ကမ္ဘောဒီးယားနိုင်ငံ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ကမ္ဘောဒီးယားတိုင်းပြည်
ព្រះរាជាណាចក្រកម្ពុជា
Preăh Réachéanachâkr Kâmpŭchea
Royaume du Cambodge
ကမ္ဘောဒီးယားနိုင်ငံ၏ အလံတော်
ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: "တိုင်းပြည်၊ ဘာသာတရား၊ ရှင်ဘုရင်"
(ဇာတိ၊ သာသနာ၊ မဟာက္ၑတြ)
နိုင်ငံတော် သီချင်း: "တော်ဝင်တိုင်းပြည်" (ပဒနဂရရာဇ)
ကမ္ဘောဒီးယားနိုင်ငံ ၏ တည်နေရာ
မြို့တော်ဖနွမ်းပင်မြို့
အကြီးဆုံးမြို့ဖနွမ်းပင်မြို့
ရုံးသုံး ဘာသာစကားများခမာ
လူမျိုးစုခမာ (၉၀%)ဗီယက်နမ် (၅%)တရုတ် (၁%)၊ အခြား (၄%)
ကိုးကွယ်မှုဗုဒ္ဓ (၉၆.၅%)အစ္စလာမ် (၃.၅%)
အမျိုးအစားပါလီမန်ဒီမိုက​ရေစီနှင့်အ​ခြေခံ​ဥပဒေ​အညီ ဘုရင့်အုပ်ချုပ်မှု
အစိုးရ
• ဘုရင်
နရောတ္တမ သီဟမုနီ
• ဝန်ကြီးချုပ်
ဆမ်ဒက် တက်ချို ဟွန်ဆန်
တည်ထောင်
• လွတ်လပ်ရေး (ပြင်သစ်)
၉ နိုဝင်ဘာ ၁၉၅၃
ဧရိယာ
• စုစုပေါင်း
၁၈၁,၀၃၅ km² (၆၉,၈၉၈ sq mi) (အဆင့်: ၈၈)
• ရေထု (%)
၂.၅
လူဦးရေ
• ခန့်မှန်း
၁၄,၂၄၁,၆၄၀ (အဆင့် - ၆၃)
• သိပ်သည်းမှု
၇၈/km² (၂၀၁/sq mi) (အဆင့် - ၁၁၂)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
$၃၆.၈၂ billion (အဆင့် - ၈၉)
• Per capita
USD $၂,၆၀၀ (အဆင့် - ၁၃၃)
HDI၀.၅၉၈
အလယ် · ၁၃၁
ငွေကြေးရီယဲ (KHR "៛")
တယ်လီဖုန်းကုဒ်+၈၅၅
Internet TLD.kh

ကမ္ဘောဒီးယားနိုင်ငံ/kæmˈbdiə/ ( ) [၁] အား ကမ်ပူးချား ဟုလည်း သိကြပြီး တရားဝင်အမည်မှာ ကင်းဒမ်းအော့ဖ် ကမ္ဘောဒီးယား ဖြစ်ကာ အရှေ့တောင်အာရှရှိ အင်ဒိုချိုင်းနားကျွန်းဆယ် တောင်ပိုင်းတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဧရိယာအားဖြင့် ၁၈၁,၀၃၅ စတုရန်း ကီလိုမီတာ (၆၉,၈၉၈ စတုရန်းမိုင်) ရှိပြီး အနောက်မြောက်ဘက်တွင် ထိုင်းနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် လာအိုနိုင်ငံ၊ အရှေ့ဘက်တွင် ဗီယက်နမ်နိုင်ငံ နှင့် အနောက်တောင်ဘက်တွင် ထိုင်းပင်လယ်ကွေ့ တို့နှင့် ထိစပ်လျှက် တည်ရှိသည်။

အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံတွင် လူဦးရေအားဖြင့် ၁၅ သန်းကျော် ရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဗုဒ္ဓဘာသာသည် နိုင်ငံတော် ဘာသာအဖြစ်ပြဌာန်းထားကာ လူဦးရေ၏ ၉၇% ကျော် ကိုးကွယ်ကြသည်။[၂] ကမ္ဘောဒီးယားရှိ လူနည်းစု လူမျိုးများမှာ ဗီယက်နမ်၊ တရုတ်၊​ချမ် နှင့် တောင်ကုန်းနေ လူမျိုးစု ၃၀ တို့ ဖြစ်ကြသည်။[၃] မြို့တော်နှင့် အကြီးဆုံးမြို့မှာ ဖနွမ်းပင်မြို့ ဖြစ်ပြီး နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ ဗဟိုဌာနလည်း ဖြစ်သည်။ နိုင်ငံသည် ရွေးကောက်ခံ စည်းမျဉ်းခံ ဘုရင်စနစ် ဖြစ်ပြီး လက်ရှိဘုရင်မှာ နိုရိုဒွန် ဆီဟာမိုနီ ဖြစ်ကာ တော်ဝင်ပလ္လင်ကောင်စီမှ နိုင်ငံ၏ အကြီးအမှူး အဖြစ် ရွေးချယ်ထားခြင်း ဖြစ်သည်။ အစိုးရအဖွဲ့၏ အကြီးအမှူးမှာ ဝန်ကြီးချုပ် ဖြစ်ပြီး လက်ရှိဝန်ကြီးချုပ်မှာ ဟွန်ဆန် ဖြစ်ကာ အရှေ့တောင်အာရှတွင် ဘုရင်မဟုတ်ဘဲ အကြာဆုံး ရာထူး ရှိသော ခေါင်းဆောင် ဖြစ်ကာ ကမ္ဘောဒီးယား နိုင်ငံအား ၁၉၈၅ ခုနှစ်ကတည်းက အုပ်ချုပ်ခဲ့သည်။

အေဒီ ၈၀၂ ခုနှစ်တွင် ဒုတိယ ဂျာယာဗာမန် က သူ့ဘာသာ ဘုရင်အဖြစ် ကြေငြာခဲ့ပြီး စစ်တိုက်နေကြသော ချန်လာ ခမာမင်းသားများကို "ကမ်ဘူဂျာ" အမည်အောက်တွင် စုစည်းခဲ့သည်။[၄] ထိုအချိန်သည် ခမာ ဧကရာဇ်နိုင်ငံတော် စတင်ပေါ်ထွန်းခဲ့သော အချိန်ဖြစ်ပြီး နှစ်ပေါင်း ၆၀၀ ကျော်အောင် စည်ပင်ထွန်းကားခဲ့ကာ ဘုရင်မင်းဆက် ဆက်တိုက်တို့အား အရှေ့တောင်အာရှတစ်ဝှမ်းအား ထိန်းချုပ် ဩဇာလွှမ်းမိုးနိုင်စေခဲ့ပြီး တန်ခိုးအာဏာနှင့် စည်းစိမ် အမြောက်အများကို စုစည်းနိုင်ခဲ့သည်။ အိန္ဒိယပုံသဏ္ဍာန် တိုင်းပြည်မှာ အရှေ့တောင်အာရှ နေရာ အများစုအား ပထမဦးစွာ ဟိန္ဒူဘာသာ နောင်တွင် ဗုဒ္ဓဘာသာ ပျံ့နှံ့စေခဲ့ပြီး ဒေသတဝှမ်းတွင် ဘာသာရေးဆိုင်ရာ အခြေခံအဆောက်အအုံ စီမံကိန်း အမြောက်အများကို အကောင်အထည်ဖော်ခဲ့ကာ အန်ကော တစ်နေရာတည်းတွင်ပင် ပုထိုး နှင့် အထိမ်းအမှတ်အဆောက်အအုံ ၁,၀၀၀ ကျော်ကို တည်ဆောက်ခဲ့သည်။ အန်ကောဝပ် သည် ထိုအဆောက်အအုံများထဲတွင် အထင်ရှားဆုံးဖြစ်ပြီး ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းသွင်းခဲ့သည်။

၁၅ ရာစုတွင် ခမာအင်ပိုင်ယာမှ အုပ်စိုးသော အယုဒ္ဓယပြည်၏ ပုန်ကန်မှု အပြီးတွင် ကမ္ဘောဒီးယား၏ ဩဇာအာဏာ ကျဆင်းလာခဲ့သည်။ ကမ္ဘောဒီးယား အနေနှင့် ဩဇာကြီးမားသော အိမ်နီးချင်း တိုင်းပြည်နှစ်ခုနှင့် ရင်ဆိုင်ရပြီး တစ်ခုမှာ ထိုင်းနိုင်ငံ၏ အယုဒ္ဓယပြည် ဖြစ်ကာ နောက်တစ်ခုမှာ ဗီယက်နမ်၏ ငုယင်မင်းဆက် ဖြစ်၍ ကမ္ဘောဒီးယား၏ ကံကြမ္မာအတွက် အဆိုးဘက်သို့ ဦးတည်စေခဲ့သည်။ ၁၈၆၃ ခုနှစ်တွင် ကမ္ဘောဒီးယားသည် ပြင်သစ်၏ အစောင့်အရှောက်ခံနိုင်ငံ ဖြစ်လာခဲ့ပြီး နောက်တွင် အရှေ့တောင်အာရှ ပြင်သစ် အင်ဒိုချိုင်းနားသို့ သွတ်သွင်းခြင်း ခံခဲ့ရသည်။

ကမ္ဘောဒီးယားသည် ပြင်သစ်ထံမှ ၁၉၅၃ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့သည်။ ၁၉၆၅ တွင် ဗီယက်နမ် စစ်ပွဲသည် ဟိုချီမင်း၏ လမ်းကြောင်းဖြန့်ကျက်မှု နှင့် သီဟာနု၏ လမ်းကြောင်းတည်ဆောက်မှုတို့ကြောင့် ကမ္ဘောဒီးယား အထိ ရောက်ရှိလာခဲ့သည်။ ထို့အတွက်ကြောင့် အမေရိကန်တို့မှ ၁၉၆၉ မှ ၁၉၇၃ အတွင်း ဗုံးကြဲတိုက်ခိုက်ရာတွင် ကမ္ဘောဒီးယားလည်း ပါဝင်ခဲ့သည်။ ၁၉၇၀ ကမ္ဘောဒီးယား အာဏာသိမ်းမှု အပြီးတွင် အမေရိကန်ဘက်ယိမ်းသော လက်ယာဝါဒီ ခမာသမ္မတနိုင်ငံ အစိုးရ အာဏာရလာခဲ့ပြီး သီဟာနု ဘုရင်မှ သူ၏ ယခင်ရန်သူဖြစ်သော ခမာနီတို့ကို ထောက်ခံခဲ့သည်။ ဘုရင်နှင့် မြောက်ဗီယမ်နက် တို့၏ ထောက်ခံမှုကြောင့် ခမာနီတို့သည် အင်အားကြီးမားလာခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် ဖနွမ်းပင်ကို သိမ်းပိုက်ခဲ့သည်။ ထို့နောက်တွင် ခမာနီတို့က ကမ္ဘောဒီးယား လူမျိုးတုန်း သတ်ဖြတ်မှုကို ၁၉၇၅ မှ ၁၉၇၉ အထိ ကျူးလွန်ခဲ့ကြပြီး ၁၉၇၉တွင် ဗီယက်နမ် နှင့် ဗီယက်နမ်မှ ကျောထောက်နောက်ခံပေးထားပြီး ကမ္ဘောဒီးယား-ဗီယက်နမ်စစ်ပွဲအတွင်း ဆိုဗီယက်ပြည်ထောင်စုမှ ထောက်ပံ့ပေးသော ကမ်ပူးချားပြည်သူ့သမ္မတနိုင်ငံ အစိုးရ မှ ၎င်းတို့ကို ဖြုတ်ချလိုက်သည် အထိ ဖြစ်သည်။

၁၉၉၁ ခုနှစ် ပဲရစ်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုအပြီးတွင် ကမ္ဘောဒီးယားအား ကုလသမဂ္ဂ မစ်ရှင်မှ ၁၉၉၂-၉၃ တွင် ခဏတာမျှ အုပ်ချုပ်ခဲ့သည်။ ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကျင်းပပြီး ၉၀ ရာခိုင်နှုန်းမျှသော မဲပေးပိုင်ခွင့်ရှိသူတို့ မဲပေးပြီးသော အခါတွင် ကုလသမဂ္ဂတပ်များ ကမ္ဘောဒီးယားမှ ရုပ်သိမ်းခဲ့သည်။ ၁၉၉၇ ခုနှစ် အစိုးရအတွင်း အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ကမ္ဘောဒီးယား ပြည်သူ့ပါတီနှင့် ဝန်ကြီးချုပ်ဟွန်ဆန် တို့မှ အစိုးရကို ဖြုတ်ချခဲ့ပြီး ၂၀၂၀ ခုနှစ်တိုင်အောင် ဆက်လက် အုပ်ချုပ်နေဆဲ ဖြစ်သည်။

ကမ္ဘောဒီးယားသည် ၁၉၅၅ ခုနှစ်မှစ၍ ကုလသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပြီး အာဆီယံအဖွဲ့၊ အရှေ့အာရှထိပ်သီးအဖွဲ့၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ဘက်မလိုက်နိုင်ငံများ လှုပ်ရှားမှုအဖွဲ့ နှင့် လာဖရန်ကိုဖုန်းနီ အဖွဲ့တို့၏ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည်။ နိုင်ငံခြား အဖွဲ့အစည်းများစွာတို့၏ အဆိုအရ နိုင်ငံအတွင်း ဆင်းရဲမွဲတေမှု နေရာအနှံ့အပြားတွင် ရှိသည်ဟု ဆိုပြီး [၅] ခြစားမှု နေရာအနှံ့အပြား ရှိသည့်အပြင်[၆] နိုင်ငံရေးဆိုင်ရာ လွတ်လတ်မှု ကင်းမဲ့ကာ[၇] လူထုဖွံ့ဖြိုးမှု နိမ့်ကျ၍[၈] ငတ်မွတ်မှု မြင့်မားသည် ဟု ဆိုသည်။[၉][၁၀][၁၁] ကမ္ဘောဒီးယားအား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ အရှေ့တောင်အာရှ ဒါရိုက်တာ ဒေးဗစ်ရောဘတ်မှ "အာဏာရှင်ဆန်သော ညွှန့်ပေါင်း နှင့် အပေါ်ယံ ဒီမိုကရေစီ" ဟု ဆိုသည်။[၁၂] ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီစုံ လစ်ဘရစ်ဒီမိုကရေစီ ဟု ပြဌာန်းထားသော်လည်း [၁၃] နိုင်ငံအား ၂၀၁၈ ခုနှစ်အထိ တစ်ပါတီတည်းကသာ အုပ်ချုပ်ခဲ့သည်။[၁၄][၁၅]

အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် လူတစ်ဦးချင်း ဝင်ငွေ့ နိမ့်ကျသော်လည်း ကမ္ဘောဒီးယားသည် အာရှတွင် တိုးတက်မှုအမြန်ဆုံး စီးပွားရေး ရှိသည့် နိုင်ငံ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းက ဖွံ့ဖြိုးမှုနှုန်းမှာ ၇.၆ ရာခိုင်နှုန်း ရှိသည်။ စိုက်ပျိုးမွေးမြူရေးသည် အဓိက စီးပွားရေး ကဏ္ဍအဖြစ် ဆက်လက်ရှိနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာကုန်သွယ်ရေး တိုးတက်လာမှုကြောင့် ချည်မျှင်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း နှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတို့တွင် ကောင်းမွန်သော ဖွံ့ဖြိုးမှု ရှိသည်။.[၁၆] ကုလသမဂ္ဂမှ ကမ္ဘောဒီးယားအား ဖွံ့ဖြိုးမှု နိမ့်ကျသော နိုင်ငံ အဖြစ် သတ်မှတ်ထားသည်။[၁၇] အမေရိကန်ပြည်ထောင်စု၏ ၂၀၁၅ ခုနှစ် ကမ္ဘာ့တရားမျှတမှု စီမံကိန်း၏ တရားဥပဒေ စိုးမိုးမှု ကိန်းညွှန်းမှ နိုင်ငံပေါင်း ၁၂၆ နိုင်ငံတွင် ကမ္ဘောဒီးယားအား အဆင့် ၁၂၅ သတ်မှတ်ထားပြီး ဒေသအတွင်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အလွန်နောက်ရောက်သည်။[၁၈]

အမည်ရင်းမြစ်[ပြင်ဆင်ရန်]

"ကမ္ဘောဒီးယားဘုရင့်နိုင်ငံ" သည် ကမ္ဘောဒီးယားနိုင်ငံ၏ တရားဝင်ရုံးသုံးအမည် ဖြစ်သည်။ ကမ္ဘောဒီးယား ဆိုသော အမည်မှာ ပြင်သစ်ဘာသာစကား ကမ်ဘိုဒေ့ (Cambodge) မှ ဆင်းသက်လာခြင်း ဖြစ်ပြီး ပြင်သစ်စကားမှာလည်း ဒေသခံတို့၏ ခမာစကား ကမ်ပူးချားမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ကမ္ဘောဒီးယားဆိုသော အသုံးအနှုန်းကို ဥရောပတွင် အစောဆုံး သုံးနှုန်းထားသည်ကို တွေ့ရှိရသည်မှာ ၁၅၂၄ ခုနှစ်တွင် ဖြစ်ပြီး အီတလီ စွန့်စားရှာဖွေသူ ဖာဒီနန် မက်ဂျဲလန်၏ ကမ္ဘာတခြမ်း ခရီးစဉ်တွင် လိုက်ပါသူ အန်တိုနီယို ပီဂါဖက်တာမှ သူ၏ စာတွင် "ကာမိုဂျီးယား" ဟု ရည်ညွှန်းခဲ့သည်။ [၁၉]

ကမ္ဘောဒီးယားလူမျိုးများသည် သူတို့၏ နိုင်ငံကို "ဆော့ခမာ" ဟု ညွှန်းဆိုလေ့ရှိပြီး အဓိပ္ပါယ်မှာ "ခမာတို့၏မြေ" ဖြစ်သည်။ သို့သော် ပိုမို၍ တိကျသော အခေါ်အဝေါ်အနေနှင့် "ပရာတေး ကမ်ပူးချား" ဟု သုံးနှုန်းပြီး "ကမ်ပူးချားတို့၏ နိုင်ငံ" ဟု အဓိပ္ပာယ်ရသည်။ အနောက်ကမ္ဘာတွင် "ကမ္ဘောဒီးယား" ဟု အမြဲတစေ ရည်ညွှန်းလေ့ ရှိသော်လည်း အရှေ့တိုင်းနိုင်ငံများတွင် ကမ္ဘောဒီးယား အစား ကမ်ပူချီးယား ဟူ၍ အသံထွက်လေ့ရှိသည်။[၂၀][၂၁][၂၂]

တရားဝင် အမည်များ
နေ့စွဲ အမည် မှတ်ချက်
အေဒီ ၅၀/၆၈ – အေဒီ ၅၅၀ ဖူနန်း အင်ပိုင်ယာ နိုကော် ဖနွမ် – (အခြားအမည်)
၅၅၀–၈၀၂ ချန်နလာ အင်ပိုင်ယာ အေဒီ ၈ ရာစုတွင် ကုန်းချန်နလာ နှင့် ရေချန်နလာဟု ခွဲခြားခဲ့သည်။
၈၀၂–၁၄၃၁ ခမာ အင်ပိုင်ယာ အရှေ့တောင်အာရှတွင် ဩဇာအာဏာအကြီးဆုံး အင်ပိုင်ယာ တစ်ခု
၁၄၃၁–၁၈၆၃ ကမ္ဘောဒီးယား အလယ်ခေတ် (ချက်တိုမက်ခေတ်၊ လောင်းဗက်ခေတ်၊ အူဒုံခေတ်)
၁၈၆၃–၁၉၄၁၊ ၁၉၄၅–၁၉၅၃ ကမ္ဘောဒီးယားပြည် (ပြင်သစ်အစောင့်အရှောက်ခံ နိုင်ငံ)
၁၉၄၁–၁၉၄၅ ဂျပန်တို့လက်အောက်
၁၉၅၃–၁၉၇၀ ကင်းဒမ်းအော့ဖ် ကမ္ဘောဒီးယား (ပြည်သူ့ ဆိုရှယ်လစ် အဖွဲ့အစည်း) ကာလ
ကမ္ဘောဒီးယား ပထမနိုင်ငံဟုလည်း ခေါ်သည်။
၁၉၇၀–၁၉၇၅ ခမာသမ္မတနိုင်ငံ အမေရိကန် ဗုံးကြဲခြင်း၊ ပြည်တွင်းစစ်
၁၉၇၅–၁၉၇၆ ကမ်ပူးချား ခမာ လူမျိုးတုန်း သတ်ဖြတ်မှု
၁၉၇၆–၁၉၈၂ ဒီမိုကရက်တစ် ကမ်ပူးချား ခမာ လူမျိုးတုန်း သတ်ဖြတ်မှု – ကုလသမဂ္ဂအသိအမှတ်ပြု[၂၃]
၁၉၈၂–၁၉၉၀ ဒီမိုကရက်တစ် ကမ်ပူးချား၏ ညွန့်ပေါင်းအစိုးရ ကုလသမဂ္ဂအသိအမှတ်ပြု
၁၉၉၀–၁၉၉၃ ကမ္ဘောဒီးယား နိုင်ငံတော် အစိုးရ ကုလသမဂ္ဂအသိအမှတ်ပြု
၁၉၇၉–၁၉၈၉ ကမ်ပူးချား ပြည်သူ့သမ္မတနိုင်ငံ ကုလသမဂ္ဂမှ အသိအမှတ်မပြု
၁၉၈၉–၁၉၉၁ ကမ္ဘောဒီးယားနိုင်ငံ
၁၉၉၁–၁၉၉၃ ကမ္ဘောဒီးယား အသွင်ကူးပြောင်းရေး ကုလသမဂ္ဂ အာဏာပိုင်
၁၉၉၃–ယနေ့ ကင်းဒမ်းအော့ဖ် ကမ္ဘောဒီးယား ကမ္ဘောဒီးယား ဒုတိယနိုင်ငံ

သမိုင်း[ပြင်ဆင်ရန်]

သမိုင်းမတင်မီကာလ[ပြင်ဆင်ရန်]

၁၂ ရာစုမှ ကြွေရည်စည့်ရည် သုတ်လိမ်းထားသော ကျောက်သားလက်ရာ တစ်ခု

ယနေ့ခေတ် ကမ္ဘောဒီးယားနိုင်ငံနေရာတွင် ပလိုင်စတာဆင်း ခေတ်က လူတို့နေထိုင်ခဲ့ကြောင်း သက်သေအထောက်အထားများကို ကျဲပြန့်တွေ့ရှိရပြီး သလင်းနှင့် သလင်းအသွင်ပြောင်း ကျောက်လက်နက်ကိရိယာများမှာ ၎င်းတို့၏ သက်တမ်းသက်မှတ်ခြင်းမှာ ယုံကြည်ရလောက်သော အခြေအနေမရှိသော်လည်း မဲခေါင်မြစ် တစ်လျှောက်ရှိ ကုန်းမြေအဆင့်ဆင့် ဖြစ်နေရာ နေရာများ၊ စတန်ထရန်ပြည်နယ်၊​ကရာတီပြည်နယ် နှင့် ကမ်ပေါ့ပြည်နယ်တို့တွင် တွေ့ရသည်။[၂၄] အချို့သော ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများမှ ဟိုလိုဆင်းခေတ်အတွင်း မုဆိုး-ရှာဖွေစုဆောင်းသူ အုပ်စုများ ဒေသအတွင်း နေထိုင်ခဲ့ကြောင်း ပြသနေသည်။ ကမ္ဘောဒီးယားတွင် ရှေးအကျဆုံးတွေ့ရသော ရှေးဟောင်းသုတေသနဒေသမှာ ဘတ်တမ်ဘမ်ပြည်နယ်ရှိ "လန်းစပင်း" လှိုဏ်ဂူ ဖြစ်ပြီး ဟိုဘင်ဟျန်ခေတ်မှ ဖြစ်သည်။ အနိမ့်ပိုင်း မြေလွှာများအား တူးဆွပြီး ရေဒီယိုကာဘွန်နည်းဖြင့် သက်တမ်းသတ်မှတ်ရာတွင် ဘီစီ ၆၀၀၀ ခန့်ကို ညွှန်ပြနေသည်။[၂၄][၂၅] ထိုနေရာတွင်ပင် အထက်ပိုင်းမြေလွှာများကို တူးဆွရာ ကျောက်ခေတ်သစ်သို့ ကူးပြောင်းခြင်းဆိုင်ရာ အထောက်အထားများကို တွေ့ရပြီး ကမ္ဘောဒီးယားရှိ အစောဆုံးသက်တမ်းရှိသော မြေထည်ကြွေထည်များ ပါဝင်သည်။[၂၆]

ဟိုလိုဆင်းခေတ် နှင့် သံခေတ်ကြားမှ ရှေးဟောင်းသုတေသန တွေ့ရှိချက်မှာလည်း ရှားပါးသည်။ ကမ္ဘောဒီးယား သမိုင်းမတီမီခေတ်၏ အရေးပါသော ဖြစ်ရပ်မှာ မြောက်ဘက်မှ ပထမဆုံး ဆန်စပါးစိုက်ပျိုးသူလည်သမားများ ဝင်ရောက်လာခြင်းဖြစ်ပြီး ဘီစီ ၃ ထောင်စုနှစ် နှောင်းပိုင်းတွင် စတင်ခဲ့သည်။[၂၇] ကမ္ဘောဒီးယားတွင် တွေ့ရသော စိတ်ဝင်စားစရာအကောင်းဆုံး သက်သေအထောက်အထားများမှာ အမျိုးမျိုးသော စက်ဝိုင်းပုံ မြေဖို့ခြင်းများ ဖြစ်ပြီး မမ်မော့အနီး မြေသားနီများတွင် လည်းကောင်း ဗီယက်နမ်နှင့် နီးစပ်သော ဒေသများတွင်လည်းကောင်း ၁၉၅၀ ခုနှစ်များ၏ နှောင်းပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းတို့၏ အသုံးပြုမှုနှင့် သက်တမ်းမှာ အငြင်းပွားနေဆဲဖြစ်သော်လည်း အချို့မှာ ဘီစီ ၂ ထောင်စုနှစ် အတွင်းက ဖြစ်နိုင်သည်။[၂၈][၂၉]

ဘေယွန်အား လွတ်မြောက်ရန်အတွက် ခမာစစ်တပ်မှ ချမ်တို့နှင့် စစ်တိုက်ရန် သွားရောက်စဉ်

အချိန်ကာလ အတိအကျသတ်မှတ်၍ မရသော အခြား သမိုင်းမတင်မီခေတ်ဒေသများမှာ ၁၈၇၅ တွင် ပထမဆုံး စတင် စူးစမ်းခဲ့သော နေရာဖြစ်သည့် ဆမ်ရောင်း ဆန် (ရှေးဟောင်းမြို့တော် အူဒေါင် နှင့် သိပ်မဝေးသောနေရာ) [၃၀]နှင့် မြောက်ပိုင်းပြည်နယ် ဘွန်တေးမူရှေး အတွင်းရှိ "ဖွမ်စနေး" တို့ဖြစ်သည်။[၃၁] ဖွန်စနေးတွင် တူးဖော်မှုများအရ သင်္ချိုင်း ၂၁ ခုကို တွေ့ရှိရပြီး ထိုအတွင်း၌ သံလက်နက်များနှင့် ဦးခေါင်းဒဏ်ရာများတွေ့ရှိရသဖြင့် ရှေးအခါက ပဋိပက္ခရှိခဲ့ကြောင်း ညွှန်ပြနေပြီး အန်ကောရှိ မြို့ကြီးများနှင့် ဖြစ်ခဲ့ခြင်း ဖြစ်နိုင်သည်။[၂၇][၃၂] [၃၃]ရာတာနာကိရိ တွင် သတ္တုတွင်း တူးဖော်ရာ၌ သမိုင်းမတင်မီခေတ်က လက်မှုပစ္စည်းများကို မကြာခဏတွေ့ရလေ့ ရှိသည်။[၂၄]

သံကို ဘီစီ ၅၀၀ ခန့်တွင် စတင် အသုံးပြုခဲ့ပြီး အထောက်အထားများကို ယနေ့ခေတ် ထိုင်းနိုင်ငံနေရာဖြစ်သော ခိုရတ်ကုန်းမြင့်တွင် တွေ့ရသည်။ ကမ္ဘောဒီးယားတွင် သံခေတ် အခြေချနေထိုင်မှုများကို ဘက်ဆေးချမ်ကရောင် ပုထိုး နှင့် အခြားသော အန်ကောခေတ် ပုထိုးများ၏ အောက်ခြေတွင် တွေ့ရပြီး စက်ဝိုင်းပြီးမြေဖို့ခြင်းများကို အန်ကော၏ အနောက်မြောက်ဘက် ကီလိုမီတာ အနည်းငယ် အကွာတွင် ရှိသော "လိုဗီး" ၏ အောက်ခြေတွင် တွေ့ရသည်။ လူသေမြှုပ်နှံမှုများသည် အခြားတွေ့ရှိမှုများထက် ပိုများပြီး စားရေရိက္ခာ ရရှိမှု တိုးတက်လာခြင်း နှင့် ကုန်သွယ်ခြင်း ( ခရီးရှည် ကုန်သွယ်ခြင်းပင် ရှိသည်။ ဘီစီ ၄ ရာစုတွင် အိန္ဒိယနှင့် ကုန်သွယ်ရေးမှာ စတင်နေပြီ ဖြစ်သည်။)တို့အပြင် လူမှုအဆင့်အတန်း နှင့် အလုပ်သမားအဖွဲ့အစည်းများ ရှိကြောင်းလည်း သက်သေပြနေသည်။[၃၄]

သံခေတ်မှ တွေ့ရှိရသော လက်မှုပစ္စည်းများတွင် ဖန်ပုတီးများမှာ အရေးပါသော အထောက်အထား ဖြစ်သည်။ အမျိုးမျိုးကွဲပြားသော ဖန်ပုတီးများကို ကမ္ဘောဒီးယား တစ်ဝှမ်းရှိ ဒေသအချို့တွင် တွေ့ရှိရပြီး အနောက်မြောက်ဘက်ရှိ ဖွန်စနေး နှင့် အရှေ့တောင်ပိုင်းရှိ ပရိုဟီးယားတို့တွင် တွေ့ရှိရသဖြင့် ထိုအချိန်က ပင်မ ကုန်သွယ်ရေး ကွန်ယက် နှစ်ခု ရှိကြောင်း ပြသနေသည်။ ထိုကွန်ယက်နှစ်ခုမှာ အချိန်နှင့် နေရာ ကွာခြားနေသဖြင့် အေဒီ ၂ ရာစု မှ ၄ ရာစု အတွင်း ကွန်ယက်တစ်ခုမှ အခြားကွန်ယက်တစ်ခု သို့ ရွှေ့ပြောင်းခဲ့သည်ဟု ညွှန်ပြနေပြီး လူပတ်ဝန်းကျင် နိုင်ငံရေးဆိုင်ရာ ဩဇာအာဏာ ပြောင်းလဲသွားခြင်း ဖြစ်မည်ဟု ခန့်မှန်းရသည်။[၃၄]

အန်ကောမတိုင်မီခေတ် နှင့် အန်ကောခေတ်[ပြင်ဆင်ရန်]

ဗောဓိသတ္တဘုရားလောင်း အဝလောကိတေသွာရ ၏ မျက်နှာကို ပရာဆတ် ဘာရွန်တွင် တွေ့ရပုံ

အေဒီ ၃ရာစု၊ ၄ ရာစု နှင့် ၅ ရာစုတို့တွင် အိန္ဒိယ တိုင်းနိုင်ငံများဖြစ်သော ဖူနန်းပြည် နှင့် ၎င်း၏ နေရာအား ဆက်ခံသော ချန်နလာပြည်တို့သည် ယနေ့ခေတ် ကမ္ဘောဒီးယား နှင့် ဗီယက်နမ်တောင်ပိုင်း နေရာတို့ ပေါင်းစပ် ဖြစ်ပေါ်ခဲ့သည်။ နှစ်ပေါင်း ၂,၀၀၀ ကျော်တိုင်အောင်ပင် ကမ္ဘောဒီးယားသည် အိန္ဒိယမှ ဩဇာလွှမ်းမိုးမှုများကို ခံယူပြီး ယနေ့ခေတ် ထိုင်းနိုင်ငံ နှင့် လာအိုနိုင်ငံဖြစ်သော အခြားသော အရှေ့တောင်အာရှ ယဉ်ကျေးမှုလောကများသို့ ပြန်လည်ဖြန့်ဝေခဲ့သည်။[၃၅] ထိုတိုင်းပြည်များအကြောင်း အခြားသိရှိရသည်မှာ နည်းပါးပြီး တရုတ်တို့၏ သမိုင်းဆိုင်ရာ မှတ်တမ်းများနှင့် ပဏ္ဍာဆက်မှတ်တမ်းများ အရ ၎င်းတို့ကို ဖော်ပြထားသည်ကို တွေ့ရသည်။ ဖူနန်းနယ်မြေတွင် မဟာအလက်ဇန္ဒား၏ ပထဝီပညာရှင် ကလောဒီးယပ် တော်လမီမှ "ကတ်တီဂါရ" ဟု သိရှိသော ဆိပ်ကမ်းတည်ရှိခဲ့သည်ဟု ယုံကြည်ရသည်။ တရုတ်တို့၏ သမိုင်းမှတ်တမ်းများတွင် ချန်နလာ၏ ပထမ ဂျာယာဗာမန်း ဘုရင်မှာ ၆၈၁ ခုနှစ်ခန့်တွင် ကွယ်လွန်ခဲ့သည်ဟု ညွှန်ပြနေပြီး ထို့နောက်တွင် မငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့ကာ တိုင်းပြည်အား ကုန်းချန်ဒလာ နှင့် ရေချန်ဒလာဟု နှစ်ခြမ်းကွဲသွားစေခဲ့ပြီး ၎င်းတို့အား ဂျားဗားကျွန်း၏ ဩဇာခံသော အင်အားနိမ့်ပါးသော မင်းသားများမှ လျော့ရည်းစွာ အုပ်ချုပ်ခဲ့သည်ဟု ဆိုသည်။

ခမာဧကရာဇ်နိုင်ငံတော်သည် ချန်နလာ၏ အပျက်အစီးများကြားမှ ပေါ်ပေါက်လာခဲ့ပြီး ၈၀၂ ခုနှစ်တွင် ခိုင်မာစွဦ တည်ထောင်နိုင်ခဲ့ကာ ဒုတိယ ဂျာယာဗာမန် ဘုရင် (အေဒီ ၇၉၀မှ အေဒီ ၈၃၅ အထိ အုပ်စိုးခဲ့သည်။) ဂျားဗားပြည်မှ လွတ်လပ်ရေးကြေငြာခဲ့ပြီး မိမိဘာသာ ဒေဝါရာဂျာဘွဲ့ ခံယူခဲ့သည်။ သူနှင့် သူ၏ နောက်လိုက်များသည် ဘုရား-ဘုရင် ဂိုဏ်းကို တည်ထောင်ခဲ့ပြီး နယ်မြေသိမ်းပိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကာ ၉ ရာစုမှ ၁၅ ရာစုအတွင်း ထိုဒေသ၌ ကြွယ်ဝချမ်းသာလာခဲ့သည်။[၃၆] အဋ္ဌမဂျာရာဗာမန် လက်ထက်တွင် အန်ကောဧကရာဇ်နိုင်ငံတော်အား မွန်ဂိုမှ ကူဗလိုင်ခန်၏ စစ်တပ်မှ တိုက်ခိုက်ခဲ့သော်လည်း ဘုရင်အနေနှင့် ငြိမ်းချမ်းရေးကို ဝယ်ယူနိုင်ခဲ့သည်။[၃၇] ၁၃ ရာစုခန့်တွင် သီရိလင်္ကာ ဘုန်းကြီးများမှ အရှေ့တောင်အာရှအား ထေရဝါဒဗုဒ္ဓဘာသာနှင့် မိတ်ဆက်ခဲ့သည်။[၃၈] ဘာသာတရားမှာ ပြန့်ပွားလာခဲ့ပြီး နောက်ဆုံးတွင် အန်ကော၌ ရေပန်းစားသော ဘာသာတရားအဖြစ် ဟိန္ဒူဘာသာ နှင့် မဟာယန ဗုဒ္ဓဘာသာနေရာတွင် အစားထိုး ဝင်ရောက်လာခဲ့သည်။ သို့သော်လည်း ၁၂၉၅ ခုနှစ် တတိယ အင်ဒရာ ဗာမန် အာဏာရသည်အထိ နိုင်ငံတော်၏ တရားဝင်ဘာသာ ဖြစ်မလာခဲ့ပေ။[၃၉]

ခမာဧကရာဇ်နိုင်ငံတော်သည် ၁၂ရာစုအတွင်း အရှေ့တောင်အာရှ၏ အကြီးဆုံး ဧကရာဇ်နိုင်ငံတော် ဖြစ်ခဲ့သည်။ ဧကရာဇ်နိုင်ငံတော်၏ ဩဇာအာဏာ ဗဟိုချက်မှာ အန်ကော ဖြစ်ပြီး ဧကရာဇ်နိုင်ငံတော်၏ အထွဋ်အထိပ် ရောက်ရှိစဉ်တွင် မြို့တော်အများအပြားကို တည်ဆောက်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် နိုင်ငံတကာမှ သုတေသနပညာရှင် အဖွဲ့က ဂြိုဟ်တုမှ ရိုက်ကူးထားသော ဓာတ်ပုံများနှင့် အခြားသော ခေတ်မီနည်းလမ်းများကို အသုံးပြု၍ ကောက်ချက်ချခဲ့သည်မှာ အန်ကောသည် ကမ္ဘာပေါ်တွင် စက်မှုခေတ်မတိုင်မီက အကြီးဆုံး မြို့ပြ ဖြစ်ခဲ့ပြီး မြို့ပြအကျယ်အဝန်းမှာ ၂,၉၈၀ စတုရန်း ကီလိုမီတာ (၁,၁၅၁ စတုရန်းမိုင်) မျှ ရှိသည်ဟု ဆိုသည်။[၄၀] မြို့တော်မှာ လူဦးရေ ၁ သန်းခန့် အထိ နေထိုင်နိုင်သော အကျယ်အဝန်း ရှိသည်။[၄၁] အများဆုံးသိကြပြီး အကောင်းဆုံး ထိန်းသိမ်းထားနိုင်သည့် အန်ကောဝပ် ဘုရားကျောင်းမှာလည်း ကမ္ဘောဒီးယား၏ အတိတ်က အဓိက ဒေသတွင်း အင်အားကြီးနိုင်ငံ ဖြစ်ခဲ့သည်ကို သတိပေးနေသကဲ့သို့ ရှိသည်။ ဧကရာဇ်နိုင်ငံတော်သည် အင်အားကျဆင်းလာသော်လည်း ၁၅ ရာစု ပျက်သုဉ်းသွားသည့် အချိန်အထိ ထင်ရှားသော အားတစ်ခု အဖြစ် ဆက်လက် ရှိနေသေးသည်။

အန်ကောလွန်ခေတ်[ပြင်ဆင်ရန်]

၁၇၆၀ တွင် တွေ့ရသော အင်ဒိုချိုင်းနား မြေပုံ

အိမ်နီးချင်းတိုင်းပြည်များနှင့် စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အန်ကောအား အယုဒ္ဓယပြည်မှ ဝင်ရောက်ကျူးကျော် သိမ်းပိုက်ခဲ့ပြီး ၁၄၃၂ တွင် စွန့်ပစ်ခဲ့သည်။ အကြောင်းမှာ ဂေဟစနစ် ပျက်ယွင်းမှုနှင့် အခြေခံအဆောက်အအုံများ ပျက်စီးမှုတို့ကြောင့် ဖြစ်သည်။[၄၂][၄၃] ထိုအကြောင်းကြောင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ တုံ့ဆိုင်းမှုများ ဖြစ်ပေါ်စေခဲ့ပြီး တိုင်းပြည်၏ ပြည်တွင်းရေးကိစ္စရပ်များမှာ အိမ်နီးချင်းတိုင်းပြည်များ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည်။ ထိုအချိန်သို့ ရောက်သောအခါ ခမာတို့၏ အထိမ်းအမှတ်အဆောက်အဦး တည်ဆောက်မှုများ ပြီးဆုံးခဲ့သည်။ ရှေးဟောင်းယုံကြည်မှုများ ဖြစ်သော မဟာယနဗုဒ္ဓဘာသာ နှင့် ဟိန္ဒူ၏ ဘုရင်ဘုရား ဂိုဏ်းတို့၏ နေရာတွင် ထေရဝါဒ ဗုဒ္ဓဘာသာ အစားထိုး ဝင်ရောက်လာခဲ့သည်။

မြို့တော်ကို လောင်းဗက် သို့ ပြောင်းရွှေ့ခဲ့ပြီး ထိုနေရာတွင် တိုင်းပြည်မှာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးဖြင့် တဖန်ပြန်လည် ထွန်းကားအောင် ကြံဆောင်ခဲ့သည်။ ကမ္ဘောဒီးယားအား ဥရောပ မှတ်တမ်းများတွင် ပထမဆုံး ဖော်ပြခြင်းမှာ ၁၅၁၁ တွင် ပေါ်တူဂီတို့မှ ဖော်ပြခြင်း ဖြစ်သည်။ ပေါ်တူဂီ ခရီးသည်တို့မှ မြို့တော်အား စည်းစိမ်ဥစ္စာနှင့် နိုင်ငံခြား ကုန်သွယ်ရေး ထွန်းကားသော မြို့ အဖြစ် ဖော်ပြခဲ့သည်။ အယုဒ္ဓယ နှင့် ဗီယက်နမ်တို့နှင့် ဆက်လက် စစ်မက်ဖြစ်ပွားခြင်းကြောင့် နယ်မြေများ ထပ်မံဆုံးရှုံးခဲ့ရပြီး ၁၅၉၄ တွင် အယုဒ္ဓယ ၏ မဟာ နာရစွမ်ဘုရင်မှ လောင်းဗက်အား အောင်မြင်ပြီး ဖျက်ဆီးခဲ့သည်။ ခမာမြို့တော် အသစ်ဖြစ်သော အူဒေါင်းအား ၁၆၁၈ တွင် လောင်းဗက်၏ တောင်ဘက်တွင် တည်ထောင်ခဲ့သည်။ သို့သော်လည်း ဘုရင်များမှာ ထိုင်း နှင့် ဗီယက်နမ်တို့၏ ဩဇာခံ အဖြစ် တစ်လှည့်စီ ဝင်ရောက်ခြင်းဖြင့် နောက်ထပ် ၃ ရာစုအတွင်း အသက်ဆက်နိုင်ခဲ့ပြီး လွတ်လပ်သောကာလမှာ အနည်းငယ်သာ ရှိသည်။

ကမ္ဘောဒီးယားရှိ တောင်ကုန်းနေ လူမျိုးစုများမှာ ဆိုင်ယမ်(ထိုင်း)၊ အန်နာမိုက် (ဗီယက်နမ်) နှင့် ကမ္ဘောဒီးယားတို့မှ လိုက်လံဖမ်းဆီး ကျွန်ပြုခြင်းကို ဆက်တိုက်ခံခဲ့ရသည်။[၄၄][၄၅]

၁၉ ရာစုအတွင်းတွင် ထိုင်းနှင့် ဗီယက်နမ်တို့မှ ကမ္ဘောဒီးယားအား ထိန်းချုပ်ရန် အပြိုင်အဆိုင်ကြိုးစားခြင်းကြောင့် ဗီယက်နမ် မင်းချင်းတို့က ခမာတို့အား ဗီယက်နမ်တို့၏ ထုံးတမ်းစဉ်လာများကို ကျင့်သုံးရန် ဖိအားပေးခြင်း ခံခဲ့ရသော အချိန်ကာလ ရှိခဲ့သည်။ ထို့အတွက်ကြောင့် ဗီယက်နမ်တို့အား ပုန်ကန်မှု အချို့ ရှိခဲ့ပြီး ထိုင်းတို့ထံမှ အကူအညီ တောင်းခံခဲ့သည်။ ၁၈၄၁-၁၈၄၅ ထိုင်း-ဗီယက်နမ် စစ်ပွဲ သည် ကမ္ဘောဒီးယားအား ပူးတွဲ ဆူဇာရိန်တီ (နိုင်ငံခြားရေးကို အုပ်စိုးသူပြည်ပနိုင်ငံမှ စီမံ၍ ပြည်တွင်းရေးကို မိမိဘာသာ စီမံသောနိုင်ငံ) နိုင်ငံ အဖြစ် ထားရှိရန် သဘောတူညီခဲ့သည်။ ထို့မှတဆင့် နိုရိုဒုန် ပရွန်ဘိုရီရက် ဘုရင်မှ ပြင်သစ်အစောင့်အရှောက်ခံနိုင်ငံအဖြစ် ထားရှိရန် စာချုပ်ချုပ်ဆိုခဲ့သော အနေအထားသို့ ရောက်ရှိသွားခဲ့သည်။

ပြင်သစ်ကိုလိုနီခေတ်[ပြင်ဆင်ရန်]

ဆီဆိုဝပ် ဘုရင်
၁၉၄၁ တွင် နိုရိုဒွန် သီဟာနု ဘိသိက်ခံနေပုံ

၁၈၆၃ တွင် ထိုင်းတို့တင်မြှောက်ထားသော နိုရိုဒွန်ဘုရင် မှ[၄] ပြင်သစ်တို့မှ ကမ္ဘောဒီးယားအား ထိုင်းတို့ထံမှ ကာကွယ်ပေးရန် အကူအညီတောင်းခဲ့သည်။ ၁၈၆၇ တွင် ထိုင်းနိုင်ငံ၏ ရာမ ၄ ဘုရင်မှ ပြင်သစ်နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံအား ထိန်းချုပ်ခြင်းအား စွန့်လွှတ်ရန် နှင့် ထို့အတွက် ဘတ်တမ်ဘန် နှင့် ဆီရမ်ရိ ပြည်နယ်တို့အား အစားပြန်ပေးရန် သဘောတူညီခဲ့သည့်အတွက် ထိုပြည်နယ်တို့မှာ ထိုင်းနိုင်ငံ၏ အစိတ်အပိုင်း တရားဝင် ဖြစ်လာခဲ့သည်။ ၁၉၀၇ ခုနှစ် ပြင်သစ်နှင့် ထိုင်းတို့ နယ်စပ်စာချုပ် ချုပ်ဆိုသော အခါမှသာ ထိုပြည်နယ်များကို ပြန်လည်ပေးအပ်ခဲ့သည်။

ကမ္ဘောဒီးယားသည် ပြင်သစ်တို့၏ အစောင့်အရှောက်ခံနိုင်ငံအဖြစ် ၁၈၆၇ မှ ၁၉၅၃ ခုနှစ်အထိ ရှိနေခဲ့ပြီး ပြင်သစ်အင်ဒိုချိုင်းနား ကိုလိုနီ နယ်မြေ၏ တစိတ်တဒေသ အဖြစ် ပြင်သစ်တို့မှ အုပ်ချုပ်ခဲ့သော်လည်း ၁၉၄၁ မှ ၁၉၄၅ အတွင်းတွင်မူ ဂျပန်တို့မှ ဝင်ရောက်ကျူးကျော်ခဲ့သည်။[၄၆]၁၈၇၄ မှ ၁၉၆၂ ခုနှစ်အတွင်း စုစုပေါင်း လူဦးရေမှာ ၉၄၆,၀၀၀ မှ ၅.၇ သန်း အထိ တိုးတက်လာခဲ့သည်။ [၄၇] ၁၉၀၄ ခုနှစ်တွင် နိုရိုဒွန် ဘုရင် ကွယ်လွန်သော အခါ ပြင်သစ်တို့မှ ဘုရင်ရွေးချယ်မှုကို ချုပ်ကိုင်ခဲ့ပြီး နိုရိုဒွန် နှင့် ညီအစ်ကို တော်စပ်သူ ဆီဆိုဝပ်အား ဘုရင်အဖြစ် တင်မြှောက်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ဆီဆိုဝပ်၏ သားဖြစ်သူ မိုနီဗွန်ဘုရင် ကွယ်လွန်သော အခါတွင် ရာဇပလ္လင်မှာ လစ်လပ်သွားခဲ့သည်။ ပြင်သစ်တို့မှ မိုနီဗွန်၏ သား မိုနီရက် သည် အလွန်ပင် လွတ်လပ်စွာ တွေးခေါ်တတ်သည်ဟု ယူဆသဖြင့် ဘုရင်အဖြစ် မတင်မြှောက်ခဲ့ပေ။ သူ့အစား ဆီဆိုဝပ်ဘုရင်၏ သမီးမှ မွေးဖွားသော မြေးဖြစ်သူ နိုရိုဒွန် သီဟာနု အား ဘုရင်အဖြစ် တင်မြှောက်ခဲ့သည်။ ပြင်သစ်တို့မှ အသက်ငယ်သော သီဟာနုကို အလွယ်တကူ ထိန်းချုပ်နိုင်မည်ဟု ထင်မြင်ယူဆခဲ့သည်။[၄၆]သို့သော်လည်း သူတို့ယူဆချက် မှားယွင်းခဲ့ပြီး နိုရိုဒွန် သီဟာနု ဘုရင် အုပ်စိုးစဉ်ကာလတွင်ပင် ကမ္ဘောဒီးယားသည် ပြင်သစ်တို့လက်အောက်မှ ၁၉၅၃ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် လွတ်လပ်ရေး ရခဲ့သည်။[၄၆]

လွတ်လပ်ရေးရခြင်း နှင့် ဗီယက်နမ်စစ်ပွဲ[ပြင်ဆင်ရန်]

ကမ္ဘောဒီးယားသည် နိုရိုဒွန် သီဟာနု ဘုရင်၏ အုပ်ချုပ်မှုအောက်တွင် စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးသော နိုင်ငံဖြစ်လာသည်။ ပြင်သစ်အင်ဒိုချိုင်းနားအား လွတ်လပ်ရေးပေးသော အခါတွင် ကမ္ဘောဒီးယားအနေနှင့် မဲခေါင်မြစ်ဝှမ်းဒေသကို ပြန်လည်ထိန်းချုပ်ရန် မျှော်လင့်ချက်ကင်းမဲ့ခဲ့ရပြီး ထိုဒေသကို ဗီယက်နမ်နိုင်ငံသို့ ပေးအပ်လိုက်သောကြောင့် ဖြစ်သည်။ ယခင်က ခမာဧကရာဇ်နိုင်ငံတော်၏ အစိတ်အပိုင်း ဖြစ်သော်လည်း ထိုဒေသကို ဗီယက်နမ်တို့က ၁၆၉၈ ခုနှစ်ကတည်းက ထိန်းချုပ်ထားခဲ့ပြီး ဒုတိယ ချေ ချက်သာ ဘုရင်က ဗီယက်နမ်တို့အား အခြေချနေထိုင်ရန် ထိုအချိန် မတိုင်မီ ဆယ်စုနှစ် အချို့ကတည်းက ခွင့်ပြုခဲ့သည်။[၄၈] ထိုကိစ္စသည် သံတမန်ရေးရာ ကိစ္စများတွင် အဟန့်အတား တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး ခမာလူမျိုး ၁ သန်းကျော်တို့ ထိုဒေသတွင် နေထိုင်ဆဲ ဖြစ်သည်။ ခမာနီတို့က ထိုဒေသကို ကျူးကျော်ပြီး နယ်မြေကို ပြန်လည်ရယူရန်ကြိုးစားခြင်းက ဗီယက်နမ်တို့ ကမ္ဘောဒီးယားကို ကျူးကျော်ရခြင်း၏ အကြောင်းတရားတစ်ခု ဖြစ်စေခဲ့ပြီး ခမာနီတို့ ဖြုတ်ချခံခဲ့ရသည်။

နိုရိုဒွန် သီဟာနု နှင့် မော်စီတုန်းတို့ကို ၁၉၅၆ တွင် တွေ့ရစဉ်

၁၉၅၅ တွင် သီဟာနုသည် သူ့ဖခင်ကို အလေးပေးသော အနေဖြင့် နန်းစွန်းခဲ့ပြီး နိုင်ငံရေးတွင် ပါဝင်ခဲ့ကာ ဝန်ကြီးချုပ်အဖြစ် အရွေးခံခဲ့ရသည်။ သူ၏ ဖခင် ၁၉၆၀ တွင် ကွယ်လွန်သည့် အခါတွင် သီဟာနုသည် နိုင်ငံ၏ ဥသျှောင် တဖန် ပြန်ဖြစ်ခဲ့ပြီး မင်းသားကြီး ဘွဲ့ကို ခံယူခဲ့သည်။ ဗီယက်နမ် စစ်ပွဲ အရှိန်မြင့်လာသော အခါ သီဟာနုသည် စစ်အေးတိုက်ပွဲ အတွင်း ကြားနေသည့် ပေါ်လစီကို ကျင့်သုံးခဲ့သည်။ သီဟာနု အနေနှင့် ဗီယက်နမ် ကွန်မြူနစ်တို့အား ကမ္ဘောဒီးယားကို ခိုလှုံရာ နယ်မြေ အဖြစ် အသုံးပြုရန် ခွင့်ပြုခဲ့ပြီး တောင်ဗီယက်နမ်တွင် တိုက်ခိုက်နေသော သူတို့၏ စစ်တပ်များသို့ လက်နက် နှင့် အခြား အကူအညီများ တင်ပို့ရန် ထောက်ပို့လမ်းကြောင်း အဖြစ် အသုံးပြုခွင့် ပေးခဲ့သည်။ ထိုပေါ်လစီအား ရှက်စရာကောင်းသော ပေါ်လစီဟု ကမ္ဘောဒီးယား နိုင်ငံသား အမြောက်အများက ရှုမြင်ကြသည်။ ၁၉၆၇ တွင် သီဟာနု မှ ဝါရှင်တန်ပို့စ် သတင်းစာမှ သတင်းစာဆရာ စတန်လေ ကာနိုးအား အကယ်၍ အမေရိကန်တို့အနေနှင့် ကမ္ဘောဒီးယားတို့ကို မထိခိုက်ပါက ဗီယက်နမ်တို့၏ ခိုလှုံရာနေရာများကို ဗုံးကြဲမည် ဆိုလျှင် သူ့အနေနှင့် ကန့်ကွက်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။[၄၉]

ထိုသတင်းစကားကိုပင် အမေရိကန်သမ္မတ ဂျွန်ဆင် ၏ ကိုယ်စားလှယ်ဖြစ်သော ချက်စတာ ဘောင်း သို့လည်း ၁၉၆၈ ဇန်နဝါရီလတွင် ပေးခဲ့သည်။[၅၀] သို့သော်လည်း အများပြည်သူရှေ့တွင် သီဟာနု အနေနှင့် အမေရိကန်တို့အား ကမ္ဘောဒီးယားတွင် လေကြောင်း​ဗုံးကြဲမှု ပြုလုပ်ခြင်းကို ကန့်ကွက်ခဲ့ပြီး မတ်လ ၂၆ တွင် သူက ပြောကြားခဲ့သည်မှာ "ဒီလို ရာဇဝတ်မှုမြောက်တဲ့ တိုက်ခိုက်မှုတွေကို အမြန်ဆုံးနဲ့ အသေအချာကို ရပ်တန့်ပစ်ရမယ်။" ဟူ၍ ဖြစ်သည်။ မတ်လ ၂၈ ရက်တွင် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး သီဟာနုမှ နိုင်ငံတကာ သတင်းဌာနတို့အား "နိုင်ငံတကာတွင် ကမ္ဘောဒီးယား၏ ရှင်းလင်းပြတ်သားသော ရပ်တည်မှုကို ထုတ်ဖော်ပေးရန် တောင်းပန်ပါတယ်။​ဒါကတော့ ကျွန်တော့်အနေနဲ့ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် ဘယ်လိုဆင်ခြေနဲ့ပဲ ဖြစ်ဖြစ် ကမ္ဘောဒီးယားနယ်မြေထဲမှာ ဗုံးကြဲတာကို ဆန့်ကျင်ပါတယ်။" ဟု ပြောကြားခဲ့သည်။[၅၁] အစိုးရ အဖွဲ့ဝင်များနှင့် စစ်သားများမှ သီဟာနု၏ အုပ်ချုပ်သည့် ပုံစံ အပြင် အမေရိကန် ပြည်ထောင်စုမှ ဖယ်ခွါသွားသည်ကို မနှစ်မြို့ကြပေ။

ခမာပြည်သူ့သမ္မတနိုင်ငံ (၁၉၇၀-၇၅)[ပြင်ဆင်ရန်]

သီဟာနုသည် ၁၉၇၀တွင် ဘေဂျင်းသို့ အလည်အပတ်သွားရောက်နေစဉ်တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး လွန်နို နှင့် မင်းသား စီစိုဝပ်သ် စီရစ် မာတပ် ဦးဆောင်သော စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။ အမေရိကန်တို့ အာဏာသိမ်းမှုကို ထောက်ပံ့ကြောင်း သက်သေမပြနိုင်ပေ။[၅၂] သို့သော်လည်း အာဏာသိမ်းမှု ပြီးဆုံးသည့်အခါတွင် အစိုးရသစ်သည် ဗီယက်နမ် ကွန်မြူနစ်တို့အား ကမ္ဘောဒီးယားမှ ထွက်ခွါသွားရန် အမြန်ဆုံး တောင်းဆိုခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှ နိုင်ငံရေးအရ ထောက်ခံမှု ရရှိခဲ့သည်။ သူတို့ခိုလှုံရာနေရာများနှင့် မြောက်ဗီယက်နမ်မှ သူတို့၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ဆက်လက်ထိန်းသိမ်းရန် အသည်းအသန် ဆန္ဒပြင်းပြနေသော မြောက်ဗီယက်နမ်သားများ နှင့် ဗီယက်ကောင်းတပ်များသည် အစိုးရသစ်အား လက်နက်ကိုင် တိုက်ခိုက်မှု ချက်ချင်း စတင်တော့သည်။ ဘုရင်မှ သူ၏ နောက်လိုက်များအား အစိုးရအား ဖြုတ်ချရန် တိုက်တွန်းခဲ့သဖြင့် ပြည်တွင်းစစ် ဖြစ်ရန် အခြေအနေသို့ အလျှင်အမြန် ရောက်ရှိခဲ့သည်။ [၅၃]

အမေရိကန်တို့ ကမ္ဘောဒီးယားသို့ ၁၉၇၀ မှ ၁၉၇၃ အတွင်း ဗုံးကြဲတိုက်ခိုက်ရာတွင် လူပေါင်း ထောင်ပေါင်းများစွာ သေဆုံးခဲ့သည်။[၅၄]
အီးဂဲလ်ပူး စစ်ဆင်ရေး

မကြာမီတွင်ပင် ခမာနီသူပုန်တို့က သီဟာနုကို အသုံးပြု၍ ထောက်ခံမှု ရရှိရန် စတင်ခဲ့ကြသည်။ သို့သော်လည်း ၁၉၇၀ မှ ၁၉၇၂ ခုနှစ် အစောပိုင်း အထိ ကမ္ဘောဒီးယား ပဋိပက္ခမှာ အစိုးရ၊ ကမ္ဘောဒီးယားစစ်တပ် နှင့် မြောက်ဗီယက်နမ်တပ်များ ကြားတွင်သာ ဖြစ်သည်။​သူတို့အနေနှင့် ကမ္ဘောဒီးယား နယ်မြေအား ထိန်းချုပ်နိုင်လာသော အခါတွင် ဗီယက်နမ်ကွန်မြူနစ်တို့မှ နိုင်ငံရေး အခြေခံအဆောက်အအုံသစ်ကို ဖြစ်ပေါ်စေခဲ့ပြီး ထို စနစ်အား ကြီးစိုးခဲ့သည်မှာ ယခုအခါ ခမာနီဟု ရည်ညွှန်းကြသော ကမ္ဘောဒီးယား ကွန်မြူနစ်များပင် ဖြစ်သည်။[၅၅] ၁၉၆၉မှ ၁၉၇၃ အတွင်းတွင် ဗီယက်နမ် သမ္မတနိုင်ငံ​(တောင်ဗီယက်နမ်) နှင့် အမေရိကန်တပ်များက ဗီယက်ကောင်းများနှင့် ခမာနီတို့ကို နှောင့်ယှက်ရန်ကြိုးပမ်းသည့် အနေနှင့် ကမ္ဘောဒီးယားကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။

၁၉၉၁ ခုနှစ်နောက်ပိုင်း ဆိုဗီယက်တို့ သိမ်းဆည်းထားသော မှတ်တမ်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ၁၉၇၀ ခုနှစ်တွင် မြောက်ဗီယက်နမ် တို့ ကမ္ဘောဒီးယားနိုင်ငံအား သိမ်းဆည်းရန် ကြိုးစားမှုအား ခမာနီတို့မှ အတိအလင်း တောင်းဆိုမှုကြောင့် ဖြစ်ပြီး ပိုပေါ့ နှင့် ဒုတိယအကြီးဆုံး ဖြစ်သော နွမ်းချာတို့မှ ညှိနှိုင်းခဲ့သည်ဟု သိရသည်။[၅၆] မြောက်ဗီယက်နမ်တို့မှ ကမ္ဘောဒီးယား စစ်တပ်တို့ တပ်စွဲထားသော နေရာများကို သိမ်းပိုက်ခဲ့ပြီး ကမ်ပူးချား ကွန်မြူနစ်ပါတီ (စီပီကေ) မှ ဆက်သွယ်ရေးလမ်းကြောင်းများကို တိုက်ခိုက်မှုအား တိုးမြှင့်ခဲ့သည်။ မြောက်ဗီယက်နမ်တို့၏ ကျူးကျော်မှုကို တုံ့ပြန်သည့် အနေနှင့် အမေရိကန်သမ္မတ ရစ်ချက် နစ်ဆင် မှ အမေရိကန်နှင့် တောင်ဗီယက်နမ် ကုန်းတပ်များသည် ကမ္ဘောဒီးယားရှိ မြောက်ဗီယက်နမ်တို့၏ အခြေစိုက်စခန်းများကို ဖျက်စီးရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘောဒီးယားသို့ ဝင်ရောက်မည်ဟု ကြေငြာခဲ့သည်။[၅၇]အမေရိကန်နှင့် တောင်ဗီယက်နမ်တပ်များမှ လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရမိခဲ့သော်လည်း မြောက်ဗီယက်နမ်တပ်များကို ထိန်းချုပ်ရန် ကိစ္စမှာ ခက်ခဲခဲ့သည်။

ခမာပြည်သူ့သမ္မတနိုင်ငံ၏ အဓိက ခေါင်းဆောင် ၃ ဦးဖြစ်သော လွန်နို၊ သီဟာနု၏ ညီအစ်ကိုဝမ်းကွဲဖြစ်သော ဆီရစ်မာတက် နှင့် အမျိုးသားလွှတ်တော်ခေါင်းဆောင် အင်တမ်တို့ ကြားတွင် ခေါင်းဆောင်မှုမှာ မညီညွတ်မှုများဖြင့် ပြည့်နှက်နေသည်။ လွန်နိုသည် တစိတ်တပိုင်း အာဏာရှိနေဆဲဖြစ်ပြီး အခြားသူများမှာ သူ့နေရာကို ရယူရန် မကြိုးစားကြသောကြောင့် ဖြစ်သည်။ ၁၉၇၂ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်ကျင့်သုံးခဲ့ကာ ပါလီမန်ကို ရွေးကောက်တင်မြှောက်ခဲ့ပြီး လွန်နိုသည် သမ္မတ ဖြစ်လာခဲ့သည်။ သို့သော်လည်း မညီညွတ်ခြင်း၊ လူ ၃၀,၀၀၀ ရှိသော စစ်တပ်အား လူ ၂၀၀,၀၀၀ ကျော် ရှိသော နိုင်ငံတော် တိုက်ခိုက်ရေးတပ်များအဖြစ် ပြောင်းလဲခြင်း နှင့် ခြစားမှုများ ပျံ့နှံ့ခြင်းတို့ကြောင့် အရပ်ဖက် အုပ်ချုပ်ရေးနှင့် စစ်တပ်မှာ အားနည်းလာခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံအတွင်း ကွန်မြူနစ်တို့၏ ထကြွမှုမှာ ဆက်လက် တိုးပွားလာခဲ့ပြီး မြောက်ဗီယက်နမ်မှ ရိက္ခာနှင့် စစ်ရေး ထောက်ပံ့ပေးခဲ့သည်။ ပိုပေါ့ နှင့် ယန်ဆာရီတို့သည် ဗီယက်နမ်တွင် လေ့ကျင့်သင်ကြားထားသော ကွန်မြူနစ်များပေါ်တွင် ဩဇာလွှမ်းမိုးခဲ့ပြီး အများစုကို ထုတ်ပစ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် စီပီကေ တပ်များသည် ပိုမိုအားကောင်းလာခဲ့ပြီး သူတို့အား ထောက်ပံ့ပေးထားသော ဗီယက်နမ်များထံမှ ပို၍ သီးခြား ရပ်တည်လာနိုင်ခဲ့သည်။ ၁၉၇၃ သို့ရောက်သော အခါတွင် စီပီကေသည် အစိုးရတပ်များနှင့် တိုက်ပွဲများကို မြောက်ဗီယက်နမ်တပ်များ၏ ပံ့ပိုးမှု မပါဘဲ တိုက်ခိုက်လာနိုင်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံနယ်မြေ၏ ၆၀% နှင့် လူဦးရေ၏ ၃၀%ကို ထိန်းချုပ်နိုင်ခဲ့သည်။ အစိုးရသည် ပုန်ကန်သူများနှင့် စေ့စပ်ဆွေးနွေးရန် ၃ ကြိမ်တိုင်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ၁၉၇၄ သို့ ရောက်သော အခါတွင် စီပီကေသည် တိုင်းဒေသ များအဖြစ် လွတ်လပ်စွာ လည်ပတ်ဆောင်ရွက်လာခဲ့ပြီး မြောက်ဗီယက်နမ်တိုက်ခိုက်ရေး တပ်အချို့မှာ တောင်ဗီယက်နမ်သို့ ပြောင်းရွှေ့သွားခဲ့သည်။ လွန်နို ၏ အုပ်ချုပ်မှုမှာ မြို့တော်များ ပတ်ဝန်းကျင် အစိတ်အပိုင်း သေးသေးများ နှင့် အဓိက ပို့ဆောင်ရေး လမ်းကြောင်းများ အထိသာ ရှိသည်အထိ လျော့ကျသွားခဲ့သည်။ စစ်ပွဲမှ ဒုက္ခသည် ၂ သန်းကျော်တို့သည် ဖနွမ်းပင် နှင့် အခြားမြို့တော်များတွင် နေထိုင်ကြသည်။

ခမာနီအစိုးရ​ (၁၉၇၅-၇၈)[ပြင်ဆင်ရန်]

ဗီယက်နမ်တို့ ကျူးကျော်ခြင်း နှင့် အသွင်ကူးပြောင်းရေးကာလ[ပြင်ဆင်ရန်]

ဘုရင်စနစ်ကို ပြန်လည်အသက်သွင်းခြင်း[ပြင်ဆင်ရန်]

ပထဝီဝင်[ပြင်ဆင်ရန်]

ရာသီဥတု[ပြင်ဆင်ရန်]

ဂေဟစနစ်[ပြင်ဆင်ရန်]

သဘာဝပတ်ဝန်းကျင်[ပြင်ဆင်ရန်]

နိုင်ငံရေး[ပြင်ဆင်ရန်]

အစိုးရ[ပြင်ဆင်ရန်]

နိုင်ငံရေးယဉ်ကျေးမှု[ပြင်ဆင်ရန်]

အကျင့်ပျက် ခြစားမှု[ပြင်ဆင်ရန်]

နိုင်ငံခြား ဆက်ဆံရေး[ပြင်ဆင်ရန်]

စစ်ရေး[ပြင်ဆင်ရန်]

ဥပဒေရေးရာ အလုပ်အကိုင်[ပြင်ဆင်ရန်]

လူ့အခွင့်အရေး[ပြင်ဆင်ရန်]

အုပ်ချုပ်ရေးဒေသများ[ပြင်ဆင်ရန်]

စဉ် ပြည်နယ် မြို့တော် ဧရိယာ (km2) လူဦးရေ
ဗန်တေးမိန်ဇယ (Banteay Meanchey) Serei Saophoan and Poipet ၆,၆၇၉ ၆၇၈,ဝ၃၃
ဗတ္တမ်ဗောင်း (Battambang) ဗတ္တမ်ဗောင်း ၁၁,၇၀၂ ၁,ဝ၃၆,၅၂၃
ကမ်ပုန်းချမ် (Kampong Cham) ကမ်ပုန်းချမ် ၄,၅၄၉ ၁,ဝ၁၀,ဝ၉၈
ကမ်ပုန်းချနန်း (Kampong Chhnang) ကမ်ပုန်းချနန် ၅,၅၂၁ ၄၇၂,၆၁၆
ကမ်ပုန်စပူ (Kampong Speu) Chbar Mon ၇,ဝ၁၇ ၇၁၈,ဝ၀၈
ကမ်ပုန်ထုမ် (Kampong Thom) Stung Saen ၁၃,၈၁၄ ၉၀၈,၃၉၈
ကမ်ပုတ် (Kampot) ကမ်ပုတ် ၄,၈၇၃ ၅၈၅,၁၁၀
ကဏ္တာလ (Kandal) Ta Khmau ၃,၅၆၈ ၁,၂၆၅,၈၀၅
ကပ် (Kep) က ၃၃၆ ၈၀,၂၀၈
၁၀ ကော့ကောင်း (Koh Kong) Khemarak Phoumin ၁၁,၁၆၀ ၁၃၉,၇၂၂
၁၁ ကရာကျယ် (Kratié) ကရာကျယ် ၁၁,ဝ၉၄ ၃၁၈,၅၂၃
၁၂ မဏ္ဍလဂီရီ (Mondulkiri) Senmonorom ၁၄,၂၈၈ ၆၀,၈၁၁
၁၃ ဥတ္တရမိန်ဇယ (Oddar Meanchey) Samraong ၆,၁၅၈ ၁၈၅,၄၄၃
၁၄ ပိုင်လင် (Pailin) ပိုင်လင် ၈၀၃ ၇၀,၄၈၂
၁၅ ဖနွမ်းပင် (Phnom Penh) Doun Penh ၇၅၈ ၂,၂၃၄,၅၆၆
၁၆ ဖရဲသီဟနု (Preah Sihanouk) ဖရဲသီဟနု ၂,၅၃၇ ၁၉၉,၉၀၂
၁၇ ဖရဲဝိဟာရ (Preah Vihear) Tbaeng Meanchey ၁၃,၇၈၈ ၁၇၀,၈၅၂
၁၈ ဗောဓိစတ် (Pursat) ဗောဓိစတ် ၁၂,၆၉၂ ၃၉၇,၁၀၇
၁၉ ပရေဗင် (Prey Veng) ပရေဗင် ၄,၈၈၃ ၉၄၇,၃၅၇
၂၀ ရတနဂီရီ (Ratanakiri) Banlung ၁၀,၇၈၂ ၅၆၇,၄၅၉
၂၁ စီရမ်ရိ (Siem Reap) စီရမ်ရိ ၁၀,၂၂၉ ၁,ဝ၀ဝ,၃၀၉
၂၂ စီတောင်တရင်း (Stung Treng) Stung Treng ၁၁,ဝ၉၂ ၁၁၁,၇၃၄
၂၃ စဝေရင်း (Svay Rieng) Svay Rieng and Bavet ၂,၉၆၆ ၄၉၈,၇၈၅
၂၄ တကောင် (Takéo) Doun Kaev ၃,၅၆၃ ၈၄၃,၉၃၁
၂၅ တပေါင်ခနုမ်း (Tboung Khmom) Suong ၄,၉၂၈ ၇၅၄,ဝ၀ဝ


စီးပွားရေး[ပြင်ဆင်ရန်]

ချည်မျှင်လုပ်ငန်း[ပြင်ဆင်ရန်]

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း[ပြင်ဆင်ရန်]

စိုက်ပျိုးမွေးမြူရေး[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး

သယ်ယူပို့ဆောင်ရေး[ပြင်ဆင်ရန်]

လူ့အဖွဲ့အစည်း[ပြင်ဆင်ရန်]

လူဦးရေပျံ့နံ့ နေထိုင်မှု[ပြင်ဆင်ရန်]

လူမျိုးများ[ပြင်ဆင်ရန်]

လူဦးရေ အများဆုံးဒေသများ[ပြင်ဆင်ရန်]

ဘာသာစကား

ကိုးကွယ်ယုံကြည်မှု[ပြင်ဆင်ရန်]

ခမာတို့သည်ဗုဒ္ဓဘာသာကိုကိုးကွယ်သည်။

ပညာရေး[ပြင်ဆင်ရန်]

ရာဇဝတ်မှု[ပြင်ဆင်ရန်]

ယဉ်ကျေးမှု[ပြင်ဆင်ရန်]

ကမ္ဘာ့အရှေ့ဖျားတွင် တစ်ကြိမ်က အထက်တန်းကျလှသော ခမာတို့၏ ယဉ်ကျေးမှု ပေါ်ပေါက်ပြောင်းလဲလာပုံမှာ သီးခြား ဖော်ပြသင့်သော အကြောင်းရပ် တစ်ခုဖြစ်ပေသည်။ ပထမသော် ကျောက်ခေတ်သစ်နှင့် ကြေးဝါခေတ်တို့မှ ယဉ်ကျေးမှု အနည်းငယ်မျှသာ ရရှိခဲ့သည်။ ထို့နောက် အိန္ဒိယပြည်တောင်ပိုင်းမှ ပလ္လဝါယဉ်ကျေးမှု ရောက်ရှိ၍ မိမိတို့အ မွေခံရရှိထားသော အချက်အလက်တို့ကို မတိမ်မြုပ်စေဘဲ ပြုပြင်၍ ပြင်ပယဉ်ကျေးမှုကို လက်ခံခဲ့ကြသည်။ ပုံစံအားဖြင့် ကျောက်ခေတ်က မြင်မားသော ကျောက်တိုင်ကြီးများကို စိုက်ထူသော အားဖြင့် ဘုရားနှင့် ဆက်သွယ်နိုင်သည်ဟု ယုံကြည်သကဲ့သို့ ဗြဟ္မဏ အယူဝါဒကို လက်ခံလာသောအခါ လိင်္ဂကိုးကွယ်မှုကို ကျောက်တိုင်နှင့် ကိုယ်စားပြုကြ၏။ ထို့နောက် သိဝကိုးကွယ်မှုကို လက်ခံရာတွင် သိဝရဂီရိဟု သိဝတောင်အဖြစ် ကောင်းကင်ရှိ ဘုရားနှင့် ဆက်သွယ်မိရန် ပြုပြင်ကိုးကွယ်ကြသည်။ အလားတူပင် ဒေဝရာဇာ ကိုးကွယ်မှုမှာလည်း ယခင်က လိင်္ဂကို ကိုယ်စားပြုခြင်းဖြစ်သည်။ ပိဿနိုး ကိုးကွယ်မှုကို လက်ခံလာပြန်ရာ ပိဿနိုးသည် ဒေဝရာဖာကို ကိုယ်စားပြုရပြန်သည်။

ခမာစကားတွင် ပနွမ်းမှာ တောင်ဟုအဓိပ္ပါယ်ရ၍ ယင်းစကားကို ယူကာ ထိုဒေသ၏ ပထမပြည်ကို တရုတ်တို့ ဖူနန်ဟု ခေါ်ကြောင်း၊ နောက်ခေတ်တို့တွင် ထိုဒေသ၏ဘုရင်များကို ခမာစကားဖြင့် ကုရွန်းဗနမ်ဟုခေါ်ကြောင်း၊ အဓိပ္ပါယ်မှာ တောင်ဘုရင် (ဂီရိရာဇာ) ရကြောင်းနှင့် ပြင်သစ်ပညာရှင် စီဒေက ဆိုထားပေသည်။ မဟာယနဗုဒ္ဓအယူဝါဒ ရောက်ရှိလာသော အခါတွင်လည်း ဒေဝရာဇာမှာ လောကီတေသွာဖြစ်လာ၍ ပုံထုလုပ်ရာတွင် အုပ်ချုပ်သူဘုရင်၏ မျက်နှာပုံနှင့် တူစေလေသည်။ ဤကဲ့သို့ ကျောက်ခေတ် သစ်ကြေးဝါခေတ် ယုံကြည်မှုများတွင် အိန္ဒိယယဉ်ကျေးမှု ရောနှောလာသော အခါ၌ မိမိတို့၏ ပင်ကိုယ်ဗီဇ အရည်အချင်းဖြင့် မွမ်းမံ၍ ပြုပြင်ကာ ထူးခြားသော ယဉ်ကျေးမှုတစ်ရပ်မှု တစ်ရပ်ကို ဖန်တီးခဲ့ကြပေသည်။ တရုတ်ပြည်နှင့် ဆက်သွယ်မှုများ ရှိခဲ့သည့်အတိုင်း တရုတ်ယဉ်ကျေးမှု အချက်အလက်တို့လည်း ရောပြွမ်းလျက်ရှိပေသည်။

ယခုခေတ် ခမာတို့မှာ မြန်မာတို့နည်းတူ ထေရဝါဒ ဗုဒ္ဓဘာသာကို လက်ခံကိုးကွယ်ကြ၍ ဘုရားတရားကို များစွာ လေးစား ကြည်ညိုသူများ ဖြစ်သည်။ ပွင့်လင်းစွာ ဆက်ဆံတတ်၍ ချစ်ခင် ပျူငှာတတ်သူများ ဖြစ်ကြသည်။ ယဉ်ကျေးသိမ်မွေ့ခြင်း၊ ဧည့်ဝတ်ကျေခြင်းတို့မှာ သူတို့၏ ထူးခြားချက်များပင်တည်း။

များသောအားဖြင့် အရပ်အမောင်း ကောင်း၍ သန်စွမ်းကြံ့ခိုင်ကြသည်။ အသားညို၊ အသားလတ် ရောင်အသွေးရှိကာ၊ မွန်မြန်မာတို့နှင့် သွင်ပြင်လက္ခဏာဆင်သော သူများဖြစ်ကြသည်။ ခမာတို့သည် များသောအားဖြင့် ဆံတို ညှပ်ကြသည်။ လယ်ယာလုပ်ခြင်း၊ ငါးဖမ်းခြင်းတို့ဖြင့် လူများစုသည် ခက်ခဲစွာ အသက်မွေးဝမ်းကျောင်းကြရသည်။

သမာရိုးကျ ဝတ်စားဆင်ယင်မှုမှာ လှပပေသည်။ တောက်ပြောင်၍ အရောင်စုံသော စမ်းပေါ့ ခေါ် ခါးဝတ်ကို လှပစွာ ခါးတောင်းကျိုက် ဝတ်ဆင်တတ်ကြသည်။ အမျိုးသားတို့မှာ ကိုယ်ကျပ်လက်ရှည် အင်္ကျီတို့ကို ဆင်မြန်းကြ၍ အမျိုးသမီးတို့မှာ လှပသော ပုဝါရှည်များကို ခြုံကြလေသည်။

ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်သူများ ဖြစ်သည့်အတိုင်း မြန်မာနိုင်ငံမှာ ကဲ့သို့ပင် ဘုန်းတော်ကြီးကျောင်းများမှာ ခမာတို့၏ လူမှုရေး ဗဟိုဌာနများ ဖြစ်ကြသည်။ အာရှအရှေ့တောင်ပိုင်းရှိ အခြားနိုင်ငံသားတို့ ကဲ့သို့ပင် စစ်ပြီးနောက် တစ်ခေတ်အတွင်း ခမာတို့မှ အဖက်ဖက်မှ ကြိုးစား၍ တိုးတက်လျှက် ရှိကြပေသည်။

ဟင်းလျာများ[ပြင်ဆင်ရန်]

အဖျော်ယမကာများ[ပြင်ဆင်ရန်]

အမျိုးသမီးများ[ပြင်ဆင်ရန်]

အားကစား[ပြင်ဆင်ရန်]

အက[ပြင်ဆင်ရန်]

ဂီတ[ပြင်ဆင်ရန်]

သိပ္ပံနှင့်နည်းပညာ[ပြင်ဆင်ရန်]

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Cambodia။ Dictionary.reference.com။ 16 March 2013 တွင် ပြန်စစ်ပြီး။
  2. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named CIACB
  3. Cambodia to celebrate day for indigenous people near Angkor Wat။ News.xinhuanet.com။ 25 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 March 2013 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ Chandler, David P. (1992) History of Cambodia. Boulder, CO: Westview Press, ISBN 0813335116.
  5. Consumerism booms as Cambodia embraces once-forbidden capitalismReuters။ 28 October 2014 တွင် ပြန်စစ်ပြီး။
  6. 2013 Freedom HouseFreedom House (2013)။ 6 April 2014 တွင် ပြန်စစ်ပြီး။
  7. 2013 Corruption Perceptions IndexTransparency International (2013)။ 6 April 2014 တွင် ပြန်စစ်ပြီး။
  8. The 2013 Human Development Report – "The Rise of the South: Human Progress in a Diverse World" 144–147။ Human Development Report Office United Nations Development Programme။ 2 March 2013 တွင် ပြန်စစ်ပြီး။
  9. Welthungerhilfe, IFPRI, and Concern Worldwide: 2013 Global Hunger Index – The challenge of hunger: Building Resilience to Achieve Food and Nutrition Security. Bonn, Washington D. C., Dublin. October 2013.
  10. Cambodia's opposition leader says Australian asylum seeker deal will fund corruption။ Australian Broadcasting Corporation။ 28 October 2014 တွင် ပြန်စစ်ပြီး။
  11. Chueyprasit, Orapa။ "Thailand ranks 2nd in ASEAN for the best quality of life"၊ 27 March 2014။ Archived from the original on 28 March 2014။ 
  12. David Roberts (29 April 2016). Political Transition in Cambodia 1991–99: Power, Elitism and Democracy. Taylor & Francis. ISBN 978-1-136-85054-7  (section XI, "Recreating Elite Stability, July 1997 to July 1998")
  13. CONSTITUTION OF THE KINGDOM OF CAMBODIA။ Office of the Council of Ministers (25 January 2017)။ 4 September 2019 တွင် ပြန်စစ်ပြီး။
  14. "Cambodian Parliament launches era of one-party rule"၊ 5 September 2018။ 26 July 2019 တွင် ပြန်စစ်ပြီး 
  15. Boyle၊ David။ "Cambodia Set to Become One Party State"၊ Voice of America၊ VOA Cambodia၊ 30 July 2018။ 26 July 2019 တွင် ပြန်စစ်ပြီး 
  16. "Cambodia to outgrow LDC status by 2020"၊ The Phnom Penh Post၊ 18 May 2011။ 20 June 2011 တွင် ပြန်စစ်ပြီး 
  17. UN list of Least Developed Countries။ 4 November 2019 တွင် ပြန်စစ်ပြီး။
  18. WJP Rule of Law Index® 2018–2019။ 4 November 2019 တွင် ပြန်စစ်ပြီး။
  19. Relazione del primo viaggio intorno al mondo – Wikisource
  20. "kampuchea. (n.d.). Collins English Dictionary – Complete & Unabridged 10th Edition.". Dictionary.com. Retrieved 31 October 2015. 
  21. Cambodia။ 31 October 2015 တွင် ပြန်စစ်ပြီး။
  22. On some Cambodian WordsThai-Yunnan Project Newsletter No. 20., Department of Anthropology, Research School of Pacific Studies Australian National University by Serge Thion။ Nectec။ 31 October 2015 တွင် ပြန်စစ်ပြီး။
  23. 3 Unlikely Cambodian Allies Map War on Vietnam (9 July 1982)။ 18 August 2017 တွင် ပြန်စစ်ပြီး။
  24. ၂၄.၀ ၂၄.၁ ၂၄.၂ Stark, Miriam (2005). "Pre-Angkorian and Angkorian Cambodia", Southeast Asia: from prehistory to history. Routledge. ISBN 978-0-415-39117-7 
  25. Tranet၊ Michel (20 October 2009)။ The Second Prehistoric Archaeological Excavation in Laang Spean (2009)။ 1 January 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2009 တွင် ပြန်စစ်ပြီး။
  26. The Oldest Ceramic in Cambodia's Laang Spean (1966–68) (20 October 2009)။ 1 January 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2009 တွင် ပြန်စစ်ပြီး။
  27. ၂၇.၀ ၂၇.၁ Higham, Charles (January 2002). The civilization of Angkor. Phoenix. ISBN 978-1-84212-584-7 , pp.13–22
  28. Research History။ Memot Centre for Archaeology။ 6 February 2009 တွင် ပြန်စစ်ပြီး။
  29. Albrecht, Gerd (2000). "Circular Earthwork Krek 52/62 Recent Research on the Prehistory of Cambodia". Asian Perspectives 39 (1–2). ISSN 0066-8435. Retrieved on 15 November 2009. 
  30. Higham, Charles (1989). The Archaeology of Mainland Southeast Asia. Cambridge University Press. ISBN 978-0-521-27525-5 , p.120
  31. "Archaeology and Archaeozoology of Phum Snay: A Late Prehistoric Cemetery in Northwestern Cambodia" (2006). Asian Perspectives 45 (2). ISSN 0066-8435. 
  32. Domett, K. M., O'Reilly, D. J. W., & Buckley, H. R. (2011). Bioarchaeological evidence for conflict in Iron Age northwest Cambodia. Antiquity, 85(328).441–458
  33. Domett, K. M., O'Reilly, D. J. W., & Buckley, H. R. (2011). Bioarchaeological evidence for conflict in Iron Age northwest Cambodia. Antiquity, 85(328)
  34. ၃၄.၀ ၃၄.၁ Carter, A. K. (2011). Trade and Exchange Networks in Iron Age Cambodia: Preliminary Results from a Compositional Analysis of Glass Beads. Bulletin of the Indo-Pacific Prehistory Association, 30, 178–188.
  35. "History of Cambodia". Britannica.com. Retrieved 16 March 2013. 
  36. Khmer Empire Map။ Art-and-archaeology.com။ 27 June 2010 တွင် ပြန်စစ်ပြီး။
  37. Cœdès, George. (1956) The Making of South East Asia, pp.127–128.
  38. Windows on Asia။ 21 May 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  39. Angkor Era – Part III (1181–1309 A.D), Cambodia Travel.
  40. "Proceedings of the National Academy of Sciences of the United States of America: A comprehensive archaeological map of the world's largest pre-industrial settlement complex at Angkor, Cambodia" (2007). Proceedings of the National Academy of Sciences 104 (36): 14277–14282. doi:10.1073/pnas.0702525104. PMID 17717084. PMC:1964867. Retrieved on 27 June 2010. 
  41. Metropolis: Angkor, the world's first mega-city, The Independent, 15 August 2007
  42. Chandler, David P (1991) The Land and the People of Cambodia, HarperCollins. New York, New York. p. 77, ISBN 0060211296.
  43. Scientists dig and fly over Angkor in search of answers to golden city's fall, The Associated Press, 13 June 2004
  44. Colquhoun, Archibald Ross (1885). Amongst the Shans (p. 53). London: Field & Tuer; New York: Scribner & Welford. https://books.google.com/books?id=3wQPAAAAMAAJ&pg=PA53
  45. "Slavery in Nineteenth-Century Northern Thailand (Page 4 of 6)". Kyoto Review of South East Asia; (Colquhoun 1885:53).
  46. ၄၆.၀ ၄၆.၁ ၄၆.၂ Kamm, Henry (1998). Cambodia: report from a stricken land. New York: Arcade Publishing, 27. ISBN 1-55970-433-0 
  47. "Cambodia – Population". Library of Congress Country Studies.
  48. Kamm, Henry (1998). Cambodia Report from a Stricken Land. New York: Arcade Publishing, 23. ISBN 1-55970-507-8 
  49. Washington Post, 29 December 1967
  50. Morris, p. 44, ISBN 0804730490.
  51. Bombing in Cambodia: Hearings before the Committee on Armed Services, U.S. Senate, 93d Cong., 1st sess., July/August 1973, pp. 158–160, the primary source on the "secret bombings".
  52. Clymer, K. J., The United States and Cambodia, Routledge, 2004, p.22
  53. Norodom Sihanouk (1973). My War with the CIA, The Memoirs of Prince Norodom Sihanouk as related to Wilfred Burchett. Pantheon Books. ISBN 0-394-48543-2 
  54. "Bombs Over Cambodia" (October 2006). The Walrus: 32–36. “The evidence of survivors from many parts of [Cambodia] suggests that at least tens of thousands, probably in the range of 50,000 to 150,000 deaths, resulted from the US bombing campaigns ..."”  See Making More Enemies than We Kill? Calculating U.S. Bomb Tonnages Dropped on Laos and Cambodia, and Weighing Their ImplicationsThe Asia-Pacific Journal (26 April 2015)။ 19 September 2016 တွင် ပြန်စစ်ပြီး။
  55. Morris, pp. 48–51.
  56. Mosyakov, Dmitry (2004) "The Khmer Rouge and the Vietnamese Communists: A History of Their Relations as Told in the Soviet Archives", in Susan E. Cook, ed., Genocide in Cambodia and Rwanda, Yale Genocide Studies Program Monograph Series No. 1, pp. 54 ff.: "In April–May 1970, many North Vietnamese forces entered Cambodia in response to the call for help addressed to Vietnam not by Pol Pot, but by his deputy Nuon Chea. Nguyen Co Thach recalls: "Nuon Chea has asked for help and we have liberated five provinces of Cambodia in ten days."" Archived copy။ 9 March 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 April 2015 တွင် ပြန်စစ်ပြီး။
  57. Short, Philip (2004) Pol Pot: Anatomy of a Nightmare, Henry Holt & Co.: New York, p. 204, ISBN 0805080066.

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]