သီရိပစ္စယာ
ပုံပန်းသွင်ပြင်
| သီရိပစ္စယာ ပုဂံ | |
|---|---|
ပုဂံရှိ စေတီပုထိုးများ | |
| သီရိပစ္စယာ တည်နေရာပြ မြေပုံ | |
| ကိုဩဒိနိတ်: 21°10′N 94°52′E / 21.167°N 94.867°E | |
| နိုင်ငံ | မြန်မာနိုင်ငံ |
| ဒေသ | မန္တလေးတိုင်းဒေသကြီး |
| တည်ထောင် | ၁၂ ဒီဇင်ဘာ ၉၅၀ |
| လူဦးရေ | |
| • လူမျိုးများ | ဗမာလူမျိုး |
| • ဘာသာတရားများ | ထေရဝါဒ ဗုဒ္ဓဘာသာ |
| အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
သီရိပစ္စယာသည် ဒုတိယပုဂံ မင်းဆက်များ နန်းတည်သွားသော နေရာဖြစ်သည်။ သီရိပစ္စယာကို ကျောက်စကားအရပ်၌ တည်ထောင်ပြန်သည်။ ၎င်းနေရာမှာ ပုဂံမြို့သစ်၏ တောင်ဘက် ရေအိုးစဉ်ချောင်း၏ မြောက်ဘက်ကမ်းနေရာ ဖြစ်သည်ဟု ဆိုကြသည်။ သေဉ်လည်ကြောင်မင်း(၃၄၄-၃၈၇)လက်ထက်မှ သာရမွန်ဖျားမင်း(၄၉၄-၅၁၆)အထိ စိုးစံခဲ့ကြသည်။ [၁]

သီရိပစ္စယာ နန်းတော်ရာ နေရာသည် အရှေ့လောင်ဂျီတွဒ် ၉၄ ၅၁' ၁၇" နှင့် မြောက်လတ္တီတွဒ် ၂၁ ၈' ၂၄" တွင် ကျောက်တိုင်စိုက်ထူထားခြင်းသာ တွေ့ရသည်။ သေဉ်လည်ကြောင်မင်း(၃၄၄-၃၈၇) လက်ထက်တွင် ယုန်လွှတ်ကျွန်းအရပ်မှ ကျောက်စကားအရပ်သို့ မြို့တော်ကို ပြောင်းရွှေ့၍ သီရိပစ္စယာ အမည်ရှိ မြို့တော်ကို တည်ထောင်ခဲ့သည်။ ခရစ်နှစ် (၃၄၄ မှ ၅၁၃ အထိ) မင်းဆက်ပေါင်း ငါးဆက် စိုးစံခဲ့သည်။ စမ်းသပ်တူးဖော်မှုဆိုင်ရာ သုတေသနပြုခြင်း မရှိသေးပါ။ နေရာအမှတ်အသား ကျောက်စာတိုင် စိုက်ထူထားခြင်းသာ ရှိသည်။ [၂]