၁၉၆၁ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်
![]() | |||
| ကျင်းပရာမြို့ | |||
|---|---|---|---|
| ပါဝင်သော နိုင်ငံများ | ၇ | ||
| ပါဝင်ဆင်နွဲသော အားကစားသမားများ | ၆၂၃ | ||
| ကစားပွဲအမျိုးအစား | - (၁၃မျိုး) | ||
| ဖွင့်ပွဲအခမ်းအနား | ၁၁ ဒီဇင်ဘာ ၁၉၆၁ | ||
| ပိတ်ပွဲအခမ်းအနား | ၁၆ ဒီဇင်ဘာ ၁၉၆၁ | ||
| တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | မန်းဝင်းမောင် သမ္မတ | ||
| အခမ်းအနားကျင်းပရာ အားကစားကွင်း | ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း | ||
| |||
၁၉၆၁ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ၁၉၆၁ခုနှစ် ဒီဇင်ဘာလ ၁၁ရက်မှ ၁၆ရက်နေ့အထိ ကျင်းပခဲ့သော ဒုတိယအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲဖြစ်သည်။[၁]
မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးအကြိမ်လက်ခံကျင်းပခြင်းဖြစ်ပြီး ထိုင်းနိုင်ငံပြီးနောက် ဒုတိယမြောက် အိမ်ရှင်နိုင်ငံဖြစ်သည်။
သမ္မတကြီးမန်းဝင်းမောင်မှ အောင်ဆန်းအားကစားကွင်းတွင် အားကစားပွဲတော်အား ဖွင့်လှစ်ပေးခဲ့သည်။ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ ဖက်ဒရေးရှင်းဝင် နိုင်ငံခြောက်နိုင်ငံလုံးဖြစ်သည့် ထိုင်း၊ မြန်မာ၊ မလေးယား၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ အားလုံး စုံလင်စွာပါဝင်သောပထမဆုံးအကြိမ် အားကစားပွဲဖြစ်သည်။
နိုင်ငံအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်သူ ၆၂၃ဦးရှိခဲ့သည်။ အားကစားနည်းပေါင်း ၁၃ မျိုးဖြင့် ကျင်းပခဲ့သည်။ မြန်မာ၊ ထိုင်းနှင့် မလေးယားနိုင်ငံတို့မှ နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယတို့ရရှိခဲ့သည်။
ပွဲများနှင့်အားကစား
[ပြင်ဆင်ရန်]ပါဝင်သည့်နိုင်ငံများ
[ပြင်ဆင်ရန်]၁ထိုအချိန်က စင်ကာပူမှာ ဗြိတိသျှလက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည်။
အားကစားနည်းများ
[ပြင်ဆင်ရန်]အားကစားနည်းပေါင်း ၁၃မျိုးပါဝင်ခဲ့သည်။
ရေပိုင်းဆိုင်ရာအားကစားနည်းများ
ပြေးခုန်ပစ်
ကြက်တောင်ရိုက်
ဘတ်စကက်ဘော
လက်ဝှေ့
စက်ဘီးစီး
ဘောလုံး
သေနတ်ပစ်
ဆုတံဆိပ် ဇယား
[ပြင်ဆင်ရန်]၁၉၆၁ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၈၆ခု၊ ငွေတံဆိပ် ၉၂ခု၊ ကြေးတံဆိပ် ၁၃၅ခု၊ စုစုပေါင်း တံဆိပ် ၃၁၃ခုကို ချီးမြှင့်နိုင်ခဲ့သည်။
- Key
* အိမ်ရှင်နိုင်ငံ
| အဆင့် | နိုင်ငံ | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
|---|---|---|---|---|---|
| ၁ | ၃၅ | ၂၆ | ၄၃ | ၁၀၄ | |
| ၂ | ၂၁ | ၁၈ | ၂၂ | ၆၁ | |
| ၃ | ၁၆ | ၂၄ | ၃၉ | ၇၉ | |
| ၄ | ၉ | ၅ | ၈ | ၂၂ | |
| ၅ | ၄ | ၁၃ | ၁၁ | ၂၈ | |
| ၆ | ၁ | ၆ | ၄ | ၁၁ | |
| ၇ | ၀ | ၀ | ၈ | ၈ | |
| စုစုပေါင်း (၇နိုင်ငံ) | ၈၆ | ၉၁ | ၁၁၄ | ၂၉၁ | |
ကိုးကား
[ပြင်ဆင်ရန်]- ↑ ခင်မောင်ထွေး(ပျဉ်းမနား)။ ရန်ကုန်ကျွန်းဆွယ် အားကစား ပြိုင်ပွဲ။
- ↑ 2nd SEA Games, 1961 Myanmar။ South East Asian Games Federation။ 15 February 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 June 2015 တွင် ပြန်စစ်ပြီး။
| ယခင်က ၁၉၅၉ ဘန်ကောက် |
ဒုတိယအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် ၁၉၆၁ ရန်ကုန် |
ဆက်ခံသူ ၁၉၆၅ ကွာလာလမ်ပူ |
