၁၉၆၉ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်
ကျင်းပရာမြို့ | ![]() | ||
---|---|---|---|
ပါဝင်သော နိုင်ငံများ | ၆ နိုင်ငံ | ||
ကစားပွဲအမျိုးအစား | အားကစား ၁၅ မျိုး | ||
ဖွင့်ပွဲအခမ်းအနား | ၆ ဒီဇင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၁၃ ဒီဇင်ဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဦးနေဝင်း ဝန်ကြီးချုပ် | ||
အခမ်းအနားကျင်းပရာ အားကစားကွင်း | ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း | ||
|
၁၉၆၉ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ တွင် ၁၉၆၉ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲဖြစ်သည်။
ထိုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိသော်လည်း ဗီယက်နမ်စစ်ပွဲကြောင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ငြင်းဆန်ခဲ့သည်။ မြန်မာနိုင်ငံသည် ဒုတိယအကြိမ်ပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုအားကစားပွဲတော်သည် မြန်မာနိုင်ငံအနေဖြင့် ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ထိုအချိန်၌ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ၏ အငယ်ဆုံးအဖွဲ့ဝင် နိုင်ငံဖြစ်နေသော စင်ကာပူနိုင်ငံသည် အားကစားပြိုင်ပွဲ၏အမည်ကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (Southeast Asian Games) ဟု ပြောင်းလဲရန် အကြံပြုခဲ့သည်။
ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းမှ ဗိုလ်ချုပ်အောင်ဆန်းအားကစားကွင်းတွင် အားကစားပွဲတော်အား ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်သူ ၉၂၀ဦးရှိခဲ့သည်။ မြန်မာ၊ ထိုင်းနှင့် စင်ကာပူတို့မှ နိုင်ငံအလိုက် ပထမ၊ဒုတိယနှင့် တတိယရရှိခဲ့သည်။
ပွဲများနှင့်အားကစား
[ပြင်ဆင်ရန်]ပါဝင်သောနိုင်ငံများ
[ပြင်ဆင်ရန်]အားကစားနည်းများ
[ပြင်ဆင်ရန်]အားကစားနည်းပေါင်း ၁၅မျိုးပါဝင်ခဲ့သည်။
ရေပိုင်းဆိုင်ရာအားကစားနည်းများ
ပြေးခုန်ပစ်
ကြက်တောင်ရိုက်
ဘတ်စကက်ဘော
လက်ဝှေ့
စက်ဘီးစီး
ဘောလုံး
ကျွမ်းဘား
ဂျူဒို
သေနတ်ပစ်
ရွက်လှေ
စားပွဲတင် တင်းနစ်
တင်းနစ်
ဘော်လီဘော
အလေးမ
ဆုတံဆိပ် ဇယား
[ပြင်ဆင်ရန်]* အိမ်ရှင်နိုင်ငံ
အဆင့် | NOC | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
---|---|---|---|---|---|
၁ | ![]() |
၅၇ | ၄၆ | ၄၆ | ၁၄၉ |
၂ | ![]() |
၃၂ | ၃၂ | ၄၅ | ၁၀၉ |
၃ | ![]() |
၃၁ | ၃၉ | ၂၃ | ၉၃ |
၄ | ![]() |
၁၆ | ၂၄ | ၃၉ | ၇၉ |
၅ | ![]() |
၉ | ၅ | ၈ | ၂၂ |
၆ | ![]() |
၀ | ၀ | ၃ | ၃ |
စုစုပေါင်း (၆နိုင်ငံ) | ၁၄၅ | ၁၄၆ | ၁၆၄ | ၄၅၅ | |
ရင်းမြစ် 28 February 2018 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . |
ကိုးကား
[ပြင်ဆင်ရန်]- Percy Seneviratne (1993) Golden Moments: the S.E.A Games 1959-1991 [Dominie Press, Singapore ISBN 981-00-4597-2
- History of the SEA Games 17 December 2004 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
ယခင်က ၁၉၆၇ ဘန်ကောက် |
ပဉ္စမအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် ၁၉၆၉ ရန်ကုန် |
ဆက်ခံသူ ၁၉၇၁ ကွာလာလမ်ပူ |