ပင်လုံစာချုပ်

ဝီကီပီးဒီးယား မှ
ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်း လက်မှတ်ရေးထိုးနေပုံ
သမိုင်းဝင်ပင်လုံစာချုပ်
မြို့မ-ဦးသန်းကြွယ်က တိုင်းရင်းသားပြည်သူလူထုအတွင်း စည်းရုံးလှုံ့ဆော် ဟောပြောနေစဉ်

ပင်လုံစာချုပ် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဂုဏ်ဒြပ်ကို ထည်ဝါခန့်ညားစေခဲ့သည် သာမက တိုင်းရင်းသားတို့သွေးစည်းညီညွတ်ခြင်း၏ ကွယ်ဝှက်၍ မရသော အမှတ်သင်္ကေတလည်း ဖြစ်သည်။ အချိန်ကား လွန်ခဲ့သော ၇၀ နှစ်တာကာလ။ အတိအကျဆိုရသော ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ။

နေရာမှာ ရှမ်းပြည်နယ်တောင်ပိုင်းလဲချားစော်ဘွားအပိုင် နယ်အတွင်းရှိ ပင်လုံမြို့ကလေးတွင် ဖြစ်၏။ စင်စစ်ပင်လုံဟု နှုတ်ကျိုးခေါ်ဝေါ်နေ သော်လည်း ရှမ်းဘာသာစကားဖြင့် ‘ပန်လုံ’ ဟု ခေါ်၍ ‘လွင်ပြင်ကြီး’ ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ပန်လုံ ခေါ် ပင်လုံ သည် လွင်ပြင်မြို့ ဟု အနက်ပေးသော်ရသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ဆာမောင်ကြီးဦးတင်ထွဋ်ဦးအောင်ဇံဝေဗိုလ်ခင်မောင်ကလေးသခင်ဝတင်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မင်းလွင်၊ ဦးကိုကိုလေး၊ မြို့မ-ဦးသန်းကြွယ်[၁]၊ ဒေါက်တာ စိန်မြမောင်၊ ဗိုလ်သိမ်းဆွေ၊ ဦးတင်ညွန့်၊ ဦးမောင်မောင် စသော မြန်မာကိုယ်စားလှယ်များသည် လည်းကောင်း တက်ရောက်ခဲ့ကြသလို ဗြိတိသျှတို့ဘက်မှ ဒိုမီနီယန်အတွင်း ဝန်ကလေး ဘော့တွမ်လေ၊ မစ္စတာ လက်ဝဒ်ချ် (Mr. W.B.T.Leduidge)၊ ဇွန်လေဒင် အမှူးသော အရာရှိကြီးများနှင့် တောင်တန်းဒေသ မင်းကြီး မစ္စတာ စတီဗင်ဆင်တို့လည်း တက်ရောက်ခဲ့ကြသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့မှ ဖဒိုဝိရီကျော်၊ သထုံဦးလှဖေ၊ စောစံကေးနှင့် ဦးချစ်တီး တို့လည်းလေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။[၂]

ဗြိတိသျှတို့၏ ခြေထိုးသွေးခွဲမှုများကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကြိုးပမ်းမှုမှာ လိပ်ခဲတင်းလင်းဖြစ်နေသော်လည်း ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် သမိုင်းဝင်ပင်လုံစာချုပ်ကြီးကို ဗိုလ်ချုပ်အောင်ဆန်း၊ ကချင်ကိုယ်စားလှယ်များ၊ ရှမ်းစော်ဘွားကိုယ်စားလှယ်များ၊ ရှမ်းပြည်သူ့ကိုယ်စားလှယ်များနှင့် ချင်းကိုယ်စားလှယ်တို့သည် သဘောတူညီလက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။[၃][၄][၅] မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စဝ်ဖများအားလုံးတို့အပြင် ရှမ်းပြည် နယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည်လွတ်လပ်ရေးကို ပိုမို၍ လျင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။

ပင်လုံစာချုပ် (၁၉၄၇)[ပြင်ဆင်ရန်]

 

  • (၁) တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) ၏ ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တစ်ဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။
  • (၂) ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင်တစ်ဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင် ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ် ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။
  • (၃) အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့်လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံနှစ်ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီးသက်ဆိုင်သည့်နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြား နယ်စပ်ဒေသအားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ တွဲဖက်တာဝန် ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။
  • (၄) အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေရမည်။
  • (၅) အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြ စ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင် အုပ်ချုပ ်ရေးကို မည်သည့် နည်းနှင့်မဆို တစုံတရာလက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများအတွက်နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးရာခိုင်နှုန်း အပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။
  • (၆) ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တခုနယ်နိမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြု၊ ပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရအက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း (၂) ဒေသများကဲ့သို့ မြစ်ကြီးနားနှင့်ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင်နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်အားဆွေးနွေးတိုင်ပင်ရမည်။
  • (၇) နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။
  • (၈) ဤစာချုပ်တွင် သဘောတူကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခု အပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်း မရှိစေရန်။
  • (၉) ဤစာချုပ်တွင်သဘောတူညီကြသည့်အစီအစဉ်မှာမြန်မာပြည်အခွန်တော်ငွေများမှကချင် တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သောဘဏ္ဍာရေးအကူအညီကို ထိခိုက်ခြင်းမရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေးအစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူအစီအစဉ်များကို ထားရှိ ကျင့်သုံးရန် ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။

လက်မှတ်များ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတော်အစိုးရ[ပြင်ဆင်ရန်]

ကချင်ကော်မတီ[ပြင်ဆင်ရန်]

ချင်းကော်မတီ[ပြင်ဆင်ရန်]

ရှမ်းကော်မတီ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြို့မ-မြင့်ကြွယ် (၁၀-၂-၂၀၂၀). "သမိုင်းဝင်ပင်လုံစာချုပ်နှင့် မြို့မ-ဦးသန်းကြွယ်". ဒီလှိုင်းစာစောင် D.Wave အတွဲ (၉). 
  2. ပင်လုံဇာတ်ကြောင်း ပြန်ပြောင်းလေ့လာသော် – အပိုင်း (၁) | MoeMaKa Burmese News & Media။ 4 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 July 2014 တွင် ပြန်စစ်ပြီး။
  3. ပင်လုံဇာတ်ကြောင်း ပြန်ပြောင်းလေ့လာသော် – အပိုင်း (၂) | MoeMaKa Burmese News & Media။ 17 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 July 2014 တွင် ပြန်စစ်ပြီး။
  4. ၁၉၇၂ ခုနှစ်ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသော ပင်လုံညီလာခံ သမိုင်းစဉ်စာမျက်နှာ ၁၃၈
  5. ၁၉၈၀မေမြို့ချစ်ဆွေ ရေးသား ပြုစုခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း