မာတိကာသို့ ခုန်သွားရန်

မြင့်၊ ဦး (ဒေါက်တာ)

ဝီကီပီးဒီးယား မှ
ဦးမြင့်
နိုင်ငံတော် သမ္မတရုံး စီးပွားရေးအကြံပေး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၉ ဧပြီ ၂၀၁၁
ဦးတင်လှဘိုနှင့် ဦးအောင်ထွန်းသက်
ယခင်လူရာထူးစတင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၃၈ (အသက် ၈၆၈၇)
လူမျိုးမြန်မာ
နေထိုင်ရာရန်ကုန်မြို့မြန်မာနိုင်ငံ
မိခင်ကျောင်းရန်ကုန်တက္ကသိုလ် (B.A.)
Cornell University (M.A.)
University of California, Berkeley (Ph.D)
အလုပ်အကိုင်စီးပွားရေး ပညာရှင်
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ[]

ဒေါက်တာ ဦးမြင့် သည် မြန်မာနိုင်ငံသား စီးပွားရေး ပညာရှင် တစ်ဦးဖြစ်သည်။ ၁၉၃၈ ခုနှစ်တွင် ရန်ကုန်တိုင်း သုံးခွမြို့နယ်၌ မွေးဖွားခဲ့သည်။

ရန်ကုန်တက္ကသိုလ်မှ BA (အင်္ဂလိပ်စာပေ၊ နိုင်ငံရေးသိပ္ပံနှင့် ဘောဂဗေဒ) ဘွဲ့ကို လည်းကောင်း၊ ကောနဲလ်တက္ကသိုလ်မှ MA (ဘောဂဗေဒ) ဘွဲ့ကို လည်းကောင်း၊ အမေရိကန် ပြည်ထောင်စု ဘာကလေရှိ ကာလီဖိုးနီးယား တက္ကသိုလ်မှ PhD (ဘောဂဗေဒ) ကို လည်းကောင်း အသီးသီး ရရှိခဲ့သည်။ ရန်ကုန် စီးပွားရေး တက္ကသိုလ် သုတေသန လုပ်ငန်းဌာနတွင် လည်းကောင်း၊ ဘောဂဗေဒ ဌာနတွင် ကထိက အဖြစ် လည်းကောင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ် ဘောဂဗေဒ ဌာနတွင် ကထိက၊ ဌာနမှူး အဖြစ် လည်းကောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန စီးပွားရေး ဌာနခွဲတွင် ညွှန်ကြားရေးမှူး အဖြစ် လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့သည်။

ကုလသမဂ္ဂ အဖွဲ့ကြီးတွင် ဝန်ထမ်း အဖြစ် လည်းကောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အခြေစိုက်သည့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (အာရှနှင့် ပစိဖိတ်ဒေသ) ၏ ဖွံ့ဖြိုးမှု အနည်းဆုံးသော နိုင်ငံများ၏ သုတေသနနှင့် ဖွံ့ဖြိုးရေး မူဝါဒများ လေ့လာဆန်းစစ်ရေး ဌာနခွဲမှူး အဖြစ် လည်းကောင်း၊ အထက်တန်း စီးပွားရေး ပညာရှင် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ စီးပွားရေး သုတေသန စာတမ်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ဆွေးနွေးပွဲများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ အတွက် အထောက်အကူပြု စာတမ်းများ၊ အာရှနှင့် ပစိဖိတ်ဒေသ၏ စီးပွားရေးနှင့် လူမှုရေး စစ်တမ်း စာစောင်များ ပြုစု ရေးသားခဲ့သည်။ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အဖွဲ့တွင် အဖွဲ့ဝင် တဦး ဖြစ်ပြီး၊ ပြည်တွင်း စီးပွားရေးကဏ္ဍနှင့် စပ်လျဉ်း၍ ဟောပြော ဆွေးနွေး ပို့ချမှုများနှင့် အကြံဉာဏ်ပေးမှုများ ဆောင်ရွက်လျက်ရှိသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Htet Aung။ "A Game of Cat and Mouse"၊ The Irrawaddy၊ February 2010 28 March 2012 တွင် ပြန်စစ်ပြီး Archived from the original on 23 January 2011။
  2. Living Color ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန် စီးပွားရေးသတင်း မဂ္ဂဇင်း၊ No. 164, March, 2009