မာတိကာသို့ ခုန်သွားရန်

ဥဇနာ (ပင်းယ)

ဝီကီပီးဒီးယား မှ
ဥဇနာ အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် ဥဇနာ (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
ပင်းယ ဥဇနာ
ပင်းယဘုရင်
နန်းသက်c. ဖေဖော်ဝါရီ ၁၃၂၅ – ၁ စက်တင်ဘာ ၁၃၄၀
ရှေ့မင်းဆက်သီဟသူ
ဆက်ခံသူစည်သူ
အမတ်ကြီးအနန္တပစ္စည်း
မွေးဖွားဇွန် ၁၂၉၈
မြန်မာသက္ကရာဇ် ၆၆၀၊ ဝါဆိုလ၊ အင်္ဂါနေ့
ပင်လယ်မြို့မြင်စိုင်း
ကွယ်လွန်c. ၁၃၅၆/၅၇ (အသက် ၅၈)
c. မြန်မာနှစ် ၇၁၈
မက္ခရာပင်းယနေပြည်တော်
ကြင်ရာတော်အတုလ မဟာဓမ္မဒေဝီ
သားသမီးများစည်သူ
သီဟပတေ့
စောပအို
အမည် အပြည့်အစုံ
အနော်ရထာ မဟာဓိပတိ
စံအိမ်မြင်စိုင်း
ခမည်းတော်ကျော်စွာ
မယ်တော်မိစောဦး
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ဥဇနာ (ပင်းယ) (၁၂၉၈ – ၁၃၅၆/၅၇) သည် ပင်းယမြို့နှင့် ပင်းယမင်းဆက်ကို စတင်တည်ထောင်သူ တစ်စီးရှင် သီဟသူအား ဆက်ခံကာ ၁၃၂၄ တွင် နန်းတက်လာသည့် ဘုရင်တစ်ပါး ဖြစ်သည်။ ဥဇနာမှာ ပုဂံမင်း ကျော်စွာနှင့် မိဖုရား မိစောဦးတို့မှ ဆင်းသက်သူဖြစ်သည်။ ကျော်စွာအား သီဟသူတို့ညီနောင် သုံးဦးနန်းချလုပ်ကြံပြီးနောက်တွင် ဥဇနာအားကွယ်ဝန်လွယ်ထားသည့် မိစောဦးကို သီဟသူသိမ်းပိုက် မိဖုရားမြောက်သဖြင့်သာ သီဟသူ နန်းကို ဆက်ခံရခြင်းဖြစ်သည်။

ဥဇနာ နှင့် ဥစ္စနာ

[ပြင်ဆင်ရန်]

ဥဇနာအမည်ကို မယ်တော် မိဖုရားကြီး ပေးထားဟန်တူသည်။ ဥစ္စနာအမည်ကို တစ်စီးရှင် သီဟသူ မင်းကြီး ကိုယ်တိုင် ပေးထားလေသည်။ ဥဇနာမင်းကြီးသည် နန်းတက်ပြီးမကြာသောနှစ်မှာပင် စကား ၇ ကျောင်းကို ဆောက်လုပ်၍ သာသနာတော်၌ ပူဇော်၏။ ထိုအကြောင်းကို "ဥစ္စနာထော မဟိမ္ပာလော၊ သာသနုဇ္ဇောတနတ္ထိကော၊ ဝိဟာရေ သတ္တ ကာရေသိ၊ ဗောဓိယာယေဝ ကာရဏာ။ ရေမြေကို အစိုးရသော သာသနာတော်၏ အကျိုးစီးပွားကို လိုလားသော ဥစ္စနာမင်းကြီးသည် စကား ၇ ကျောင်းတို့ကို ဗောဓိဉာဏ်အတွက်သာလျှင် အကြောင်းကြောင့် ပြုလုပ်လှူဒါန်းလေသည်။" ဟူ၍ သက္ကရာဇ် ၇၀၂-ခုနှစ်၌ ရေးထိုးထားသော ပင်းယကျောက်စာမှ မင်းကြီးကိုယ်တိုင် ဥစ္စနထော ဟူ၍ ရေးထိုးခဲ့လေသည်။

နန်းတက်ဘွဲ့မှာ ၐြိတြိဘဝနာဒိတျပဝရဓမ္မရာဇာဓိရာဇာဒါနပတိနရသိင်္ဃဥဇ္ဇနာ ဖြစ်သည်။

ကြင်ဘက်များ

[ပြင်ဆင်ရန်]

မိဖုရားခေါင် အတုလမဟာဓမ္မဒေဝီတွင် -

  1. သားတော် မင်းဦး၊ စည်သူဘွဲ့ခံသည်
  2. ညီတော် မင်းထွေး၊ သီဟပတေ့ဘွဲ့ခံကာ ရမည်းသင်းကို စားသည်

ကုသိုလ်ကောင်းမှုများ

[ပြင်ဆင်ရန်]

နန်းသက်ကာလအတွင်း ကောင်းမှုကုသိုလ်အမြောက်အမြားကို ပြုလုပ်ခဲ့သည်။ ထင်ရှားသည့် ကုသိုလ်တော်မှာ ပင်းယ စကားခုနှစ်ကျောင်း ဖြစ်သည်။ နောက်ပိုင်းတွင် အမိတူအဖကွဲညီတော်ဖြစ်သည့် ပင်လယ်စား ကျော်စွာမှ ဆင်ဖြူငါးစီးရသည့် အကြောင်းကြားသော် "ငါ့ညီ ငါ့စည်းစိမ်ကို ယူပါတော့ ငါမူကား ငါ့ကောင်းမှု စကားခုနှစ်ကျောင်းကို လှူလိုသမျှ လှူ၍ နေတော့မည်" ဟုဆိုကာ ညီတော်အား နန်းအပ်လေသည်။ သို့ဖြင့် ဥဇနာမင်း နန်းတော်အနောက်တံခါးမှ ထွက်လျှင် ညီဖြစ်သူ ငါးစီးရှင်ကျော်စွာ ကအရှေ့တံခါးမှ ဝင်၍ မင်းပြုလေသည်။ ဥဇနာလည်း ဆိုသည့်အတိုင်း စကားခုနှစ်ကျောင်းတွင် နေထိုင် ကုသိုလ်ပွားများလျက် နှစ်အနည်းငယ်အကြာတွင် မက္ခရာဝန်းကျင်တွင် တောထွက်သွားလေသည်။

ထင်ရှားသည့် ကုသိုလ်တော်များ

[ပြင်ဆင်ရန်]

ပင်းယ စကားခုနစ်ကျောင်း

  1. ဇမ္ဗူက
  2. ဝေဠုဝန်
  3. အိမ်နိမ့်
  4. ဇေတဝန်
  5. ကုလားကျောင်း
  6. ရွှေကျောင်း
  7. တောင်စွန်ကျောင်း

ကိုးကား

[ပြင်ဆင်ရန်]