မာတိကာသို့ ခုန်သွားရန်

ပလောင်လူမျိုး

ဝီကီပီးဒီးယား မှ
ပလောင်အမျိုးသမီးတစ်ဦး

ပလောင်လူမျိုးတို့သည် ရှေးဦးပျူလူမျိုးတို့နှင့် နီးကပ်စွာအတူ ယှဉ်တွဲနေထိုင်ပြီး ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာ၊ ရှေးဟောင်းယုံကြည်မှု၊ ရိုးရာပုံပြင်များ။ မျိုးရိုးစဉ်လာခံယူမှု၊ အုပ်ချုပ်မှုစနစ်ကို တူညီစွာ ခံယူကျင့် သုံးလာခဲ့၍လည်း ပျူလူမျိုးမှ “ပြူ” “ ပလူ” ၎င်းမှ ပလောင် လူမျိုးဟု အဆိုရှိလေသည်။

ရှေးပလောင်အလံ

[ပြင်ဆင်ရန်]

ရှေးပလောင်လူမျိုးတို့ အထိမ်းအမှတ်အလံမှာ အပြာရောင်အောက်ခံ၍ ဗဟိုအလယ်တွင် နေဝန်းနီလုံးရှိထားသည်။

နောက်ခံသမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ

[ပြင်ဆင်ရန်]

မနုဿပညာရှင်တို့က မွန်ပလောင်လူမျိုးတို့သည် ‘မွန်-ခမာ‘ အနွယ်ဖြစ်ပြီး မြန်မာမြေပေါ်တို့ အဦးစောဆုံး ဝင်ရောက်လာကြသည်ဟု လက်ခံကြသည်။ မွန်-ခမာအနွယ်သည် ‘မောင်းဂုတ်‘ လူမျိုးနွယ်ကြီးမှ ဆင်းသက်လာသည်ဟု ဆိုသည်။ မောင်းဂုတ် လူမျိုးနွယ်ကြီးမှ ‘ဩစတြစ်‘ နှင့် ‘တီဗက်တိုတရုတ်‘ ဟု ကွဲပြားလေသည်။ ၎င်းတို့သည် မောင်းဂုတ် အနွယ်ဝင်များဖြစ်ကြသော်လည်း ဒေသတစ်ခုအတွင်း နေထိုင်ကြရာမှ လူဦးရေ တိုးတက်များပြားလာခြင်းကြောင့် မိမိတို့၏ အသက်ရှင် နေနိုင်ရေးအတွက် နေရာဒေသတစ်ခုမှ အခြားတစ်ခုသို့ ရေကြည်ရာ မြက်နုရာကို ရှာဖွေနေထိုင်လုပ်ကိုင် စားသောက်ကြသည်။ ဤသို့အချိန်ကာလ ကြာညောင်းလာသောအခါ နေထိုင်ရာနေရာဒေသတို့လည်း တစ်ခုနှင့် တစ်ခု မတူညီသောကြောင့် ဩစတြစ်နှင့် တိဗက်တရုတ်ဟူ၍ ကွဲပြားကြခြင်းဖြစ်၏။ ၎င်း မောင်းဂုတ်လူမျိုးတို့သည် ရေကြည်ရာ မြက်နုရာရှာကြံ၍ နယ်မြေ​ဒေသတစ်ခုမှ တခြားတစ်ခုသို့ ပြောင်းရွေ့နေကြရာတွင် နေကရွိုတ်လူမျိုးနှင့် အထူးသဖြင့် ပရိုတိုဩစလွိုက်လူမျိုးများနှင့် သွေးနှောကြသည်ဟု ဆို၏။ ထိုကြောင့် ဩစတြစ် လူမျိုးတို့သည် ဩစတြိုနီးရှန်နှင့် ဩစတြိုအေရှတစ် ဟူ၍ ယင်းတို့၏ သာသာစကားဖြင့် ခွဲခြားခြင်းဟုဆိုသည်။ ဩစတြိုအေရှတစ်တွင် အိန္ဒိယနိုင်ငံ (အာသံ၊ မဏိပူရ) ရှိခါဆီလူမျိုး။ မုဏ္ဍလူမျိုး (ကိုလ်)၊ ဆန်သာလ်လူမျိုး၊ နာဂဗာရီကျွန်းရှိ နာဂဗာရီလူမျိုးနှင့် အာသံ၊ မြန်မာ၊ အင်ဒိုချိုင်းနားရှိ မွန်ခမာအနွယ်ရှိတို့ ပြောဆိုသော စကားပါဝင်သည်။ (မောင်းဂုတ်) မွန်ဂိုလွိုက်လူမျိုးနွယ်ကြီး၏ မူရင်းဒေသမှ အာရှတိုက်တွင် အများဆုံး နေထိုင်ကြပြီး အထူးသဖြင့် အာရှတိုက် မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့ တောင်ပိုင်းတို့၌ ပြန်နှံ့နေထိုင်ကြသည်။ ထိုကြောင့် ဗီယက်နမ်၊ ခမာ၊ မွန်၊ ၀၊ ပလောင်(ရိအာန်) မုဏ္ဍ၊ ဆန်သာလ်၊ ခါဆီစသော လူမျိုးတို့သည် မွန်ခမာအနွယ်မှ ပေါက်ဖွားလာသော အလွန်သွေးနီးစပ်ကြသည် ညီရင်းအစ်ကို မောင်နှမရင်းသားချင်းဟုဆိုရပေမည်။ ထိုနည်းတူ မောင်းဂုတ် (မွန်ဂိုလွိုက်လူမျိုးနွယ်ကြီး) မှ တိဗက်တန်ဘားမိအုပ်စုတွင် ပျု၊ ကမ်းယံ၊ သက်၊ ချင်း၊ ကချင်၊ ဗမာ၊ ကရင်လူမျိုးဖြစ်သို့လည်းကောင်း ထိုင်းတရုတ်အုပ်စုမှ ရှမ်း၊ ရှမ်းတရုတ်၊ တရုတ်လူမျိုးအဖြစ်သို့လည်းကောင်း ဆင်းသက်လာကြသည်ဟုဆို၏။ ဩစတြိုအေရှတစ် အာရှတောင်ပိုင်းသို့ မဆင်းသက်မီ တရုတ်ပြည်ယန်စီ ကန်မြစ်ဝှမ်း ဒေသတွင် မွန်ခမာ လူမျိုးနွယ်အဖြစ် တစုတရုံးတည်း အခြေချ နေထိုင်လာကြ သည်ဟု ဆိုသည်။ ထိုကြောင့် ယန်စီကျန်မြစ်ဝှမ်းဒေသသည် မွန်ခမာတို့၏ ဒေသဟောင်း ဖြစ်သည်ဟု ဆိုရပေမည်။ ၎င်းမြစ်ဝှမ်းဒေသသည် ရာသီဥတု သင့်တင့်မျှတမှုရှိပြီး မြေဆီဩဇာ ကောင်းမွန်ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို စနစ်တကျလုပ်ကိုင်နိုင်သော လူမျိုးဟု ယူဆရသည်။ နှစ်ပေါင်းရှည်ကြာစွာ တစုတရုံးတည်း စနစ်တကျအခြေချနေထိုင်ကြရာတွင် စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းကြီးဖြင့် စနစ်ကျသော လူအဖွဲ့အစည်း ဖွဲ့စည်းကြကာ ကျေးပြည်၊ ကျေးနယ်ထူးထောင်ကြသည်။ ၎င်း၌ မိမိတို့လူမျိုးများ၏ လူဦးရေများပြား လာခြင်းကြောင့် လည်းကောင်း အာရှမြောက်ပိုင်းဒေသ၌ ရာသီဥတုဆိုးဝါးမှု ကြောင့်လည်းကောင်းမြောက်ပိုင်း လူမျိုးနွယ်စုများအစုအပြုံ တိုးဝင်ဆင်းသက်လာခြင်း ကြောင့်လည်းကောင်း အကျပ် အတည်းနှင့်တွေ့ရသောကြောင့် တောင်ဘက်ပိုင်းသို့ ပြောင်းရွှေ့လာကြရသည်ဟုဆိုသည်။ ထိုသို့ပြောင်းရွှေ့ကြရာတွင် အင်ဒိုချိုင်းနားဘက်သို့ ဗီယက်နမ်ဒေသတွင် ဗီယက်နမ်လူမျိုး၊ ကမ္ဘောဒီးယားဒေသတွင် ခမာလူမျိုး၊ ယိုးဒယားနှင့် မြန်မာပြည်တောင်ပိုင်းဒေသတွင် မွန်၊ ၀၊ ပလောင်အုပ်စုတို့သည်လည်းကောင်း၊ ဗြဟ္မပုတ္တရမြစ်ကြောင်းအတိုင်း အိန္ဒိယပြည် ဒက္ခိဏ ကုန်းဒေသတွင် မုဏ္ဍလူမျိုး၊ ဘင်္ဂလားနယ်တွင် ဆန်သာလ်လူမျိုးနှင့် အာသံနယ်တွင် ခါဆီလူမျိုးတို့ကိုလည်းကောင်း အခြေချနေထိုင်သည်ကို တွေ့ရသည်။ မွန်ခမာအနွယ်ဘွား လူမျိုးတို့သည် ဘာသာစကားတမျိုးတည်ဖြစ်သော်လည်း အခြား ဒေသများသို့ ပြောင်းရွှေ့နေထိုင်အခြေချပြီး ကာလကြာမြင့်စွာခွဲခွါကြခြင်း၊ မူရင်းဘာသာ စကားအပြင် ဝေါဟာရအသစ်များ တိုးတက်များပြားသုံးစွဲ၍ မိမိတို့အနွယ်နှင့် မတူသော ဝေါဟာရများထည့်သွင်းပြောဆိုခြင်းရှိသော်လည်း မူလ မွန်ခမာဝေါဟာရကို သုံးစွဲလျက် ရှိသည်ကို တွေ့ရှိရသည်။ ဤအခြေအနေပေါ်မူတည်၍ ဘာသာဗေဒပညာရှင်တို့က လူမျိုးများ ဆင်းသက်လာပုံကို ဖော်ထုတ်နိုင်ခြင်းဖြစ်သည်။

နေထိုင်သည့်ဒေသများ

[ပြင်ဆင်ရန်]

လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀)ခန့်ကပင် မွန်ခမာအနွယ်ဝင် မွန်၊ ၀၊ ပလောင် (တအာင်း)လူမျိုးတို့သည် တရုတ်ပြည်တောင်ပိုင်း ‘ ယန်စီကျန်မြစ်ဝှမ်းဒေသ‘ ဆီမှာ တောင်ဘက် သို့ ဆင်းသက်လာကြပြီးလျှင် သံလွင်မြစ်ကြောင်းနှင့် မဲခေါင်မြစ်ဝှမ်းဆီသို့ ဆင်းသက်ကြပြီး တိုင်းပြည်တောင်ပိုင်းမဲနမ်မြစ်ဝှမ်း၌ မွန်လူမျိုးစုဦးဆောင်၍ ဒွါရာဝတီပြည်ကို ထူထောင်ကြ သည်။ မွန်၊ ၀၊ ပလောင်အနွယ်ဘွား လူမျိုးတို့ကို ယောနက (ယူနန်) ယောန၊ ယောန်း(ယွန်း)၊ ကြောမ်း (ကြွမ်း) ဟု ဖြစ်ကြောင်းဆိုသည်။ ‘ပလောင်‘ တောတိုး ‘ယောလူမျိုး‘ ဟု အဆိုစာရှိလေရာ ယောနတိုင်း (ယူနန်ဒေသ)က ဆင်းသက်စီးပွားလာသော လူမျိုးဟုဆိုသည်။ ပလောင်တို့သည် မွန်တို့နှင့်အတူ မြန်မာပြည်အောက်ပိုင်းဒေသ၊ သထုံဒေသ၊ ပဲခူး-တောင်ငူဒေသတို့တွင် အခြေချနေထိုင်ခဲ့ကြောင်း ပလောင်လူမျိုးနွယ်စုတခုဖြစ်သည့် (ရူမိုင်း)တို့ အခြေချကြောင်း ရမ္မဝတီဟုအမည်တွင်ကြောင်း သရေခေတ္တရာ (ပြည်)ပန်းတောင်းအရပ် ဒေသသို့ ပြောင်းရွှေ့လာကြကြောင်း၊ ရူမိုင်း (ရူမာည်း) ရှေ့ဟောင်းရာဇဝင်တွင်ရှိသည်။ ကျန်အစုမှာ တောင်ငူ-ရမည်းသင်းဒေသမှ ရှမ်းပြည်တောင်ပိုင်းသို့ ရွှေ့ပြောင်းကြောင်း ဖော်ပြသည်။ ၀၊ ပလောင်အုပ်စုတစုသည် တရုတ်ပြည်တောင်ပိုင်းဆီမှ မြန်မာပြည်သို့ ရွှေလီမြစ်ကြောင်းနှင့် တပိန်မြစ်ကြောင်းအတိုင်း မြန်မာပြည်အထက်ပိုင်းတ‌ကောင်းဒေသ၊ မြန်မာပြည်အလယ်ပိုင်းဒေသဖြစ်သည့် ရှေ့ပုဂံ(ပေါက္ကံ) ဒေသ။ မင်းဘူး (၆)ခရိုင်ဒေသ၊ ပခုက္ကူ (ယောနယ်)ဒေသ ဗိဿနိုးဒေသတို့၌ ၀၊ ပလောင်လူမျိုးအနွယ်တစုတို့သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆင်းသက်လာပြီး အခြေချခဲ့ကြသည်ဟု ဆိုသည်။ နောက်တွင်ကား မရှေးမနှောင်းပင် ရောက်ရှိလာကြသော ရှေးပျူနှင့်အနွယ်တူလူမျိုးများတို့ ရောနှောအခြေချကြကြောင်း သိရှိရ၏။ နောက်တွင် ပုဂံပြည်ကြီးကိုထူထောင်ကြရာတွင် မွန်၊ ၀၊ ပလောင် အနွယ်လူမျိုးမှာ ပါဝင်ကြောင်း ပုဂံကျောက်စာအရ သိရကြောင်း သိရပါ၏။ ပလောင်၊ ၀ နွယ်တူလူမျိုးတစ်စုတို့သည် တကောင်း ဒေသဆီမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆင်းသက်လာကြပြီး မြေပြန့်ဒေသဖြစ်သည့် မတ္တရာ၊ အောင်ပင်လယ် (မန္တလေး)၊ အင်းဝ၊ တောင်ပြုန်း၊ ကျောက်ဆည်ဒေသသို့ ပြန့်နှံ့အခြေချလာပြီး မွန်ခမာအနွယ် မွန်၊ ၀၊ ပလောင်တို့နှင့် ပြန်ဆုံစည်းကြ၍ ကျောက်ဆည် (၁၁)ခရိုင်ဒေသတွင် အင်အားကြီးထွားပြန့်နှံ့နေထိုင်ခဲ့ကြသည်။ ပန်းလောင်မြစ်၊ ဇော်ဂျီမြစ်ဒေသတို့တွင် ပြန့်နှံ့စွာ အခြေချနေထိုင်သည်ကို သိရှိရ၏။ ထို့ကြောင့် ၀၊ ပလောင်လူမျိုးများ (ရှေးဦး ၀၊ ပလောင်) တို့သည် မြေပြန့်ဒေသများတွင် အခြေချနေထိုင်ခဲ့ကြကြောင်း မွန်ဂိုတာတာလူမျိုးအုပ်စုတို့နှင့် မကြာခဏ တိုက်ခိုက်ကြရကြောင်း ရန်သူတို၏ နှောက်ယှက် တိုက်ခိုက်ခြင်းကို ရင်ဆိုင်ကြရကြောင်း၊ မြန်မာအုပ်စုဝင်တို့ အလုံးအရင်းအင်အားကြီးစွာ ဝင်ရောက်လာကြကြောင်း၊ မွန်ဂိုတာတာနှင့်အတူ မြန်မာအုပ်စုဝင်အနွယ်တို့၏ တိုက်ခိုက်ခြင်း ကြောင်း မွန်ခမာအနွယ်ဝင် မွန်၊ ၀၊ ပလောင်လူ့အဖွဲ့အစည်းဖြိုကွဲ၍ မွန်အုပ်စုတို့ မြန်မာပြည် အောက်ပိုင်းဒေသတို့၌ အခြေတည်ကြကြောင်း၊ ၀၊ ပလောင်အုပ်စုအနွယ်တို့ ရှမ်းကုန်းပြင် မြင့်(တောင်ပေါ်ဒေသ) ရှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့ ဝင်ရောက်အခြေချကြကြောင်း သိရှိရ၏။ မွန်ခမာအနွယ်ဝင် ၀၊ ပလောင်လူမျိုးတို့သည် တရုတ်ပြည်တောင်ပိုင်း ယန်စီကျန် မြစ်ဝှမ်းဒေသမှ တစ်စုအဖြစ် ထွက်လာကြပြီး တရုတ်ပြည်တောင်ပိုင်း (တာလီဒေသ) ထန်ချုန်းဒေသနှင့် ယုန်ချန်ဒေသတို့တွင် အခြေချ၍ မြို့ပြပြည်နယ်ငယ်များ ထူထောင်ကြ သည်။ မွန်ဂိုတရုတ်အနွယ်တို့၏ အဆက်မပြတ် နှောက်ယှက်တိုက်ခိုက်မှု ဒဏ်ကြောင့် “ တာလီဖူးနိုင်ငံတော်(ကောသမ္ဘီပြည်) “ ပျက်ဆီးခဲ့ရသဖြင့် “ ၀ ” အနွယ်ဝင်သည် သံလွင်မြစ် ကြောင်းအတိုင်း ဆင်းသက်ကြပြီး မြန်မာပြည်သံလွင်အရှေ့ခြမ်းဒေသနှင့် အနောက်ခြမ်းဒေသ တွင်အခြေချ နေထိုင်ကြကြောင်း တွေ့ရ၏။

တာလီဖူးမြို့ပြနိုင်ငံတော် (ကောသမ္ဘီပြည်) ပြိုကွဲခဲ့ရခြင်းကြောင့် ၀ နှင့် ပလောင်အနွယ်စု ကွဲထွက်ခဲ့ရပြီး ပလောင်အနွယ်စုမှာ ရွှေလီမြစ်ဝှမ်းနှင့် သံလွင်မြစ်အကြား တောင်တန်းကြီး များကို ဖြတ်ကျော်၍ မုံးကိုး - ကြူကုတ်လမ်းကြောင်းမှ ကွက်ခိုင်၊ သိန္နီ၊ လားရှိုး - မိုင်းရယ်သို့ ဝင်ရောက်လာကြသည်။ AD ၁၀ရာစုတွင် ပလောင်အနွယ်စုတစ်ခုမှာ ရွှေလီမြစ်ကြောင်းအနီး ကျယ်လန့် (နမ့်ခမ်း - မူဆယ်) တွင် ပြန်လည်စုစည်းကြပြီး မြို့ပြကျေးပြည် (ဒုတိယ ကောသမ္ဘီပြည်) အဖြစ် ထူထောင်ကြပြန်သည်။ ထို့နောက်တွင် “ ကျယ်လန့်ကျေးပြည်ထွန်း ကားစဉ်တွင် ပဲခူး - တောင်ငူ - ကျောက်ဆည် ဒေသတို့မှ အင်အားပြိုကွဲလာသည့် မွန်၊ ၀၊ ပလောင်အနွယ်စုအနက်မှ ပလောင်အနွယ်စုသည် မြန်မာပြည်မြောက်ပိုင်းသို့ ဆန်တက်လာကြပြီး ရွှေလီချိုင့်ဝှမ်းဒေသရှိ အနွယ်စုတို့နှင့် ပူးပေါင်း၍ တောင်ပေါ်ဒေသ၌ မြို့ပြကျေးရွာ စုစည်း တည်ထောင်ကြပြန်သည်။ ရာမဝတီဟုပင် အမည်တွင်၍ မြို့တော်ကို “ကျကောင်း” (မိန်းကောင်း)ဖြစ်သည်။ ခရိုင် (၂၉)ခုဖွဲ့စည်း ထားကြောင်းနှင့် ပလောင် မျိုးနွယ်စုများဖြစ်ကြသည်။ (ရူမည်း၊ ရူလျဲန်း၊ ရူကော) တို့၏ မြို့ပြကျေးပြည်ဖြစ်ပြီး စည်ပင် ထွန်းကားခဲ့၏။ တောင်ပေါ်ကုန်းမြင့်၌ တည်ထားခြင်းကြောင့် ရန်အန္တရာယ်များကို ခုခံနိုင် ကာကွယ်နိုင်ရန်နှင့် ရန်သူ၏ တိုက်ခိုက်မှု မလွယ်ကူစေရန်ဖြစ်ဟန် ရှိသည်ဟုရှိသည်။

ကိုးကွယ်ယုံကြည်မှု

[ပြင်ဆင်ရန်]

ပလောင်လူမျိုးတို့ ၉၉ ရာခိုင်းနှုန်းက ဗုဒ္ဓဘာသာဝင်ကို ကိုးကွယ်ယုံကြည်ကြသည်။ နတ်ကို အနည်းအကျဉ်း၊ ခရစ်ယာန် အနည်းအကျဉ်းကိုးကွယ်ကြပြီး တောစောင့်နတ်၊ ရွာစောင့်နတ်၊ လယ်စောင့်နတ်တို့ကို ပသပူဇော်သည့် ဓလေ့ရှိသည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ် စာအုပ်မှ ကောက်နုတ်ရေးသားထားသည်။

နေနဂါးမျိုးနွယ်

[ပြင်ဆင်ရန်]

ပလောင်လူမျိုးတို့သည် အဖ နေနတ်သား အမိ နဂါးမတို့မှ ဆင်းသက်လာသည်ဟု သတ်မှတ် ယုံကြည် ကိုးကွယ်ကြသည်။ (အမျိုးသမီးများ၏ ပုဝါ (သို့) သဘက်ဖြင့်စည်းထားသော ခေါင်းစည်းလွှာ (သို့) ခေါင်းပေါင်းများကိုကြည့်ခြင်းဖြင့် အမိနဂါး၏ အမောက်ပုံစံ ကိုယ်စားပြုခြင်းကိုတွေ့နိုင်သည် )

ကိုးကား

[ပြင်ဆင်ရန်]
  1. ဒေါက်တာသန်းထွန်းခေတ်ဟောင်းမြန်မာရာဇဝင်။ p. စာမျက်နှာ ၂၈။
  2. ရွှေအိမ်စည်စာမျက်နှာ
  3. မော်ကွန်းတင်ပြီးမိတ္တူ။ 10 April 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 August 2016 တွင် ပြန်စစ်ပြီး။