အာသံပြည်နယ်
အာသံပြည်နယ် (အင်္ဂလိပ်: Assam) သည် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် တည်ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြန်မာနိုင်ငံ နှင့် ဟိမဝန္တာတောင်တန်းများအကြားတွင် တည်ရှိသည်။ အာသံတစ်ပြည်လုံးမှာ ဗြဟ္မပုတ္တရမြစ်နှင့် ယင်းမြစ်၏လက်တက်များ ဖြတ်သန်းစီးဆင်းရာ ရှည်လျားသော ချိုင့်ဝှမ်းဒေသကြီး ဖြစ်ပြီး မြေဩဇာ အလွန်ထက်သန်ကောင်းမွန်သည်။ အာသံပြည်နယ်၏ တောင်တန်းများပေါ်တွင် ရွာသွန်းသော မိုးရေချိန်မှာ ကမ္ဘာပေါ်တွင် အများဆုံးအဆင့်တွင် ရှိသည်။[၁]
| အာသံပြည်နယ် অসম | |
|---|---|
| ပြည်နယ် | |
| Assam | |
အာသံပြည်နယ်၏ ထင်ရှားသော လက်ဖက်စိုက်ခင်းတစ်ခု | |
အိန္ဒိယနိုင်ငံအတွင်းရှိ အာသံပြည်နယ်၏ တည်နေရာ | |
| နိုင်ငံ | |
| ဧရိယာ | |
| • စုစုပေါင်း | ၇၈၄၃၈ စတုရန်းကီလိုမီတာ (၃၀၂၈၅ စတုရန်းမိုင်) |
| လူဦးရေ (၂၀၁၁) | |
| • စုစုပေါင်း | ၃၁၁၆၉၂၇၂ |
| ဝဘ်ဆိုက် | assam.gov.in |
သမိုင်းကြောင်းနှင့် မြန်မာနိုင်ငံ
[ပြင်ဆင်ရန်]သမိုင်းကြောင်းအရ အာသံပြည်နယ်သို့ ခရစ်နှစ် ၁၂၂၈ ခုနှစ်ခန့်တွင် မြန်မာနိုင်ငံမှတစ်ဆင့် ချင်းတွင်းမြစ်ကို ဖြတ်ကျော်၍ ရွှေ့ပြောင်းလာခဲ့ကြသော ရှမ်းနွယ်ဝင် အာဟုမ်လူမျိုး (Ahom) များသည် အဟုမ်းနေပြည်တော်ကို တည်ထောင်ခဲ့ကြသည်။ ၁၉ ရာစုအစောပိုင်းတွင် အာသံနယ်၌ ထီးနန်းဆက်ခံရေး ပြဿနာများကြောင့် မြန်မာတို့သည် နှစ်ကြိမ်တိုင် သွားရောက်တိုက်ခိုက်ခဲ့ပြီး ၁၈၂၂ ခုနှစ်မှစ၍ မြန်မာတို့၏ ဩဇာအာဏာ ပျံ့နှံ့ခဲ့သည်။ ဤသို့ ဩဇာအာဏာ ပျံ့နှံ့လာခြင်းသည်ပင်လျှင် ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားရခြင်းအကြောင်း တစ်စိတ်တစ်ဒေသ ဖြစ်လာခဲ့သည်။ ၁၈၂၆ ခုနှစ် ရန္တပိုစာချုပ်အရ အာသံနယ်သည် ဗြိတိသျှတို့ လက်အောက်သို့ ရောက်ရှိသွားခဲ့သည်။[၁]
စီးပွားရေးနှင့် သယံဇာတ
[ပြင်ဆင်ရန်]အာသံပြည်နယ်သည် လက်ဖက်စိုက်ပျိုးခြင်းကြောင့် ကမ္ဘာတွင် ထင်ရှားပြီး အိန္ဒိယနိုင်ငံမှ ထွက်ရှိသော ရေနံ၏ သုံးပုံနှစ်ပုံကို အာသံပြည်နယ်မှ ရရှိသည်။ ထို့ပြင် ကျောက်မီးသွေးနှင့် သစ်တောထွက်ပစ္စည်းများ ဖြစ်သော ကျွန်းသစ်၊ ဆင်စွယ်နှင့် ကြံ့ချိုများလည်း ထွက်ရှိသည်။ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ လယ်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးမြူကြသည်။