အာဆီယံထိပ်သီးအစည်းအဝေး
ASEAN Summit | |
---|---|
အာဆီယံအဖွဲ့ဝင်များအား အစိမ်းရောင်ဖြင့် ပြသထားသည်။ | |
အမျိုးစား | သံတမန် ညီလာခံ |
ကြိမ်နှုန်း | နှစ်စဉ် |
သက်ဝင်နှစ်ပေါင်း | 57 |
ဖွဲ့စည်းခဲ့ | ဖေဖော်ဝါရီ ၂၄၊ ၁၉၇၆ |
မကြာသေးခင်က | မေ ၂၀၂၃ |
အာဆီယံ ထိပ်သီးအစည်းအဝေးသည် အာဆီယံနိုင်ငံများမှ နိုင်ငံတော်အကြီးအကဲများ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက်ရသည့် စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် လူမှုဘဝတိုးတက်ရေးတို့အတွက် ဆွေးနွေးရန် နှစ်စဉ်ကျင်းပသော အစည်းအဝေးဖြစ်သည်။ ထို့အပြင် အခြားသော နိုင်ငံတကာခေါင်းဆောင်များနှင့်လည်း အစည်းအဝေးပွဲများ တစ်ဆက်တည်း ကျင်းပကြသည်။ ကမ္ဘာ့အဆင့် ရလဒ်များ ထုတ်ပြန်မှုကြောင့် နိုင်ငံတကာ၏ လက်ခံမှုရရှိထားသော အစည်းအဝေးဖြစ်သည်။
လုပ်ပိုင်ခွင့်များ
[ပြင်ဆင်ရန်]- အာဆီယံ၏ မူဝါဒချမှတ်ပေးသည့် အမြင့်ဆုံး အဖွဲ့အစည်းဖြစ်ရမည်။
- အာဆီယံ၏ ရည်မှန်းချက်များ လက်တွေ့အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်းသော အဓိကကျသည့် ကိစ္စရပ်များအပေါ်တွင်လည်းကောင်း၊ အသင်းဝင်နိုင်ငံများ၏ အကျိုးစီးပွားအတွက် အရေးကြီးသော ကိစးရပ်များအပေါ်တွင်လည်းကောင်း၊ အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၊ အာဆီယံအသိုက်အဝန်းကောင်စီ၊ အာဆီယံဝန်ကြီးအဆင့် ကဏ္ဍအလိုက် အဖွဲ့အစည်းများက တင်ပြလာသည့် ကိစ္စရပ်များအပေါ်တွင်လည်းကောင်း၊ ဆွေးနွေးခြင်း၊ မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်ခြင်းနှင့် ဆုံးဖြတ်ခြင်းပြုလုပ်ရမည်။
- သက်ဆိုင်ရာကောင်စီအသီးသီးမှ သက်ဆိုင်ရာဝန်ကြီးများအား ယာယီဝန်ကြီးအဆင့်အစည်းအဝေးများ ကျင်းပရန် လမ်းညွှန်ခြင်းနှင့် အသိုက်အဝန်းကောင်စီတစ်ခုထက်မက ကျော်လွန်သက်ရောက်မှုရှိသည့် အာဆီယံနှင့် ပက်သက်သော အရေးကြီးသော ကိစ္စရပ်များကို အရေးယူဆောင်ရွက်ရန် ညွှန်ကြားရမည်။အဆိုပါအစည်းအဝေးများကျင်းပရန် လုပ်ထုံးလုပ်နည်းများကို အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ချမှတ်ပေးရမည်။
- အာဆီယံနိုင်ငံများအပေါ် ထိခိုက်မှုရှိမည့် အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဆောင်ရွက်ရန် သင့်လျော်သည့် အရေးယုဆောင်ရွက်မှုများ ပြုလုပ်ရမည်။
- အာဆီယံပဋိညာဉ်စာတမ်းပါ အခန်း(၇) - ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ အခန်း(၈) - အငြင်းပွားမှုများကို ဖြေရှင်းခြင်း တို့အပေါ် ဆုံးဖြတ်ပေးရမည်။
- အာဆီယံဝန်ကြီးအဆင့် ကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် အခြားသောအာဆီယံအဖွဲ့အစည်းများ ခူထောင်ခြင်းနှင့် ဖျက်သိမ်းခြင်းအပေါ် ခွင့်ပြုချက်ပေးရမည်။
- ဝန်ကြီးအဆင့်ရှိသော အထွေထွေအတွင်းရေးမှူးချုပ်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ထောက်ခံချက်အရ အကြီးအကဲများ၏ ယုံကြည်အားရနှစ်ခြိုက်မှုဖြင့် ခန့်အပ်ရမည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ပထမဆုံးအစည်းအဝေးကို ၁၉၇၆ ဖေဖော်ဝါရီတွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ ကျင်းပခဲ့သည်။ ဤပွဲတွင် အာဆီယံ၏ ပြင်ပနိုင်ငံများနှင့် ဆက်ဆံရေးအသွင်ကို ပြသခဲ့သည်။ ချစ်ကြည်ရေးနှင့် ပူးပေါင်းရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ
[ပြင်ဆင်ရန်]အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံ၏ မူဝါဒရေးရာ အဆင့်မြင့်အစည်းအဝေးတစ်ခုဖြစ်သည်။ထိုအစည်းအဝေးသို့ နိုင်ငံတော်ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။အာဆီယံအလှည့်ကျဥက္ကဋ္ဌမှာ နိုင်ငံ၏ အင်္ဂလိပ်စကားလုံးပေါ်တွင် အစဉ်လိုက် အလှည့်ကျ တာဝန်ယူရသည်။အလှည့်ကျဥက္ကဋ္ဌသည် ပြက္ခဒိန်တစ်နှစ်စာတာဝန်ယူရပြီး ထိပ်သီးအစည်းအဝေးအပါအဝင် ဆက်စပ်အစည်းအဝေးများကို လက်ခံကျင်းပရသည်။[၁] ၂၀၂၃ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌမှာ အင်ဒိုနီးရှားနိုင်ငံ သမ္မတဖြစ်သည်။ အောက်ပါတို့မှာ အာဆီယံနိုင်ငံများမှ နိုင်ငံတော်အကြီးအကဲများ၊ အစိုးရအကြီးအကဲများဖြစ်သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ
ASEAN Summit | ||||||||
အဖွဲ့ဝင်နိုင်ငံ | ကိုယ်စားလှယ် | အဖွဲ့ဝင်နိုင်ငံ | ကိုယ်စားလှယ် | အဖွဲ့ဝင်နိုင်ငံ | ကိုယ်စားလှယ် | |||
အရှေ့တောင်အာရှနိုင်ငံများအသင်း | အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn ( ကမ္ဘောဒီးယား) |
– ဘရူနိုင်းဒါရုစလမ်နိုင်ငံ |
ဆူတန် ဟန်ဆာနယ် ဘိုကီးယက် |
– ကမ္ဘောဒီးယားဘုရင့်နိုင်ငံ |
ဝန်ကြီးချုပ် ဟွန်မာနက် | |||
– အင်ဒိုနီးရှားသမ္မတနိုင်ငံ |
သမ္မတ ဂျိုကို ဝီဒိုဒို |
– လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ |
ဝန်ကြီးချုပ် Sonexay Siphandone |
– မလေးရှားဖက်ဒရယ်နိုင်ငံ |
ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် | |||
– ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် |
ဝန်ကြီးချုပ် မင်းအောင်လှိုင် |
– ဖိလစ်ပိုင်သမ္မတနိုင်ငံ |
သမ္မတ ဘွန်ဘွန်မားကို့စ် |
– စင်ကာပူသမ္မတနိုင်ငံ |
ဝန်ကြီးချုပ် လီရှန်လုံး | |||
– ထိုင်းဘုရင့်နိုင်ငံ |
ဝန်ကြီးချုပ် ဆေထာ ထဝီဆင် |
– ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ |
ဝန်ကြီးချုပ် ဖန်မင့်ချင် |
ကျင်းပခဲ့သည့်အစည်းအဝေးပွဲများ
[ပြင်ဆင်ရန်]အကြိမ် | နေ့စွဲ | နိုင်ငံ | ကျင်းပရာမြို့(များ) | ဥက္ကဋ္ဌ |
---|---|---|---|---|
၁ | ၂၃-၂၄ ဖေဖော်ဝါရီ ၁၉၇၆ | အင်ဒိုနီးရှား | ဘာလီမြို့ | သမ္မတ ဆူဟာတို |
၂ | ၄-၅ ဩဂုတ် ၁၉၇၇ | မလေးရှား | ကွာလာလမ်ပူမြို့ | ဝန်ကြီးချုပ် ဟူစိန်ဟွန်း |
၃ | ၁၄-၁၅ ဒီဇင်ဘာ ၁၉၈၇ | ဖိလစ်ပိုင် | မနီလာမြို့တော် | သမ္မတ အာကီနို |
၄ | ၂၇-၂၉ ဇန်နဝါရီ ၁၉၉၂ | စင်ကာပူ | စင်ကာပူ | ဝန်ကြီးချုပ် ဂိုချုပ်တောင် |
၅ | ၁၄-၁၅ ဒီဇင်ဘာ ၁၉၉၅ | ထိုင်း | ဘန်ကောက်မြို့ | ဝန်ကြီးချုပ် ဘန်ဟန် ဆီပါအာချာ |
၆ | ၁၅-၁၆ ဒီဇင်ဘာ ၁၉၉၈ | ဗီယက်နမ် | ဟနွိုင်းမြို့ | ဝန်ကြီးချုပ် ဖန်ဗန်ခိုင် |
၇ | ၅-၆ နိုဝင်ဘာ ၂၀၀၁ | ဘရူနိုင်း | ဘန်ဒါဆရီဘဂါဝမ်မြို့ | ဆူတန် ဟန်ဆာနယ် ဘိုကီယာ |
၈ | ၄-၅ နိုဝင်ဘာ ၂၀၀၂ | ကမ္ဘောဒီးယား | ဖနွမ်းပင်မြို့ | ဝန်ကြီးချုပ် ဟွန်ဆန် |
၉ | ၇-၈ အောက်တိုဘာ ၂၀၀၃ | အင်ဒိုနီးရှား | ဘာလီမြို့ | သမ္မတ မဂ္ဂဝတီ ဆူခါနော်ပူထရီ |
၁၀ | ၂၉-၃၀ နိုဝင်ဘာ ၂၀၀၄ | လာအို | ဗီယင်ကျန်းမြို့ | ဝန်ကြီးချုပ် ဘိုဟန် ဗော်ရာချစ် |
၁၁ | ၁၂-၁၄ ဒီဇင်ဘာ ၂၀၀၅ | မလေးရှား | ကွာလာလမ်ပူမြို့ | ဝန်ကြီးချုပ် အဗူဒေါ အမတ် ဘော်ဒဝီ |
၁၂ | ၁၁-၁၄ ဇန်နဝါရီ ၂၀၀၇1 | ဖိလစ်ပိုင်2 | မန်ဒေါင်း | သမ္မတ ဂလော်ရီယာ မကာပယ်ကယ် အာရိုယို |
၁၃ | ၁၈-၂၂ နိုဝင်ဘာ ၂၀၀၇ | စင်ကာပူ | စင်ကာပူမြို့ | ဝန်ကြီးချုပ် လီရှန်လုံး |
၁၄3 | ၂၇ ဖေဖော်ဝါရီ- ၁ မတ် ၂၀၀၉ | ထိုင်း | ချမ်အမ်းမြို့ & ဟွာဟင်းမြို့ | ဝန်ကြီးချုပ် အဘီစစ် ဝိဇ္ဇာဇီဝ |
၁၀-၁၁ ဧပြီ ၂၀၀၉ | ပတ္တယားမြို့ | |||
၁၅ | ၁၃-၂၅ အောက်တိုဘာ ၂၀၁၀ | ချမ်အမ်းမြို့ & ဟွာဟင်းမြို့ | ||
၁၆ | ၈-၉ ဧပြီ ၂၀၁၀ | ဗီယက်နမ် | ဟနွိုင်းမြို့ | ဝန်ကြီးချုပ် ငုယင်တန်ဒန်း |
၁၇ | ၂၈-၃၁ အောက်တိုဘာ ၂၀၁၀ | |||
၁၈ | ၇-၈ မေ ၂၀၁၁ | အင်ဒိုနီးရှား4 | ဂျကာတာမြို့ | သမ္မတ ဆူဆီလို ဘမ်ဘန် ယော့ဟွိုင်နို |
၁၉ | ၁၄- ၁၉ နိုဝင်ဘာ ၂၀၁၁ | ဘာလီမြို့ | ||
၂၀ | ၃-၄ ဧပြီ ၂၀၁၂ | ကမ္ဘောဒီးယား | ဖနွမ်းပင်မြို့ | ဝန်ကြီးချုပ် ဟွန်ဆန် |
၂၁ | ၁၇-၂၀ နိုဝင်ဘာ ၂၀၁၂ | |||
၂၂ | ၂၄-၁၅ ဧပြီ ၂၀၁၃ | ဘရူနိုင်း | ဘန်ဒါဆရီဘဂါဝမ်မြို့ | ဆူတန် ဟန်ဆာနယ် ဘိုကီယာ |
၂၃ | ၉-၁၀ အောက်တိုဘာ ၂၀၁၃ | |||
၂၄ | ၁၀-၁၁ မေ ၂၀၁၄ | မြန်မာ | နေပြည်တော်မြို့ | သမ္မတ ဦးသိန်းစိန် |
၂၅ | ၁၀-၁၂ နိုဝင်ဘာ ၂၀၁၄ | |||
၂၆ | ၂၆-၂၇ ဧပြီ ၂၀၁၅ | မလေးရှား | ကွာလာလမ်ပူမြို့ & လမ်ကဝီမြို့ | ဝန်ကြီးချုပ် နာဂျစ် ရာဇက် |
၂၇ | ၁၈-၂၂ နိုဝင်ဘာ ၂၀၁၅ | ကွာလာလမ်ပူမြို့ | ||
၂၈ | ၆-၈ စက်တင်ဘာ ၂၀၁၆ | လာအို | ဗီယင်ကျန်းမြို့ | ဝန်ကြီးချုပ် သွန်လွန် ဆီဆိုလစ် |
၂၉ | ||||
၃၀ | ၂၈-၂၉ ဧပြီ ၂၀၁၇ | ဖိလစ်ပိုင် | ပါစီ | သမ္မတ ရော်ဒရီဂို ဒူတာတေး |
၃၁ | ၁၀- ၁၄ နိုဝင်ဘာ ၂၀၁၇ | |||
၃၂ | ၂၅-၂၈ ဧပြီ ၂၀၁၈ | စင်ကာပူ | စင်ကာပူမြို့ | ဝန်ကြီးချုပ် လီရှန်လုံး |
၃၃ | ၁၁-၁၅ နိုဝင်ဘာ ၂၀၁၈ | |||
၃၄ | ၂၀-၂၃ ဇွန် ၂၀၁၉ | ထိုင်း | ဘန်ကောက်မြို့ | ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ |
၃၅ | ၃၁ အောက်တိုဘာ- ၄ နိုဝင်ဘာ ၂၀၁၉ | |||
၃၆ | ၂၆ ဇွန် ၂၀၂၀ | ဗီယက်နမ် | ဟနွိုင်းမြို့⁵ | ဝန်ကြီးချုပ်
ငုယင်စွမ်းဖု |
၃၇ | ၁၁ - ၁၅ နိုဝင်ဘာ ၂၀၂၀ | |||
၃၈⁶ | ၂၆ - ၂၈ အောက်တိုဘာ ၂၀၂၁ | ဘရူနိုင်း | ဘန်ဒါဆရီဘဂါဝမ်မြို့ | ဆူတန် ဟန်ဆာနယ် ဘိုကီယာ |
၃၉ | ||||
၄၀⁶ | ၁၀ - ၁၃ နိုဝင်ဘာ ၂၀၂၂ | ကမ္ဘောဒီးယား | ဖနွမ်းပင်မြို့ | ဝန်ကြီးချုပ် ဟွန်ဆန် |
၄၁ | ||||
၄၂⁷ | ၉ - ၁၁ မေ ၂၀၂၃ | အင်ဒိုနီးရှား | လဘန်းဘာဂျိုမြို့ | သမ္မတ ဂျိုကို ဝီဒိုဒို |
၄၃ | ၅ -၇ စက်တင်ဘာ ၂၀၂၃ | |||
၄၄ | ၂၀၂၄ | လာအို | ||
၄၅ | ၂၀၂၄ | |||
1 မူလက ၁၀-၁၄ ဒီဇင်ဘာ ၂၀၀၆တွင် ကျင်းပရန်စီစဉ်ထားသော်လည်း တိုင်ဖွန်းမုန်တိုင်းကြောင့် ရက်ရွှေ့လိုက်ရသည်။ | ||||
2 မူလက အလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာကို ရွေးချယ်ထားသော်လည်း အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ကြီးမားသည့် ဖိအားများကြောင့် ဖိလစ်ပိုင်မှ အလှည့်ကျော်ခဲ့သည်။ | ||||
3ထိပ်သီးအစည်းအဝေးမှာ အပိုင်း၂ပိုင်းခွဲ၍ ကျင်းပခဲ့သည်။ပထမအပိုင်းကို ၂၀၀၈ထိုင်းနိုင်ငံရေးအကျပ်အတည်းများကြောင့် ၁၂-၁၇ ဒီဇင်ဘာ ၂၀၀၈မှ ရက်ရွှေ့ခဲ့သည်။ဆန္ဒပြသူများမှာ အစည်းအဝေးကျင်းပရာနေရာအထိ ဝင်ရောက်လာသဖြင့် ဒုတိယအပိုင်းကိုဧပြီလ ၁၁ရက်နေ့တွင် ဖျက်သိမ်းလိုက်ရသည်။ | ||||
4အင်ဒိုနီးရှားသည် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေး၊ ဂျီ-၂၀ ထိပ်သီးအစည်းအဝေးတို့နှင့်အတူ အာဆီယံထိပ်သီးအစည်းအဝေးကိုပါကျင်းပရန်အတွက် ဘရူနိုင်းနိုင်ငံနှင့် ကျင်းပရန်အလှည့် လဲလှယ်ခဲ့သည်။သို့သော် နောက်ပိုင်းတွင် ဂျီ-၂၀အစည်းအဝေးကို ရုရှားမှ ကျင်းပခွင့်ရခဲ့သည်။ | ||||
5ကိုရိုနာဗိုင်းရပ်စ်ကြောင့် အစည်းအဝေးကို video conferencing စနစ်ဖြင့်သာ ကျင်းပခဲ့သည်။ | ||||
6၂၀၂၁ အာဏာသိမ်းမှုကြောင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အစည်းအဝေးသို့ ဖိတ်ကြားခြင်းမရှိပဲ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ချုပ်တစ်ဦးကိုသာ ဖိတ်ကြားခဲ့သည်။ သို့သော် မြန်မာအစိုးရဘက်မှ ရာထူးအဆင့်တူပုဂ္ဂိုလ်သာ တက်ရောက်ရန် ဆန္ဒရှိသဖြင့် အစည်းအဝေးသို့ မြန်မာနိုင်ငံမှ တက်ရောက်ခြင်းမရှိပေ။[၂] | ||||
7မြန်မာနိုင်ငံဘက်မှ မည်သူမျှမတက်ရောက်ခဲ့။ ၂၀၂၃ခုနှစ် မေလအတွင်း ရွေးကောက်ပွဲကျင်းပရန်ရှိသည့် ထိုင်းနိုင်ငံဘက်ကလည်း ဝန်ကြီးချုပ် တက်ရောက်ခြင်းမရှိခဲ့ပေ။ |
ဘန်ကောက်မြို့တွင်ကျင်းပသော ၅ကြိမ်မြောက်အစည်းအဝေးမှစတင်၍ ပုံမှန်အစည်းအဝေးများအတွင်း ပုံမှန်မဟုတ်သည့်အစည်းအဝေးများပါကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။
ASEAN Informal Summits | ||||
---|---|---|---|---|
No | Date | Country | Host | Host leader |
၁ | ၃၀ နိုဝင်ဘာ ၁၉၉၆ | အင်ဒိုနီးရှား | ဂျကာတာမြို့ | သမ္မတ ဆူဟာတို |
၂ | ၁၄ - ၁၆ ဒီဇင်ဘာ ၁၉၉၇ | မလေးရှား | ကွာလာလမ်ပူမြို့ | ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် |
၃ | ၂၇ - ၂၈ နိုဝင်ဘာ ၁၉၉၉ | ဖိလစ်ပိုင် | ပါစီမြို့ | သမ္မတ ဂျိုးဇက် အက်ထရာဒါ |
၄ | ၂၂ - ၂၅ နိုဝင်ဘာ ၂၀၀၀ | စင်ကာပူ | စင်ကာပူ | ဝန်ကြီးချုပ် ဂိုချုပ်တောင် |
# | Dates | Country | City |
---|---|---|---|
၁ | ၄ - ၇ ဖေဖော်ဝါရီ ၂၀၁၅ | အင်ဒိုနီးရှား | Batam |
အာဆီယံအပေါင်း အစည်းအဝေးများ
[ပြင်ဆင်ရန်]အာဆီယံ အပေါင်း ၃ အစည်းအဝေးအဖြစ် အာဆီယံနှင့် ရည်မှန်းချက်တူနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့နှင့်လည်း (တွေ့ဆုံဆွေးနွေးရေးမိတ်ဖက်နိုင်ငံ) နှစ်စဉ်ကျင်းပသည်။
- အာဆီယံခေါင်းဆောင်များသည် ဒေသတွင်းအဖွဲ့အစည်း အစည်းအဝေး ကျင်းပခြင်း
- အာဆီယံဒေသတွင်းဖိုရမ်များကို နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ ကျင်းပခြင်း
- တွေ့ဆုံဆွေးနွေးရေး မိတ်ဖက်နိုင်ငံ ၃နိုင်ငံမှ ခေါင်းဆောင်များနှင့် ဆွေးနွေးခြင်း
- နောက်ထပ် တွေ့ဆုံဆွေးနွေးရေး မိတ်ဖက်နိုင်ငံ ၂ နိုင်ငံ (ဩစတေးလျ၊ နယူးဇီလန်) တို့နှင့် ကျင်းပခြင်း