ရှမ်းရိုးမ
ရှမ်းတောင်တန်း | |
---|---|
ရှမ်းရိုးမ | |
![]() ရှမ်းပြည်တောင်ပိုင်းမှ ရှမ်းတောင်တန်းများမြင်ကွင်း | |
အမြင့်ဆုံးအမှတ် | |
တောင်ထွတ် | လွိုင်လန်းတောင် |
အမြင့် | ၂,၆၇၃ m (၈,၇၇၀ ft) |
ကိုဩဒိနိတ် | 22°39′N 98°4′E / 22.650°N 98.067°E |
အတိုင်းအတာများ | |
အလျား | ၅၆၀ km (၃၅၀ mi) N/S |
အကျယ် | ၃၃၀ km (၂၁၀ mi) E/W |
ပထဝီဝင် | |
နိုင်ငံများ | မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ |
ဒေသ | အရှေ့တောင်အာရှ |
တောင်တန်း ကိုဩဒိနိတ် | 21°30′N 98°00′E / 21.500°N 98.000°Eကိုဩဒိနိတ်: 21°30′N 98°00′E / 21.500°N 98.000°E |
ပင်မတောင်တန်း | Indo-Malayan System |
ဘူမိဗေဒ | |
ကျောက်သားအမျိုးအစား | ဂရင်းနိုက်၊ ထုံးကျောက် |



ရှမ်းရိုးမ (ရှမ်းတောင်တန်းဟုလည်း သိကြသည်။) သည် ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတစ်လျှောက် သွယ်တန်းတည်ရှိနေသည့် တောင်တန်းတစ်ခု ဖြစ်သည်။ ထိုဒေသတစ်ခုလုံးသည် များစွာသော တောင်တို့ဖြင့် ပြည့်နှက်နေပြီး သေးငယ်သည့် လွင်ပြင်ငယ်ကလေးများသည် ထိုတောင်များကို ခြားနားထားကြသည်။
အမြင့်ဆုံးနေရာမှာ လွိုင်လန်းတောင် တောင်ဖြစ်ပြီး အမြင့်မှာ ၂၆၇၃ မီတာ ရှိသည်။[၁] အခြားသောတောင်များမှာ ၂၅၆၅ မီတာအမြင့်ရှိသည့် မွန့်လင့်ရှန်းတောင်၊ [၂] ၂၅၆၅ မီတာမြင့်သည့် ဒိုင်အင်သနွန် (Doi Inthanon) နှင့် ၂၅၆၃ မီတာမြင့်သည့် လွိုင်ပန့်နာအို (Loi Pangnao) တို့ ဖြစ်ကြသည်။ တောင်များအားလုံးသည် အရှေ့တောင်အာရှရှိ မြင့်မားသော တောင်ထိပ်ဖျားရှိသည့် တောင်များတွင် ပါဝင်သည်။[၃]
ပထဝီဝင်
[ပြင်ဆင်ရန်]ရှမ်းတောင်တန်းဧရိယာသည် တောင်စဉ်တောင်တန်းများ၊ လွင်ပြင်များနှင့် ရှမ်းကုန်းပြင်မြင့်ဟု သိကြသည့် အနည်းငယ် ညီညာသော နေရာများ ပေါင်းစပ်တည်ရှိသည်။ မြန်မာနိုင်ငံ၏ နီလာ၊ ပတ္တမြားနှင့် အခြားသော ကျောက်များ အဓိကထွက်ရှိရာ ဒေသလည်း ဖြစ်သည်။ ထို့ပြင် ခဲ၊ ငွေ၊ သွပ် အစရှိသည့် သတ္ထုတွင်းထွက်များလည်း ထွက်ရှိသည်။[၄]
သမိုင်း
[ပြင်ဆင်ရန်]ဗြိတိသျှကိုလိုနီခေတ်တွင် ရှမ်းတောင်တန်းသည် အဓိက အရေးပါခဲ့သည်။ ပြင်ဦးလွင်မြို့ (အင်္ဂလိပ်ဘာသာဖြင့် မေမြို့ ဟု သိကြသည်။) ရှမ်းတောင်တန်း၏ အနောက်ဘက်ပိုင်းဒေသတွင် တည်ထားသည့် မြို့တစ်ခု ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၀၀၀ အထက်တွင် တည်ရှိပြီး မန္တလေးမြို့မှ သွားပါက တစ်နာရီခွဲ ကြာမြင့်သည်။ ပြင်ဦးလွင်မြို့သည် မြန်မာနိုင်ငံ၏ ပူပြင်းသည့် နွေရာသီကို ခိုလှုံရောင်ရှားရာ မြို့ဖြစ်ခဲ့သည်။ ပြင်ဦးလွင်မြို့သည် ရုက္ခဗေဒဥယျာဉ် တည်ရှိသဖြင့် အထူးကျော်ကြားသည်။ ပြင်ဦးလွင်မြို့တွင် ကိုလိုနီခေတ်က ဗိသုကာလက်ရာများကို မြင်တွေ့နိုင်ပေသည်။ ရှမ်းတောင်တန်းဒေသရှိ အင်းလေးကန်သည်လည်း နိုင်ငံခြားခရီးသွားများ၏ စိတ်ဝင်တစား လာရောက်လည်ပတ်ကြသည့် နေရာတစ်ခု ဖြစ်သည်။[၅]
ရုပ်ပုံများ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Loi Leng, Myanmar
- ↑ Mong Ling Shan, Myanmar
- ↑ Loi Pangnao (mountain) - Region: Shan State, Myanmar 2012-04-23 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- ↑ Encyclopædia Britannica, 1988, volume 10, page 694
- ↑ Encyclopædia Britannica - Burma. Part 3