မင်းသူ (ဝန်ကြီး)
မင်းသူ | |
---|---|
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဝန်ကြီး | |
တာဝန်သက်တမ်း ၂၉ နိုဝင်ဘာ ၂၀၁၈ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
ယခင်လူ | ဦးသောင်းထွန်း |
ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် |
သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး | |
တာဝန်သက်တမ်း ၁၂ ဒီဇင်ဘာ ၂၀၁၆ – ၂၉ နိုဝင်ဘာ ၂၀၁၈ | |
ဝန်ကြီး | ဒေါ်အောင်ဆန်းစုကြည် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | တောင်ကြီးမြို့၊ ရှမ်းပြည်နယ် | နိုဝင်ဘာ ၈၊ ၁၉၅၆
လူမျိုး | မြန်မာ |
ကြင်ဖော်(များ) | ဒေါ်လွင်မေသိန်း |
သားသမီး | ၂ |
မိခင်ကျောင်း | စစ်တက္ကသိုလ် |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
ရာထူး | ဗိုလ်မှူးကြီး |
ဦးမင်းသူသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ဝန်ကြီးဟောင်းတစ်ယောက်ဖြစ်သည်။သမ္မတရုံး ဒုဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသေးသည်။
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]ဦးမင်းသူကို တောင်ကြီးမြို့တွင် မွေးဖွားခဲ့သည်။စစ်တက္ကသိုလ်အပတ်စဉ် (၂၀)မှဖြစ်ကာ သိပ္ပံဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေး)တို့ကို ရရှိခဲ့သည်။[၁]
အလုပ်အကိုင်
[ပြင်ဆင်ရန်]တပ်မတော်နှင့် အဲပုဂံ
[ပြင်ဆင်ရန်]စစ်တက္ကသိုလ်မှဆင်းပြီးနောက် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ဆုံးတွင် မြိတ်လေတပ်စခန်းဌာနချုပ်၏ ဒုတိယဌာနချုပ်မှူးဘဝဖြင့် အငြိမ်းစားယူခဲ့သည်။ ထို့နောက်တွင် အဲပုဂံလေကြောင်းလိုင်းတွင် လုပ်ကိုင်ခဲ့သည်။
အစိုးရအဖွဲ့ရာထူးများ
[ပြင်ဆင်ရန်]၂၀၁၆တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် မိသားစုချင်းနီးစပ်မှုအရ နေပြည်တော်ကောင်စီဝင်ဖြစ်လာခဲ့သည်။[၂]၂၀၁၆ ဒီဇင်ဘာလ ၁၂ရက်နေ့တွင် သမ္မတရုံးဝန်ကြီးဌာန၏ ဒုဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ လက်အောက်တွင် လုပ်ကိုင်ခဲ့သည်။[၃]၂၀၁၈ခုနှစ် နိုဝင်ဘာ ၁၉ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်းကို ဝန်ကြီးဌာနအသစ်သို့ ပြောင်းလဲကိုင်တွယ်စေပြီးနောက် နိုဝင်ဘာ ၂၉ရက်နေ့တွင် ဦးမင်းသူကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ဦးမင်းသူအား ဝန်ကြီးနှင့် ဒုဝန်ကြီးများ ခန့်အပ်ခဲ့ခြင်းအပေါ်တွင် ဝေဖန်ခံခဲ့ရသည်။စစ်တပ်မှ အငြိမ်းစားတစ်ယောက်အား အရပ်သားအစိုးရအဖွဲ့တွင် နေရာပေးခြင်းကို နိုင်ငံရေးအသိုင်းအဝိုင်းမှ ဝေဖန်ခဲ့ကြသည်။[၄]
၂၀၁၈ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ပြည်ထဲရေးလက်အောက်မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုအချိန်မှစ၍ ဦးမင်းသူမှာ ထွေအုပ်ဝန်ကြီးအဖြစ် ပြည်သူများအကြား သိရှိလာခဲ့သည်။ စစ်တပ်မှ အငြိမ်းစားယူထားသော ပြည်ထဲရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်ကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ဒုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့သဖြင့် ဝန်ကြီးသာမက ဒုဝန်ကြီးကပါ တပ်မတော်နှင့် ပက်သက်ခဲ့သူများဖြစ်နေသည်။ ထို့ကြောင့် နိုင်ငံရေးအသိုင်းအဝိုင်းတွင် ဝေဖန်ခဲ့ကြပြန်သည်။
၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်ရပ်များ
[ပြင်ဆင်ရန်]၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် စစ်အာဏာသိမ်းခံရပြီးနောက် ဦးမင်းသူသည် နေအိမ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။[၂]ထိုနေ့တွင်ပင် ဦးမင်းသူက ၎င်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတောအတွင်း အားလုံးကို ကျေးဇူးတင်ပါကြောင်း ၎င်း၏လူမှုကွန်ယက်မှတစ်ဆင့် ပြောကြားခဲ့သည်။ ထို့နောက် အာဏာသိမ်းစစ်ကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ဦးမင်းသူ၏ ဝန်ကြီးနေရာအား ဆက်ခံစေခဲ့သည်။
စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီး တစ်နှစ်နီးပါးအကြာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ၎င်းအား ၂၀၂၂ခုနှစ် ဇန်နဝါရီ ၂၅ရက်တွင် အမှုဖွင့်သည်။[၅][၆] ယင်းအမှုဖြင့် ထောင် ၃နှစ် ချသည်။ ထို့အပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရအောင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဆိုပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-ကဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်တရားစွဲပြန်သည်။“အပြစ်မရှိကြောင်း” ငြင်းဆိုခဲ့သော်လည်း ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂ရက်တွင် ထိုအမှုဖြင့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တွဲဖက်တရားသူကြီး ဦးမောင်မောင်ခင်က ၎င်းအား ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့နှင့်အတူ ထောင်ဒဏ် သုံးနှစ်ချသည်။[၇] အမှုအယူခံများလည်း ပယ်ချခံရသည်။ [၈]
၂၀၂၂ ဒီဇင်ဘာ ၁၃ရက်တွင် ဦးမင်းသူသည် ဦးဝင်းမြင့်၊ဒေါ်အောင်ဆန်းစုကြည် တို့စွပ်စွဲခံရသည့် ရဟတ်ယာဉ်ဝယ်ယူ၊ငှားရမ်းသည့် အမှုကိစ္စအပေါ် စွပ်စွဲခံရသူများဘက်က သက်သေထွက်ချက်ပေးသည်။ [၉]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "စစ်ဘက် အရာရှိဟောင်း ဦးမင်းသူ အစိုးရအဖွဲ့ရုံး ဝန်ကြီး ဖြစ်လာရန်ရှိ"။
- ↑ ၂.၀ ၂.၁ "ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် အစိုးရအဖွဲ့ ရုံး ဝန်ကြီး ဖြစ်လာ"။
- ↑ "သမ္မတရုံး ဝန်ကြီးဌာန နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနများတွင် ဒုတိယ ဝန်ကြီးများ ခန့်အပ်"။
- ↑ "ဝန်ကြီးဌာန အပြောင်းအလဲမှာ ထွေအုပ် အလုပ်ဖြစ်မှာလား"။
- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ။ ACCM (၂၅ ဇန်နဝါရီ ၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ NLDအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူ အဂတိဖြင့် အမှုဖွင့်ခံရ။ ဧရာဝတီ (၂၆ ဇန်နဝါရီ ၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ထောင်ဒဏ် ၃ နှစ်စီ ထပ်မံချမှတ်။ Mizzima News (၂ စက်တင်ဘာ ၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ NLD အစိုးရအဖွဲ့ဝင်တွေရဲ့ အယူခံ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ပယ်ချ။ RFA (၁၆ နိုဝင်ဘာ ၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ရဟတ်ယာဉ်အမှုအတွက်သက်သေ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို စစ်ဆေး။ DVB (၁၃ ဒီဇင်ဘာ ၂၀၂၂)။ 14 December 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။