မော်တင်စွန်းအငူ
မော်တင်စွန်းအငူ (အင်္ဂလိပ်: Cape Negrais) သည် မြန်မာနိုင်ငံ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ အငူ တစ်ခု ဖြစ်သည်။ ပါလီပါလဲ့ကျွန်း၏ အရှေ့မြောက်ဖက် ၁၃၃ ကီလိုမီတာအကွာ၊ အိန္ဒိယပြည်ထောင်စုနယ်မြေ၏ ကပ္ပလီကျွန်းနှင့် ၁၉၃ ကီလိုမီတာအကွာတွင် တည်ရှိသည်။[၁] မြောက်ဦးနေပြည်တော် (၁၄၂၉-၁၇၈၅) က နှစ်ရှည်လများစွာ အုပ်ချုပ်ခဲ့သော နေရာဖြစ်ကာ ၁၅၄၅ ခုနှစ်မှ ၁၅၄၇ ခုနှစ်အထိ တောင်ငူ-မြောက်ဦး စစ်ပွဲ ဖြစ်ပွားခဲ့ရာနေရာလည်း ဖြစ်သည်။[၂] ၁၇၅၉ ခုနှစ် အောက်တိုဘာလတွင် အင်္ဂလိပ်ကုန်သည်များ အစုအပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။[၃]
ကပ္ပလီပင်လယ်၏ မြောက်ဘက်အကျဆုံး အမှတ်ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်နှင့် တွေ့ဆုံသည့် နေရာဖြစ်သည်။ ဤအငူ၏ တောင်ဘက်နှင့် အရှေ့ဘက်တွင် ကပ္ပလီပင်လယ်တည်ရှိပြီး မြောက်ဘက်နှင့် အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော် တည်ရှိသည်။
အခြားကြည့်ရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Prostar Sailing Directions 2005 India & Bay of Bengal Enroute By National Geospatial-intelligence Agency
- ↑ Prostar Sailing Directions 2005 India & Bay of Bengal Enroute By National Geospatial-intelligence Agency
- ↑ Captain Alves' Account of the Loss of Negrais in 1759. archive.org 2010-11-11
ကိုဩဒိနိတ်: 16°2′0″N 94°12′0″E / 16.03333°N 94.20000°E
ဤ မြန်မာနိုင်ငံ ပထဝီဝင်တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |