၂၀၀၅ မေ ရန်ကုန် ဗုံးပေါက်ကွဲခြင်း

ဝီကီပီးဒီးယား မှ
၂၀၀၅ မေ ရန်ကုန် ဗုံးပေါက်ကွဲခြင်း
ပြည်တွင်းသောင်းကျန်းမှုသမိုင်း ၏ တစ်စိတ်တစ်ပိုင်း
နေရာရန်ကုန်မြို့မြန်မာနိုင်ငံ
ရက်စွဲ၇ မေ ၂၀၀၅
3:10 pm[၁] (MMT)
ပစ်မှတ်မြို့ပြလူထု
တိုက်ခိုက်မှု အမျိုးအစားဗုံးပေါက်ကွဲခြင်း
သေဆုံးသူဦးရေ၁၁[၁][၂][၃]
ဒဏ်ရာရဦးရေ
၁၆၂[၂]

၂၀၀၅ မေ ရန်ကုန် ဗုံးပေါက်ကွဲခြင်းသည် ရန်ကုန်မြို့၌ ၇ မေ ၂၀၀၅ ခုနှစ်တွင် ဆက်တိုက်ပေါက်ကွဲမှုဖြစ်ခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တစ်ခုဖြစ်ပြီး လူ ၁၁ ဦး သေဆုံးခဲ့ကာ ၁၆၂ ဒဏ်ရာရရှိခဲ့သည်။[၂][၄]


ဗုံးပေါက်ကွဲခြင်း[ပြင်ဆင်ရန်]

၇ မေ ၂၀၀၅ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ကွန်ဗန်ရှင်းစင်တာ တစ်ခုနှင့် ဈေးဝယ်စင်တာ ၂ ခုတို့တွင် ဆက်တိုက်ဆိုသလို ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။[၂][၄] ပထမဆုံးပေါက်ကွဲမှုမှာ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ထိုင်းကုန်စည်ပြပွဲတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး လူသုံးဦး သေဆုံးခဲ့ရာ ဘုန်းကြီးတစ်ပါးပါဝင်ပြီး များစွာ ဒဏ်ရာရရှိခဲ့သည်။ ဒုတိယပေါက်ကွဲမှုသည် မရမ်းကုန်းမြို့နယ်ရှိ စီးတီးမတ်ဆိုင်တွင် ပေါက်ကွဲခဲ့ဖြစ်ပြီး နောက်ဆုံးပေါက်ကွဲမှုမှ မြေနီကုန်းလမ်းဆုံအနီးရှိ ဒဂုံစင်တာတွင် ပေါက်ကွဲခဲ့သည်။[၂]

စုံစမ်းစစ်ဆေးခြင်း[ပြင်ဆင်ရန်]

အစိုးရ အာဏာပိုင်များက ကရင် အမျိုးသား အစည်းအရုံးရှမ်းပြည်တပ်မတော်-တောင်ပိုင်းကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရတို့ကို စွပ်စွဲပြစ်တင်ခဲ့ကြသည်။ ကရင်အမျိုးသားအစည်းအရုံးနှင့် ရှမ်းပြည်တပ်မတော်-တောင်ပိုင်းတို့သည် ထိုစွပ်စွဲချက်များကို ချက်ချင်း ငြင်းဆိုခဲ့ကြသည်။[၃]


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Rebels deny Myanmar bomb attacks - 7 May 2005 (8 May 2005)။ 4 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2014 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ Rebel bombings kill 11 in Myanmar (8 May 2005)။ 3 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2014 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Asia-Pacific | Bomb blasts rock Burmese capital။ BBC News (7 May 2005)။ 18 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2014 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ Bomb Blasts in Burma–A ChronologyThe Irrawaddy (18 May 2006)။ 19 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2014 တွင် ပြန်စစ်ပြီး။