မာတိကာသို့ ခုန်သွားရန်

၂၀၁၀ ဧပြီ ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲခြင်း

ဝီကီပီးဒီးယား မှ
၂၀၁၀ ဧပြီ ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲခြင်း
ပြည်တွင်းသောင်းကျန်းမှုသမိုင်း ၏ တစ်စိတ်တစ်ပိုင်း
နေရာရန်ကုန်မြို့မြန်မာနိုင်ငံ
ရက်စွဲ၁၅ ဧပြီ ၂၀၁၀
3:00 pm[] (MMT)
ပစ်မှတ်မြို့ပြလူထု
တိုက်ခိုက်မှု အမျိုးအစားဗုံးပေါက်ကွဲခြင်း
သေဆုံးသူဦးရေ၁၀[][]
ဒဏ်ရာရဦးရေ
၁၇၈[]

၂၀၁၀ ဧပြီ ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲခြင်းမှာ ၁၅ ဧပြီ ၂၀၁၀ ခုနှစ်တွင် ရန်ကုန်မြို့သင်္ကြန်ပွဲတော်အတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပြီး လူ ၁၀ ဦး သေဆုံးကာ ၁၇၈ ဦး ဒဏ်ရာရရှိခဲ့သည်။

နောက်ခံအခြေအနေ

[ပြင်ဆင်ရန်]

ရန်ကုန်မြို့တွင်းနှင့် အနီးအနားပတ်ဝန်းကျင်တွင် ယခင်ကာလကပင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ ၂၀၀၆ ခုနှစ် ဧပြီလတွင်လည်း ရန်ကုန်မြို့လယ်ဝန်းကျင်တွင် ဗုံး ၅ လုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး သတင်းထုတ်ပြန်ချက်များအရ သေဆုံးသူမရှိခဲ့ပေ။ ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့တော်ခန်းမ အပြင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၇ ဦးသေဆုံးခဲ့ကာ လူများစွာ ဒဏ်ရာရရှိခဲ့သည်။[]


ဗုံးပေါက်ကွဲခြင်း

[ပြင်ဆင်ရန်]

၂၀၁၀ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် ကန်တော်ကြီးအနီးရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူမှ[] ကမကထပြုပေးသော X2O မဏ္ဍပ်ရှေ့တွင် နေရာ သုံးနေရာခွဲ၍ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိုမဏ္ဍပ်တွင် ရေကစားသူ ရာဂဏန်းရှိနေသည်။[][][]

စုံစမ်းစစ်ဆေးခြင်း

[ပြင်ဆင်ရန်]

ရဲချုပ် ဗိုလ်ချုပ်ခင်ရီ၏ ပြောကြားချက်အရ အဆိုပါပေါက်ကွဲမှုသည် မြန်မာ ကျောင်းသား စစ်သည်တော်များ အဖွဲ့မှ အဖွဲ့ဝင်သုံးဦးနှင့် ပါဝင်ပတ်သက်မှု ရှိနေသည်ဟု ဆိုသည်။

ထိုဗုံးပေါက်ကွဲမှုတွင် ပါဝင်ပတ်သက်မှုရှိသည်ဟုဆိုကာ ဖြိုးဝေအောင်အား တရားစွဲဆိုခဲ့ပြီး ၂၀၁၂ မေလတွင် သေမိန့်ချခဲ့သည်။ သူသည် တရားစွဲဆိုမှုများတွင် အပြစ်ကင်းစင်ကြောင်း အသနားခံစာတင်ခဲ့သည်။ သူ၏ ပြောဆိုချက်များအရ သူ့အား စစ်ကြောမေးမြန်းနေစဉ်အတွင်းတွင် ညှဉ်းပန်းနှိပ်စက်မှုများနှင့် ကြုံတွေခဲ့ရသည်ဟု ဆိုသည်။ သူသည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင် ၂၀၁၂ ခုနှစ် ဩဂုတ်လတွင် ထောင်မှ လွတ်၍လာခဲ့သည်။ သို့သော် ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် အသည်းကင်ဆာရောဂါဖြင့် သေဆုံးခဲ့ရသည်။[][]

ကိုးကား

[ပြင်ဆင်ရန်]
  1. 5TH LD: Bomb blasts kill 8, injure 94 in Myanmar's Yangon. - Free Online Library။ Thefreelibrary.com (19 April 2010)။ 1 February 2014 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Man Accused of Thingyan Bombing Dies at Home | The Irrawaddy Magazine။ Irrawaddy.org။ 1 February 2014 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Myanmar: Bombings and Pre-Election Tensions (15 April 2011)။ 5 December 2014 တွင် ပြန်စစ်ပြီး။
  4. Casualties rise to 178 in Myanmar water festival bomb blasts။ News.xinhuanet.com။ 1 February 2014 တွင် ပြန်စစ်ပြီး။
  5. http://www.dictatorwatch.org/prthingyan.html
  6. Nine die in Rangoon bombings | DVB Multimedia Group။ Dvb.no (15 April 2010)။ 16 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 February 2014 တွင် ပြန်စစ်ပြီး။
  7. ၇.၀ ၇.၁ Phyo Wai Aung’s Family Searches for Truth over Bomb Blast in Thingyan 2010 video | democracy for burma။ Democracyforburma.wordpress.com (5 February 2013)။ 1 February 2014 တွင် ပြန်စစ်ပြီး။
  8. President pardons man convicted of Thingyan bombing။ Mmtimes.com (6 August 2012)။ 1 February 2014 တွင် ပြန်စစ်ပြီး။