မာတိကာသို့ ခုန်သွားရန်

နန္ဒဘုရင်

ဝီကီပီးဒီးယား မှ
နန္ဒဘုရင်
နန်းသက်၁၀ အောက်တိုဘာ ၁၅၈၁ – ၁၉ ဒီဇင်ဘာ ၁၅၉၉
နန်းတက်ချိန်၁၅ အောက်တိုဘာ ၁၅၈၁
ရှေ့မင်းဆက်ဘုရင့်နောင်
ဆက်ခံသူညောင်ရမ်းမင်း
ဝန်ကြီးချုပ်ဗညားကျန်တော
ဇင်းမယ်ပြည်၏ ဘုရင်
နန်းသက်၁၀ အောက်တိုဘာ ၁၅၈၁ – c. ဖေဖော်ဝါရီ ၁၅၉၇
ရှေ့မင်းဆက်ဘုရင့်နောင်
နောက်မင်းဆက်နရဲစွမ်
လက်အောက်ခံ ဘုရင်နော်ရထာ မင်းစော
ယိုးဒယားပြည်၏ ဘုရင်
နန်းသက်၁၀ အောက်တိုဘာ ၁၅၈၁ – ၃ မေ ၁၅၈၄
ရှေ့မင်းဆက်ဘုရင့်နောင်
နောက်မင်းဆက်ဖျက်သိမ်း
လက်အောက်ခံ ဘုရင်Maha Thammarachathirat
လင်းဇင်းပြည်၏ ဘုရင်
နန်းသက်၁၀ အောက်တိုဘာ ၁၅၈၁ – ၁၉ ဒီဇင်ဘာ ၁၅၉၉
ရှေ့မင်းဆက်ဘုရင့်နောင်
နောက်မင်းဆက်ဖျက်သိမ်း
လက်အောက်ခံ ဘုရင်Maha Ouparat (၁၅၈၁–၈၈)
Sen Soulintha (၁၅၈၈–၉၁)
Nokeo Koumane (၁၅၉၁–၉၅)
Vorapita (၁၅၉၆–၉၉)
မွေးဖွား၉ နိုဝင်ဘာ ၁၅၃၅
အင်္ဂါနေ့၊ မြန်မာ သက္ကရာဇ် ၈၉၇ ခု၊ တန်ဆောင်မုန်းလပြည့်
တောင်ငူ
ကွယ်လွန်၃၀ နိုဝင်ဘာ ၁၆၀၀ (သက်တော် ၆၅ နှစ်)
ကြာသပတေးနေ့၊ မြန်မာ သက္ကရာဇ် ၉၆၂ ခု၊ တန်ဆောင်မုန်း လဆုတ် ၁၀ ရက်[]
တောင်ငူ
ထာဝရ အိပ်စက်ရာ နေရာ၁ ဒီဇင်ဘာ ၁၆၀၀
တောင်ငူ နန်းတော်
အိမ်ထောင်ဖက်• ဟံသာဝတီ မိဖုရား
• မင်းဖြူ
• မင်းထွေး
• သီရိရာဇဒေဝီ
• မင်းတရား မယ်တော်
သားသမီးများ
အခြားသူများအကြား...
၂၀ ထက်ပိုပြီ
စံအိမ်တောင်ငူ
ခမည်းတော်ဘုရင့်နောင်
မယ်တော်အတုလသီရိ မဟာရာဇဒေဝီ (ခေါ်) သခင်ကြီး
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာဝင်

နန္ဒဘုရင် (ငါးဆူဒါယကာမင်း) (၁၅၈၁-၁၅၉၉) သည် ဘုရင့်နောင် ၏သားတော်အိမ်ရှေ့မင်းဖြစ်သည်။ ဘုရင့်နောင် လွန်လျှင် ဟံသာဝတီထီးနန်းကို စိုးစံအုပ်ချုပ်သည်။ ခမည်းတော် လက်ထက်အတိုင်းပင် တောင်ငူအင်းဝပြည်၊ ဇင်းမယ် မှ အဆွေအမျိုးများကို အပြောင်းအလဲမရှိ ဆက်လက်အုပ်ချုပ်စေသည်။ ထို့အပြင် မိုးကုတ် ကျောက်တွင်းများကို မိုးမိတ် စော်ဘွားထံမှ တကောင်းဒေသ ကိုပေးပြီး အလဲအလှယ်လုပ်ခဲ့သည်။

သို့သော် နန္ဒဘုရင်သည် မအောင်မြင်သည့် ယိုးဒယားစစ်ကို အကြိမ်ကြိမ် ချီတက်စေသဖြင့် အင်အားကိုဖြုန်းတီးလေသည်။ ထို စစ်ပွဲတွင် သားတော်ကြီး မဟာဥပရာဇ် ကျဆုံးလေသောကြောင့် လက်စားချေလိုစိတ်ဖြင့် အကြိမ်ကြိမ် စစ်ပြုခြင်းဖြစ်သည်။ ထို့အပြင် လက်အောက်ခံ နိုင်ငံများကိုလည်း ပရိယာယ်ကင်းစွာအုပ်ချုပ်သဖြင့် သက္ကရာဇ် ၉၅၆ တွင် ယိုးဒယားပြည်မော်လမြိုင်၊ မှော်ပီ စသည့်ဒေသများမှ ပုန်ကန်လေသည်။

ထိုသို့သော် ပုန်ကန်မှုများကို နှိမ်နင်းရန်အတွက်လည်းကောင်း၊ မပုန်ကန်သေးသည့် လက်အောက်ခံတို့ကို မယုံကြည်သည့်အတွက်လည်းကောင်း နန္ဒဘုရင်သည် တောင်ငူအိမ်ရှေ့မင်း နတ်သျှင်နောင်အား ဆင်တော် ဥပေါသထ နှင့်တကွ လာရောက်အမှုထမ်းရမည် ဟုဆင့်ခေါ်သည်။ ထို့အတူပင် ဇင်းမယ်နော်ရထာအားလည်းကောင်း၊ ညောင်ရမ်း မင်းရဲနန္ဒမိတ်အားလည်းကောင်း အလားတူတောင်းဆိုသဖြင့် ဇင်းမယ်နှင့် အတူ တောင်ငူလည်း ပုန်ကန်လေသည်။ နောက်ဆုံးတွင် ရခိုင်ဘုရင် မင်းရာဇာကြီး၊ တောင်ငူဘုရင် မင်းရဲသီဟသူတို့ နှစ်ဖက်ညှပ်တိုက်သည်ကို မခံနိုင်သည့်အတွက်လည်းကောင်း သားတော် အိမ်ရှေ့မင်း မင်းရဲကျော်စွာ တောင်ငူတပ်မှ နတ်သျှင်နောင်ထံ လက်နက်ချ အညံ့ခံလိုက်သည့်အတွက် လည်းကောင်း အလွန်စိတ်ဓာတ်ကျဆင်းပြီး ကိုယ်တိုင် အညံ့ခံလိုက်တော့သည်။

တောင်ငူသို့ နန္ဒဘုရင်ပါလျှင် ယိုးဒယားမင်း တောင်ငူသို့လာရောက်ပြီး နန္ဒဘုရင်အား ပေးရန်တောင်းသည်။ မင်းရဲသီဟသူက မပေးသဖြင့် တောင်ငူကိုတိုက်သည်။ နတ်သျှင်နောင် ထွက်တိုက်သဖြင့် ယိုးဒယားတပ်ပျက်လေသည်။ နောက်တွင် နတ်သျှင်နောင် သည် နန္ဒဘုရင်အား ဆက်လက်ထားလျှင် အရေးထပ်ပေါ်မည်ကို တွေးပြီး မယ်တော်နှင့်တိုင်ပင်ကာ နန္ဒဘုရင်ကို အဆိပ်ခတ်လုပ်ကြံသည်။ သို့ဖြင့် နန္ဒဘုရင်သည် သက္ကရာဇ် ၉၆၂၊တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် ကွယ်လွန်လေသည်။

နန္ဒဘုရင် မိမိကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲကာ တခြားမည်သည့်အကြံကိုမျှလက်ခံလိုစိတ်မရှိခြင်း။အသိအမှတ်ပြုထားသော ဘာသာရေးကျမ်းဂန်များနှင့် မကိုက်ညီကြောင်း ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ဘာသာရေး အဆောက်အအုံ အများအပြား ဖျက်ဆီးခံရပြီး ဘာသာရေး ပိုင်ဆိုင်မှု အများအပြား သိမ်းဆည်းခံခဲ့ရသည်။ ဘုန်းကြီးများကို လူဝတ်လဲခိုင်းခြင်းများရှိခဲ့သည်။ မွန်၊ မြန်မာ ၊ ရှမ်း လူမျိုးများအား ‌‌‌‌နေရပ်စွန့်ခွာ‌‌စေပြီး လူမျိုး‌‌ ရောထွေးခြင်းများလည်းရှိခဲ့သည်။

အထက်ပါအချက်လက်များကြောင့် ‌‌‌နယ်ပယ်ပေါင်းစုံ မှ ရဟန်းရှင်၊ပြည်သူများသည် နန္ဒဘုရင် အပေါ် မုန်းတီးမှုများ ကိန်း‌အောင်းလာ‌ခဲ့လေသည်။ ‌နောင်တွင် ဘုန်းတန်ခိုးကျဆင်းလာကာ နန္ဒဘုရင်၏ ဘုန်းမီး‌နေလကို အပြီးတိုင် ငြိမ်းစေသော အခြေခံအချက်အလက်များဖြစ်လာခဲ့လေတေ့ာသည်။

တောင်ငူရောက်မင်း သားတော် သမီးတော်ကား -

[ပြင်ဆင်ရန်]
  • တောင်ငူရောက်မင်း မိဖုရားနှင့်ကိုယ်လုပ် သားတော် သမီးတော်ကား- တောင်ငူရောက် မင်းတရား မိဖုရားခေါင်ကြီးကား မိဖုရားခေါင်ကြီး မနော်ဟရီ တပင်ရွှေထီးကတော်ခင်ဘုန်းစိုး ဓမ္မဒေဝီသမီး ။ သမီးတော် မင်းအကြီး အမည်နှင့် ရတနာကန္ဓာ မျောက်သားတော်ကား တောင်ငူဒုတိယမင်းရဲသီဟသူမင်းတရားကြီးညီတော် ကော်လိယ မင်းရဲကျော်ထင် တစ် ။ ညီမတော် မင်းအထွေး အမည်နှင့် ချမ်စုချာ ယိုးဒယားမှာ ဗြနရဇ် ရည်းစား အိမ်ထောင်မကျ တစ် ။ မောင်တော် မင်းကြီးစွာ အိမ်ရှေ့မင်း ပေးတော်မူသည် မျောက်သားတော်ကား အင်းဝဘုရင့် သတို့မင်းစော သမီး နတ်ရှင်မယ်တော် နောက် မျောက်သားတော်ကား ဆင်ဖြူရှင်မင်းတရားကြီးသမီးတော် ရာဇ ဓာတုကလျာ အိမ်ရှေ့မင်း သေနတ်နဲ့ပစ်ခံရတယ် စိန်ပြောင်း အားဖြင့် သူဝဏ္ဏဘူမီးမှာ သေဆုံးသွားတယ် ၃၄ နှစ်တွင်လွန် တစ်။ နှမတော် ခင်မနောင်း မင်းရာဇာကြီးရခိုင်သို့ ဆင်ဖြူနှင့်အတူ တောင်ငူဘုရင့်က ပေးလေသည် ရခိုင်ဘုရင့်မင်းရာဇာကြီးတွင်သန်းဆောင်မိဖုရား ဖြစ်လာသည် တစ် ။ နှမတော် ခင်မင်းပု ၁၉ နှစ်တွင် လွန် နမိုးနီးယားသည် တစ် ။ မောင်တော် မင်းရဲကျော်စွားစွန့် အင်းဝမင်းတရားကြီး နောက် မင်းကြီးစွာ သေဆုံးသွားတယ် သူ့ အိမ်ရှေ့မင်း ဖြစ်လာသည် နောက် ၃၂ နှစ်တွင် တောင်ငူ မင်းတရား လုပ်ကြံလေသည် တစ် ။ ညီတော်အငယ် မင်းကြီးနောင်း ပြည်သတိုးဓမ္မရာဇာ ဖြစ်လာသည် ၂၆ နှစ်တွင်လွန် သူပုန်ပြည်ရန်နိုင်က ဧရာဝတီမြစ်တွင် လုပ်ကြံခံရသည် ။ သားတော် သုံး သမီးတော် လေး ပေါင်း ခုနှစ်ပါးတည်း ။။ မျောက်နန်းတော်မိဖုရား ခင်မင်းပု သီရိရာဇာဒေဝီခံ တောင်ငူဘုရင့်မင်းခေါင်သမီး သမီးတော် မင်းရွှေတုံ အမည်နှင့် ခင်မရွှေထုံ တပါးသာတည်း မျောက်သားတော်ကား ဒုတိယတောင်ငူမင်းရဲသီဟသူ သားတော် ကောလိယ မင်းရဲကျော်ထင် ။။ သောက္ကသဲ ဗညားဖြံခဲက် သမီး မယ်နန်းကောင်ခံးတွင် ။ သမီးတော် ရတနာကုမာရီ တပါး ပိသာလောက်မိဖုရား ဖြစ်သည် ။။ ပုသိမ် နရသိင်္ခသူ အနော်ရထာနန်းရိုးမင်းသမီး မွှေးလှမဏိ ကတော် သမီး ခင်ပျို့ဘုန်းတွင် ။ သမီးတော် မင်္ဂလာဝံသာ အလောင်းဝေဠုခံသည် ခမည်းတော်တွင်မြင်သည့် မျောက်သားတော်ကား ပုသိမ်နရသိင်္ခသူသားတော် တပေါင်းကိုစား မင်းရဲဘရက်ရှီ ရခိုင်သို့ပါလေသည် တစ် ။ မောင်တော် သီရိစွာကျော်ထင် ခမည်းတော်တွင်မြင်သည့် တကောင်းကိုစား ပေးတော်မူသည်၊ မြောက်သားတော်ကား ခမည်းတော်သမီး ရှင်ထွေးနောင်း ရခိုင်သို့ပါလေသည် ။ သားတော် တစ် သမီးတော် တစ် ပေါင်း နှစ် ပါး တည်း ။။ စန္ဒားစော်ဘွား သိုကိုဘွား ကတော် မဟဒေဝီလှူင့်ဆိူ့ထိုင်တွင် သမီးတော် ခနွန်းစိုင်အုံ နန်းထင်ရာတွင် မြင်သည့် ။ သားတော် မင်းရဲလှကျော် တပါး အနောက်ဘက်လွန်မင်းတရားကြီးတွင်မြင်သည့် မြစ်တွင်း (မြစ်ကြီးနား) ကိုစားသည် ။။ ယိုးဒယားဘုရင့် စာဓိရာဇာ လက်ထက်တွင် အိမ်ရှေ့ ဗြရာမသွန်း ဟံသာဝတီရောက်မင်း သမီးတော် ဗြတဝန်လျိူန်ခွယ်တွင် ။ သမီးတော် လှတ္တသုတ္တာ တပါး ခမည်းတော်လက်ထက်တွင် မိန်ဂပ္ပုရိတောင်ရွှေဖြူနန်းတော်တွင်ပေးသည် မျောက်သားတော်ကား မင်းကြီးညို ဘထွေးတော် စလင်ကိုစား မင်းရဲ‌နော်ရထာကြီး အထိန်း ကတော် ခင်မယွန်းစူ သားတော် ပျဉ်းမနားမင်းသား မင်းကြီးကျောက်ဖြူတည်း ။။ အင်းဝ စည်သူကျော်ထင် သိုကြော့ဘွား သမီးတော် ခင်ကြီးစစ် ခ ပက္လီလာတွင် ။ သားတော် နရမိက္ခလာ တပါး အနောက်ဘက်ဘုရားတွင်မြင်သည့် တံတားဦး မြို့ ကိုစားသည် မဟာရာဇာမဏိစူဠာ ဒါယကာတော် မြင်သည့် ကျိုက္ကသာ မြို့ဝန်း ပေးတော်မူသည် မင်းရဲရန်နောင်ခံ၍ မျောက်သားတော်ကား ညောင်ရမ်း မင်းတရား သမီး‌တော် သီရိဧကာတည်း ။။ ဗညားနန်း‌ ကြေတ္တဗုသ်ဖုမ္မီန်သမီး ဗွဖံသီန္လုမ့်ဘွားတွင် ။ သားတော် မင်းသား ထင်သီကျော်စံ တပါး အနောက်ဘက်ဘုရားတွင်မြင်သည့် သူဝဏ္ဏဘူမီမှာ မြင်းစိုင်းမင်းသား နောက် လုံခပင်းမြို့ဝန်း သိုနဲကောင် စဝ်စောစံအမည်နှင့် မျောက်သားတော်ကား သန်လျင်းရောက်မင်း (နတ်ရှင်နောင်း) သမီးတော် ခင်မြတ်သက် ။။ လင်းဇင်းဘုရား ဗညားဖိုဓိစာရာဇ် သမီး ထံခံး‌လော့တွင် ။ သားတော် နေမျိုးဒတ္ထ တပါး ဟံသာဝတီ ပျက်လျှင် ရဟန်းပြု၍နေသည် မဟာရာဇာမဏိစူဠာ ဒါယကာတော် တွင်မြင်သည့် ဟင်္သာတမြို့ဝန်း သင့်ပြန်းသည်ကတော် သမိန်စိတ်ပွန်သမီး ခင်ဆွေးဝတီတွင် သမီးတော် ခင်သုရင်စောတည်း ။။ ဝါရီရူးနန်းရိုး ဟံသာဝတီမင်းတရားသမိန်ထောရာမ သမီးငယ် ခင်မထွေဒါးတွင် ။ သားတော် မင်းသား ဧကသူ တပါး အနောက်ဘက်လွန်ဘုရားတွင်မြင်သည့် ကျိုက္ခမီမြို့ဝန်းတည်း ။။ သူ့နှမ ရတနာညွန့်သစ်တွင် ။ သမီးတော် ရတနာညွန့်ပေါင်းဘုန်းညှပ် တပါး တူခမည်းတော် စိတ်ဆိုး ဝရမြတ်ဘော် အမည်ပြောင်းလဲ နောက် သောင်ကျဉ်စော်ဘွား‌ဟောင်း မိဖုရား ဖြစ်သည် ။။ ကျိုင်းတုံစော်ဘွားစဝ်ဃဝ်ပုံနံသမီး ကွီယ်ျခံးတွင် ။ သားတော် ရှင်စည်သူ  တပါး အနော်ဘက်လွန်ဘုရားသည် မင်းရဲသင်္ခယာခံသည် တောင်ငူမြို့ဝန်း ပြုသည် မျောက်သားတော်ကား သံလျင် (ဆီရီယမ်) ကုလာမင်းတရား ဖိလစ်ဒီဘရစ်တို ဒီနိကိုတေ သမီးတော် ထြွဲနတ္တလဖနုဝတီ မဟာရာဇာမဏိစူဠာ ဒါယကာတော်တွင်မြင်သည့် သီရိဓမ္မ‌သောကခံ၍ မျောက်သားတော်ကား ညောင်ရမ်းမင်းတရား သမီးတော် မင်းခင်ပုံ ။။ မိုးဗြဲစော်ဘွား ခံးကော်ဘွားသမီး စဝ်‌မော်ကျနှမ ကျီက်ခံးတွင် ။ သားတော် မင်းရဲသီဟ တပါး မဟာရာဇာမဏိစူဠာ ဒါယကာတော် တွင်မြင်သည့် ပြည် မြို့ဝန်းပြုသည် မျောက်သားတော်ကား ညောင်ရမ်းမင်းတရားသမီးတော် မင်းခင်လတ် ။။ မိုးသည်စော်ဘွားဒါ့ဝ်‌ခေးဘွား သမီး ကျမ်ပီရက်ယမ်တွင် ။ သားတော် မင်းရဲအောင်နိုင် တပါး အနော်ဘက်ဘုရားမြင်သည့် သောင်းလင်းမြို့ ကို စားသည် မျောက်သားတော်ကား ညောင်ရမ်းမင်းတရား သမီးတော် ခင်မင်းလှ ။။ ဒုတိယ ပြည်မင်းသမီး တလိင်ပြည်ပနတ္တာသလ ရှမ်းမင်းသမီးခန့်ချောင်ဝမ်ဘွား က‌တော် သမီး‌ ကျ‌နေ့ဘွားချောင်ချိုမ် နန်းထင်ရာတွင် မြင်သည့် ။ သားတော် မင်းရဲလွမ်ထင် တပါး ဟံသာဝတီပျက်လျှင် မျောက်လင်းဇင်းရောက်သည် ဇင်းခေါဇင်းလူမ် အနောက်ဘက်ဘုရား တွင်မြင်သည့် ဝင်ကညက်ကိုစားသည် နောက် မာန်းအောင်ကိုစား၍ ။။ မိုးဝမ်အိမ်ရှေ့ လယ်တောင်နှမ နှင်းအမ်ခေါင်တွင် ။ သားတော် မင်းကြီးလိုင် နောက် မိုးဝမ်စော်ဘွားဖြစ် တို့သိုမင်း တစ် ။ မောင်တော် မင်းကြီးရန်ငူ နောက် မိုးဝမ်စော်ဘွားဖြစ် တို့သိုမိုး ။ သားတော် ပေါင်း နှစ် ပါး တည်း ။။ ဃတ်ဃဝ်စော်ဘွား သိုကို့ဘွားသမီး သေည်ရုံ့ဘွားတွင် ။ သားတော် ရွှေမြတ်စွာ တပါး သကြသီဟအမည်နှင့် အနောက်ဘက်လွန်မင်းတရားတွင်မြင်သည့် သိုခါပ်း ဃတ်ဃဝ်စော်ဘွား ဖြစ် သည် ။။ မုတ္တမမင်းတရား စောဗညားသမီး စောလကွန်းအိန် အစ်မ တော့တုရုပ်ဂွးတွင် ရွှေနန်းကျွန်းမည်ခံ ။ သားတော် မင်းကြီးခမည်းတော် တပါး ခမည်းတော်လက်ထက်တွင် မုတ္တမမြို့ဝန်း ဖြစ်သည် သူနဲ့ သူ့အမေ ရခိုင်သို့ပါလေသည် ။။ လက်ျာနန်းသူ ရှင်နေတုန် ခင်တောင် ကတော် သမီး ခင်ထွေးလှတွင် ။ သားတော် မင်းသားငြိမ်းမောင် တပါး ခမည်းတော်လက်ထက် ငားစဉ့်ကူးကိုစားသည် နောက် အနော်ဘက်လွန် မြင်သည့် မျောက်သားတော်ကား လွန်လျှင်ပြည်မင်းကြီးသား ရှင်နေမျိုး ဘုရင့်အဝတ်လဲ ရှင်ယဉ်ခဲကြီး ကတော်  သမီး ရွှေဇင်း ။။ မိုးဆင်စော်ဘွားထါဝ်မာန့်ဩန် မဟာဒေဝီမင်းမွမ် ကတော်သမီး နှင်းတုန်ခိူးတွင်။ သားတော် မင်းရဲအီဗြာ တပါး အနောက်ဘက်ဘုရားကြီး မြင်သည့် ကျောက်မြောင်ကိုစားသည် ။။ ဒိုင်လာသူ မိုးခံစော်ဘွား ခံးယုက်ယော်သမီး ခံးတုန်မင်းတွင် ။ သမီးတော် သီရိရတနာ တပါး မျောက်သားတော်ကား ခမည်းတော် သားတော်မင်းရဲရတမန်း ။။ ဇင်းမယ် ဗညားသံ (မေဃုဋိ) သမီး‌ ခင်မိ ခ နှင်းပြန်းခံးတွင် ။ သမီးတော် ခင်ရွှေနန်း တပါး ညောင်ရမ်းမင်းတရားတွင် မျောက်သားတော်ကား သိန္နီစော်ဘွား ခံးခိုင်နွဲ့ တည်း ။။ ကျိုင်းမားစော်ဘွားစဝ်ခံးပိမ်ဘွားမြေး နှင်းခေးလံတွင် ဥပ္ပလဒေဝီခံ ။ သမီးတော် အင်စံနဝတီ တပါး ဟံသာဝတီပျက်လျှင် တုမအ‌မေနှင့်အတု ကိုရှမ်းပြည် သင့်ပြန်သည် ။။ ဖလူးဆိုင်း (မိုးလုံ) စလုံ‌ဗြဣန္ထမိတ်တိုင်ရီသမီးတော် အမိတ္တာ ဖလတွင် ။ သားတော် ဥပ္ပပိယ တပါး အနောက်ဘက်လွန်ဘုရားကြီးတွင်မြင်သည့် နံစံ စော်ဘွားခံသည် မျောက်သားတော်ကား ဘုရင့်နောင် မိဖုရားငယ် အမျိုးရုံတွင် မမြေးတော် ဆင်းစံဝတီ သူတို့မှာရှိသည် သားတော် မင်းသား ဦးစံညီ သမီးတော် မင်းသမီး မဏိဩဃ နှင့်အတု ဒေဝေသဋ္ဌ စုံဖက် သူ့ရှိ သားတော် ဦးကုလား ။။ ပုဂံနန်းရိုး နရပတိသီဟပတေ့ မင်းတရားကြီး ၁၂ မျိုးဆက်ဖြစ်သော အိမ်နိမ့်မင်းသမီး ခင်‌‌ဒွဲလှတွင် ။ သမီးတော် ရှင်‌‌ထွေးနောင်း တပါး ခမည်းတော်လက်ထက် မျောက် ခမည်းတော်သား သီရိစွာကျော်ထင် သူမနှင့်အမေကို ရခိုင်သို့ ပါလေသည် ။။ ဗီယင်ကျန်းမှာ ရှင်မယ်ခေါင် ခ သံလဲန်မွမ်တွင် ။ သားတော် သီရိနန်းရှေ့စွာ တပါး ခမည်း‌တော်လက်ထက် မင်းရဲနရသီဟခံ မြောင်းမြကိုစားသည် ဟံသာဝတီ ကျဆုံးပြီးနောက် သူ နှင့် ညီတော်တို့နှင့်အတူ့ မင်းရဲကျော်အရှေ့ စ‌လေးမြို့သို့ တစ်ပါး စဉ့်ကူမြို့သို့ လွတ်မြောက်ခဲ့သည် စကုမင်းရဲကျော်စွားတို့၌ သာဓကများရှိသည် သူ့ရာထူးဟောင်းကို မြောင်းမြမြို့ကို သင့်ပြန်းသည် မျောက်သားတော်ကား လွန်လျှင်ပြည်မင်းကြီးနောင်း သမီးတော် သုလျာဝတီ ။။ ဇယဇိဋ္ဌဓိရာချ် ဒိုင်လာဘုရင့်လယ်အံ‌တောင် ကတော်သမီး ဟိုမဂ်ဗ္ယူဂ္မိန် သမီးတော် နှင်းခံးလီးတွင် မနုရိုမေခအမည်နှင့် နန်းထင်ရာတွင်မြင်သည့် ။ သားတော် မင်းရဲကျော်အရှေ့ တပါး အနောက်ဘက်လွန်မြင်သည့် ဆီရီယမ်မြို့ဝန်း ဂိုဝါအိုက်ရီဇ်ဒီဆယ်ဒည မြေး ဆီရီယမ် ကုလာမင်းတရားကြီး ဖိလစ်ဒီဘရစ်တို ဒီနိကိုတေချွေးမ စည်မွန်မုဆိုးမဇနီးဟောင်း ဒေါ်ညာလီဇာဒီဆယ်ဒည စုံဖက် နှင့် ခင်ကြီး နှစ် သမီး ခင်လတ် နှင့် ခင်စော တည်း ။။ ဇင်းရယ်စော်ဘွားဗညားလုံဃဝ်မာဂ်‌နော်သမီး ဒွမ်းယော်ဆိုင်းတွင် ။ သမီးတော် ဆုပုဏ္ဌားဝတီ တပါး သူမနှင့်အမေကို ရခိုင်သို့ ပါလေသည် ။။ သန္နီစော်ဘွားခံးသေည်ဘွားသမီး နှင်းဆာဆင်ဟွမ် နှင်းခံးသေည်ကျဲအမြင်နှင့်တွင် မြင်သည့် ။ သားတော် နရသင်္ခရဇ် တပါး ပထမမင်းကတုစော်ဘွားဖြစ်သည် ။။ ဒွါရာဝတီ အိမ်ဖြူရှင် မြေးတော် နတ်ပြည်ကျော်ဌာင့် သမီး ခင်မျိုးထွဋ် ပေါက္ခယာစန္ဒ အမည် နှင့် နန်းထင်ရာတွင် မြင်သည့် ။ သားတော် မင်း‌‌ပြည့်ယော်ဓာ စောလှဘူမိန် အမည်နှင့် တပါး ခမည်းတော်လက်ထက် ဇာဂရုံကိုစားသည် ဟံသာဝတီပျက်လျှင် ရခိုင်သို့ပါလေသည် မျောက်သားတော်ကား ခမည်း‌တော် သမီးတော် မွှေးတုန်ခင် ဟိုပါတည်း ။။ ဘရက်စည်သူသမီး မင်းဘုန်းမြတ် ဒေါ်မဏိကြက်သံအမည်နှင့် တွင် ။ သားတော် မင်းရဲနရသူ ခမည်းတော်လက်ထက် ထုံပို ကိုစားသည် အိမ်ရှေ့သေဆုံးလေသည် ယိုးဒယား သို့ပါလေသည် ။ နှမတော် မွှေးတုန်ခင် ရခိုင်သို့ပါလာသည် မျောက်သားတော်ကား ခမည်း‌တော် သားတော် ဇာဂရုံစား ဟိုပါတည်း ။ သားတော် တစ် သမီးတော် တစ် ပေါင်း နှစ် ပါး တည်း။။ သမိန်စောတွဋ်သမီး မိဋောင်သွန်တွင် ။ သားတော် မင်းရဲကျော်တထာ တပါး ခမည်းတော်လက်ထက် ဝင်ရော် ကိုစားသည် အိမ်ရှေ့သေဆုံး ယိုးဒယား သို့ပါလေသည် ။။ ဒိုင်လာဘုရင့် လယ်ကျုံတုံ လင်းဇင်းမင်းသမီး ဘီတရီငေါက်ဆူ ခ နှင်းရုမ်းဗိုင် ကတော်သမီး မိန်‌ငွေးငေါက္ဂီန် လင်းဇင်းအမည် တီယံဝီယန်ချီင်လုမ်းဘွား တွင် ။ သားတော် မင်းရဲကျော်ပတေ့ အနောက်ဘက် ဘုရား တွင် ဗီးချိုလ်ရာခ်ျရာဇာသည် တစ် ။ ညီမတော် မဏိသုချဇာ သူမနှင့်အ‌မေနှင့်အတု ဒိုင်လာသို့ပါလေသည် ။ သားတော် တစ် သမီစတော် တစ် ပေါင်း နှစ် ပါး တည်း ။။ ကလိုမ်စော်ဘွား မလ္လိကရာဇာသမီး နီရုဒရာတရီတွင် ။ သားတော် မင်းရဲရသမန်း တပါး တောင်လင်းဇင်းသို့ဖမ်သည် မျောက်သားတော်ကား ခမည်းတော်သမီး သီရိရတနာ နောက် စကုမင်းရဲကျော်စွာသမီးတော် နရဝတီ နှင့် ခင်မစော ။။ မပေါ်သော်လည်း ရခိုင် ရာဇဝင် တွင် ပေါ်လာသည်၍ ။ = တိဂုံစား ဩက်နဲဖိခ်ျဟုန်း ဩက်ယာကြက္ကီခံသမီး ဒဝဒုန်းတွင် တိဂုံမင်းသမီးခံသည် ။ သားတော် မင်းစပ်ဖြူ တပါး သူ့နှင့်သူ့အမေ ရခိုင်သို့ပါ‌‌လေသည် သူ့သည် ပထမ မင်းတရားကြီး ဗုလ်မောင် မင်းဆက်တွင် ဖြစ်လာသည် ရခိုင်ဘုရင်မင်းခမောင်း သူ့ပေးသည် မျောက်သားတော်ကား ရခိုင်ဘုရင့်မင်းရာဇာကြီးသမီးတော် ရှင်ဒွေးနောင်း စုံဖက်၍ ။။ နါဂါမိဖုရား သံဘူနရာဇာသမီး မီနော့်ဗီးနီတွင် ။ သားတော် မင်းရဲရမုနာ သူ့ခမည်းတော်မြင်သည့် နန္ဒကျော်ထင်ခံသည် ပင်လယ်မြို့ ကိုစားသည် နောက် ဟံသာဝတီပျက်လျှင် တောင်ငူမင်းရဲသီဟသူ ကျော်ထင်နော်ရထာခံသည် သင့်ပြန်သည်ကိုစား၍ တောင်ငူမင်းရဲသီဟသူ ပေတော်မူသည်  မျောက်သားတော်ကား မင်းတရားရွှေထီးဘထွေးတော် ကျော်ထင်နော်ရထာသမီးတော် မြတ်ဘုန်းဝဲ ညောင်ရမ်းမင်းတရားကြီးတွင် မြင်သည့် ကော့တောင် အနောက်မြို့ ကို စားရ တစ်ပါး ။ နှမတော် မိလာ သူမတွင် စိတ်ဓာတ်ကျနေပါသည်၍သည် သူ့အကိုကြီးက သူ့ကို ဂရုစိုက်တယ်၍ ။ သားတော် တစ် သမီးတော် တစ် ပေါင်း နှစ် ပါး တည်း ။။ ။။ မိဖုရားကြီးနှင့် မိဖုရားငယ်နှင့် ကိုယ်လုပ်တော် ဘယ်ဟာသားသမီးမရှိသော ။။ တောင်ငူဘုရင့်မင်းခေါင်သမီး တောင်နန်းတော် မိဖုရား မင်းဖြူ ။။ တောင်နန်းတော် မိဖုရား မင်းဖြူ အစ်မ အလယ်နန်းတော် မိဖုရား မင်းထွေး ။။ ပြည်မင်းသမီး နန္ဒားယော်ဓား သတိုးဓမ္မရာဇာခံသည် သမီးတော် အနောက်နန်းတော် မိဖုရား မင်းတရား မယ်တော် ။။ သရက်စည်သူသမီး စောမင်းညစ် ။။ ဘဝသံသရာသမီး ရှင်ထွေးကျိုင်သစ် ။။ ဗညားဒလသမီး ခင်နဲယုန် ။။ ဗညားကျန်တော်သမီး အတူမယ် ဇာန်ဒမိတော် ။။ သကြာမည်သမီး ခင်မအင်ပျို့ ။။ ခင်မအင်ပျို့အစ်မ ခင်မစိန်မြင့် ။။ စောလကွန်းအိန်သမီး ခင်မညွန့်စူ ။။ ဗညား‌လောသမီး ခင်စွယ်ညိုး ။။ တနင်္သာရီမင်းသမီး သမိန်ဝိရတ်သမီး ပုံဝေဠု ။။ ကြံပါ့ခ်နာဂ်ပုရိ ဋိပ်ဘွပ်မဏိသမီး မဏိဝိချုဠာ ။။ မိုနဲစော်ဘွားသိုပိမ်းဘွားသမီး ငွန်ပိင့်ဘွား ။။ မိုးမိတ်စော်ဘွားသိုကျုံဘွားသမီး နှင်းဟန့်ရုံ ။။ ဗန်းမော်စော်ဘွားသိုဆိုင်းဘွားသမီး ဒီဗ္ဗယဆံတီ ။။ ညောင်ရွှေစော်ဘွားခံရျမ်းဘွားသမီး တော်လက္ကျုမ်းဘွား ။။ စံကားစော်ဘွားသိုဟုမ်ဘွားသမီး နော်မိုတ်ဆံ ။။ ကလေးစော်ဘွားသိုခိုဘွားသမီး စိန္ဒြာ ရခိုင်သို့ပါလေသည် ။။ သောင်သွပ်စော်ဘွားသိုခဲန်းဘွားသမီး နှင်းသေဉ်လုံ ရခိုင်သိုပါလာသည် ။။ မိုးကိုင်စော်ဘွားပိတ်တံဘွားသမီး ကျိုင့်ဒွမ်းအွယ်ဆွယ် ။။ မိုးဆင်ဥပရာဇာဟော်ခံးနွဲ့သမီး ထဃဝ်ယုံန့်ဘွား ။။ ကျိုင်းတုံစော်ဘွားစဝ်ဃဝ်ပုံနံသမီး ဃဝ်မင်းဖောင်းမိုး ။။ ကျိုင်းတုံစော်ဘွားစဝ်ဃဝ်ပုံနံနောက်သမီးတစ်ဦးမှာ ကြံဒျာဖ ။။ အုန်ပေါင်းစော်ဘွားသို‌ချီင်ဘွားသမီး ထိူးဃဝ်ခိုင်ဘွား ။။ မိုးပတ်စော်ဘွားသိုဆိူ့းဘွားသမီး ထွယ်လှ ။။ ကျိုင်းရုံစော်ဘွားစဝ်ဣန့်မိုးသမီး စဝ်မာန့်ဣန်း ။။ မိုးလျဲမ်စော်ဘွားထါဝ်ဗိုင်သင်သမီး ဆရားဆုံမိုး ။။ လင်းဇင်းသေည်သုလင်းလူးချိုင်သမီး အံဖ‌ကေတ် ရခိုင်သို့ပါလာသည် ။။ လင်းဇင်းဆိကောင်းမှာ ပန်းခံးသမီး နှင်းခံးအွယင်း နန္ဒဘုရင်က သူမအရမ်းချစ်တယ် ရခိုင်သို့ပါလာသည် ။။ ဘော်လိခမ်စိုင် ပါ့ခ်စန် ပါ့ခ်စိန်း ထါဝ်ဟံမိုးသမီး နှင်းခံးဟုံ့ ။။ လင်းဇင်းမှာ နှင်းဒိဗ္ခံးလုံ ။။ ကျိုင်းသေဉ် စော်ဘွား ထါဝ်ဂံကျိုင်ယသမီး ဒီပ္ခံးမိုင် ။။ မိုးဗျံစော်ဘွားစဝ်လဣန္ဒားသမီး အုံ့ဒါဝ့်ရင့် ။။ လကွန်စားဗညားဝိရိယန်သမီး ကားသံဖြူ ။။ ကသည်းစော်ဘွားမန်းယန်ဂိမ်းဘွားသမီး ကွယ်လိမ်းဘွား ရခိုင်သို့ပါလာသည် ။။ တိုင်ခီရီဗန်ဒာရာသိင်္ဂိုဘုရင့်သမီးတော် ဝိရူပ်ပုဏ်ဝနာ ရခိုင်သို့ပါလေသည် ။။ ကိုးရှမ်းပြည်မှာ လသာစော်ဘွားချင်လော့ဘွားသမီး ထဝ်လဒါဟူမ့် ။။ ကိုးရှမ်းပြည်မှာ မိုးရမ်စော်ဘွားခွန်ဖံခံးသမီး ဣန္ဗျဟုမ်မိုး ။။ ကိုးရှမ်းပြည်မှာ မိုးလားစော်ဘွားဖာဝန်းဘွားနှမ ကျီန္တပါတီ ဒေဝီပန်းနွဲ့ အမည်နှင့် ။။ ကိုးရှမ်းပြည်မှာ မိုးလားစော်ဘွားဖာ‌ဟီးဘွားသမီး ဃဝ်ဣန္ထာ ။။ ကိုးရှမ်းပြည်မှာ မိုးဟွမ်းစော်ဘွားဗ္ယံကံဘွားသမီး မာန်ဗ္ယုံမာန့် ။။ ထိုင်းဆယ့်နှစ်ရှင်ဘုရင်ပြည်နယ် မိုးလော်စော်ဘွားထါဝ်ဒျန်စွန်းသမီး‌ ဖန်းထဝိလှိုင် ။။ ထိုင်းဆယ့်နှစ်ရှင်ဘုရင် ပြည်နယ်ထံမှ ဖန်းထဝိလှိုင်များ ဖန်းခံး ။။ ထိုင်းဆယ့်နှစ်ရှင်ဘုရင် ပြည်နယ် မိုးမွှေးစော်ဘွားစဝ်မာန်မိုး သုံ သမီးတော် မာန်လီပ်တာ ဃါ့ပ်ဃဝ် လါ့ပ်ခံး ။။ အိုင်လုံပြည်နယ် မိုးယွန်းစော်ဘွားကွိုချင်ချိုင့်သမီး ခြယစည် ။။ မိုးယွင်စော်ဘွားစဝ်ကျိုင်းမုန်သမီး ချိုချိုမ်ဘွား ။။ ကျိုင်းသူ့နောင်စပ်စော်ဘွား သိုဟိတ်ပို့းမိုးငံး နှစ်သမီး စည်လိုဖုမ် စဉ်ရုနိုး ။။ တာမ္မလိတ္တတိုင်းမှာ ဂာာမန်းနရာယံသမီး ဝိမလှယာ ။။ ဗင်္ဂါလာမှာ မဂို‌စော်ဘွားတရုဝရာဇာ နှစ်သမီး‌တော် ခမီးပဏ္ဒရီ ဂေရာဆံဒျီ ။။ အရုနာကျန္ဒြးဒဝီပ်စော်ဘွားကြီး စဝ်ခံးခိုင်ဘွားသမီးတော် ပန်းကောင်းဟိုင်‌ဘွား ။။ ဟိမဝန္တာတောင်ပေါ်ရှိ ဆိုလူခိုန်ဘူမှာ ဘီဟာနာ့သင်ဆဘန်ထိတား ။။ ပုဏ္ဏား ဘီဇမလပိသာမဟသမီး ပင်္ဋားနမဟဇ်စွာမီ ။။ သူဝဏ္ဏဘူမီမှာ လုမ်ဆက်စား ဗညားအသေည်လူထိုင်သမီး ဖ္လက္ခံးသေည်မိုး ။။ သူဝဏ္ဏဘူမီမှာ ချောင်းဒွမ်သူ ချိုနှင်မိုး ။။ ဘုရင့်ဟောင်း မုဆိုးမ ကလေး မမွေးဘူး ယိုးဒယားမင်းသမီး ယိုးဒယားဘုရင့် ဗြမဟင်ဒရာဒိရာဇ်သမီး ဖိကျစ်ကျင်းဒား ။။ ဘုရင့်ဟောင်းတွင် သားသမီးမရှိသူ ယိုးဒယားဘုရင့် ဗြမဟာဓမ္မရာဇာဓိရာဇ်သမီး ဣန္ဒျဒေဝီ ။။ တောင်ငူရောက်မင်း အမည် နန္ဒဘုရင် တွင်မြင်သည့် သားတော် နှစ်ချိပ်‌‌ကိုး (၂၉) သမီးတော် တစ်ချိပ်ခုနှစ် (၁၇) ။ ပေါင်း လေးချိပ်ခြောက် (၄၆) ပါးတည်း ။။
  1. မှန်နန်းရာဇဝင် အတွဲ (၃)၊ ၂၀၀၃

[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မဟာ ရာဇဝင်တော်ကြီး၊ ဗားဂရား‌ ဗိမာန်တော် မော်ကွန်းတိုက်၊ ငါးဆူဒါယကာမင်း အမပုံ ရာဇဝင်၊ တောင်ငူ ရာဇဝင်