကျောင်း ၂ကျောင်း၊ ဟိန္ဒူဘုရားကျောင်း ၉ကျောင်းနှင့် တရုတ်ဘုရားကျောင်း ၂ကျောင်းလည်း ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပထမဆုံး မိုးကောင်းစော်ဘွားမှာ စံလုံဖဖြစ်၍ သက္ကရာဇ် ၅၇၇ (ခရစ် ၁၂၁၅) ခုနှစ်ခန့်တွင်စော်ဘွားအဖြစ်ကို ခံယူသည်။ စံလုံဖသည် နမ့်ကောင်းချောင်း (ယခုမိုးကောင်းချောင်း)ကို ယခုမိုးကောင်းမြို့၏ အထက် မလှမ်းမကမ်းတွင် ကူးဖြတ်သောအခါ ချောင်း၏ အောက်ခင်းတွင် စည်းသဏ္ဌာန်ရှိသော နီလာတစ်ခုကို တွေ့သည်ဆို၏။ ထိုအချင်းအရာကို ကောင်းသောနိမိတ်ဟုယူဆပြီးလျှင် ယင်းနေရာအနီး၌ မြို့တော်ကိုတည်ရှိစေသည်။ ယင်းနီလာကို စော်ဘွားအဆက်ဆက် သိမ်းဆည်းထားခဲ့၏။ မြို့အမည်ကိုလည်း မိုင်းကောင်းဟုတွင်စေ၏။ မိုင်းသည် ရွာ၊ မြို့ဟုအဓိပ္ပာယ်ရပြီးလျှင် ကောင်းမှာ စည်ဟု အဓိပ္ပာယ်ရလေသည်။ ထို့အပြင် တရုတ်ဘုရင် ဥတည်ဘွားနှင့် ကိန္နရာဒေဝီ မိဖုရားတို့၏ မျက်မမြင် သမီးတော်မှာ ရှေးဘဝက ခင်ပွန်းဖြစ်ခဲ့သူ ကျားတစ်ကောင်နှင့် သင့်ရာမှ သား ၄ ယောက်ဖွားမြင်၏။ သားအကြီးဆုံးအား အဖိုးဖြစ်သူက မောင်းစည်တစ်လုံးပေးလိုက်ရာ ယခု မိုးကောင်းအရပ်သို့ ရောက်သောအခါ ထိုမောင်းမှာ အလိုအလျောက် မြည်သဖြင့် ထိုအရပ်တွင် မြို့တည်သည်ဟုလည်း ဆိုကြသေးသည်။ ကောင်းသည် မောင်း သို့မဟုတ် စည်ဟူ၍ အဓိပ္ပာယ်ရသည်။

မိုးကောင်းကို ရှမ်းစော်ဘွားများ အဆက်ဆက်အုပ်စိုးလာခဲ့ပြီးလျှင် အင်အားကောင်းသော စော်ဘွားများလက်ထက်တွင် မြန်မာပြည်မကို ထိပါးသည့်အခါ ထိပါး၏။ သက္ကရာဇ် ၉၁၇ (ခရစ် ၁၅၅၆) ခုနှစ်တွင် ဟံသာဝတီ ဆင်ဖြူများရှင်မင်းတရား(ဘုရင့်နောင်)သည် အညာသို့ ချီတက်တိုက်ခိုက်ရာ မိုးကောင်းကိုလည်း သိမ်းယူတော်မူသည်။ ရှမ်းပြည်တစ်လွှား မိစ္ဆာဒိဋ္ဌိအယူ ယူကြသည်ကို ဗုဒ္ဓအယူဝါဒ၌ တည်စေ၏။ ကျမ်းတတ် သံဃာတော်များအတွက် ကျောင်းများ ဆောက်လုပ်ပေးပြီးလျှင် သီတင်းသုံးရန် တောင်းပန်၍ ထားတော်မူ၏။ ပိဋကတ်သုံးပုံကိုလည်း ပို့ထား၏။ ထိုမှတစ်ပါး ပဲ၊ မူး၊ ကျပ်၊ ပိဿာ စသောအလေးချိန်တို့နှင့် ပြည်၊ ခွဲ၊ စိတ်၊ တင်းစသော အချင်အတွယ်တို့ကို နေပြည်တော်နှင့် တစ်ချက်တည်းထားတော်မူသည်။

နှစ်ပေါင်း ၂ဝ ကျော်လွန်သောအခါ စဝ်တစ်ဖဆိုသူ သည် မိုးကောင်းစော်ဘွားအဖြစ် ခံယူပြန်ကာ မြန်မာတို့က နောက်ဆုံးသိမ်းပိုက်သည့် အချိန်အထိ စဝ်တစ်ဖ၏ အဆက်အနွယ်များ အုပ်စိုးလျက်ရှိသည်။ မိုးကောင်းသည် ညောင်ရမ်းခေတ်နှောင်းပိုင်းတွင် တရုတ်တို့၏ ဩဇာခံ ဖြစ်ခဲ့သေးသည်။ သို့သော် သက္ကရာဇ် ၁၁၁၅ (ခရစ် ၁၇၅၃) ခုနှစ် အလောင်းမင်းတရား လက်ထက်တွင်အလောင်းမင်းတရားသည် ဗန်းမော်၊ မိုးညှင်းတို့နှင့်အတူ မိုးကောင်းကို အလိုပြည့်လေသည်။ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်တွင် မိုးကောင်းကို စော်ဘွားနယ်အဖြစ်မှဖျက်သိမ်းပြီး ဝန်စားသောမြို့အဖြစ်ဖွဲ့စည်းကာ မိုးကောင်းမြို့တွင် မြို့ဝန်ခန့်အပ်၍ အုပ်ချုပ်စေခဲ့သည်။ မိုးကောင်းသည် မြန်မာပြည်မြောက်ပိုင်းတွင် အကြီးဆုံးမြို့ဖြစ်ခဲ့သည်။ သီပေါမင်းလက်ထက်တွင် မြို့ဝန်ဦးမန်းသည် အုပ်ချုပ်ရေးတင်းကြပ်မှုကြောင့် ပုန်ကုန်မှုဖြစ်ပွားခဲ့သည်။ ပုန်ကန်မှုမငြိမ်းအေးသေးမီမှာပင် အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့သမ်းပိုက်ခဲ့သဖြင့် အမတ်ချုပ်ကြီး ဦးဖိုးစောခေါင်းဆောင်ကာ အင်္ဂလိပ်ကို ဆက်လက်တော်လှန်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၄ ခုနှစ် ဇွန်လတွင် စစ်ကြီးမြို့သည် သုံးပတ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာဖြစ်ပြီး နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီးယင်းနစ်စီမို ချန်ကေရှိတ်၏ အကူအညီဖြင့်နောက်ပိုင်းတွင် တရုတ်တပ်များက ဂျန်နစီမိုချန်ကေရှိတ်၏ အကူအညီဖြင့် မိုးကောင်းကို သိမ်းပိုက်ခဲ့သည်။ ဂျပန်အင်ပါယာသိမ်းပိုက်ရေးတပ်များမှ 3rd/6th Gurkha Rifles ၏ အဖွဲ့ဝင်နှစ်ဦးဖြစ်သော Captain Michael Allmand နှင့် Rifleman Tul Bahadur Pun တို့ကို တိုက်ခိုက်နေစဉ် ၎င်းတို့၏ အပြုအမူအတွက် Allmand ၏ အခြေအနေတွင် နောက်ပိုင်းတွင် Victoria Cross ကို အသီးသီး ချီးမြှင့်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားချိန်တွင်Calvert ၏ Chindit (ခြင်္သေ့) တပ်ဖွဲ့သည် ကြာသပတေးနေ့စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရန်သူ့လိုင်းနောက်တွင် သုံးလကြာနေခဲ့သည်။[၃] မိုးကောင်းတွင် တပ်စွဲထားသော အင်္ဂလိပ်တပ်များသည် မိုးကောင်းတွင်ရေဝပ်ကာမှက်၊ ခြင်၊ ယင်ပေါများလှသဖြင့် ၁၈၈၈တွင် မြစ်ကြီးနားသို့ပြောင်းရွှေ့သွားခဲ့သည်။ မန္တလေး-မိုးကောင်းရထားလမ်းကို မြစ်ကြီးနားအထိ ဖောက်လုပ်ပြီးနောက် မြစ်ကြီးနားတွင် အရေးပိုင်ရုံးစိုက်ခဲ့ချိန်မှစပြီး မိုးကောင်းမြို့အရှိန်အဝါကျဆင်းခဲ့ရသည်။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၉၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးJanuary 21, 2015 တွင် ပြန်စစ်ပြီး
  2. ဒေါ်ခင်သိန်း (မြန်မာစာပါမောက္ခ) မြစ်ကြီးနားတက္ကသိုလ်။ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အမည်များ လေ့လာချက်
  3. "Mogaung, Burma" Falling Rain Genomics, Inc. "Mogaung Map — Satellite Images of Mogaung" Maplandia.com
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)