မာတိကာသို့ ခုန်သွားရန်

ရှမ်းကြီးလူမျိုး

ဝီကီပီးဒီးယား မှ

"တိုင်းလုံ(ရှမ်းကြီး)" တို့သည် ယူနန်နယ်အရှေ့တောင် မှ တုန်ကင်းနယ်အရှေ့တောင်ဒေသထိ နေထိုင်ကြသည်။ မိုင်းလုံးနိုင်ငံတော်မှ ရှမ်းများဖြစ်သောကြောင့် “တိုင်းလုံး” ဟု အမည်တွင်ကြသည်။ တရုတ်တို့က တိုင်းလုံးကို "တူဂျင်း" (Tu Jen) ဟုခေါ်ကြသည်။ တိုင်းလုံးသည် "တိုင်းထို" (Tai Tho) နှင့် ဆင်တူ၍ ၎င်းတို့၏စကားသည် တိုင်းလူး(ဆစ်ဆောင်ပန်းနားရှမ်း=လူးရှမ်း)နှင့် တူသည်။ မစ္စတာဒေါက် Mr. Dodd ၏ လေ့လာတွေ့ရှိချက်အရ တိုင်းလုံးစကားလုံး (၂၅၀)တွင် (၈)ပုံ(၁)ပုံမှာ ယွန်းရှမ်းနှင့် မတူ ကျန်ရှိသည့်(၇)ပုံမှာ ယွန်းရှမ်းစကားနှင့်တူသည်ဟုဆိုသည်။ တိုင်းလုံးတို့သည် မိမိိတို့ကိုယ်ကို “တိုင်းလုံး (သို့မဟုတ်) တိုင်းခွန်ယိုင်”ဟု ခေါ်ဆိုကြပြီး တစ်ချို့သောရှမ်းများက “တိုင်းလုံး”ကို “ပူတိုင်း”ဟု လည်းခေါ်ကြသည်။ တိုင်းလုံ(ရှမ်းကြီး)လူမျိုးများသည် ဗုဒ္ဓဘာသာကို အများဆုံးကိုး ကွယ် ကြပြီး ရိုးရာနတ်များကိုလည်း ကိုးကွယ်ကြပါသည်။ လယ်ယာ၊ တောင်ယာနှင့် ခြံစသည့် စိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်ကြသည်။ တိုင်းလုံ(ရှမ်းကြီး)လူမျိုးများသည် ရှမ်းပြည်နယ်အတွင်း၌ အများဆုံး နေထိုင်ကြပြီးကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လည်း ပျံ့နှံ့နေထိုင်ကြသည်။