မိုးဗြဲ နရပတိ

ဝီကီပီးဒီးယား မှ
(မိုးဗြဲနရပတိ မှ ပြန်ညွှန်းထားသည်)

မိုးဗြဲ နရပတိ၊ အေဒီ(၁၅၄၅−၁၅၅၁)[ပြင်ဆင်ရန်]

မိုးဗြဲနရပတိသည် အုန်းဘောင်ခုံမှိုင်း၏ သားတော်ဖြစ်သည်။ မြန်မာသက္ကရာဇ် (၉၀၇)ခု၊ အေဒီ ၁၅၄၅-ခုတွင် မိုးဗြဲမင်းသည် နရပတိဟူသောအမည်ဖြင့် အင်းဝရွှေနန်းကို တက်တော်မူသည်။ စစ်ကိုင်းစည်သူကျော်ထင်နှင့်လည်း စစ်မက်မပြတ် ဖြစ်ကြသည်။ မိုးဗြဲနရပတိသည် အင်းဝရွှေနန်းကို တက်လျှင် အုန်းဘောင်ဆွေကြီးမျိုးကြီးတို့ကိုလည်း မဆက်ဆံ၊ ရှမ်းအသုံးအဆောင် အကျင့်အာစာရကိုလည်း မကြိုက်၊ မင်းတရားရွှေထီးသို့ စေပါး၍ မဟာမိတ် အဆွေခင်ပွန်းပြုတော်မူသည်။ စစ်ကိုင်းစည်သူကျော်ထင်ကိုလည်း မပြတ်လှုပ်ချောက်ရ၏။ ချစ်ကျွန်လည်း ပြု၏။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ကုလား(ဦး)၊ မဟာရာဇဝင်တော်ကြီး၊ ဒုတိယအုပ်၊ နှာ-၁၄၃
  2. အရှင်သုခမိန္ဒ(တန့်ယန်း)၊ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ၊ နှာ-၁၅၉၊