မာတိကာသို့ ခုန်သွားရန်

၂၀၁၁ မြန်မာ ငလျင်

ဝီကီပီးဒီးယား မှ
၂၀၁၁ မြန်မာ ငလျင်
၂၀၁၁ မြန်မာ ငလျင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
၂၀၁၁ မြန်မာ ငလျင်
UTC အချိန်??
ရက်စွဲ *၂၀:၂၅:၂၃၊ ၂၄ မတ် ၂၀၁၁ (+၀၆:၃၀) (၂၀၁၁-၀၃-၂၄T၂၀:၂၅:၂၃+၀၆:၃၀)
ကာလ၁ မိနစ်
အတိုင်းအတာ၆.၈ Mw
အနက်၁၀ ကီလိုမီတာ (၆.၂၁ မိုင်)
ငလျင်ဗဟို20.705°N 99.949°E
သက်ရောက်ဧရိယာမြန်မာနိုင်ငံထိုင်းနိုင်ငံလာအိုနိုင်ငံတရုတ်နိုင်ငံဗီယက်နမ်နိုင်ငံ
အများဆုံးပြင်းအားMercalli IX
ထိခိုက်သေကြေမှုများအနည်းဆုံး ၇၅ ဦးသေဆုံး၊ ၁၅၀ ကျော် ဒဏ်ရာရ၊ ၁၀၀ ခန့်ပျောက်ဆုံး[]
Deprecated See documentation.

၂၀၁၁ မြန်မာ ငလျင်သည် ၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ည ၈ နာရီ ၂၅ မိနစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေမြို့ နှင့်လွိုင်မွေမြို့အနီးကို ဗဟိုပြုကာ လှုပ်ခတ်သွားသည့် ယင်းငလျင်၏ပြင်းအားမှာ ရစ်ချ်တာစကေး ၆.၈ ဖြစ်သည်။ အနက်မှာ ၁၀ ကီလိုမီတာ ရှိသည်။ [] ရစ်ချ်တာစကေး ၄.၈ နှင့် ၅.၄ ရှိသည့် နောက်ဆက်တွဲငလျင် ၂ ခုလည်း လှုပ်ခတ်ခဲ့သည်။ ပြင်းအား ၅.၀ နှင့် ၆.၂ ရှိသော ငလျင်များလည်း ဆက်လက်လှုပ်ခတ်ခဲ့သေးသည်။ ငလျင်ဗဟိုချက်မ မှာ ထိုင်းနိုင်ငံ ချင်းရိုင်မြို့မှ မြောက်ဘက် မိုင် (၇၀) (ကီလိုမီတာ ၁၁၀) အကွာ တွင် ရှိပြီး၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၏ မြောက်ဘက်၊ မြန်မာနိုင်ငံ၊ ကျိုင်းတုံမြို့၏ အရှေ့တောင်ဘက် တွင် ရှိသည်။ [] တာချီလိတ်နှင့် တာလေမြို့တွင် သေဆုံးသူဦးရေ ၇၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၁၁ ဦးရှိကာ နေအိမ် ၂၄၄ လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနှင့် အစိုးရရုံး အဆောက်အဦး ၉ ခု ပျက်စီးခဲ့ကြောင်း မြန်မာအစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။ []

တာလေတွင် လှုပ်ခတ်ခဲ့သော ယင်းငလျင်သည် ရွှေတြိဂံပြတ်ရွေ့အတွင်း ရှိ နတ်မပြတ်ရွေ့ကြောတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ် အတွင်း လှုပ်ခတ်ခဲ့ဖူးသော ငလျင်များ အနက် အင်အားအပြင်းဆုံး ငလျင်ဖြစ်ကြောင်းလည်း သိရသည်။ []


ကိုးကား

[ပြင်ဆင်ရန်]
  1. "Powerful quake in NE Myanmar kills more than 70"၊ March 25, 2011။ March 25, 2011 တွင် ပြန်စစ်ပြီး 
  2. Magnitude 6.8 – MYANMAR။ 26 March 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 March 2011 တွင် ပြန်စစ်ပြီး။
  3. Earthquakes၊ USGS။ Magnitude 5.4 – MYANMARUnited States Geological Survey။ Earthquake Hazards Program။ 31 March 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 24, 2011 တွင် ပြန်စစ်ပြီး။
  4. ရွှေတြိဂံငလျင် ကယ်ဆယ်ရေးစတင် (ဗီအိုအေ)။ 30 June 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 March 2011 တွင် ပြန်စစ်ပြီး။
  5. Home - Eleven Media Group