သိန်းညွန့် (ဝန်ကြီး)
ပုံပန်းသွင်ပြင်
ဦးသိန်းညွန့် | |
---|---|
သမ္မတရုံး ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | |
ယခင်လူ | ရာထူးစတင် |
ဆက်ခံသူ | ဒေါ်အောင်ဆန်းစုကြည် |
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | |
ဆက်ခံသူ | ဦးမျိုးအောင် |
နေပြည်တော် မြို့တော်ဝန် | |
တာဝန်သက်တမ်း ၁ မတ် ၂၀၀၆ – ၃၀ မတ် ၂၀၁၁ | |
နယ်စပ်ဒေသ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၁၅ နိုဝင်ဘာ ၁၉၉၇ – ၃၀ မတ် ၂၀၁၁ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မအူပင်မြို့၊ မြန်မာနိုင်ငံ | ၈ အောက်တိုဘာ၊ ၁၉၄၈
ကွယ်လွန် | မတ် ၁၇၊ ၂၀၂၄ | (အသက် ၇၅)
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
ကြင်ဖော်(များ) | ဒေါ်ကျင်ခိုင် |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
ရာထူး | ဗိုလ်မှူးကြီး |
ဦးသိန်းညွန့် သည် မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရအဖွဲ့၊ နိုင်ငံတော်သမ္မတရုံး၏ ဝန်ကြီး ခြောက်ဦးအနက် တစ်ဦးဖြစ်ပြီး ၂၀၁၁ မတ်လ ၃၀ ရက်နေ့မှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ နေပြည်တော်ကောင်စီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် နယ်စပ်ဒေသ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၁] ဦးသိန်းညွန့်သည် နေပြည်တော်၏ ခေတ္တမြို့တော်ဝန်အဖြစ် ၂၀၀၆ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ခန့်အပ်ခံရပြီး မကြာမီ နေပြည်တော်ကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။ သူသည် တပ်မတော်မှ ဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။
ဦးသိန်းညွန့်သည် ၂၀၂၄ခုနှစ် မတ်လ (၁၇)ရက်နေ့တွင် နေပြည်တော်ရှိ စစ်ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။[၂][၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ The Government။ website။ Embassy of the Union of Myanmar, Brussels။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-12-11 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့အလင်းသတင်းစာ (၂၀.၃.၂၀၂၄)။ 20 March 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 March 2024 တွင် ပြန်စစ်ပြီး။
- ↑ နေပြည်တော်တွင် ထိပ်တန်းရာထူးများရခဲ့သူ ဗိုလ်မှူးကြီးဟောင်း သေဆုံး။ Myanmar Now (၂၀၂၄-၀၃-၁၉)။ 20 March 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၂၄-၀၃-၂၀ တွင် ပြန်စစ်ပြီး။