ရှမ်းလူမျိုး
ရှမ်းအမျိုးသားအလံ | |
ရှမ်းအမျိုးသမီးတစ်ဦး | |
| လူဦးရေ စုစုပေါင်း | |
|---|---|
| ၅ သန်းခန့် (ခန့်မှန်း)[၁][၂] | |
| အများစု နေထိုင်သည့် နေရာ | |
(အဓိကအားဖြင့် | ၅ သန်း [မှတ်စု ၁][၂] |
| ဘာသာစကား | |
| ရှမ်း၊ မြန်မာ၊ မြောက်ပိုင်းထိုင်း၊ ထိုင်း | |
| ကိုးကွယ်မှု | |
| ထေရဝါဒ ဗုဒ္ဓဘာသာ၊ ရှမ်းရိုးရာကိုးကွယ်မှုနှင့် ခရစ်ယာန်ဘာသာ | |
| ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
| တိုင်းအာဟုမ်၊ ရှမ်းတရုတ်၊ တိုင်လူမျိုး၊ တိုင်းလာအို၊ တိုင်းထိုင်း | |
ရှမ်းလူမျိုး (ရှမ်း: တႆး; ရှမ်းအသံထွက်: [táj], [ʃán lùmjó]) သည် အရှေ့တောင်အာရှဒေသတွင် နေထိုင်ကြသည့် ခရာ-ဒိုင် အုပ်စုဝင် တိုင်လူမျိုးနွယ် တစ်စုဖြစ်သည်။ ရှမ်းလူမျိုးများသည် မြန်မာနိုင်ငံရှိ လူမျိုးစုကြီးတစ်ခုဖြစ်ပြီး[၃] အဓိကအားဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် နေထိုင်ကြကာ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေထိုင်ကြသလို တရုတ်နိုင်ငံ ၊ လာအိုနိုင်ငံ၊ အာသံပြည်နယ် နှင့် မေဃာလယ ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့နှင့် ထိစပ်လျက်ရှိသော ဒေသများတွင်လည်း နေထိုင်ကြသည်။[၄] ရှမ်းလူမျိုး အရေအတွက်ကို ၄ သန်းမှ ၆ သန်းအထိ ရှိလိမ့်မည်ဟု ခန့်မှန်းထားပြီး[၁][၂] မြန်မာတစ်နိုင်ငံလုံး လူဦးရေစုစုပေါင်း၏ ၁၀% ခန့် ဖြစ်သည်။[၃][၅]
အမည်ရင်းမြစ်
[ပြင်ဆင်ရန်]ရှမ်းတို့သည် မိမိကိုယ်ကို တိုင်း (တႆး) ဟု ရည်ညွှန်းကြပြီး ယင်းအား တရုတ်ဘာသာစကားတွင်လည်း အသုံးပြုသည်။(တရုတ်: 傣族; ပင်ယင်: Dǎizú).[၆] ရှမ်း သည် မြန်မာဘာသာစကားမှ အခေါ်အဝေါ်ဖြစ်ပြီး၊ ထိုင်းနိုင်ငံ၏ ရှေးအမည် Siam မှ တဆင့်ဆင်းသက်လာသော သျှမ်း ဟူသည့် စာလုံးပေါင်းကို ယခင်က သုံးစွဲခဲ့သည်။ အဆိုပါဝေါဟာရအား တရုတ်ဘာသာစကားတွင်လည်း (တရုတ်: 掸族; ပင်ယင်: Shànzú) အဖြစ် မွေးစားအသုံးပြုထားသည်။ ထိုင်းဘာသာစကားတွင် ရှမ်းတို့အား Tai Yai (ไทใหญ่, lit. 'ရှမ်းကြီး')[၇] သို့မဟုတ် တိုင်းယွန်းဘာသာစကားဖြင့် Ngiao (ထိုင်း: เงี้ยว) ဟု ခေါ်ကြသည်။ ရှမ်းကို ပအိုဝ်း: ဖြဝ်ꩻ, အနောက်ပိုးကရင်: ၥဲၫ့, နှင့် မွန် သေံဇၞော် (sem) ဟူ၍ ခေါ်ဆိုကြသည်။[၈]
'ရှမ်း' ဟူသော ဝေါဟာရသည် မြန်မာနိုင်ငံတွင်းရှိ တိုင်း စကားပြောသူများအားလုံး၏ ယေဘုယျ အသုံးအနှုန်း ဖြစ်သည်။ ရှမ်းပြည်နယ်၏ မြို့တော်မှာ တောင်ကြီးမြို့ ဖြစ်ပြီး လူဦးရေ ၃၉၀,၀၀၀ ခန့်ရှိကာ မြန်မာနိုင်ငံ၏ ပဉ္စမမြောက် အကြီးဆုံးမြို့ ဖြစ်သည်။ ရှမ်းပြည်နယ်တွင်းရှိ အခြားထင်ရှားသော မြို့များမှာ သီပေါမြို့၊ လားရှိုးမြို့၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့ ဖြစ်သည်။
နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
[ပြင်ဆင်ရန်]ရှမ်းလူမျိုးသည် ခရာ-ဒိုင် ဘာသာစကားအုပ်စုအတွင်းပါဝင်သည့် တိုင်လူမျိုးများဖြစ်ပြီး၊ နန်ကျောက် နိုင်ငံတော်၏ နယ်မြေများအတွင်းနေထိုင်ခဲ့သူများဖြစ်သည်ဟုယူဆနိုင်သည်။နန်ကျောက်နိုင်ငံ (ယခုတရုတ်ပြည် ယူနန်ပြည်နယ် တာလီဒေသ) သည် အေဒီ ၉ ရာစုတွင် ထန်မင်းဆက်၏ တန်ခိုးတိုးတက်လာမှုအောက်တွင် တဖြည်းဖြည်းအင်အားလျော့သွားခဲ့သည်။ ထိုသို့သော် နန်ကျောက်နိုင်ငံသည် ထန်မင်းဆက် ပြိုကွဲပြီးနောက်တွင်ပင် စုန်မင်းဆက် လက်ထက်အထိ တည်ရှိနေနိုင်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများ၌ တွေ့ရသည်။[၉]

အေဒီ ၁၃ ရာစုတွင် မွန်ဂိုအင်ပါယာ (ယွမ်းမင်းဆက်) တရုတ်နိုင်ငံကို သိမ်းပိုက်ရာမှ နန်ကျောက်တွင်နေထိုင်သော တိဗက်-ဗမာနှင့် တိုင်လူမျိုးများသည် အနောက်နှင့် တောင်ဘက်သို့ ထွက်ပြေးလာခဲ့ကြသည်။ ထိုလှုပ်ရှားမှုများကြောင့် တိုင်လူမျိုးအဖွဲ့များသည် အရှေ့တောင်အာရှတွင် ပျံ့နှံ့လာကြပြီး၊ ထိုအုပ်စုများထဲမှ တစ်စိတ်တစ်ပိုင်းသည် ယနေ့ရှိ ရှမ်းလူမျိုးအဖြစ် ပေါ်ပေါက်လာခဲ့သည်ဟု သုတေသနများတွင် ယူဆကြသည်။[၁၀]ရှမ်းလူမျိုးများသည် တောင်တန်းဒေသများတွင် အခြေချနေထိုင်သည့်အတွက်ဒေသအလိုက် လူမျိုးစုငယ်များအဖြစ် ကွဲပြားသွားကြပြီး၊ ယဉ်ကျေးမှုနှင့် ဘာသာစကားအနည်းငယ်စီ ကွာခြားလာခဲ့သည်။ သို့သော် မူလတိုင်အုပ်စု၏ ဓလေ့များကို ယနေ့အထိ ထိန်းသိမ်းထားဆဲဖြစ်သည်။[၁၁]
မျိုးရိုးဗီဇ သမိုင်း
[ပြင်ဆင်ရန်]ရှမ်းလူမျိုးသည် ခရာ-ဒိုင်ဘာသာစကားအုပ်စုတွင်ပါဝင်သော တိုင်အုပ်စုဝင်ဖြစ်ပြီး တရုတ်တောင်ပိုင်းတွင်နေထိုင်သော ကျွမ့်တိုင်းရင်းသားများနှင့် မျိုးရိုးဗီဇဆိုင်ရာနီးစပ်မှုများရှိကြသည်။[၁၂] တရုတ်တောင်ပိုင်းဒေသမှ တိုင်းလူမျိုးအဖွဲ့များ အရှေ့တောင်အာရှကုန်းမသို့ ဝင်ရောက်အခြေချမှုများဖြင့် ရှမ်းလူမျိုးများပေါ်ပေါက်လာခဲ့သည်ဟု ယူဆနိုင်သည်။[၁၃] မျိုးရိုးဗီဇအချက်အလက်များအရ ရှမ်းလူမျိုးများ၏မျိုးရိုးဇ ထဲတွင် အဓိကအားဖြင့် ခရာ-ဒိုင် နှင့် တိဗက်-ဗမာ လူမျိုးများတွင် ပုံမှန်တွေ့ရသော Haplogroup များ တွေ့ရှိရသည်။Haplogroup များတွင် O1b1a1a (O-M95) သည် ရှမ်းလူမျိုး ၃၀% မှ ၄၀% တွင်တွေ့ရသော haplogroup ဖြစ်ပြီး[၁၄] အရှေ့တောင်အာရှ ဒေသအများစုတွင် တွေ့ရသော အဓိက Y-DNA haplogroup များထဲမှ တစ်ခုဖြစ်သည်။ ရှမ်းလူမျိုးများတွင် ဒုတိယအများဆုံးတွေ့ရသော haplogroup O2 (O-M122) သည် ခန့်မှန်းအားဖြင့် ၂၀% မှ ၃၀% အထိ တွေ့ရှိရပြီး တိဗက်–ဗမာ လူမျိုးများ၊ ဟန်တရုတ် လူမျိုးများနှင့် မျိုးရိုးဗီဇဆိုင်ရာ ဆက်နွယ်မှုရှိသည်ဟု သုတေသနများတွင် ဖော်ပြထားသည်။[၁၅]
ရှမ်းလူမျိုးများ၏ မျိုးရိုးဗီဇဖွဲ့စည်းပုံတွင် အဓိကအားဖြင့် ဩစထြိုအေးရှားတစ်–တိုင် အခြေခံမျိုးရိုး ပါဝင်နေပြီး ခန့်မှန်းအားဖြင့် ၄၀–၅၀% ခန့်ရှိသည်ဟု ယူဆကြသည်။ ထို့အပြင် ဟန်တရုတ် နှင့် ဗမာ မျိုးရိုးကဲ့သို့ အရှေ့အာရှ မျိုးရိုး စိတ်အပိုင်းကိုလည်း ၂၅–၃၀% ခန့် တွေ့ရှိရသည်ဟု မျိုးရိုးဗီဇ လေ့လာမှုများတွင် ဖော်ပြထားသည်။[၁၆]
ရှမ်းဝေါဟာရ ရှင်းလင်းချက်
[ပြင်ဆင်ရန်]ရှမ်း ဟူသောအမည်သည် အခြားလူမျိုးတို့က ရှမ်းလူမျိုးတို့ကို ခေါ်ဝေါ်သော ဝေါဟာရဖြစ်သည်။ ရှမ်းလူမျိုးတို့ကမူ မိမိကိုယ်ကို တိုင်း(Tai) ဟု ခေါ်ကြသည်။ ရှမ်း(ခေါ်) တိုင်း၏ အဓိပ္ပာယ်နှင့် ပတ်သက်၍ အမျိုးမျိုး ဖွင့်ဆိုထားကြောင်း တွေ့ရသည်။ ရှေးမြန်မာကျောက်စာတို့တွင် သျမ် (သို့မဟုတ်) သျံ ဟု ရေးသားကြသည်။ ဤဝေါဟာရသည် အာသံ(အရှမ်း)၊ အဟွမ်၊ သယာမ်၊ စိအန်(သို့မဟုတ်) စိအန်လို ဟူသော ဝေါဟာရနှင့် ထပ်တူဖြစ်သည်။ ရှေးအကျဆုံးအမည်မှာ လောဝ် (သို့မဟုတ်) အိုက်လောဝ် ဖြစ်ဟန်တူသည်။[၁၇]
ရှမ်းဟူသော ဝေါဟာရသည် ထို သာမ ဟူသော ပါဠိမှ သျာမ၊ ၎င်း သျာမ မှ တစ်ဆင့် သျာမ်> သျံ> သျှံး> သျှမ်း> ရှမ်း ဟု ရေးသားကြသည်ကို တွေ့ရသည်။ ဤကဲ့သို့ မြန်မာမှု၌ (သ)အက္ခရာတွင် (ျ)ယပင့် (ှ)ဟထိုး (ာ)ရေးချ (မ)အက္ခရာသတ်နှင့် သျှာမ်း ဟု အရေးအသား ပြုလာခဲ့ကြခြင်းများသည် သက္ကတအလိုဖြစ်၍ သဒ္ဒါမျိုး ဖြစ်၍ သာလွန်သင့်လျော် ကောင်းမြတ်သော ရေးထုံးရေးနည်း တစ်ရပ်ဖြစ်ကြောင်းကို သိမှတ်ရာ၏။ သုဝဏ္ဏသာမ ကို သုဝဏ္ဏသျှာမ်> သုဝဏ္ဏသျှံ ဟု ရေူထုံးပြုသကဲ့သို့ သာမ ကိုလည်း သျှာမ်> သျှမ်း> သျှံ ဟု ရေးသားလာခဲ့ကြသည်။ [၁၈]
ရှေးဟောင်းမြန်မာကျောက်စာတို့တွင် အေဒီ ၁၁၂၀ ပြည့်နှစ်မှ စ၍ သျံ သျမ် ဟု တွေ့ရသည်။ ချမ်ကျောက်စာတို့တွင်မူ ရှမ်းအမည်ကို အေဒီ ၁၀၅၀ ပြည့်နှစ် မတိုင်မီက တွေ့ရသည်။[၁၉]
ရှမ်းလူမျိုးနှင့် ရှမ်းအခေါ်အဝေါ် ဝေါဟာရများကို ပုဂံကျောက်စာများတွင် မကြာ မကြာတွေ့ရသည်။ သျှာမ်း(ရှမ်း) လူမျိုးအကြောင်းကို (၁၁၂၀-အေဒီ)မှစ၍ အကြိမ် (၂၀)ထက်မနည်း ပုဂံကျောက်စာတွင် ဖော်ပြထားသည်။ [၂၀]
သျှာမ်း ဟူသော အမည်ပညတ်နှင့် စပ်လျဉ်း၍ ရှမ်းပြည် မြန်မာပြည် အကြောင်းကို ရေးသားခဲ့သော ဆာဂျော့စကော့ စသည့် ပုဂ္ဂိုလ်များက သျှာမ်းဟူသော အခေါ်အဝေါ်ကို မြန်မာလူမျိုးနှင့် အခြားလူမျိုးများက အသုံးပြုခေါ်ဝေါ်ကြသည်။ မည်သည့်အတွက်ကြောင့် အသုံးပြုသည်ဟူ၍ ခိုင်လုံသော အထောက်အထား မရှိဟု ဆိုသည်။ သို့သော် မစ္စတာတီရိရန်ဒီလာကိုပီရီ (Mr.Terrien de lacouperie) ကမူ The Cradle of Shan Race စာအုပ်၌ -
တရုတ်ပြည်တွင် Hia (ဟိရ)မင်းဆက်ကို ဖြိုဖျက်ခဲ့သော ကုန်သည်များ ဟူ၍ အဓိပ္ပာယ်ရှိသည့် Shang (ရှံ) လူမျိုးများမှ ရှမ်းလူမျိုးများနှင့် ဆက်သွယ်ကြကြောင်း၊ တရုတ်ပြည်အလယ်ပိုင်းတွင် နေထိုင်ခဲ့သော အရင်းမူလ တစ်မျိုးတည်း ဖြစ်ခဲ့သည့် တိုင်းရင်းသား လူမျိုးစုတို့၏ ဝေါဟာရများတွင် Tchang (ဆန်) Saing (ဆိုင်) Shen(ရှင်) Sien(စီရင်) အစရှိသော အမည်များနှင့် များစွာ တူညီသော အမည်များ တွေ့ရှိရကြောင်း ရေးသားထားသည်ကို တွေ့ရသည်။
၎င်း၏ အဆိုကို ကျနစွာစိစစ်ကြည့်လျှင် သျှာမ်း ဟူသော အမည်နာမသည် ကုန်သည်များဟူ၍ အဓိပ္ပာယ်ရသည့် Shang (ရှံ)မှ ဆင်းသက်လာသော အမည်များအနက် နောက်ဆုံးခေါ်တွင် ကျန်ရစ်ခဲ့သော အမည်ဖြစ်သည်ဟု မှတ်ယူဖွယ်ရာ ရှိပေသည်။ [၂၁] ဘီစီ ၁၁၂၂-ခုနှစ်တွင် တရုတ် (Shang) ဟု အမည်ရလာသည်ဟုလည်း ဆိုသည်။[၂၂]
၎င်းအပြင် မစ္စတာကော့ကရိန်း ရေးသားသော The Shans စာအုပ်တွင် လဝ နှင့် လွယ်လ တိုင်းရင်းသားများက ရှမ်းကို Shen(ရှံ) ဟု ခေါ်ကြောင်း၊ ကန်တုန်နီဘာသာအားဖြင့် Tsim(စင်မ်) ဟုခေါ်ကြောင်း ရေးသားထားသည်။ ။ [၂၃] ကချင်တိုင်းရင်းသားလည်း ရှမ်းကို Sam (ဆန်-မ်)ဟု ခေါ်သည်ကို တွေ့ရသည်။ တလိုင်းလူမျိုးများက ရှမ်းကို Seam(ဆိန်-မ်)ဟု ခေါ်ကြသည်။ တနင်္သာရီဒေသတွင် နေထိုင်ကြသော ထားဝယ်လူမျိုး များကလည်း ယိုးဒယား(ထိုင်း)ကို Shan( ရှမ်း)ဟုပင် ခေါ်ဝေါ်ကြသည်။ အနောက်နိုင်ငံသားများကလည်း ယခင်က ယိုးဒယား(ထိုင်း)ကို Siam(သယာမ်)ဟု ခေါ်သည်။
မြန်မာ့သမိုင်းနှင့် ရှမ်းခေတ်များ
[ပြင်ဆင်ရန်]အင်းဝခေတ်၏ နောက်ဆုံးကာလများတွင် ဖြစ်သည်။ အင်းဝရှိ မြန်မာမင်း ရွှေနန်းကျော့ရှင်နရပတိ (၈၆၃-၈၈၈) အားနည်းချိန်တွင် မြောက်ဘက်တစ်လွှားမှ ရှမ်းစော်ဘွားများ အင်အားကြီးမားလာပြီး အင်အားအကြီးဆုံးဖြစ်သည့် မိုးညှင်းစော်ဘွား မိုးညှင်းစလုံ (၈၈၈-၉၀၄) က သက္ကရာဇ် ၈၈၈၊ တန်ခူးလဆန်း ၁၂ ရက်တွင် အင်းဝကိုသိမ်းပြီး နရပတိကို သတ်ကာ ထီးနန်းအရိုက်အရာကို သားဖြစ်သူ သိုဟန်ဘွားမှ ဆက်ခံသည်။မင်းကြီးရန်နောင်က သိုဟန်ဘွားကို လုပ်ကြံရန်ကြံစည်ပြီး သံဃာတွေကို ဓားလက်နက်တို့ဖြင့်ဝှက်ပြီးဘုန်းကြီးအတု ယောင်ဆောင်ခိုင်းေစကာ ဗုဒ္ဓဘာသာ ရဟန်းတော်များကို နန်းတော်သို့ ပင့်ဖိတ်ဟန်ပြုကာ သတ်ဖြတ်လေသောကြောင့် မင်းကြီးရန်နောင်နှင့် မြန်မာမှူးမတ်တို့က လုပ်ကြံနန်းချခြင်းဖြင့် သေလွန်သည်။
ထို့နောက် မှူးမတ်တို့က မင်းကြီးရန်နောင်အား နန်းတင်ကြသော်လည်း ငြင်းပယ်ကာ အုန်းဘောင်စော်ဘွား ခုံမှိုင်းကို နန်းတင်ရန်ပြောဆိုမှာကြားပြီး ရဟန်းဝတ်ဖြင့် တောထွက်သွားခဲ့သည်။ နောက်အုန်းဘောင်ခုံမှိုင်းလွန်လျှင် မိုးဗြဲနရပတိဆက်လက်စိုးစံရာ စစ်ကိုင်းမှ စည်သူကျော်ထင်က တိုက်ခိုက်အနိုင်ယူကာ အင်းဝကို သိမ်းပိုက်ခဲ့သည်။
ရှေးရှမ်းနယ်များ
[ပြင်ဆင်ရန်]ရှမ်းတို့ဌာနီ၌ ပြည်နယ်ပေါင်းမှာ တေတ္တိံသ ခေါ် ၃၃-နယ်ရှိ၍ တာဝတိံသာ နတ်ပြည်အလား မွေ့လျော်ပျော်ရွှင်ဘွယ် များစွာတို့နှင့် ပြည့်စုံသည့်ပြင် စတုရန်းမိုင်ပေါင်း ၅၆၆၄၅-ကျယ်လျက် စော်ဘွား ၁၆-ယောက်၊ မြို့စား ၁၃-ယောက်နှင့် ငွေခွန်မှူး ၄-ယောက်တို့က အုပ်ချုပ်ကြရသည်။ (ဤကားအင်္ဂလိပ် လက်အောက်မှာ နေရစဉ်က ဖြစ်၏။) [ကိုးကားချက်လိုသည်] (၁) ကျိုင်းတုံနယ်၊ မိုးနဲနယ်၊ ညောင်ရွှေနယ်၊ ရပ်ဆောက်နယ်၊ လဲချားနယ်၊ မောက်မယ်နယ်၊ မိုင်းပန်နယ်၊ မိုင်းပွန်နယ်၊ စကားနယ်၊ နောင်မွယ်နယ်၊ (၁၀) မိုင်းနောက်၊ မိုင်းကိုင်း၊ ကျေးသီဗန်းစံ၊ လွယ်လုံ၊ သထုံ၊ ဗန်းရင်၊ ဟိုပုန်း၊ နန်းခုတ်၊ စကွယ်နယ်၊ မိုင်းရှူး၊ (၂၀) သမခမ်း၊ ပွေးလှ၊ ဘော်နယ်၊ ရွာဝံနယ်၊ ပင်မှီ၊ ကျုံးနယ်၊ ပင်းဒယ၊ (၂၇) ဤကား တောင်ပိုင်းရှမ်းပြည်၂၇-နယ်တည်း။ (၁) သီပေါနယ်၊ (၂) တောင်ပိုင်းနယ်၊ (၃) မိုင်းရယ်နယ်၊ (၄) မြောက်သန္နီနယ်၊ (၅) မိုးမိတ်နယ်၊ (၆) မိုးလင်းနယ်၊ ဤကား မြောက်ပိုင်းရှမ်းပြည် ၆-နယ်တည်း။ ပေါင်း ၃၃-နယ် ဖြစ်၏။
ယနေ့ ရှမ်းပြည်နယ်
[ပြင်ဆင်ရန်]ပြည်နယ်မြို့တော် တောင်ကြီးမြို့
အကျယ်အဝန်း ၆၀ဝ၀ဝ စတုရန်းမိုင်ခန့်
လူဦးရေ ၄.၇ သန်းခန့်
ခရိုင် ၁၁ ခရိုင်
မြို့နယ် ၅၄ မြို့နယ်
အကျယ်အဝန်း ၆၀ဝ၀ဝ စတုရန်းမိုင်ခန့်
လူဦးရေ ၄.၇ သန်းခန့် ခရိုင် ၁၁ ခရိုင် မြို့နယ် ၅၄ မြို့နယ်
ရှမ်းပြည်နယ် လည်းရှု
ရှမ်း ၉ ဆက်၊ ၉ စော်ဘွား
[ပြင်ဆင်ရန်]သုတေသနသရုပ်ပြအဘိဓာန်တွင် ဖော်ပြချက်အရ ရှမ်းကိုးဆက်၊ ကိုးစော်ဘွား၊ လူးတဆယ့်နှစ်ပနား၊ ရာတပါးနှင့်၊ စော်ဘွားစော်ခံ၊ ရွှေဥကင်ဘုံပျံမှာ၊ ညီလာခံခ, ညောင်း၊ မှူးမတ်အပေါင်းစုံကြပြီလား ....... မင်းကြီးများ ဟူ သောဇာတ်သဘင် ဘုရင်၏စကားအရ---(၁) မိုးကောင်းစော်ဘွား၊ (၂) မိုးညှင်းစော်ဘွား၊ (၃) သောင်သွပ်စော်ဘွား၊ (၄) မိုးမိတ်စော်ဘွား၊ (၅) မိုးနဲစော်ဘွား၊ (၆) သိန္နီစော်ဘွား၊ (၇) မိုင်းပဲစော်ဘွား၊ (၈) ညောင်ရွှေစော်ဘွား၊ (၉) သီပေါစော်ဘွားတို့ ဟူ၏။
မှတ်ချက်။ ။ ရှမ်းပြည်အစ မိုင်းမော က- ဟူသော စကားအရမိုင်းမောမှတဆင့် စော်ဘွား ၉-ဆက် ဖြစ်ပေါ်လာသည် ဟူ၏။
ရှမ်းမျိုး ၃၀
[ပြင်ဆင်ရန်]ဇမ္ဗူတံဆိပ် ကျမ်းရင်းတွင် ဖော်ပြချက်အရ -
- လင်း၊ သက်၊ ချင်း၊ ခုံ၊ ရင်၊ ကတူး၊ မြန်၊ အကျော်၊ ဂင်၊ ရှမ်း(၁၀)။
- ဇဝါ၊ မျက်နှာမည်း၊ ကသည်း၊ ရေမီးထွက်၊ ကရက်၊ လဝ၊ လော၊ ပန်းလောင်၊ တရက်၊ ရှမ်း(၁၀)။
- စနု၊ ဘအူ၊ ကရင်၊ ကချင်၊ ဂနော၊ ယောန်၊ လဝိုက်၊ တရုပ်၊ ယိုးဒယား၊ အနဲ (၃၀)။[ကိုးကားချက်လိုသည်]
ရှမ်း (၁၀) မျိုး
[ပြင်ဆင်ရန်]ရှမ်းနီ(တိုင်းလျန်/တိုင်းလိုင်)
ဂုံရှမ်း(တိုင်းခင်/တိုင်းခွန်)
အခြားကျန်ရှိသည့်ရှမ်းမျိုးနွယ်စုဝင်များ
ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ
[ပြင်ဆင်ရန်]တရုတ်၊ လာအိုနှင့်ထိုင်း နယ်စပ်များနှင့် ဆက်စပ်နေသော ဒေသများတွင် နေထိုင်သော ရှမ်းလူမျိုးများသည် ဗမာပြီးလျှင် ဒုတိယအများဆုံး လူမျိုးစု ဖြစ်သည်။ ရှမ်းပြည်နယ်တွင် ၄ သန်းကျော် နေထိုင်ပြီး လူမျိုးစု ၃၅ စု ပါဝင်နေထိုင်ကြသည်။ ရှမ်းအမျိုးသားများသည် ပင်နီရင်စေ့ တိုက်ပုံကို ခပ်ပွပွ ဘောင်းဘီရှည်နှင့် တွဲဖက်ဝတ်ဆင်ပြီး ခါးတွင် ပုဝါစ စည်းနှောင်လေ့ရှိသည်။ အမျိုးသမီးများသည် ကော်လာမဲ့ ရင်ဖုံးလက်ရှည်အင်္ကျီကို ပတ်လည်စင်းပါသော ရိုးရာလုံချည်နှင့် တွဲဖက်ဝတ်ဆင်သည်။ အင်းလေး၊ ပင်းတယဒေသများ အပါအဝင် အပန်းဖြေလေ့လာရန် ဒေသများစွာ ရှိသည်။[ကိုးကားချက်လိုသည်]
ဘာသာနှင့်စာပေ
[ပြင်ဆင်ရန်]ဘာသာအယူဝါဒအရေးတွင် ရှေးအခါက နတ်ကိုးခြင်းများကို ယုံကြည်ခဲ့ကြသည်။ သခင်စော်ဘွားဖြစ်သူ သေလွန်လျှင် မိဖုရား၊ မောင်းမနှင့် ကျွန်လူ၊ တိရစ္ဆာန်များကိုပါ သတ်ဖြတ်ကာ အတူမြေမြုပ်သည့် အလေ့များပင် ရှိခဲ့သည်ဟုဆိုသည်။ သို့သော် ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းကြီးမှ ရှမ်းပြည်တစ်လွှားကို သိမ်းသွင်းပြီးနောက်တွင် အဆိုပါ အယူများကို ဆက်လက်ပြုလုပ်စေခြင်း မရှိတော့ပဲ ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်စေခဲ့သည်။ သို့ဖြင့် ယနေ့အချိန်အထိ ရှမ်းလူမျိုးအများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး၊ နတ်ကိုးကွယ်မှုကိုလည်း ဆက်လက်ကျင့်သုံးကာ အခြားဘာသာကိုးကွယ်သူ အနည်းငယ်လည်း ရှိကြသည်။[ကိုးကားချက်လိုသည်]
- စာပေ
ယနေ့မျက်မှောက်ခေတ်တွင် အသုံးပြုနေသော ရှမ်းစာပေ၌ အက္ခရာပေါင်း ၁၉ လုံး ရှိသည်။
ထင်ရှားသော ရှမ်းလူမျိုးများ
[ပြင်ဆင်ရန်]- ပထမဆုံး မြန်မာနိုင်ငံ သမ္မတကြီး စဝ်ရွှေသိုက်
- အာဇာနည် ဝန်ကြီး မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း
- လဲချား စော်ဘွားကြီး သရေစည်သူ စဝ်နွံ
- ဗိုလ်စောနောင်(ရဲဘော်သုံးကျိပ်)
- ဗိုလ်စောအောင်(ရဲဘော်သုံးကျိပ်)
- ဗိုလ်မိုးညို(ရဲဘော်သုံးကျိပ်)
- ဂန္ထဝင်ရုပ်ရှင်သရုပ်ဆောင် ရှန်ဟဲမယ် မေရီမြင့်
- အရှေ့တောင်အာရှ၏ ပထမဆုံး ဟန်နရီဒူးနန့် ဆုရှင် စိုင်းအောင်လှိုင်မြင့်[၂၄]
- တေးပြုစာဆို ဒေါက်တာ စိုင်းခမ်းလိတ်
- တေးရေးဆရာ၊ အဆိုတော် စိုင်းထီးဆိုင်
- တေးရေးဆရာ၊ အဆိုတော် စိုင်းဆိုင်မောဝ်
- ရော့ခ် အဆိုတော် လေးဖြူ
- ရော့ခ် အဆိုတော် အငဲ
- အဆိုတော် စိုင်းအောင်ထီးခမ်း
- အဆိုတော် ဘိုဖြူ
- အဆိုတော် Nang Kham Noung
- ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း
- အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်
- မြန်မာ့လက်ရွေးစင် ရှေ့တန်းတိုက်စစ်မှူး သန်းပိုင်
အနုသုခုမအနုပညာ
[ပြင်ဆင်ရန်]- သျှမ်းအိုးစည်
- သျှမ်းခမောက်
- သျှမ်းသိုင်း
- သျှမ်းတိုးနယားအက
- သျှမ်းကိန္နရာ၊ကိန္နရီအက
- သျှမ်းဗုံတိုအက
ကိုးကား
[ပြင်ဆင်ရန်]- ↑ According to CIA Factbook, the Shan make up 9% of the total population of Myanmar (55 million) or approximately 5 million people.
- 1 2 The Shan People။ 2016-03-14 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-01-16 တွင် ပြန်စစ်ပြီး။
- 1 2 3 The World Factbook — Central Intelligence Agency။ cia.gov။ 1 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 January 2018 တွင် ပြန်စစ်ပြီး။
- 1 2 Shan | people (in en)။ 2020-10-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-08-26 တွင် ပြန်စစ်ပြီး။
- ↑ Sao Sāimöng, The Shan States and the British Annexation. Cornell University, Cornell, 1969 (2nd ed.)
- ↑ "FACTBOX: The Shan, Myanmar's largest minority" (in en)၊ Reuters၊ 2007-08-30။
- ↑ Sao Tern Moeng (1995)။ Shan-English Dictionary။ Dunwoody Press။ ISBN 0-931745-92-6။
- ↑ de La Loubère၊ Simon (1693)။ "CHAP. II. A Continuation of the Geographical Description of the Kingdom of Siam, with an Account of its Metropolis."။ A New Historical Relation of the Kingdom of Siam။ ဘာသာပြန်သူ A.P.။ 2021-09-24 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။ 2021-04-01 တွင် ပြန်စစ်ပြီး။
- ↑ Shorto၊ H.L. (1962)။ Dictionary of Modern Spoken Mon။ Oxford University Press။
- ↑ Wade, G. (2009). "The Yunnan Connection: The Nanzhao and Dali Kingdoms in Chinese and Southeast Asian History". Journal of Southeast Asian Studies.
- ↑ Chamberlain, J.R. (2016). "Kra-Dai and the Proto-History of South China and Vietnam". Journal of the Siam Society.
- ↑ Ethnologue (2024). "Shan language". SIL International.
- ↑ Genetic study source
- ↑ Migration reference
- ↑ O-M122 reference
- ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs namedY-DNA_O2_M122_SEA - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs namedShan_Genetic_Structure - ↑ ဘရှင်(ဦး) စွယ်စုံကျမ်း၊ အတွဲ(၁၁)ရှမ်းလူမျိုး၊ နှာ-၃၆၉
- ↑ ခေမိန္ဒ(ဦး) မိုးမိတ်ရာဇဝင်တော်ကြီး၊ နှာ-၂၉။
- ↑ ဘရှင်(ဦး) စွယ်စုံကျမ်း၊ အတွဲ(၁၁)ရှမ်းလူမျိုး၊ နှာ-၄၀၄
- ↑ သန်းထွန်း(ဦး) ရှေးဟောင်းမြန်မာရာဇဝင်၊ နှာ-၂၁၉။
- ↑ ခေမိန္ဒ(ဦး) မိုးမိတ်ရာဇဝင်တော်ကြီး၊ နှာ-၂၄-၂၅။
- ↑ Hsen(Khur), The Origin of Tais and A Short History of Shan.P.10
- ↑ ခေမိန္ဒ(ဦး) မိုးမိတ်ရာဇဝင်တော်ကြီး၊ နှာ-၂၄-၂၅။
- ↑ https://burma.irrawaddy.com/on-this-day/2019/03/15/186512.html
- တပင်ရွှေထီး၊ဘုရင့်နောင် ကေတုမတီတောင်ငူရာဇဝင်စဆုံး
- သုတေသနသရုပ်ပြ အဘိဓာန်ကျမ်း
- ဇမ္ဗူတံဆိပ်ကျမ်း *
