ဇိုင်ဝါးလူမျိုး
| Zaiwa, Atsi | |
|---|---|
ကချင်ပြည်နယ်အလံ | |
| လူဦးရေ စုစုပေါင်း | |
| ၁၀၀,၀၀၀ ကျော် (ခန့်မှန်း) | |
| အများစု နေထိုင်သည့် နေရာ | |
∟ ကချင်ပြည်နယ် (ဆဒုံး၊ ဝိုင်းမော်၊ မြစ်ကြီးနား) ∟ ရှမ်းပြည်နယ် (မြောက်ပိုင်း) | |
| ဘာသာစကား | |
| ဇိုင်ဝါးဘာသာစကား၊ ဂျိန်းဖောဘာသာစကား၊ မြန်မာဘာသာစကား | |
| ကိုးကွယ်မှု | |
| ခရစ်ယာန်ဘာသာ (အများစု)၊ နတ်ကိုးကွယ်မှု၊ ဗုဒ္ဓဘာသာ | |
| ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
| ဂျိန်းဖော့လူမျိုး၊ လော်ဝေါ်လူမျိုး၊ လာချိဒ်လူမျိုး၊ ဗမာလူမျိုး |
ဇိုင်ဝါးလူမျိုး (အင်္ဂလိပ်: Zaiwa people) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရမှ တရားဝင်အသိအမှတ်ပြုထားသော ကချင်မျိုးနွယ်စု ခြောက်စုအနက် တစ်ခုအပါအဝင် ဖြစ်သည်၊၊ ၎င်းတို့ကို ဂျိန်းဖောဘာသာစကားဖြင့် အဇီး (Atsi) ဟုလည်း ခေါ်ဝေါ်ကြသည်၊၊ ဇိုင်ဝါးတို့သည် တိဗက်-ဗမာအုပ်စုဝင်များဖြစ်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ပျံ့နှံ့နေထိုင်ကြသည်၊၊[၁]
ပျံ့နှံ့နေထိုင်မှု
[ပြင်ဆင်ရန်]မြန်မာနိုင်ငံတွင် ဇိုင်ဝါးလူမျိုးများသည် ကချင်ပြည်နယ်၊ ဆဒုံးနယ်တွင် အများဆုံး နေထိုင်ကြပြီး မြစ်ကြီးနား၊ ဝိုင်းမော် နှင့် ဗန်းမော်ဒေသများတွင်လည်း အခြေချနေထိုင်ကြသည်၊၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင် နှင့် မူဆယ် ဒေသများတွင်လည်း တွေ့ရှိရသည်၊၊ အိမ်နီးချင်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အတွင်းရှိ တယ်ဟုန် (Dehong) စီရင်စုတွင်လည်း နေထိုင်ကြပြီး ၎င်းတို့ကို တရုတ်အစိုးရက ဂျင်းဖိုလူမျိုး (Jingpo) အစုအဖွဲ့အတွင်း ထည့်သွင်းသတ်မှတ်ထားသည်၊၊
ဘာသာဗေဒနှင့် မျိုးရိုးဗေဒ
[ပြင်ဆင်ရန်]ဇိုင်ဝါးဘာသာစကားသည် ဂျိန်းဖောနွယ် (Jingphoic) အုပ်စုဝင် ဖြစ်သော်လည်း ဝေါဟာရအချို့မှာ ဗမာနွယ်များနှင့်လည်း ဆင်တူသည်၊၊ မျိုးရိုးဗီဇ (Genetics) လေ့လာချက်များအရ ဇိုင်ဝါးတို့တွင် Haplogroups O2a2b နှင့် D1a1a တို့ကို တွေ့ရှိရပြီး ၎င်းတို့သည် အာရှမြောက်ပိုင်းမှ ဆင်းသက်လာသော တိဗက်-ဗမာနွယ်ရင်းများနှင့် မျိုးရိုးရင်းမြစ် တိုက်ရိုက်ဆက်စပ်နေသည်၊၊[၂]
အကိုးအကားများ
[ပြင်ဆင်ရန်]